Friday, November 22, 2013

၈၁

| အပိုင်းအစ သစ္စာ |
ချစ်သူ ထွက်သွားပါတော့
ဘယ်တော့မှ ငါ့ကိုထပ်ပြီးမနှုတ်ဆက်ပါနဲ့တော့
နင်သွားချင်ရာသွားပါ ဒီနေ့ကစ
ငါ့ရင်ထဲမှာ ကဗျာတွေဖယ်ထုတ်ပစ်လိုက်မယ်
ငါမြတ်နိုးတဲ့ ရင်ဝှက်ပန်းတွေ ငါကိုယ်တိုင်ဖျက်ဆီးမယ်
့မကောင်းခဲ့တဲ့အတိတ်ကံကိုပဲ ငါအပြစ်ပုံချမယ်
နင့်အတွက်ငါ အသုံးမ၀င်လို့မထိုက်တန်ခဲ့ရင်
ငါ့ချစ်ခြင်းကိုနှိုင်းယှဉ်ကြည့်ပါ
အမှုန်လေးတစ်မှုန်လောက် မီခဲ့ရင်
နင့်ကိုငါဒူးထောက်အရှုံးပေးမယ် ချစ်သူ
ခွင့်လွတ်ပေးပါဆိုတဲ့ စကားလုံးတစ်လုံးကို
အမြဲနာကျင်နေမှန်း သိနေလျက်မျှော်လင့်ဖူးသူ
နင့်အတွက် ချစ်ခြင်းမျှော်လင့်ချက် ဘယ်တော့မှ
မသေဆုံးခဲ့ပါဘူး အဆုံးအစွန်ထိ
မတန်တဲ့ မျက်ရည်နဲ့လည်း ငါပေးဆပ်ဖူးပါတယ်
မတန်တဲ့ သစ္စာနဲ့လည်း ငါမြတ်နိုးဖူးပါတယ်
ဒါပေမယ့်
ငါ့အချစ်ကို အပြစ်တစ်ခုလို ကျိန်စာတိုက်ထားတုန်းလား
တကယ်တော့ အချစ်ဆိုတာ
ကွာခြားနေတဲ့ ဘ၀အပိုင်းအစတွေနဲ့လည်း
မဆိုင်ပါဘူး
ချစ်တတ်တဲ့အချစ်ဟာ ချစ်ခြင်းနဲ့ပဲဆိုင်ပါတယ် ချစ်သူ

No comments:

Post a Comment