သူရိယနေဝန်း ဂျာနယ်မှ ရဟန်းရှင်လူ ပြည်သူအပေါင်းအား
လိုက်လှဲစွာ ဖိတ်ခေါ်ကမ်းလှမ်းချက်
========================
သူရိယနေဝန်းဂျာနယ်သည် ပြည်သူများအားလုံး ပိုင်ဆိုင်သော ဂျာနယ်ဖြစ်ပါသည်။ မကြာမီ ဤဂျာနယ်အား အများပြည်သူပိုင် ကုမ္မဏီ အဖြစ်ပြောင်းလဲ ထုတ်ဝေရန် စီစဉ်ထားပြီးဖြစ်ပါသည်။
လူတိုင်းလူတိုင်း မည်သူမဆို ရှယ်ယာ ပါဝင်နိုင်ကြတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာတစ်ပြည်လုံးရှိ ပြည်သူများအားလုံး၏ နစ်နာချက်များ၊ လိုအပ်ချက်များကို သူရိယနေဝန်းမှ ပြည်သူများထံသို့ တင်ပြပေးသွားပါမည်။
သူရိယနေဝန်းက ပြည်သူများကပေးပို့သော သတင်းမှန်များကို အုပ်ချုပ်သူ သမ္မတထံသို့၊ ပြည်သူ့လွှတ်တော်များထံသို့ သိရှိနိုင်ရန် တင်ပြပေးသွားပါမည်။ ငြိမ်းချမ်းရေးကိစ္စများနှင့် တိုင်းရင်းသားဒေသများရှိ စစ်ပွဲသတင်းများကိုလည်း ကာကွယ်ရေး ဦးစီးချုပ်ထံ သိရှိရန်တင်ပြသွားပါမည်။
ထို့ပြင် ၂၅ နှစ်တာကာလပတ်လုံး မြန်မာတစ်ပြည်လုံးရှိ သစ်တော၊ သစ်ပင်၊ တောတောင်ရေမြေ၊ သဘာဝပတ်ဝန်းကျင်ကြီး တစ်ခုလုံး၊ တောင်တန်းကြီးများမှ အစ သမိုင်းဝင်မြေနေရာ အဆောက်အဦး သင်္ချိုင်းပါမကျန် မတော်မတရား အောက်ဈေးများဖြင့် အလကားနီးပါး ရယူထားသော ခရိုနီများအား မြန်မာမြေပေါ်မှ အမြစ်ပြုတ်သွားရန် ပြည်သူနှင့် လက်တွဲ၍ အပြီးပြတ် ချေမူန်းသွားပါမည်။
မြန်မာပြည်သူများ ဆင်းရဲတွင်းနက်နေရခြင်းမှာ ခရိုနီများနှင့် ခရိုနီစီးပွားရေးစနစ်ကို ကာကွယ်ပေးထားသူ တချို့ကြောင့် ဖြစ်သည်။ ခရိုနီများနှင့် ပေါင်းစားထားသူ တချို့ကြောင့်လည်းဖြစ်သည်ဟု သူရိယနေဝန်းမှ ယုံကြည်ပါသည်။
၎င်း မတော်မတရားရယူ ချမ်းသာနေသော ခရိုနီအားလုံးနှင့် ၎င်းတို့ နှင့် ပေါင်းစားနေသူများအား မြန်မာ့မြေပေါ်မှ အပြီးတိုင် အမြစ်ပြုတ်အောင် သူရိယနေဝန်းဂျာနယ်မှ လက်တွဲ၍ ခြေမူန်းကြရန် နှင့် ပြည်သူများထံမှ သတင်း အချက်အလက် အမှန်များကို စာတိုက်မှဖြစ်စေ၊ ချောပို့ စနစ်ဖြင့်ဖြစ်စေ၊ လူကြုံ နှင့်ဖြစ်စေ ပေးပို့ ကူညီကြပါရန် လိုက်လှဲစွာဖိတ်ခေါ် အပ်ပါသည်။
ရှယ်ယာဝယ်ယူလိုသူများ ကြိုတင်စာရင်း ပေးသွင်းထားနိုင်ပါပြီ။ သို့သော် မိမိတို့အနေဖြင့် ငွေကြေးလုံးဝ လက်မခံသေးပါ။ ခရိုနီများအား လုံးဝမရောင်းပါ။ သာမန်ပြည်သူ သမ္မာအာဇီဝ ကုန်သည်လုပ်ငန်းရှင်များကိုသာ ရှယ်ယာ ရောင်းပါမည်။
ခရိုနီအားလုံး မြန်မာ့မြေပေါ် မှ အမြန်ဆုံး ပျောက်ကွယ်သွားစေရမည်။
လူထုအတွက် ခရိုနီ စနစ်ကို အမြစ်ဖြုတ်မယ့်
သူရိယနေဝန်းဂျာနယ်..
No comments:
Post a Comment