?
**************
ဘ၀မှာ ...ဆင်းရဲတယ် ...ချမ်းသာတယ်ဆိုတာ
`` စိတ် ´´နဲ့ပဲ သက်ဆိုင်တယ်။
ဆင်းရဲတယ်ဆိုတာ ...ငွေရှိတာ ...
ငွေမရှိတာနဲ့ မသက်ဆိုင်ပါဘူး။
ဆင်းရဲတယ်ဆိုတာ ...အလိုမပြည့်တာကို ပြောတာပါ။
ငွေကြေးမပြည့်စုံတဲ့ ...လူတန်းစားတွေက ...
ငွေကြေးမပြည့်စုံတော့ ...လိုချင်တာတွေ မ၀ယ်နိုင်ဘူး။
မ၀ယ်နိုင်တော့ အလိုမပြည့်ဘူးအလိုမပြည့်တော့ ဆင်းရဲတယ်။
ဒီလိုပဲ ...
ငွေကြေးပြည့်စုံတဲ့ ...လူတန်းစားတွေက ...ငွေကြေးပြည့်စုံနေပေမယ့် ...
ကျားကြီးတော့ ခြေရာကြီးဆိုသလိုလိုချင်တာတွေကို အလိုမပြည့်တော့
ဆင်းရဲတာပါပဲ။
တကယ့်တော့ ..လူ့သဘာဝ လူ့လောဘဆိုတာ
ပင်လယ်ကြီးလိုပါပဲ သူ့အထဲကိုဘယ်လောက်ပဲ စီးဝင်နေပါစေ
ဘယ်တော့မှ မပြည့်ဘူး ...။
တကယ်တော့ ဘ၀မှာ ...
ငွေကြေးပြည့်စုံတာ ...ငွေကြေးမပြည့်စုံတာထက် ...
ကိုယ့်စိတ်ကို ကိုယ်ချမ်းသာအောင်နေတတ်ဖို့က အရေးကြီးတယ်။
စိတ်ချမ်းသာ ...
ကိုယ်ကျန်းမာရှိကြရင်း ...
ဘ၀ရဲ့ခရီးတွေ ...
အဆင်ပြေချောမွေ့ကြပါစေ ...။
မြ၀ဏိုးစံ

No comments:
Post a Comment