Sunday, November 24, 2013

၈၁

ရှေးဟောင်းနှင့် ခရိုနီ အပိုင်း ( ၂ )
************************

ရှေးဟောင်းကန့်သတ် နယ်မြေများအတွင်း ခွင့်ပြုချက် မရှိပဲ အဆောက်အဦးသစ် ဆောက်လုပ်သူများကို အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်သော်လည်း ဆောက်လုပ်ပြီး အဆောက်အဦး များကို မူ အရေးယူသွားမည် မဟုတ်ကြောင်း ရှေးဟောင်းသူတေသန အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန၏ အကြီးတန်း အရာရှိ တစ်ဦး ကပြောကြားသည်။
ကန့်သတ်နယ်မြေများအတွင်း ရှိရင်းစွဲဆောက်လုပ်ပြီး အဆောက်အအုံ များကို အရေးမယူခြင်းမှာ ယင်းတို့သည် ရှေးဟောင်းဥပဒေ မထွက်ခင် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရှေးဟောင်းကန့်သတ်နယ်မြေများတွင် အဆောက်အဦး ဆောက်လုပ်မည်ဆိုပါက ရှေးဟောင်း သို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး ယင်းအဖွဲ့၏ ခွင့်ပြုချက်ပါမှသာ ဆောက်လုပ်ခွင့် ပြုမည်ဖြစ်သည်။
ပုဂံ၊ သရေခေတ္တရာ ၊ မြောက်ဦး တို့ရှိ ရှေးဟောင်းကန့်သတ် နယ်မြေများအတွင်း အဆောက်အဦး ဆောက်ခြင်း ၊ ပြင်ဆင်ခြင်း၊ ခြံစည်းရိုးခတ်ခြင်းများ ပြုလုပ်ပါက ၂၀၁၁ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ဥပဒေ ဖြင့်အရေးယူ သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

( ကောင်းလိုက်တာဗျာ အရင်သူတို့လုပ်ထား တာတွေ တရားဝင်ကို လုပ်ပစ်လိုက် ကြရော ၊)

No comments:

Post a Comment