မူးယစ်မှုဖြင့် ဖမ်းဆီးထားသည့်တရားခံ ရုံးထုတ်အပြန် ထွက်ပြေးလွတ်မြောက်( ကိုဂျူ-ကသာ)
*********************************
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်တရားရုံးသို့ ရုံးထုတ်စစ်ဆေးပြီး
ပြန်လှယ်ခေါ်ဆောင်သည့် တရားခံတစ်ဦး (၁၅၊၁၁၊၁၃)ရက်နေ့
(၄)နာရီ(၄၀)မိနစ်အချိန်က ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။
ဖြစ်ပွားပုံမှာ ၁၅ရက်နေ့နံနက် ၁၀နာရီ၁၅မိနစ်အချိန်က
ကသာခရိုင်တရားရုံးတို့တွင် စစ်ဆေးနိုင်ရန် ကသာအကျဉ်းထောင်မှ
အမျိုးသားတရားခံ(၁၁)ဦးနှင့် အမျိုးသမီးတရားခံ(၁)ဦးတို့အား သွားရောက်
ထုတ်ယူခေါ်ဆောင်ခဲ့ကြပါသည်။ထိုသို့ ခေါ်ဆောင်လာသည့် ခရိုင်တရားရုံးထုတ်
တရားခံများအား ကသာရဲစခန်း၏ အချုပ်ခန်းတွင်
ထည့်သွင်းချုပ်နှောင်ထားခဲ့ပါသည်၊ညနေ(၄)နာရီမိနစ်(၂၀)ခန့်တွင်
ထိုတရားခံများထဲမှ အမျိုးသားတရားခံ(၄)ဦးနှင့်
အမျိုးသမီးတရားခံ(၁)ဦးတို့အား ရဲတပ်ကြပ်ကြီးတင့်ဆွေဦး၊ရဲတပ်သားသန်းဦး
တို့မှ ခရိုင်တရားရုံးမှ စစ်ဆေးနိုင်ရန် သံကြိုးများခတ်၍
ခေါ်ဆောင်သွားခဲ့ပါသည်၊
ခရိုင်တရားရုံး၌် မိနစ်(၂၀)ကျော်
စစ်ဆေးပြီးပြန်ခေါ်လာစဉ် ရဲစခန်းအချုပ်နှင့် ပေ(၅၀)ခန့်အရောက်တွင်
မူးယစ်တရားခံ တစ်ဦးမှ သံကြိုးများအား လျှောဖြုတ်
ထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။
ထွက်ပြေးသွားခဲ့သော
တရားခံ၏အမည်မှာ ကဒူး(ခ)ထွန်းထွန်းဝင်း(၃၅)နှစ်ဖြစ်ပြီး ပင်လယ်ဘူးရဲစခန်းမှ
မယ(ပ)၅၀/၂၀၁၃၊မူးယစ်စေတတ်သောဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဆေးဝါးများဆိုင်ရာ
ဥပဒေပုဒ်မ
၁၅/၁၉(က)/၂၀(က).။(ပ)၁၂၇/၂၀၁၃၊ကြိုးမဲ့ကြေးနန်အက်ဥပဒေပုဒ်မ၆(၁).။(ပ)၁၂၈/၂၀၁၃၊ပို့ကုန်သွင်းကုန်
ပုဒ်မ(၈) တို့ဖြင့် အမှုဖွင့် စစ်ဆေးခြင်းခံနေရသော တရားခံတစ်ဦးဖြစ်ပါသည်။
ထိုသို့ မူးယစ်တရားခံထွက်ပြေးမှုနှင့်ပါတ်သက်၍ ကသာရဲစခန်းမှူး
ဒုရဲမှူးမြင့်လွင်၊တာဝန်မှူး
ဒုရဲအုပ်မင်းဆွေ၊ရဲတပ်ကြပ်ကြီးတင့်ဆွေဦး၊ရဲတပ်သားသန်းဦး တို့အား
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ သက်/ချုပ် ရေးမှတ်ယူရန်
အရေးယူဆောင်ရွက်ထားကြောင်း နှင့် တရားခံထွက်ပြေးမှု ဖြစ်စဉ်အား
အချိန်နှင့်တပြေးညီချက်ချင်းသတင်းမပို့ပဲ
ခရိုင်ရဲတပ်ဖွဲ့မှူးသိရှိမေးမြန်းသည်အချိန်တွင်မှ တင်ပြခဲ့သည့်
ကသာမြို့နယ်မှူးနှင့် စခန်းမှူးတို့အား
ဖြေရှင်းတင်ပြရန်လည်း ကသာခရိုင်ရဲတပ်ဖွဲ့မှ ညွှန်ကြားထားကြောင်း သတင်းရရှိပါသည်။( ကိုဂျူ-ကသာ)
No comments:
Post a Comment