Tuesday, November 26, 2013

၉၉၉

ကမ္ဘာ့ အစောဆုံး ဗုဒ္ဓ ဘုရားကျောင်း တူးဖေါ်တွေ့ရှိ
=============================
ကမ္ဘာပေါ်မှာ အစောဆုံးတည် ရှိခဲ့တဲ့ ဗုဒ္ဓ ဘုရားကျောင်း တခုကို ဘုရား ဖွားတော် မူ ခဲ့တဲ့ နေရာအောက်မှာ ရှေးဟောင်း သုတေသီတွေ ကနေ တူးဖေါ် တွေ့ ရှိခဲ့ပြီ ဖြစ်ပါတယ်။

နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်က မယ်တော် မာယာဒေဝီ ကျောင်းတော် အတွင်း လွန်ခဲ့တဲ့ ဘီစီ ၆ ရာစုက တည်ထား ကိုးကွယ်ခဲ့တဲ့ သစ်သားဘုရားကျောင်း ပုံစံကို တူးဖေါ် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ဘုရားကျောင်းမှာ သစ်ပင် တပင် ရှိခဲ့တဲ့ပုံပေါ်ပြီး ဒါဟာ မယ်တော် မာယာဒေဝီ အင်ကြင်းကိုင်းကို ကိုင်ပြီး မွေးဖွားတော် မူတာ ကို ဖေါ်ပြပုံ ရတယ်လို့ ဆိုပါတယ်
by Helium Phyoe
— with ကိုညီ သုတ and 98 others.

No comments:

Post a Comment