Monday, November 18, 2013

999

ကျွန်မအချစ်တွေကို ပေါပေါနဲ့လွယ်လွယ်ရလို့ သိပ်တန်ဖိုးမဲ့နေတာလားမောင်..

မောင့်အတွက်ပဲ ကျွန်မအချစ်တွေ ချခင်းထားတယ်ဆိုတာ
မောင့်တစ်ယောက် သိစေလိုတယ်.....
ကျွန်မရဲ့ ချစ်ခြင်းကို မနှစ်မြို့ရင် ပစ်လိုက်ပါ
တန်ဖိုးမဲ့ စကားတွေနဲ့ မှတ်ချက်တွေ မလိုချင်ဘူးမောင်ရယ်

တစ်ခုတော့ မှတ်ထားပါမောင်..
အလကားလှူတဲ့ နိဗ္မာန်ဈေးပွဲတော်တောင်
တန်းစီယူရသေးတာပဲ.......
ကုန်သွားပြီဆိုမှ ကဒ်ပြားလေးတောင်း လာရပ်နေရင်တော့ စောင့်ပေါ့မောင်ရယ်
နောက်တစ်နှစ်ပေါ့.........

အပိုဆုဆိုရင် နှလုံးသားစစ်စစ်တော့မရဘူး
အမုန်းတရားရောနေတဲ့ သံယောဇဉ်ပဲ ကျန်နေလိမ့်မယ်....

No comments:

Post a Comment