စစ်သားတစ်ယောက်ရဲ့ သေနတ်ဒဏ်ရာ ...
အကြော်သည်မတစ်ယောက်ရဲ့ ဆီပူလောင်ဒဏ်ရာ ...
ဆိုက်ကားသမားတစ်ယောက်ရဲ့ ဒူးဝေဒနာ ...
အထမ်းသမားတစ်ယောက်ရဲ့ ပုခုံးဒဏ်ရာ ......See More
စစ်သားတစ်ယောက်ရဲ့ သေနတ်ဒဏ်ရာ ...
အကြော်သည်မတစ်ယောက်ရဲ့ ဆီပူလောင်ဒဏ်ရာ ...
ဆိုက်ကားသမားတစ်ယောက်ရဲ့ ဒူးဝေဒနာ ...
အထမ်းသမားတစ်ယောက်ရဲ့ ပုခုံးဒဏ်ရာ ...
ကားစပယ်ယာတစ်ယောက်ရဲ့ ကားပေါ်ကကျတဲ့ဒဏ်ရာ ...
ငါးစိမ်းသည်မ တစ်ယောက်ရဲ့ ဓားရှတဲ့ဒဏ်ရာ ...
မီးပြင်ဆရာတစ်ယောက်ရဲ့ ဓာတ်လိုက်တဲ့ဒဏ်ရာ ...
ဝပ်ရှော့ဆရာတစ်ယောက်ရဲ့ စက်ညပ်တဲ့ဒဏ်ရာ ...
အကျဉ်းကျနိုင်ငံရေးသမား တစ်ယောက်ရဲ့ စိတ်ဒဏ်ရာ ...
စသဖြင့် ... စသဖြင့် ...
ဒါတွေအားလုံးက သဘောတရားချင်း အတူတူပါပဲ။ ကိုယ်ရွေးချယ်တဲ့ ဘ၀ တစ်ခုကနေ ရခဲ့တဲ့ ထိခိုက်နစ်နာ မှုတွေပဲ။ ဘယ်သူကမှ ဘယ်သူ့ထက် သာတယ်လို့ မဆိုနိုင်ဘူး။ ဒါတွေကို ပြပြီး ဂုဏ်ယူနေစရာ မဟုတ်သလို ဒါတွေကြောင့်လည်း အားငယ်စရာ မရှိပါဘူး။
အရေးကြီးတာက ဘာတွေ ပေးပြီး ဘာတွေ ပြန်ရခဲ့သလဲ ဆိုတာပါပဲ။ တိုင်းပြည်အတွက် ကိုယ်ပေးဆပ် ခဲ့တာနဲ့ ပြန်ရခဲ့တာတွေ အချိုးချကြည့်လို့ ကိုယ့်ဘက်က အနုတ်ပြ နေတယ် ဆိုရင်တော့ ကိုယ်ဟာ တိုင်းပြည်အတွက် အကျိုးပြုခဲ့သူ တစ်ယောက်လို့ လက်မထောင် လိုက်ပါ။ ဒါပေမယ့် ကိုယ်ရခဲ့တဲ့ အကျိုးကျေးဇူးက အပေါင်း လက္ခဏာတွေ မဟားဒယား ပြနေတယ် ဆိုရင်တော့ ဒီလူဟာ ကိုယ်ကျိုးရှာ သမားပဲ။
နိုင်ငံ့ဝန်ထမ်း ဖြစ်နေရက်နဲ့ ပေးဆပ် ခဲ့တာထက် ပြန်ရတဲ့ အကျိုးကျေးဇူး ပိုများနေတယ် ဆိုရင်တော့ ဒီလူဟာ တိုင်းပြည် ဖျက်တဲ့သူပဲ။ နိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစား လုပ်သူပဲ။ တိုင်းပြည်ရန်သူပဲ။ ဒီလို လူတစ်ယောက်ထက် စာရင် တိုင်းပြည်အတွက် အကျိုးလည်း မပြု၊ ဒုက္ခလည်း မပေးဘဲ သူ့ဘာသာ လမ်းဘေးမှာ တောင်းစားနေတဲ့ သူတောင်းစားကမှ ပိုပြီး မြင့်မြတ်ပါတယ်။
No comments:
Post a Comment