Saturday, February 15, 2014
Telenor နှင့် Ooredoo ဆင်းမ်ကတ်၌ Y-talk စနစ်ထည့်ရန် ဆွေးနွေး
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လိုင်စင်ရရှိထားသည့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် တယ်လီနော်နှင့် အူရီးဒူးကုမ္ပဏီတို့မှ ထုတ်လုပ်ရောင်းချမည့် မိုဘိုင်းဆင်းကတ်များအတွင်း နိုင်ငံတကာသို့ မိုဘိုင်းဖုန်းခေါ်ဆိုနိုင်သည့် Y-talk စနစ်ကို ပါရှိအောင် VME Telecom ကုမ္ပဏီနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း VME Telecom ကုမ္ပဏီမှ သိရသည်။
လိုင်စင်ရရှိထားသည့် ပြည်ပကုမ္ပဏီနှစ်ခုမှ ရောင်းချမည့် မိုဘိုင်းဆင်းကတ်များမှာ ပြည်ပနိုင်ငံများသို့ ဖုန်းတိုက်ရိုက်ခေါ်ဆိုနိုင်သည့် Y-talk စနစ်ပါရှိအောင် ဆောင်ရွက်မည့်အတွက် ကိုင်ဆောင်အသုံးပြုသူများအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။
"အူရီဒူးနဲ့ တယ်လီနော်တို့က ရောင်းချတဲ့ ဆင်းမ်ကတ်တွေကနေ ကျွန်တော်တို့ Y-talk ဖုန်းနံပါတ်ကို ခေါ်လို့ရအောင် လုပ်ဖို့ဆွေးနွေးသွားမှာ။ အခုလည်း ကုမ္ပဏီနှစ်ခုလုံးနဲ့ ဆွေးနွေးတဲ့အဆင့်ပဲရှိသေးတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချတဲ့ဆင်းကတ်တွေဆိုရင် ကျွန်တော်တို့ Y-talk ဖုန်းကို ခေါ်လို့ရတယ်။ ဒါကြောင့် နိုင်ငံတကာကို ဖုန်းခေါ်လို့ရအောင်ပါ" ဟု VME Telecom ကုမ္ပဏီမှ ဒါရိုက်တာ ကိုထွန်းအောင်က ပြောကြားသည်။ နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်သည့် Y-talk စနစ်ကို VME Telecom ကုမ္ပဏီမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းကာ ၂၀၁၂ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment