Saturday, November 30, 2013

လမှ ရသော သင် ခန်းစာ



တောက်ပ ဝင်း လက်ဆုံး အချိန် သည်ကား မှိန်စ ပြုချိန်ကို ရောက်တော့ မည်ဖြစ် ပြီး။ အမှောင် မိုက်ဆုံး အချိန် သည်ကား လင်းစ ပြုချိန် ကို ရောက်လာ တော့မည် ဖြစ်သည်။

သင်ခန်းစာ - အနိမ့် အမြင့် သဘော တရားကို သိစေ ချင်သော ရည်ရွယ် ချက် ဖြစ်ပါ တယ်။ ငါ သူ့ထက် ပိုက်ဆံ ချမ်းသာ တာပဲ၊ ငါ သူ့ထက် ရာထူး ကြီးတာ ပဲ၊ ငါ သူ့ထက် ပိုပြီး တော်တာ ပဲဟု မိမိ အသာစီး ရ နေချိန်မှာ တစ်ပါး သူ အပေါ်တွင် နိုင်ထက် စီးနင်း မပြု သင့်ဘူး လို့ ဆိုလို ခြင်း ဖြစ်ပါတယ်။

လောကမှာ ဘယ်အ ရာမှ တည်မြဲ နေခြင်း မဟုတ် အရာရာ ပြောင်းလဲ နေခြင်း ဖြစ်တယ် လို့ လ သင်ခန်း စာမှ ရရှိ နိုင်ပါ တယ်။ ၎င်း သင်ခန်း စာသည် လူတစ်ဦး တစ်ယောက် တည်းကို ရည်ညွှန်း ခြင်း မဟုတ်ဘဲ လူသား အားလုံး အတွက် လိုက်နာ သင့်သော သင်ခန်း စာ တစ်ခု ဖြစ်ပါ တယ်။

ရိုးရာလေး
လမှ ရသော သင် ခန်းစာ တောက်ပ ဝင်း လက်ဆုံး အချိန် သည်ကား မှိန်စ ပြုချိန်ကို ရောက်တော့ မည်ဖြစ် ပြီး။ အမှောင် မိုက်ဆုံး အချိန် သည်ကား လင်းစ ပြုချိန် ကို ရောက်လာ တော့မည် ဖြစ်သည်။ သင်ခန်းစာ - အနိမ့် အမြင့် သဘော တရားကို သိစေ ချင်သော ရည်ရွယ် ချက် ဖြစ်ပါ တယ်။ ငါ သူ့ထက် ပိုက်ဆံ ချမ်းသာ တာပဲ၊ ငါ သူ့ထက် ရာထူး ကြီးတာ ပဲ၊ ငါ သူ့ထက် ပိုပြီး တော်တာ ပဲဟု မိမိ အသာစီး ရ နေချိန်မှာ တစ်ပါး သူ အပေါ်တွင် နိုင်ထက် စီးနင်း မပြု သင့်ဘူး လို့ ဆိုလို ခြင်း ဖြစ်ပါတယ်။ လောကမှာ ဘယ်အ ရာမှ တည်မြဲ နေခြင်း မဟုတ် အရာရာ ပြောင်းလဲ နေခြင်း ဖြစ်တယ် လို့ လ သင်ခန်း စာမှ ရရှိ နိုင်ပါ တယ်။ ၎င်း သင်ခန်း စာသည် လူတစ်ဦး တစ်ယောက် တည်းကို ရည်ညွှန်း ခြင်း မဟုတ်ဘဲ လူသား အားလုံး အတွက် လိုက်နာ သင့်သော သင်ခန်း စာ တစ်ခု ဖြစ်ပါ တယ်။ ရိုးရာလေး======

ခဏခဏအသတ်ခံရတယ်၊ ဘယ်တော့မှ မသေတဲ့ ကျွန်တော်တို့ဗိုလ်ချုပ်

********************************************** ဟောဒီမြို့ကလေးမှာ ... တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။ အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။ ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။ ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊ ပြုခြင်းဟာ မရှင်းမလင်း ...... ။ သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။ ပြောချင်တာက ... ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို မကွယ်နိုင်ဘူး သမိုင်းကို ... အဲ့လို။ ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။ မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ အမှန်တရားကို သူ့ဆီက အမွေရတယ်။ ''မောင်ဖာ ... မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ'' တဲ့ .. လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။ အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊ ဆောင်းပါးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊ ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။ ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို ''အချိန်ပိုင်း တည်းခိုနိုင်သည်'' ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။ သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက် နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။ ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုစိန်နဲ့ အတွေ့၊ စာရိတ္တသတ္တိကို လှစ်ခနဲအပြ ''ကျုပ်မှာ ကာမပိုင်နဲ့ ဗျ'' တဲ့ ။ ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။ သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့ အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။ သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့ ''ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်'' ဆိုသူက မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။ တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက '''ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ''' တဲ့ ။ ပထမတော့ ရယ်ချင်စရာကြီး / ပြုံးချင်စရာကြီး / သဘောကျချင်စရာကြီး / အားနာချင်စရာကြီး / အူယားချင်စရာကြီး ။ နောက်တော့ မဲ့ချင်စရာကြီး / လေးစားချင်စရာကြီး / ငိုချင်စရာကြီး / ကြည်ညိုချင်စရာကြီး / ရင်ထဲ ဆို့ချင်စရာကြီး ။ ၃၂ နှစ်သားကလေးဟာ ... နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ ကျည်ဆန် ၁၃ တောင့်ရသွားတယ်။ အ၀တ်အစားကောင်းကောင်း မရှိဘူး၊ သွေးအိုင်ထဲ လဲ နေတယ်။ ဗိုက်မရွှဲသွားဘူး၊ ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။ ခဏခဏ အသတ်ခံရတယ် / ဘယ်တော့မှ မသေဘူး ။ သတ်ကွင်းနေရာ ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။ ''ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ'' တဲ့ .. ၉၈ နှစ်နှစ် ရှိပြီ .. ။ ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။ ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။ မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း လှုပ်လေ မြုပ်လေ မဟုတ် ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။ ကျုပ်တို့ဟာ ရာဇ၀င်မှာ အဆဲခံရမဲ့ လူစားတွေလား ရာဇ၀င်မှာ အရေးခံရမဲ့ လူစားတွေလား မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား .. အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့် သတိတရား နဲ့ ပြည့်စုံကြကုန် ။ ဟိန်း

ဒီညတော့ ပုံပြင်ပြောပြမယ်ဗျာ



တစ်ခါကအရမ်းချစ်ကြတဲ့ ချစ်သူနစ်ယောက်ရှိတယ်ဗျ

သူတို့နှစ်ယောက်ရဲ့ ရွာတွေကြားမှာ
မြစ်တစ်ခုခြားနေတယ်

အဲ့ဒီမြစ်ကို ဖြတ်ကူဖို့ ကူတိုးခ က ၁၀၀၀ကျပ်ပေးရတယ်

သူတို့နှစ်ယောက်လုံးက အရမ်းဆင်းရဲကြတော့ ကူတိုးခ မတတ်နိုင်လို့ ၃လမှ တစ်ခါ ၄လမှ တစ်ခါလောက်ဘဲတွေ့ကြရတယ်

တစ်ရက်မှာ ကောင်မလေးက သူချစ်သူနဲ့တွေ့ဖို့ ပိုက်ဆံ ၁၀၀၀စုပြီး မြစ်ကိုကူးဖို့လှေငှားတာပေါ့ဗျာ

အဲ့မှာလှေထိုးသမားက

ကူတိုးခ ဈေးတက်သွားပြီ တစ်ထောင်နဲ့ မရတော့ဘူး
နှစ်ထောင်ဖြစ်သွားပြီတဲ့

ကောင်မလေးရဲ့ အခက်ခဲကိုသိနေတော့
စီပွားရေးဆန်ဆန် ဈေးပိုတောင်းတဲ့သဘောပေါ့ဗျာ

ကောင်မလေးက သူ့ချစ်သူနဲ့အရမ်းတွေ့ချင်လို့ဆိုပြီး
သူတို့ရွာက သူဋ္ဌေးဆီမှာပိုက်ဆံသွားချေးတယ်

သူဋ္ဌေးက ပိုက်ဆံချေးမယ်ဆိုရင် အပေါင်းပစ္စည်းပေးရမယ်တဲ့

ကောင်မလေးက အပေါင်ပစ္စည်းမရှိဘူးဆိုတော့
သူဋ္ဌေးက ဒါဆို သူနဲ့ တစ်ညအိပ်ရမယ်တဲ့

ကောင်မလေးက သူ့ချစ်သူနဲ့အရမ်းတွေ့ချင်နေတော့
သဘောတူလိုက်တယ်

နောက်နေ့ရောက်တော့
သူဋ္ဌေးဆီက ငွေတစ်ထောင်ယူ
လှေနဲ့ မြစ်ကိုကူးပြီး
သူချစ်သူနဲ့ သွားတွေ့တယ်

အဲ့အကြောင်းတွေကို အကုန်သိတဲ့
ကောင်လေးသူငယ်ချင်းက

မင်းချစ်သူက သူဋ္ဌေးနဲ့ တစ်ညအိပ်လို့ရလာတဲ့ ပိုက်ဆံတစ်ထောင်နဲ့ မင်းကိုလာတွေ့တာ ဆိုပြီး ကောင်လေးကို သွားပြောတယ်

အဲ့မှာကောင်လေးက

ဒေါသထွက်ပြီး ကောင်မလေးနဲ့ လမ်းခွဲမယ် ဖြစ်ကုန်ရော

ဒါနဲ့ဘဲ

ကောင်လေးနဲ့ ကောင်မလေး အချစ်ဇတ်လမ်းဟာ လမ်းခွဲခဲ့ကြရတယ်

ပုံပြင်ကတော့ဒါဘဲ

ဒီပုံပြင်မှာပါတဲ့

ကောင်လေး
ကောင်မလေး
သူဋ္ဌေး
လှေထိုးသား
ကောင်လေးသူငယ်ချင်း

သူတို့ ၅ယောက်ထဲမှာ ဘယ်သူ့လုပ်ရပ်က အမှန်ဆုံးလဲ====

ဗုဒ္ဓသမိုင်း (သို့မဟုတ်) အမှတ်တရ ဒိုင်ယာရီ

အပိုင်း (၂ )
ပြန်လည်မျှဝေစေချင်ပါတယ်သူငယ်ချင်းတို့ရေ


ကြကွဲဖွယ်ကောင်းသော ဗုဒ္ဓဂယာ
ဤရွေ့ဤမျှပင် အထွတ်အမြတ်ဆုံးဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်မဟုတ် သူ၊ ဗုဒ္ဓရန်သူကြီးတစ်ဦးက ပိုင်ဆိုင်ထားခြင်းကြောင့် ဝမ်းနည်းကြေကွဲဖွယ်ရာ တွေ့မြင်ရသည်ကား…
၁။ စေတီပုထိုးစသည်တို့မှာ နောက်ဘေးအိမ်သာတမျှ ညစ်ပတ်လျက် ရှိ ခြင်း။
၂။ ဖူးမြော်သူတို့အား သမာဓိမရနိုင်လောက်အောင် ရာ,ထောင်မကသော သူတောင်းစားများက လာရောက်ကာ ဆူဆူပူပူ တောင်းခံကြခြင်း။
၃။ ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဟိန္ဒူမဟာဒေဝ လိင်ရုပ်ကြီးတစ်ခု ကို စေတီတော်ကြီးအောက်ထပ်ရှိ ရုပ်ပွားတော်ရှေ့၌ ချထားခြင်း။
၎။ ဆွမ်းတော်ကပ်၊ ဆီမီးပူဇော်သောအခါ ဆုတောင်းလို့ မဆုံးမီမှာပင် အလစ်ဝင်သုတ်လေ့ရှိခြင်း။
၅။ မုဉ္စလိန္ဒရေအိုင်တော်၌ ရေချိုးခြင်း၊ ညစ်ပတ်သော အဝတ်များကို ဖွတ် လျှော်ခြင်း၊ မစင်ဆေးခြင်း။
၆။ စေတီ,ပုထိုးပျက်များမှ အုတ်ကျောက်များဖြင့် အိမ်ဆောက်ခြင်း၊ ဆင် တင်းကုတ်၊ မြင်းတင်းကုတ်နှင့် မစင်အိမ်သာ လုပ်ခြင်း။
ဤကဲ့သို့သော ယုတ်မာသော ညစ်ပတ်ပုံများကို တွေ့မြင်ကြသော ကျွန်ုပ်တို့ နှင့်တကွသော ဗုဒ္ဓဘာသာဝင်အပေါင်းတို့မှာ အဘယ်မှာလျှင် စိတ်၏ချမ်းသာမှု ကို ရနိုင်ပါတော့အံ့နည်း?
ထို့ကြောင့် လွတ်လပ်သော မြန်မာနိုင်ငံတော်ရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ နှင့် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ဤမျှ မွန်မြတ်သော နေရာတော်ကို ဘာသာခြားတို့ လက်တွင်းမှ မိမိတို့ လက်ဝယ်သို့ ရောက်ရှိလာအောင် ကြိုးစား အားထုတ်သင့်လှပေသည်။
ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အမွန်မြတ်ဆုံးသော ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာ ဝင်တို့ကသာ ပိုင်ဆိုင်ရမည်ဟု တောင်းဆိုခဲ့သော် မည်သူကမှ တရားနည်းလမ်း မကျဟု ဝေဖန်နိုင်မည် မဟုတ်ပေ။ ဤတွင် အကျွန်ုပ်သည် ဤစာအုပ်ကို ဖတ်သူ တိုင်း သိရှိကြစေရန် ဗုဒ္ဓဘာသာပိုင်မဟုတ်သော အိန္ဒိယပြည် စတိတ်မန့်သတင်း စာ၌ ဝေဖန်ရေးသားထားသည်ကို ရေးသားဖော်ပြလိုက်ပါအံ့။

Statement of object and reasons
The Mahabodhi Temple at Bodhgaya is most sacred shrine of Buddhist world as it stands on the spot where Lord Buddha attained Supreme Wisdom. It is to the Buddhist what Mecca is to the Muslim. Ayodhya to Hindu and Jerusalem to Christian it is in the hands of a non-Buddhist the salivate Mahanth of Bodhgaya. For many years past, the Buddhists have Deem greatly dissatisfied with his management of the temple. They have expressed their strong desire to have them stored to their control. The desire is natural and this bill intended to make for provision. The better management of the temple and temple compound for their restoration to the Buddhists of India, Burma and Ceylon without prejudice to the right of Hindus to worship the image of Buddha in the temple and to offer alms food at the Bodhi tree to the north of the temple.

ဥပဒေပြုရခြင်းအကြောင်းရင်းခံ ဖော်ပြချက်
“ဗုဒ္ဓဂယာမြို့တွင် တည်ရှိနေသော မဟာဗောဓိစေတီတော်မြတ်၏ နေရာ တွင် ဗုဒ္ဓဘုရားရှင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူသဖြင့် ကမ္ဘာ့ ဗုဒ္ဓဘာသာအတွက် အမြတ်ဆုံးသောနေရာ ဖြစ်ပေသည်။ မူဆလင်များအဖို့ မက္ကာမြို့၊ ဟိန္ဒူဘာသာဝင်များအဖို့ အယုဒ္ဓယမြို့၊ ခရစ်ယာန် ဘာသာဝင်များအဖို့ ဂျေရုဆလင်မြို့တို့သည် အမြတ်ဆုံးဖြစ်သကဲ့သို့ ထိုနေရာသည် ဗုဒ္ဓဘာသာဝင် တို့အဖို့ အမြတ်ဆုံး ဖြစ်ပေသည်။ ထိုစေတီနှင့်မြေမှာ ဗုဒ္ဓ ဘာသာဝင်တို့အဖို့ မည်မျှပင် အမြတ်ဆုံးဖြစ်စေကာမူ ဗုဒ္ဓဘာသာဝင် မဟုတ်သူ (သျှီဝ)သီဝဂိုဏ်းဝင် မဟန့်၏ လက်ထဲ၌ ကျရောက်နေမှုကြောင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့မှာ သူ၏ ပြုပြင်,စီမံပုံတို့ကို များစွာပင် မနှစ်ခြိုက်ဘဲ ရှိခဲ့လေသည်။ သူ(Buddhist)တို့သည် ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ရရှိဖို့ရာ ထက်သန်သော သဘောဆန္ဒများကို ဖော်ပြခဲ့ လေပြီ။ ဤသဘောတရားမှာ အထူးသဘာဝကျလှပေသည်။ ၎င်းပြင် ဤဥပဒေ ကြမ်းသည် ဗုဒ္ဓဂယာစေတီတော်ကြီးကို ပြန်လည် ပြင်ဆင်ရေးနှင့် စေတီတော်ထဲ ရှိ ဟိန္ဒူတို့၏ ရုပ်ပွားတော်ကို ကိုးကွယ်မှုနှင့် ဗောဓိပင်ခြေရင်းတွင် ဆွမ်းတော် ကပ်မှုတို့ကို မထိခိုက်စေဘဲ အိန္ဒိယ, မြန်မာနှင့် သီဟိုဠ်ဗုဒ္ဓ ဘာသာတို့ကသာ အုပ်ချုပ်ထားရန် ရည်ရွယ်လေသည်”
ဤဆောင်းပါးကို ၁၉၃၅-ခုနှစ်က…

ဆတ်ရန်.....

ဒီစာအုပ်ကို မှာယူချင်ရင် ကျန်တော်မှတဆင့်လည်းမှာ ယူနိုင်သလို

ကဘာအေး
,ရွှေတိဂုံစေတီတော်ရှိ စာအုပ်ဆိုင်များနှင့် စံလှစာပေ (၃၉လမ်း-အထက်)
တွင်လည်း မှာ ယူနိုင်ပတယ်
ပြန်လည်မျှဝေပေးကြပါ...

" အညတြကျေးတောသားဘဝမှ ဒီမိုကရေစီဖခင်ကြီးဖြစ်လာသူ "


________________________________________

သမ္မတကြီး ဦးသိန်းစိန်မှာ

ပြည်တွင်း၊ ပြည်ပ အသိုင်းအ၀ိုင်း တွင်

ဒေါ်အောင်ဆန်းစုကြည်လောက် ပုဂ္ဂိုလ်ရေး နာမည် ကျော်ကြားမှု မရှိသော်လည်း

၎င်းသမ္မတ ဖြစ်လာသည့် သက်တမ်း တစ်လျှောက်

ဒီမိုကရေစီရေးနှင့် ပြုပြင် ပြောင်းလဲရေး လုပ်ရပ်များကို အစွမ်းကုန် လုပ်ကိုင်ပြနိုင်ခြင်းကြောင့်

မြန်မာပြည်သူ လူထုနှင့် ကမ္ဘာ့ခေါင်း ဆောင်ကြီးများ၏ အံ့သြတကြီး ချီးမွမ်းမှုကို ခံထားရသူ ဖြစ်သည်။

သမ္မတကြီးဦးသိန်းစိန်၏ အထင်ရှားဆုံးပြယုဂ်မှာ 'ရိုးသားမှု' ပင် ဖြစ်သည်။

၂၀၁၁ ခုနှစ် မတ်လ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခြင်းခံရချိန်က တောင်ကိုရီးယား သတင်းစာ အချို့က

"'"Mr.Clean- ဦးသန့်ရှင်း'""

ဟုပင် တင်စား ရေးသား ခဲ့ကြသည်။

ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ ဟိုင်းကြီးကျွန်း အနီးရှိ ကျေးရွာလေး တစ်ခု၌ မွေးဖွား ကြီးပြင်းခဲ့သူ ဖြစ်ပြီး

မိဘများမှာ တောင်သူ လယ်သမားများ ဖြစ်ကြသည်။

Bill Keller နှင့် ပြုလုပ်သော အင်တာဗျူးတွင်

"ကျွန်တော် ဟာ အညတရ ဘဝက လာတာပါ"

ဟု စတင်ပြောဆိုသည်။

အထက်တန်းကျောင်း မဆိုထားဘိ၊ အလယ်တန်းကျောင်းပင် မရှိသော အဆိုပါ ကျေးရွာလေးတွင် မူလတန်း အောင်သောအခါ ရွာနှင့် မိုင်ပေါင်း ၄၀ မှ ၅၀ ခန့် ဝေးကွာသည့် နေရာတွင် ရှိသည့် အလယ်တန်း ကျောင်း၌ သုံးနှစ်ခန့် တက်ခဲ့ရသည်။

ထို့နောက် ပုသိမ်မြို့တွင် သုံးနှစ်ခန့် ကျောင်းတက် ခဲ့ရသည်။

ကျောင်းပြီးသောအခါ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ရောက် ဖြေဆိုရာ အောင်မြင်ခဲ့သည်။

ဗိုလ်လောင်း သင်တန်းတွင် လေးနှစ် တက်ရောက် ခဲ့ပြီးနောက် ဝိဇ္ဇာဘွဲ့ ရရှိကာ ဒုဗိုလ်ဖြစ်လာသည်။

မြန်မာနိုင်ငံကို နှစ်ကာလ ကြာမြင့်စွာ ပိတ်ဆို့ အရေးယူ ထားခဲ့သော

အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ အပါအဝင်

နိုင်ငံတကာမှ လေ့လာ စောင့်ကြည့် သူများအား အံ့အား သင့်စေခဲ့သည့် အချက်မှာ

သမ္မတကြီး ဦးသိန်းစိန်သည်

တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်သည့်

တပ်မတော်(စစ်ဘက်) အစိုးရမှ ထွက်ပေါ် လာသည့် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်သည့်တိုင်

အချိန်ကာလတို အတွင်း

နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက် လုပ်ဆောင်ပြနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

သို့သော် ပုဂ္ဂိုလ်ရေး သမိုင်း ကြောင်းကို ပြန်ကြည့်မည် ဆိုပါက

ဦးသိန်းစိန်သည် နာမည်ကောင်း တစ်လုံးကို အစဉ်အဆက် ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။



စိုးပြည့်မှူး
( ဘုန်းကြီးကျောင်းသား )
Like ·  ·  · 21 hours ago · 

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ ====================================== မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။ ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။ (၁) ရေများများသောက်ပေးပါ ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။ (၂) ကဖင်းဓာတ်ကို သတိထားပါ တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင် တိုးစေပြီး စိတ်ရွှင်လန်း စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများ မှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေ နိုင်ပါတယ်။ (၃) နံနက်စာကို ပုံမှန်စားပါ နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ် ပေါ်မှာ မူတည် နေတဲ့ အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲ နေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျ စေတာကြောင့် နုံးချည့် နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။ (၄) အာဟာရပြည့်ဝအောင်စားပါ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက် ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝ စေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ် ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာ တတ်တာကြောင့် အဆီနည်း အသားလို သံဓာတ် ပါဝင်မှုများတဲ့ အစာ စားပေး သင့်ပါတယ်။ (၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့် ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတို အတွင်း အလေးချိန် ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာ လျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့် ညောင်းညာ နိုင်ပါတယ်။ (၆) အိပ်ရေးဝဝအိပ်ပါ တစ်ညကို ရှစ်နာရီလောက် အိပ်ချိန် ပေးသင့် ပါတယ်။ အိပ်စက် ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊ ဘုရားစာ ရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။ (၇) အိပ်ဆေးမသောက်ပါနှင့် အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့ အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ
======================================

မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။

ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။

(၁) ရေများများသောက်ပေးပါ

ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။

(၂) ကဖင်းဓာတ်ကို သတိထားပါ

တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင် တိုးစေပြီး စိတ်ရွှင်လန်း စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများ မှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေ နိုင်ပါတယ်။

(၃) နံနက်စာကို ပုံမှန်စားပါ

နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ် ပေါ်မှာ မူတည် နေတဲ့ အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲ နေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျ စေတာကြောင့် နုံးချည့် နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။

(၄) အာဟာရပြည့်ဝအောင်စားပါ

ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက် ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝ စေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ် ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာ တတ်တာကြောင့် အဆီနည်း အသားလို သံဓာတ် ပါဝင်မှုများတဲ့ အစာ စားပေး သင့်ပါတယ်။

(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်

ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတို အတွင်း အလေးချိန် ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာ လျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့် ညောင်းညာ နိုင်ပါတယ်။

(၆) အိပ်ရေးဝဝအိပ်ပါ

တစ်ညကို ရှစ်နာရီလောက် အိပ်ချိန် ပေးသင့် ပါတယ်။ အိပ်စက် ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊ ဘုရားစာ ရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။

(၇) အိပ်ဆေးမသောက်ပါနှင့်

အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့ အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

d ဦးနရပတိ ဆရာတော်'s photo.


"မကြည်တဲ့ရေကို ကြည်အောင်လုပ်ကြ၊ မနုတဲ့မြက်ကို နုအောင်လုပ်ကြ " ★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★ "ဗမာနိုင်ငံမှာ ဆေးရုံပေါင်း အားလုံး ၂၄ ခု ငါ ဆောက်ပြီးပြီ။ လှူပြီးပြီ။စစ်ကိုင်းတောင်က ဆေးရုံက ကုတင်၂၀၀ Main ဆေးရုံကြီး။ တစ်တောင်ရိုးလုံး ရေပေးတယ်။ စာသင်ကျောင်း ၇၀ဆောက်လုပ်၍ လှူပြီးပြီ။ ရေကြည်ရာ မြက်နုရာဆိုရင် ငါအဲဒါတွေ မလုပ်ဘူးကွ။ မင်းတို့ အဲဒီစိတ်ဓာတ်မျိုး မမွေးနဲ့လို့ ငါ ဒီကနေ့ အထူးပြောချင်ပါတယ်။ မကြည်တဲ့ရေကို ကြည်အောင် လုပ်ကြစမ်းပါ။ ဟုတ်လားဒို့တိုင်းပြည်က ရေမကြည်တာကြာပြီ မနုတဲ့မြက်ကို နုအောင် လုပ်ကြစမ်းပါ။ အဲဒါကိုမှ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်လို့ ငါက ဒီလိုပြောချင်တယ်.. ရေမကြည်ဘူးဟေ့ကြည်တဲ့နေရာ ရွှေ့မယ်၊ မြက်မနုဘူးဟေ့ နုတဲ့နေရာသွားမယ်။ အဲဒါက အချောင်သမားစိတ်ဓာတ်။ မလုပ်ပါနဲ့ အဲတော့ မင်းတို့ တတွေ၊ ငါပြောချင်တာက ရေကြည်ရာ မြက်နုရာ ဆိုတဲ့ စိတ်ဓာတ်၊ အဲဒါ ပြင်ကြပါ။ ဒီကနေပြီးတော့ ဒို့ ရုရှားရောက်တဲ့ ညီအစ်ကို မောင်နှမတွေကို ပြောခြင်းက တစ်ကမ္ဘာလုံးရှိတဲ့ ဗမာတွေ၊ တစ်နိုင်ငံလုံးက ဗမာတွေကို ပြောပြီးသားဖြစ်လိမ့်မယ်လို့ ငါလည်း ယုံကြည်တယ် မကြည်တဲ့ ရေကို ကြည်အောင်လုပ်မယ်၊ မနုတဲ့မြက်ကို နုအောင်လုပ်မယ်။ အဲဒီစိတ်ဓာတ်တွေကို မွေးနိုင်ကြမှ ဒို့တိုင်းပြည်ဟာ ကမ္ဘာကြီးကို မီအောင် လုပ်နိုင်မယ် " သီတဂူဆရာတော်ဘုရားကြီး၏ ဓမ္မသဘင်မှ ကောက်နှုတ်ချက် (၂၆-၁၁-၂၀၁၃၊ မော်စကို၊ ရုရှား) ****************************** ရေကြည်ရာ မြက်နုရာကို ထွက်ခွာမသွားဘဲ မကြည်တဲ့ရေကို ကြည်လာအောင်၊ မနုတဲ့မျက်ကို နုလာအောင် အပတ်တကုတ်အားထုတ်နေကြသော သူတော်ကောင်းတို့အား ဂါရ၀ပြုပါ၏။ Credit >>> နှလုံးသားအာဟာရ

ပေါက်ခေါင်းသတင်း


ရှေးဟောင်းငွေဒင်္ဂါး ရောင်းလိုပါသည်
ဆက်သွယ်ရန် ဦးပညာသီရိ (လှိုင်းတက်ကျောင်း) ပေါက်ခေါင်းမြို. 05345270

အခုတော့မှ ဆောရီးဆိုရင် ခွေးဖြစ်မှာပေါ့



သူတို့ပြောလာတာ စစ်အာဏာရှင်လမ်းကြောင်း မဟုတ်ဘဲ
ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်လို့ ပြောလာတယ်။ ငါလည်း မသင်္ကာလို့ စောင့်ကြည့်နေတယ်။
သူတို့ ပြန် ဆုတ်လို့မရတော့ဘူး။ ဘာလို့လဲဆိုတော့ ကမ္ဘာက အသိအမှတ်ပြုပြီ။ ကမ္ဘာက လာနေပြီ။
ရင်းနှီးမြှုပ်နှံမှုတွေ လာနေပြီ။ သူတို့ ရှောင်လို့ မရတော့ဘူး။
အခုတော့မှ ဆောရီးဆိုရင် ခွေးဖြစ်မှာပေါ့။
လွန်ပြီးနေပြီ ကမ္ဘာအနှံ့ကို ကြေညာပြီးပြီ။ အခု ဒီမိုကရေစီကိုသွားဖို့တော့ ခက်ခက်ခဲခဲနဲ့ သွားရဦးမယ်။
ပြန်ဆုတ်လို့ မရတော့ဘူး။ တိုင်းပြည်အတွက် မျှော်လင့်ချက်ကြီးစွာ ဖြစ်တယ်လို့ ငါက ပြောချင်တယ်။
ကမ္ဘာကလည်း မျှော်လင့်ချက်ကြီးစွာ ထားနေတယ်။
ခေတ်ပြောင်းခေတ်ကူးမှာ ဒီလို ဖြစ်တတ်လို့ တို့တွေအားလုံး သည်းခံပြီး စောင့်ရမယ်။

ဆရာအောင်သင်း

ထိုင်း၌ အဖမ်း ခံထား ရသည့် မြန်မာ မိန်းကလေး များ လွတ်ရေး သံရုံး ကူညီ


ထိုင်း နိုင်ငံ တွင် လိင်ဖျော် ဖြေရေး လုပ်ကိုင် နေမှု ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထား ရသည့် အသက် ၁၈ နှစ်အောက် မြန်မာ မိန်းကလေး ၁၃ ဦးကို ပြန်လွှတ် ပေးရေး အတွက် မြန်မာ အစိုးရ တာဝန် ရှိသူများ ယမန် နေ့က သွားရောက် တွေ့ဆုံ ကူညီ ကြောင်း သိရသည်။

အမျိုး သမီး များကို ထိန်းသိမ်း ထားသည့် ပထုံ ဌာနီ မြို့ရှိ ကလေး ထိန်းသိမ်း ရေး စခန်းတွင် ထိုင်း နိုင်ငံ လူမှု့ ဖွံ့ဖြိုး တိုးတက် ရေးနှင့် လုံ ခြုံရေး ၀န်ကြီး ဌာန အကြီး အကဲ ပ၀ီနာ ဟောင်စကူး နှင့် ထိုင်း နိုင်ငံ ဆိုင်ရာ မြန်မာ သံ အမတ်ကြီး ဦး တင်ဝင်းတို့က တွေ့ဆုံခဲ့ ကြောင်း မြန်မာ သံရုံးမှ တာဝန် ရှိသူ တဦး ဖြစ်သည့် ဦး ကျော်ကျော်လွင် က ဧရာဝတီ သို့ ပြောသည်။

ဖမ်းဆီး ထိန်းသိမ်း ခံထား ရသည့် အမျိုး သမီး များသည် ရှမ်းပြည်နယ် ဒေသ ခံများ ဖြစ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာ လ ၉ ရက်နေ့ က စားသောက်ဆိုင် တဆိုင်တွင် ထိုင်း အာဏာ ပိုင်များ၏ ဖမ်းဆီး ထိန်းသိမ်း ခံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“တနှစ် လောက် ကြာနေပြီ၊ နောက် သူ့တို့ မိဘ တွေက တွေ့ခွင့် မရဘူး ဆိုတော့ ကျနော် တို့ကို အကူ အညီ လာတောင်း လို့ သွားပြော ပေးတာ”ဟု ဦး ကျော်ကျော်လွင် က ဆက်ပြော သည်။

ထိုင်း နိုင်ငံ ဘန်ကောက် မြို့ရှိ မြန်မာ သံရုံးမှ သံအမတ် ကြီး ဦး တင်ဝင်း ဦးဆောင်၍ ဦး ကျော်ကျော်လွင်၊ ကိုမိုးနိုင်အောင် နှင့် ဦး ထွန်းအေး တို့ လိုက်ပါ သွားပြီး ထိန်းသိမ်း ခံထား ရသည့် အမျိုး သမီး များကိုလည်း တွေ့ခွင့် ရကြောင်း သိရ သည်။

“ကောင်မလေး တွေကို သူတို့က စားသောက်ဆိုင် ကနေ ဖမ်းလာတဲ့ အတွက် အဲဒီ စားသောက်ဆိုင် နဲ့ ပတ်သက်တဲ့ သက်သေ တွေကို ကြိုတင် ထွက်ချက် ယူပြီး သွားရင် မကြာခင် ပြန်လွှတ် ပေးပါ မယ်လို့ ထိုင်း အကြီး အကဲ ပ၀ီနာ ဟောင်စကူး က ပြောပါ တယ်”ဟု ဦး ကျော်ကျော်လွင် က ရှင်းပြ သည်။

ပြန်လွှတ် ပေးမည့် ကာလ ကိုမူ အဆိုပါ ထိုင်း အကြီး အကဲက ပြောကြားခြင်း မရှိ သော်လည်း အဖမ်း ခံထား ရသည့် အမျိုးသမီး များက အမြန်ဆုံး ပြန်လွှတ် ပေးနိုင် ရေး အတွက် ကူညီရန် တောင်းဆို သည်ဟု လည်း ၎င်းက ဆိုသည်။

ထိုင်း နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးမှ ပြောကြား ချက်အရ ထိုင်း နိုင်ငံ တွင် အကျဉ်း ကျခံ နေရသူ မြန်မာ နိုင်ငံသား အမျိုး သမီး၊ အမျိုး သား ၃၄၀၀ ခန့် ရှိပြီး လွတ်ငြိမ်း ချမ်းသာခွင့် ရရှိရေး အတွက် မြန်မာ အစိုးရက ကြိုးပမ်း နေကြောင်း လည်း သိရ သည်။

ထိုင်း နိုင်ငံ အနေနှင့် ထိုင်း ဘုရင် နှင့် မိဖုရား တို့၏ မွေးနေ့ များတွင် ထိုင်း နိုင်ငံ တ၀န်းရှိ အကျဉ်းထောင် များမှ ပြစ်ဒဏ် ကျခံ နေရ သူများကို ပြစ်ဒဏ်များ လျှော့ပေါ့ ပေးခြင်းနှင့် လွတ်ငြိမ်း ချမ်းသာခွင့် ပေးခြင်း တို့ ရှိသ ကဲ့သို့ မြန်မာ အစိုးရ ကလည်း ပစ်ဒဏ် ချခံ ထားရ သည့် ထိုင်း နိုင်ငံသား များကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးသည်။

ထိုင်း ဘုရင်နှင့် မိဖုရား များ၏ မွေးနေ့ များသည် ဒီဇင်ဘာ ၅ ရက်နှင့် သြဂုတ်လ ၁၂ ရက် နေ့တို့ ဖြစ်သည်။ မြန်မာ နိုင်ငံ သမ္မတ ရုံး၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်များ အရ ပြန်လွှတ်ပေး ခဲ့သော ထိုင်း နိုင်ငံ သား အကျဉ်းသား အမျိုး သမီးနှင့် အမျိုး သား ၁၀၂ ဦး တို့ကို လွှတ်ပေးပြီး ဖြစ်သည်။

ပြီးခဲ့ သည့်နှစ် ဇူလိုင်လ ကလည်း တနင်္သာရီ တိုင်း ကော့သောင်း မြို့နယ်တွင် နယ်မြေ ကျူးကျော် မှုဖြင့် ထိုင်းနိုင်ငံ သား ၉၂ ဦးကို ဖမ်း ဆီး၍ ထောင်ဒဏ်ချ မှတ်ခဲ့ရာ အားလုံး နီးပါးကို မြန်မာ အစိုးရက ပြန်လွှတ်ပေး ခဲ့သည်။

Irrawaddy

ငါတို့ ရဲ့ ကချင်ညီအကိုတွေ ပျော်ပွဲစားထွက်နေတာမဟုတ်ပါဘူး


မျှဝေ ခံစား တတ်ကြ ပါစေ ... ================= တစ်ရက်ပြီးတစ်ရက် ၊ တရစ်ပြီးတရစ် ရှေးရှူ့ ဖြတ်သန်းကျော်လွှာခဲ့ရတဲ့ ကလေးတွေ ဘဝမှာ အမှောင် နဲ့ အလင်း ၊ အဖြူ နဲ့ အမဲ ခွဲခြား သိမြင်လိမ့်မည် မဟုတ်ချေ ။ ထိုနည်းတူ ယခု ကျွန်ုပ်တို့ဟာ ကလေးတစ်ယောက်လိုသာ သုံးသပ်နေမယ်ဆိုရင် ကြီးပြင်းလာမယ့် ကလေးဘဝတွေကို စာနာ ပေးစေချင်တယ် ။ မသိ နာမလည်သေးတဲ့ အခုအချိန်မှာတောင် လောကဓံရဲ့ ခါးသီးမှုတွေကို ခါးစည်း ခံနေရပါတယ် ။ ကျွန်ုပ်တို့ဟာ ရှင်သန်ခြင်း အသိအမြင် အလင်းဆိုတဲ့ အသိအမြင် တရားတွေကို များများဝေမျှပေးရမယ့် အချိန် ပါ ။ စာတစ်လုံး ၊ နှုတ်တစ်ရာကြောင့် ကလေးများသာမက အရွယ်ရောက် လူတွေကို ထိမိ လှဲစရာ ပုံသက်သေ နည်းများကို မသင် ပြသင့် စေလို ပါ ။ သင်တို့မှာ အမျိုးသားနိုင်ငံရေး စိတ်ဓာတ် ပြင်းပြနေရင် အကောင်းဆုံး နည်းလမ်းတွေကို တွေးခေါ် စဉ်းစား လုပ်ဆောင် ပေးပါလို့ ကျွန်တော်တို့ အကြံဥာဏ် ပြုလိုက် ပါတယ် ။ ယခု ယနေ့ အချိန်မှာ ကျွန်တော်တို့ရဲ့ အသိဥာဏ်တွေဟာ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့ အမေရိကန် ၊ ဆွစ်ဇာလန် နိုင်ငံ မျိုးလို လုပ်ဆောင် ဖော်ဆောင် သင့်ရပါမည် ။ ဘယ်နေရာ ဘယ်ဒေသမှာ ကြည့်ကြည့် ဆင်းရဲ နွမ်းပါးတဲ့ သူတို့ရဲ့ ရှင်သန်မှု အနာဂတ်တွေကို ရှေ့ မျှော်ကိုးလျှက် အများကြီး သင်တို့ဆီမှာ နည်းနည်း သိတဲ့ အရာလေးတွေကို မျှဝေ ပေးစေလို ပါတယ် ။ ငါငါဆိုတဲ့ အစွဲတွေကို အရမ်း ရှေ့တန်း မတင်ထား စေလိုပါတယ် ။ ဖြစ်ပျက်နေတဲ့ တိုင်းပြည်ရဲ့ စနစ်ဆိုးတွေကို အတွေးအခေါ် ရှိရှိ ရင်ဆိုင်သွားမယ်ဆိုရင် အာဏာရှင်ဆိုတဲ့ စနစ်ဟာ ကျဆုံးသွား လိမ့်မယ်ဆိုတာ ဧကန် မုချ မလွှဲမသွေ ပါပဲ ။ မျှဝေ ခံစား တတ်ကြ ပါစေ ... ================= ဝါးတဲလေးပေါ်က ကျောင်းပေါ်မှာ အတန်းလည်းတူတယ် ကျောင်းလည်းတူတယ် အသက်တွေလည်း ရွယ်တူတွေမို့ အတူစား အတူကစားချင်ပေမယ့် ဆင်းရဲတဲ့ သမီးကိုလေ အတူမစား အတူမကစားကြဘူး..။ သမီးဝမ်းနည်းမိတယ် အတူ မကစားရတဲ့ ဘဝကို ဒါပေမယ့်..... သူတို့ ကစားနေတာကြည့်ပြီး သမီးပျော်တယ်။ သမီး စိတ်မကောင်းဖြစ်မိတယ် ဟင်းမပါတဲ့ ထမင်းကိုအမြဲလိုလိုစားနေရလို့ ဒါပေမယ့်.....သမီးပျော်တယ် သူငယ်ချင်းတွေပျော်ပျော်ပါးပါး သမီးအနားမှာ ဟင်းရနံ့သင်းသင်းနဲ့ ထမင်းလက်ဆုံစားနေကြတာ။ အမေကတော့ ညအိပ့်ရာဝင်တိုင်းဆုတောင်းနေတာပဲ ဆင်းရဲတွင်း ဝဋ်ဒုက္ခကကျွတ်ပါစေလို့ ဒါပေမယ့် မဖြစ်ခဲ့ဘူးလေ..။ တနေ့က....အဖေနဲ့ အမေ တိုးတိုးတိတ်တိတ်ပြောဆိုသံတွေ မအိပ့်သေးတဲ့သမီး ကြားလိုက်မိတယ်၊ သမီးဟာ စာတော်ပေမယ့် ငါတို့အခြေနေက သမီးကို ပညာတတ်ကြီးဖြစ်စေဖို့ ဖြည့်ဆည်းမပေးနိုင်တော့ဘူးတဲ့။ သမီးဖြေပါတယ် တရှိုက်ရှိုက်ငိုရင်း သမီးရဲ့ ဘဝပေးကံကြမ္မာက ဒီလောက်ဆို ဒီလောက်ပဲပေါ့..။ ကျနော်လဲဒီလိုပဲ မနိုင်ဝန်ကို ထမ်းပြီး ဝမ်းရေးကို ငယ်ငယ်ကတည်းကကျောင်းနေရသူပါ..။ ဒီအလုပ်မှမလုပ်ရင် ကျမ္မာရေးချူချာနေတဲ့ အမေ့ဆေးဖိုး ဘယ်သူကလာကူပေးမှာလဲ..။ ပျော်ချင်တာပေါ့ အခြားကလေးတွေနဲ့ အတူတူ ဝတ်ချင်တာပေါ့ အခြာခလေးတွေနဲ့ တန်းတူ သွားချင်တာပေါ့ အများခလေးများနည်းတူ ကျောင်းကို စားချင်တာပေါ့ ဝက်သားတုံးကြီးဆီပြန်ဟင်း၊ ဒါပေမယ့် မဖြစ်ခဲ့ဘူးလေ..။ တနေ့က ချောင်းတဟွန့်ဟွန့်နဲ့ အမေ ကျနော် အုတ်သယ် နေတာတွေ့ပြီး တရှိုက်ရှိုက်နဲ့ ငိုနေတယ်လေ၊ ကျနော်က ဘယ်ချော့တတ်မလဲ အမေငိုတော့ ကျနော်လည်းငိုတာပေါ့၊ အငိုဆုံးတော့ အမေကပြောတယ် သားကို အမေ မခိုင်းရက်ဘူး အမေ့ကို နားလည်ပေးပါနော်....လူလေးရယ်တဲ့။ ကျနော် ဘာပြန်ပြောရမလဲ အမေ ကြောင်အန်းအန်းနဲ့ ပိန်လှီလှီ ပြားချပ်ချပ်အမေ့ခန္ဒာလေးကိုကြည့်ပြီး ကျနော် ခေါင်းညိတ်လိုက်တယ်..။ ကျနော်မှ မကူရင် အမေ့ကို ဘယ်သူ ကူမလဲ.....အမေရယ်။ ကျနော် ပျော်ပါတယ်.....အမေရယ် တချို့ခလေးတွေက ခလေးသရုပ်ဆောင်နဲ့ အဖေအမေတွေကို လုပ်ကျွေးသမှု ပြုကြတယ်၊ တချို့ခလေးတွေက သီချင်းတွေဆိုပြီး အဖေအမေတွေကို လုပ်ကျွေးသမှု ပြုကြတယ်၊ ပုံသဏ္ဍန်ကတော့ မတူဘူပေါ့ ဒါပေမယ့်.....ကျနော်ပျော်ပါတယ်။ ( ကိုဗလိုင် ) ဤကဗျာဖြင့် အဖြစ် စနစ်ဆိုးတွေကို ခံစားနေကြရတဲ့ ခလေးငယ်များကို ဂုဏ်ပြုအပ်ပါသည်..။ ခလေးငယ်များ အားလုံး ဒုက္ခဘေးဆိုးမှ လွတ်မြောက် ကြပါစေ..။ (( ကျနော်- ဒီကဗျာကို စပ်ဆိုရင်း မျက်ရည် လည်ခဲ့ ရပါတယ် .. အားလုံး

ပေါက်ခေါင်းသတင်း


အခြေခံပညာအထက်တန်းကျောင်း(ပေါက်ခေါင်းမြို.)ဧ။် (၁၆)ကြိမ်မြောက်သက်ကြီးအာစရိယပူဇော်ပွဲကျင်းပ ပါမည်။တစ်ချိန်က ဆရာကြီး/ဆရာမကြီးများနှင့် ကျောင်းသားကျောင်းသူဟောင်းများ

* သားတို့ကိုပြောပြမည့်စာလေး *

Wai Wai Lwin commented on this.
ဘယ်အလုပ်မျိုးပဲ ဖြစ်ဖြစ်
အောင်မြင်မှုရဖို့ဆိုတာ
ပါရမီရှင် ဖြစ်စရာမလိုပါဘူး။
မဖြစ်မနေ. လုပ်တတ်တဲ့
စိတ်ဓါတ်နဲ့. ဇွဲရှိဖို့သာ
လိုအပ်ပါတယ်။

သာသနာ နဲ့ စစ်တပ်သည် နိုင်ငံတော်အတွက် အားထားရာ "

" __________________________________ စစ်တပ် ကစပြောကြည်ရအောင် စစ်တပ်ဆိုတာ ပြည်သူလူထုထဲက ပြည်သူတွေနဲ့သာပေါင်းစည်းထားတဲ့ အဖွဲ့အစည်းပါ စစ်တပ် ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်က စစ်သားဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တစ်မိန့် တစ်သံအောက်မှာ နာခံရတယ် ဦးနေဝင်း ( သို့ ) ဦးသန်းရွှေ လက်ထက် စစ်သားဟာလည်း လက်ရှိ ခေါင်းဆောင်အမိန့်ကိုပဲ တစ်မိန့်တစ်သံ အောက်မှာနေရတာပါ မာလိန်မှူးရဲ့ လမ်းညွှန်ချက် အောက်မှာ အမိန့်ရယ်နာခံ ကိုယ့်ဘဝကို ပုံအပ်ထားသူချည်းသာပါ စစ်သား နဲ့ စစ်ပွဲ ပြည်သူလူထု စစ်ပွဲကိုမလိုလားဘူး ဒါပေမယ့် အသက်လု ပြေးလွှားရှောင်ပုန်းခွင့်ရှိပါသေးတယ် စစ်သားငယ်ငယ် ကျည်ဆံကြားတိုးဝင် ကျည်ဆံလာရာ အံတု ရန်သူကို အသေခံ တိုက်ထုတ်ပေးခဲ့တဲ့ စစ်သားငယ် စစ်ပွဲတွေ ရပ် အေးချမ်းခြင်းရဲ့ အသီးအပွင့်ကို ပြည်သူကပဲ တိုက်ရိုက်စားသုံးရတာပါ ကျဆုံးသွားတဲ့စစ်သား တိုက်ပွဲမှာ သေဆုံးသွားတော့ ငြိမ်းချမ်းမူလိုချင်သူ ဘယ်သူစာနာဖူးသလဲ စစ်သားရယ်ငယ်ငယ် မင်းလို ငါလို လူငယ်လေးတွေပါမှာပေါ့ မင်းလို ငါလို အပေါင်းနဲ့ အသင်းနဲ့ပါ မင်းလို ငါလို မိ နဲ့ ဖ နဲ့ရယ်ပါ မင်းလို ငါလို မိသားစုလေးတွေနဲ့ မင်းလို ငါလို ချစ်သူရည်းစား ရင်ခုန်တတ်သူတွေပါကွာ ဘယ်သူ ချစ်ရသူနဲ့ ခွဲချင်မှာလည်း တစ်ဖွဲ့ အသက် တစ်ယောက်အသက် နဲ့ ပြည်ထောင်စုလူထုတစ်ခုလုံးအတွက် မြူမှုန်လေးအရွယ် သဘောထားလို့ ကြွေချင်တိုင်း ကြွေ ဝေလာတဲ့ ငြိမ်းချမ်းရေးအသီးအပွင့်ကို မင်းတို့ ငါတို့ပြည်သူလူထုက ချိုမြိန်စွာစားသုံး သူ့ကျေးဇူးလေးတော့ အသိအမှတ်ပြုပေးရအောင် အချုပ်အချာအာဏာအောက်မှာ တည်ငြိမ်ခြင်းရဲ့ အရသာမှာ မင်းရယ်ငါရယ် စားသုံး သူတို့လေးတွေကို အတုအယောင်ထင်လို့ သူတို့အသက်ကို အမှိုက်တစ်စလို့ ပျက်ရယ်ပြုရင် သူအသက်နဲ့ အလဲထပ်ထားတဲ့ ငြိမ်းချမ်းရေးကို အရောင်မဆိုးပဲ သူ့ကျောပေါ်မှာ လမ်းမလျှောက်ပါနဲ့တော့ ************************ သာသနာ လူသားတွေ လူမျိုးစုတစ်ခုတိုင်းမှာ ကိုယ်ပိုင်သာသနာဆိုတာ ရှိတတ်ကြပါတယ် လက်ရှိ ငါတို့ရဲ့ သာသနာရဲ့ အရိပ် သာသနာရဲ့ အဆုံးအမအောက်မှာ အေးချမ်းခြင်း ငြိမ်းချမ်းခြင်း ဆိုတာရှိပါတယ် လိမ္မာယဉ်ကျေး ဆုံးမပေးတဲ့သာသနာ မိုက်မဲမူရဲ့ မှန်တချပ်ကိုလည်း သာသနာက လမ်းပြပေးပြန်တယ် သာသနာရဲ့ အောက်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ပိဋကတ် သုံးပုံ အပိုင်းခွဲလို့ ဝိနည်း သုတ္တာန် အဘိဓမ္မာ စသဖြင့် ခွဲခြမ်းစိတ်ဖြာလို့ လူထုကို အလင်းရယ်ပြ တိုက်စစ်မှူး သံဃာတော်တွေက လမ်းပြကာ ဆုံးမစကားဆိုပေးပါတယ် ဒါဟာ လူသားထုအတွက် မငြိမ်းချမ်းခြင်း နဲ့ ငြိမ်းချမ်းခြင်းကို ဝေဖန်ပိုင်းခြား ရွေးချယ်တတ်စေဖို့ လမ်းပြပေးပြန်တယ် စောစောက စစ်တပ်ကျတော့ မငြိမ်းချမ်းခြင်းကို သူတို့အသက်ပေးစတေးခံ ငြိမ်းချမ်းစေတဲ့ တိုက်စစ်မှူးတွေပေါ့ သာသနာကြောင့် လိမ္မာခြင်းကို ရရှိတယ် သာသနာကြောင့် အေးချမ်းခြင်းကို ရှိစေတယ်ဆိုရင် စစ်တပ်ကြောင့် ငြိမ်းချမ်းရေးကို ရ ရှိစေပါတယ် ငြိမ်းချမ်းစွာလုပ်ကိုင်စားသောက် အေးချမ်းစွာ နေတတ်ရင် ချမ်းသာစွာနေထိုင်ရပြီး အေးချမ်းစွာ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ မှတ်ချက်။ ။ ဆရာတော်အရှင်ဇနကာဘိဝံသ၏ ၁၃၁၃ ခုနှစ် - ကဆုန်လဆန်း -၁- ရက်နေ့ ည - ၇ - နာရီ တွင် ဟောကြားသော တရားဟောကြားချက် ခေါင်းစဉ်အား ကိုယ့်အတွေးနဲ့ ပုံဖော်ပြခြင်းပါ အမှားပါရင် ခွင့်လွှတ်ပါ ဆရာတော်အားဦးခိုက်လျက် စိုးပြည့်မှူး ( ရေးတတ် ဖတ်တတ်)

ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဖွဲ့ချင်တယ်


ဖွဲ့ချင်ရင်ဖွဲ့ပါ
ဒါပေမယ့် အရည်ချင်းတော့ တန်းတူအောင်တန်းညှိလာခဲ့

၁၀ တန်းမအောင် ဘွဲ့မရတဲ့ကောင်ကို ဗိုလ်ချုပ်ရာထူးပေးလိုက်လို့
လက်ရှိတပ်မတော်က ဒုဗိုလ်အဆင့်ကတောင်အလေးပြုမှာမဟုတ်ဘူး

လက်ရှိတပ်မတော်က အင်အား၅သိန်းရှိတယ်

ခင်ဗျားတို့ ကချင်တပ်မတော် ကရင်တပ်မတော်က ကာချုပ်အပါဝင် လူအယောက်၂၀၀၀ လောက်နဲ့
တပ်မတော်ဖွဲ့ ချင်တာလား

တိုက်စရာရှိရင် ကျုပ်တို့ငါးသိန်းကအသေခံတိုက် ခင်ဗျားတို့ အယောက်၂၀၀၀ ကမှောင်ခိုလုပ်မယ် ဘိန်းစိုက်မယ်
ဆိုတဲ့သဘောလား

ကျုပ်တို့က အရပ်သားအစိုးရ လက်အောက်ခံတပ်
ခင်ဗျားတို့က ပြည်နယ်အစိုးရလက်အောက်ခံတပ်လို့ ခွဲခြားပြီး

နယ်ကျော်လာရင် ပြန်ဆော်မယ်ဆိုတဲ့သဘောလား

ကချင်တပ်မတော်က ဗမာတပ်မတော်ကိုကြည့်မရတဲ့အခါ
ခြုံခို မိုင်းဆွဲ မခံနိုင်တော့ ဗမာတပ်မတော်က ပြန်ဗျင်း

ကရင်တပ်မတော်နဲ့ ရှမ်းတပ်မတော်နဲ့က အချင်းချင်း စားခွက်လုရင်း တိုက်ပွဲဖြစ်နဲ့

အရမ်းကြည့်လို့ကောင်းလိုက်မယ့်
ဖဒရယ်ပြည်ထောင်စုတပ်မတော်

ကာချုပ်တာဝန်ကို အလှည့်ကျစနစ်တဲ့

ဘာလဲ

မဲနှိုက်ပြီး အလှည့်ကျလုပ်ရမှာလား

တိုင်းရင်းသား၁၃၅မျိုး
တပ်မတော်၁၃၅ တပ်

ဘယ်တပ်ကို ကာကွယ်ဦးစီးချုပ်အရင်ခန့်ရင်ကောင်းမလဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ စစ်ပွဲကြီးကျင်းပ ပေးသလိုဖြစ်မနေဘူးလား

အဲ့ဒီတပ်မတော်တွေအားလုံးကို လက်နက်ရိက္ခာလစာ အပြည့်ဝ ထုတ်ပေးဖို့ ဘယ်မှာလဲ ဘက်ဂျက်

အဲ့ဒီတပ်မတော်တွေ အင်းအားတောင့်တင်းလာတဲ့အခါ
သူပြည်နယ် နဲ့ သူပြန်သိမ်းပြီး
ခွဲထွက်မသွားပါဘူးလို့ အာမခံနိုင်လား

ခွဲထွက်သွားတဲ့ အချိန်ရောက်မှ ကျုပ်တို့ ၅ သိန်းက အသေခံပြီး ပြည်ထောင်စုမပြိုကွဲအောင်ပြန်လိုက်သိမ်းပေးရမှာလား

ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းပေးခဲ့တဲ့
မျိုးချစ်တပ်မတော်မှာ
ကချင် ကယား ကရင် ချင်းတွေမခွဲခြားဘူး
တိုင်းရင်းသားတိုင်း
တန်းတူစစ်မှုထမ်းခွင့်ရှိတယ်
ရာထူးလည်းတန်းတူပေးခဲ့တယ်

တပ်မတော်ကို စိတ်ဝမ်းမကွဲ အောင်တပ်စုတစ်စည်းထဲဖွဲ့စည်းပေးခဲ့တာ

ဗိုလ်ချုပ်လက်နဲ့ရေးခဲ့တဲ့ မျိုးချစ်တပ်မတော်ကို
သူ့သမီးဖြစ်သူက ဖက်ဒရယ် တပ်မတော် ပြင်ဖို့ ခြေနဲ့လိုက်ဖျက်နေတယ်

ကျွန်တော် စစ်သားတစ်ယောက်အနေနဲ့
ဘယ်လိုမှသည်းမခံနိုင်အောင်ဒေါသထွက်မိပါတယ်

ဗိုလ်ချုပ်သာ ရှိနေသေးရင်
ခင်ဗျားကို ပါးဆွဲရိုက်မှာသေချာတယ်


ရဲရင့်လင်း
Like ·  ·  · November 26 at 6:

နောက် ဆုံး ရ ရွှေ ဈေး နှုန်း များ



30.11.2013 (Saturday) 12:32 PM
TOP SHINE (PH : 011-201155)

(အကယ်ဒမီ) Ygn: (ဝယ်) 658800 - (ရောင်း) 659800
(အကယ်ဒမီ) Mdy: (ဝယ်) 658300 - (ရောင်း) 659300

USD Cash Rate: (ဝယ်) 976 - (ရောင်း) 983
SGD Cash Rate: (ဝယ်) 780 - (ရောင်း) 790
Euro Cash Rate: (ဝယ်) 1325 - (ရောင်း) 1345

Reference Rate:
World Gold Price : 1253.25 (closed)
Central Bank of Myanmar Rate: 983 (closed)

တက္ကသိုလ်ရိပ်သာလမ်းက ဗမာမိန်းကလေးများ၏ အသုံးချခံဘဝ


**********************************************

နီးစပ်ရာက သူတွေ အကူအညီပေးစေလိုပါတယ်။ အခုဖြစ်နေတာက ဗမာမိန်းကလေးတွေ အနိုင်ကျင့် အစော်ကားခံနေရပါတယ်။ ငွေကြေးနှင့် အရောင်းစားခံနေရပါတယ်။ ငွေဝယ်ကျွန်ဘဝကိုရောက်နေကြတယ်။ လူတကာသုံးတဲ့ သောက်ရေအိုးလိုဖြစ်နေတယ်။ ဟိုဘာသာဝင်ကစော်ကား၊ ဒီဘာသာဝင်ကစော်ကားနဲ့ အဖတ်ဆယ်မရအောင် ဖြစ်နေပါပြီ။ ဟိုလူမျိုးကစော်ကား၊ ဒီလူမျိုးကစော်ကား၊ အသုံချဘဝနဲ့ ကြားနေရ မြင်နေရတာ အတော့်ကို စိတ်မချမ်းသာစရာဖြစ်နေပါတယ်။ ဝါသနာကြောင့်လား စားဝတ်နေရေးကြောင်းလား။ ဘာကြောင့်လည်းတော့မသိ၊ အခုတစ်ခါလာပြန်ပြီ။ ကိုရီးယားနိုင်ငံသားတစ်ယောက် ဗမာမိန်းကလေးတွေကို ဗန်းပြပြီး နိုင်ငံခြားသားများနှင့် စီးပွားရှာနေတယ်ဆိုတာကို သတင်းပို့ထားပါတယ်။ အဲဒီသတင်းလေးကို အားလုံးအတွက်မျှဝေလိုက်ပါတယ်။ သိသူများ နီးစပ်ရာကလူများ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံး ဆောင်ရွတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

(ဦးဇင်းဘုရား တပည့်တော် ဒကာမဒေါ်........ပါ။ တစ်ခုလောက်ကူညီပါဘုရား။ တက္ကသိုလ်ရိပ်သာလမ်းအိမ်အမှတ်(၄၂) အောက်ထပ်က စုစုပေါင်း(၄)ခန်းကိုငှားပြီး ကိုရီးယားနိုင်ငံသားတစ်ယောက်က မြန်မာမိန်းကလေးအယောက်(၅၀)လောက်ကို ဗန်းပြပြီး နိုင်ငံခြားသားများနှင့် စီးပွားရှာစားနေပါတယ်ဘုရား။ နေ့ဘက်တွင် မိန်းကလေးများကို အပြင်သို့ ပေးမထွက်ဘဲ ညဘက်ကျမှ တရုန်းရုန်းနှင့် ကာရာအိုကေ အနှိပ်ခန်းအပြင် တခြားမဖွယ်မရာများ လုပ်စားနေသည်ဟု သိရှိရပါသည်။ ဦးဇင်းမပြန်မှီတပည့်တော်ကို တစ်ရက်လောက်ပေးတွေ့တော်မူပါဘုရား။)

အထက်ပါစာများက ဦးဇင်းနှင့်ရင်းနှီးသူဒကာမကြီးတစ်ယောက်မှပေးပို့သော စာဖြစ်ပါတယ်။ နီးစပ်ရာမှ မျိုးချစ်ပုဂ္ဂိုလ်များ အကူအညီပေးစေလိုပါတယ်။ ဦးဇင်းအဝေးရောက်နေပါသောကြောင့် ဘယ်လိုမှ မတတ်နိုင်ပါ။ တတ်နိုင်သူများကူညီပေးစေလိုပါသည်။ အသုံးချခံဘဝရောက်နေသော ဗမာမိန်းကများအား ကြိုးစား၍ ကူညီပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
ဓမျွမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ဘာသာပြန် စာအုပ်လေးတစ်အုပ်ကို သတိရမိတယ်…

ဟိုးတုန်းက ဖတ်မိတဲ့ ...

ကျွန်တော်တို့ ရဲ့ ဘ၀တွေနဲ့ များ ...
ထပ်တူကျ နေသလားလို့ ပါ…..
တွေးရင်း ရင်နင့်လာတာနဲ့ စာမြည်းလေး ရေးလိုက်မိပါတယ်…။

မူရင်းစာရေးသူက ဂျာမန်စာရေးဆရာကြီး Erich Maria Remarque ပါ…။
ဘာသာပြန်သူက ဆရာကျော်တင့်ပါ ….။
စာအုပ်နာမည်က အင်္ဂလိပ်လို The Road Back တဲ့ ...အပြန်လမ်းပေါ့ …။
ဒီစာအုပ်ကို လူသိပ်မသိကြပေမယ့် ...
သူ့  ရဲ့ ပထမပိုင်းလို့ ပြောရမယ့် ...
" အနောက်ဖက် စစ်မျက်နှာ တွင် အားလုံးငြိမ်သက်နေကြသည် " …
( All quite on the western front )… ဆိုတဲ့
စာအုပ်ကိုတော့ အတော်လူသိများပါတယ်…။

စာအုပ်ကတော့ ...
အပြန်လမ်း ဆိုတဲ့ အတိုင်း ...
ပထမ ကမ္ဘာစစ် အပြီးမှာ စစ်ရှုံးပြီး ပြန်လာတဲ့
ဂျာမန်စစ်သားလေးတွေရဲ့  ဘ၀ကို ရေးထားတာပါ…။

စစ်ရှုံးလာတဲ့ ဂျာမန်တပ်စုလေး …
သူတို့ တိုင်းပြည်ကို ပြန်ရောက်ချိန်မှာ…
ဂျာမနီဟာ ချုံးချုံးကျနေပါပြီ……
စစ်လျော်ကြေး တနင့်တပိုး …ငွေကြေးဖောင်းပွမူ …
အလုပ်လက်မဲ့ပြသနာတွေနဲ့ …မြို့ အားလုံးဟာလဲ…
စစ်ဒဏ်ကြောင့် ပျက်စီးနေပါပြီ….။

အိမ်ပြန်ရောက်ရောက်ချင်း….
ပထမဆုံး သူတို့ ရင်ဆိုင်ရတာက …
ရထားပေါ်က ဆင်းဆင်းချင်း ကြုံရတဲ့ ...
ဆန္ဒ ပြ လူအုပ်ကြီးပါ…။
သူတို့ တပ်စုကိုလဲ မြင်ရော …
ရရာလက်နက်စွဲကိုင်ပြီး တိုက်ခိုက်ဖို့ ကြိုးစားကြတယ်…။
စွပ်စွဲချက်တွေလဲ တသီကြီးပါ….။

စစ်အာဏာရှင်တွေရဲ့  လက်ပါးစေတွေ….
စစ်ဝါဒီတွေ …....
စစ်ကျွန်တွေ …....
အဖ ဂျာမဏီပြည်ကြီးကို ဖျက်ဆီးခဲ့တဲ့ကောင်တွေ…
........ ….....
........ ........
လူအုပ်ကို ခေါင်းဆောင်လာတဲ့သူ တစ်ယောက်ကတော့ …
မြို့ ရဲ့ အပျက်အစီးတွေကို လက်ညိုးထိုးပြီး ….
မင်းတို့ လုပ်ခဲ့ တာတွေမြင်လား …ဆိုပြီးပြပါတယ်….။

ဒဏ်ရာရသူတစ်ချို့  ပါဝင်ပြီး ....
သွေးပေ နံစော်နေတဲ့ …
ယူနီဖောင်း အညစ်အပတ်တွေကို ၀တ်ထားတဲ့
သူတို့ တပ်စုလေးဟာ....
လူအုပ်ကြီးကို ပြူးကျယ်ပြီး နားမလည်နိုင်တဲ့
မျက်လုံးအစုံတွေနဲ့ ကြည့်နေကြပါတယ်…။

သူတို့ အားလုံးဟာ ရှေ့ တန်း စစ်မြေပြင်မှာ …
နေ့ စဉ်ရက်ဆက် တိုက်ပွဲဝင်ရင်း ..
မအိပ်ရတာကြာလို့  မျက်တွင်းဟောက်ပက် ....
ပါးချောင်နားချောင် ကျနေတဲ့ မျက်နှာတွေနဲ့ …
မရိတ်သင်ရတာ ကြာပြီဖြစ်တဲ့…..
မုတ်ဆိတ်ကျင်စွယ်တွေ ကိုယ်စီ ဗလဗျစ်နဲ့ ပါ…။

သူတို့ ကို ကြိမ်းမောင်းနေတဲ့ လူအုပ်ထဲမှာ…
သူတို့ သိတဲ့သူ အတော်များများကိုလည်း တွေ့ ရပါတယ်…။
သူတို့ နားမလည်နိုင်ဆုံးကတော့ ....
ဒီလူတွေကပဲ …
သူတို့ ရှေ့ တန်း စစ်မြေပြင်ထွက်ခါနီးမှာ …
ဂုဏ်ပြုပွဲတွေ အကြီးအကျယ်လုပ်ပြီး
သူတို့ ကို ချီးကျူးခဲ့ တဲ့ သူတွေ ဖြစ်နေတာကိုပါပဲ …။

( စစ်သားချင်း ကိုယ်ချင်းစာမိတဲ့ ရဲမိုး )

ငါးရက်ကြာ ပျောက်သွားသော ကျောင်းသား အလောင်း မြစ်အတွင်း၌တွေ့



ပြည်မြို့တွင် နေအိမ်မှ ငါးရက်အကြာ ပျောက်ဆုံးသွားသော ကျောင်းသားတစ်ဦးကို နိုဝင်ဘာ ၂၅ ရက် ည ၁၂ နာရီခန့်တွင် ကြံခင်းမြို့နယ်၊ ဆိပ်သာမြို့ရဲကင်းအနီး ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်း၌ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။
သေဆုံးသူမှာ ပြည် အထက (၅)မှ တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ညနေက ကျောင်းမှပြန်လာကာ ညနေ ၄ နာရီခန့်တွင် မိခင်ဖြစ်သူအား မုန့်သွားဝယ်မည်ဟုခွင့်တောင်းကာ ဆိုင်ကယ်ဖြင့် အပြင်ထွက်သွားခဲ့ရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မိဘများထံမှ သိရသည်။
မိဘများက လိုက်လံရှာဖွေရင်း လူပျောက်တိုင်ကြားခဲ့ရာ န၀ဒေးတံတား ကားလမ်းပေါ် တံတားတိုင်အမှတ်(၉)နေရာတွင် ၎င်းလူငယ်စီးသွားသော ဆိုင်ကယ်နှင့် ဖိနပ်ကို စတင်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
““ကလေးက ကျောင်းကပြန်လာပြီး သူ့အမေကိုပြောတယ်။ ကျောင်းမှာ မြန်မာစာကနေ အင်္ဂလိပ်စာပြောင်းတဲ့အချိန်၊ သူက ပန်းချီဆွဲနေတုန်း ဆရာမရောက်လာပြီး သိမ်းတယ်။ သူကလိုက်တောင်းပန်ပြီး တောင်းပေမယ့် နင့်မိဘတွေခေါ်ခဲ့လို့ ဆရာမကပြောလိုက်တယ်လို့ ဆိုတယ်။ သူ့ အမေက နင့်အဖေလည်း ခရီးသွားရာကပြန်ရောက်နေပြီ။ နင့်အဖေကိုခေါ်သွားလို့ ပြန်ပြောခဲ့တယ်။ အဲဒါနဲ့ သူ့ညီမလေးနဲ့တောင် ဆော့နေသေးတယ်။ ခဏကြာမှာ သူ့အမေဆီခွင့်တောင်းပြီး မုန့်ဝယ်ထွက်သွားရာကနေ ပျောက်သွားတာ””ဟု ကျောင်းသား၏ ဖခင်ဖြစ်သူက ပြောသည်။
ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး အထက(၅)ပြည်မြိ့ရှိ သက်ဆိုင်ရာဆရာမများအား သွားရောက်မေးမြန်းခဲ့ရာ ယင်းကျောင်းသားမှာ ကျောင်းတွင်းပြဿနာမရှိဖူးကြောင်း ဖြေကြားသည်။ အင်္ဂလိပ်စာဆရာမက““အဲဒီကလေးရဲ့ မိဘတွေကို ခေါ်ခိုင်းတာမျိုးမရှိပါဘူး။ ပန်းချီဆွဲနေတာလည်းမတွေ့ဘူး။ ရည်းစားစာရေးတာတော့တွေ့ပေမယ့် စာသင်ချိန်ဖြစ်နေတဲ့အတွက် ဖမ်းဆီးတာမျိုးမလုပ်ဘဲ စာဆက်သင်ခဲ့ပါတယ်”” ဟု ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောင်းသား၏ ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာမတွေ့ရကြောင်း၊ တံတားပေါ်မှခုန်ချသည်ဟု ယူဆရပြီး ကြံခင်းမြို့နယ်ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၃ အရ အမှုဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း န၀ဒေးတံတားရဲကင်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ငါလိုယောင်္ကျား ပြဿဒါး မရှိ

ကြို့ ပင်ကောက်မြို့  ရှု့ ထောင့် အစည်း
ဝေးပွဲ ၃၀းး ၁၁.းး ၂၀၁၃
(9 photos)

ခိ ခိ ခိ

သံယောဇဉ်
Phyuphyupyarpyar Lay