Thursday, November 21, 2013

လာပြန်ပြီကပ်

ပြည်တွင်းလေဆိပ်၃၀အားလုံး
ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်ပေးမည်

Thursday, November 21, 2013

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုက်ရိုက်ချုပ်ကိုင်ထားသည့် ပြည်တွင်းလေဆိပ်
၃၀၏ လုပ်ပိုင်ခွင့်အားလုံးကို ပုဂ္ဂလိကသို့ လွှဲပြောင်း
ပေးတော့မည်ဖြစ်ကြောင်း ယင်းဦးစီးဌာနမှ ညွှန်ကြား
ရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

ယင်းအကြောင်းအရာကို နိုဝင်ဘာလ၂၀ရက် နေ့တွင်
ကျင်းပပြုလုပ်သည့် ပြည်တွင်းလေဆိပ်များတွင် ပုဂ္ဂလိက အခန်းကဏ္ဍပါဝင် ဆောင်ရွက် ခြင်းနှင့် ပတ်သက်သည့်
ရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

“လေဆိပ်တစ်ခုလုံးရဲ့ လုပ်ပိုင်ခွင့်ကို လိုချင်တဲ့ လုပ်ငန်းရှင်
တွေက လာရောက်ပြောဆို မေးမြန်တာ အများကြီးပါ” ဟု
ဦးတင်နိုင်ထွန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လေဆိပ်ပေါင်း ၆၈ခန့်ရှိပြီး လက်ရှိတွင်
ပြေးဆွဲလျက်ရှိသည့် ပြည်တွင်းလေဆိပ် ၃၀ကို ပုဂ္ဂလိကသို့
အပြည့်အ၀ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ပြီး လုပ်ငန်းရှင် များအနေဖြင့် လေဆိပ်တစ်ခုလုံးကိုမလုပ်ကိုင်နိုင်ပါက တည်ဆာက်ရေးလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ အခြား
သော လုပ်ငန်းတို့ကို လုပ်ကိုင်နိုင်ကြောင်း လေကြောင်းပို့
ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လုံခြုံရေးနှင့် အရည်အသွေး စံချိန်စစ် ဆေး ရေးဌာနမှ လက်ထောက်အင်ဂျင်နီယာ
ဒေါ်စောစန္ဒလှိုင်က ရှင်းပြသည်။

လေဆိပ်လုပ်ပိုင်ခွင့်ကို စိတ်ဝင်စားသည့် အဖွဲ့အစည်း၊ လုပ်ငန်းရှင်များအနေဖြင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် Registry of interestကို ဇန်န၀ါရီလ၃၁ရက်နေ့နောက် ဆုံးထားပြီးပေးပို့ရမည်
ဖြစ်ကြောင်း ယင်းဌာန၏ သတင်းထုတ်ပြန်ကြေညာ
ချက်တွင် ဖော်ပြထားသည်။

“အစိုးရနဲ့ ပုဂ္ဂလိက ပူးတွဲလုပ်ကိုင် မအောင်မြင်တာ
များတယ်ဆိုတာကို ကမ္ဘာဘဏ် အစီရင်ခံစာနဲ့ အာရှ
ဖွံ့ဖြိုးရေးဘဏ်တွေရဲ့ အစီရင်ခံ စာတွေမှာ ဖော်ပြထား
တယ်။ ဒါကြောင့်အားလုံး လုပ်ပိုင်ခွင့်ပုဂ္ဂလိက ပေးအပ်
တာပါ”ဟု ယင်းဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးတင်နိုင်
ထွန်းက ရှင်းပြသည်။

ပြည်တွင်းလေဆိပ်များကို နိုင်ငံတကာအဆင့်မှီ လေဆိပ်
ဖြစ်စေရန်အတွက် အစိုးရက ကိုင်တွယ်ထား၍ မရတော့
ကြောင်း၊ လေဆိပ်များ၏ လိုအပ်ချက်များကို သိရှိသော်
လည်း ဘတ်ဂျက်ကို တစ်နှစ်စာကြို တင်ရသောကြောင့်
အဆင်မပြေကြောင်း၊ ကျွမ်းကျင်ဝန်ထမ်းများကို ထိုက်
သင့်သော လစာနှုန်းထားများလည်း မပေးနိုင်ကြောင်း
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ဆက်လက်
ရှင်းပြသည်။

ရေးသားသူ-မင်းသူရ
တည်းဖြတ်သူ-နီတိုး
Like · · · 1 · 21 minutes ago ·
တစ်နိုင်တစ်ပိုင် ကုန်သွယ်ခွင့်ကတ်ကြောင့် အိန္ဒိယနယ်စပ်ကုန်သွယ်ရေး ပိုမိုကောင်းမွန်လာ
=========================================
ကိုသစ္စာ
=========================================
မုံရွာ ။ ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိ အသေးစားပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် နယ်စပ်နေပြည်သူများ အဆင်ပြေ စေရန်အတွက် ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန က ပြုလုပ်ပေး ထားသော နယ်စပ်ကုန်သွယ် ရေး တစ်ပိုင်တစ်နိုင်ကုန်သွယ်ခွင့် Individual Trading Card (ITC)ကတ် ကြောင့် မြန်မာ- အိန္ဒိယနယ်စပ်ကုန် သွယ်ရေးမှာ ပိုမိုမြန်ဆန်ကောင်းမွန် လာကြောင်း တမူးနယ်စပ်ကုန် သွယ် ရေးစခန်းမှ သိရသည်။

''တမူးနယ်စပ်ကုန်သွယ်ရေးစခန်း မှာ ITC ကတ်နဲ့ အိန္ဒိယဘက်ကို ကုန် သွယ်မှုပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်းအ တွင်းကလုပ်ငန်းရှင် ၁၀၁ ဦးရှိပါတယ်။ ဒီနှစ် ဧပြီလကနေ အောက်တိုဘာလ အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်နဲ့ သွင်းကုန် ငါးသန်းကျော် ကုန်သွယ်မှုရှိခဲ့ပါတယ်။ ITC ကတ်နဲ့ လုပ်လိုက်တော့ နိုင်ငံတော်လဲ ဝင်ငွေ တွေရပြီး တရားဝင်ကုန်သွယ်သူတွေ ကိုလဲ ကာကွယ်ပေးလို့ရပါတယ်''ဟု တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ITC ကတ်ဖြင့် မှတ်ပုံတင်ထား သူ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦး သည် မြန်မာကျပ်ငွေဖြင့် တစ်ရက်လျှင် ငွေကျပ် ၁ဝသိန်းနှုန်းဖြင့် ငါးရက်အ တွင်း စုစုပေါင်း တစ်ကြိမ်တည်း ငွေကျပ် သိန်း၅ဝဖိုးအထိ ကုန်သွယ်နိုင်ပြီး လိုင် စင်ဆောင်ရွက်ရန်မလိုဘဲ တိုက်ရိုက် တင်ပို့တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

တစ်ပိုင်တစ်နိုင်ကုန်သွယ်ခွင့် ကတ်ကို စစ်ကိုင်းတိုင်းဒေသကြီး အတွင်း နေ ထိုင်သော အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်ရှိသူ တိုင်း လျှောက်ထား နိုင်ပြီး လျှောက်လွှာ၊ မှတ်ပုံတင်ကတ်၊ အိမ်ထောင်စုစာရင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ရဲစခန်းတို့၏ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာ၊ နယ် စပ်ကုန်သွယ်ရေး အသင်းဝင်မူရင်း၊ မိတ္တူများဖြင့် လျှောက်ထား နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ITC ကတ် ဖြင့် နယ်စပ်ကုန်သွယ်ရေးဆောင်ရွက် နိုင်သောမြို့များမှာ မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ရိဒ်၊ မောင်တော၊ ထီးခီး နှင့် တမူးနယ်စပ်တို့ဖြစ်သည်။လာ

No comments:

Post a Comment