Wednesday, November 20, 2013

ညီမငယ်

အရင်ရည်းစားနဲ့ စကားပြောဖြစ်တယ်ဆိုတိုင်း
လက်ရှိချစ်သူ၏ဒေါသက အညာမှာထတဲ့ဖုန်အလား။

တကယ်ပြောကြတာက..
"အဆင်ပြေရဲ့လား အစစ အရာရာ
အခုတလော ဘာတွေမှန်းမသိ အလုပ်ရှုပ်နေတာ "

"နင့်ကို ချစ်နေတုန်းဘဲ ပြန်လာပါ?
အရင်က အချိန်တွေ သတိရလိုက်တာ?
ငါနဲ့ မြန်မြန်ပျက်ပါစေ?"

သဝန်တိုအဆင့်ကို ကျော်ပြီး
မဟုတ်တာတွေ ဒီလို စွတ်စွတ်စွဲစွဲ အရူးချီးပန်းပြောလာရင်
ပျိုပျို ကိုကိုတို့ စဉ်းစားပေတော့...ကိုယ်မသိအောင်
အာစရိတို့များ သူငယ်ချင်းအမည်ခံ အရင်ကချစ်သူနဲ့တွေ့တိုင်း
ဘယ်လို ခေါင်းစဉ် အကြောင်းအရာများ ဆွေးနွေးသလဲ ဆိုတာကိုပေါ့။
*D@y

No comments:

Post a Comment