Monday, February 24, 2014

မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
{ အစွမ်း သုံးပါး }

၁။ သိဖွယ်မှန်သမျှတို့ကို အကုန်အစင် အမှန်တိုင်း သိမြင်တော်မူ၏။

၂။ သိပြီးသောတရားတို့၌ ဟောထိုက်ေ သာနည်းအမျိုးမျိုး ပြင်ဆင်နည်းအမျိုးမျိုး ဟောကွက် ပြောကွက် နည်းပရိယာယ်မျိုးစုံကို နားလည်တော်မူခြင်း။

၃။ သတ္တဝါဝေနေယျတို့၏ အလိုဆန္ဒ အ တွင်းဓာတ်ခံ စိတ်နေသဘောထားတို့ကို နှိုက်နှိုက်ချွတ်ချွတ် အမှန်တိုင်း သိမြင်ေ တ်ာမူခြင်း ဟူ၍ သဗ္ဗေညုတဉာဏ်တော်ြ ကီး၏ အစွမ်းသုံးပါးရှိ၏။

ကျေးဇူးရှင် မြတ်စွာဘုရားရှင်၏ ဉာက်ေ တ်ာအား ~~~~~~~~

like & share ခြင်းဖြင့်ပူဇော်ပါ

ဒဿပါးတခြမ်းဘယ်သူနမ်းသလည်း


@@@@@@@@@@@@@@@#@
အစွယ်ပြူးပြူး ဘီလူးကြီးလည်း
အသည်းနဲ့ ပါမသီတာရယ်
ကြည်ခွန်းချိုသာပြောဆိုလည်း
ထိုထိုစကားအပိုကြားလို့ 
စိတ်အားငါ့ မှာငယ်မိတယ်
မင်းရုပ်အသွင် ငါ့ မှာမြင်သော်
နတ်သွင်ဝိုးဝှါး စိတ်ထင်မှား၍
ချစ်အားငါ့ မှာပိုမိတယ်
မင်းဒဿလည်း မင်းရာမရဲ့ 
မျှားဒဏ်ချက်နှင့် သွေးပွက်လဲထံ
ပြည်ကြီးပျက်လည်း သေအံမူမူ
အချစ်ကျူးလည်း မေ့ ဘူးမင်းကို
ခွန့် တုံ့ ဆိုမယ် ငါ မင်းကိုချစ်ဆဲပါ

မိန်းမကောင်း မိန်းမမြတ်၏ အဆင်းလက္ခဏာများ

ဘယ်မှာရှာမှာလည်းဗျာ

=============================

၁။ နူးညံ့သော အသားအရေရှိသည်။
၂။ မည်းနက်သော ကော့ညွတ်ရှည်လျားသည့် ဆံပင်ရှိသည်။
၃။ ရွဲ၍ ကြည်လင်သော မျက်လုံးရှိသည်။
၎။ မျက်တောင်ကော့သည်။
၅။ မျက်ခုံးနက်သည်။
၆။ ရင်စိုသည်။
ရ။ နှာတံပြေပြစ်သည်။
၈။ နီမြန်းသော နှုတ်ခမ်း ပါးစပ်ရှိသည်။
၉။ ပါး၍၀န်းသော မျက်လုံးရှိသည်။
၁၀။ လည်တိုင်သေးသည်။
၁၁။ လည်ရစ်သုံးတန်ရှိသည်။
၁၂။ နူးညံ့သေးသွယ် ပြည့်တင်းနီမြန်းသော လက်ဖ၀ါးခြေဖ၀ါး ရှိသည်။
၁၃။ ချစ်ဖွယ်သော ပီယ၀ါစာကား ပြောဆိုတတ်သည်။
၁၄။ ဖြည်းညင်းနူးညံ့စွာ သွားလာတတ်သည်။
၁၅။ အရှက်အကြောက်ကြီးသည်။
၁၆။ စကားတိုးတိုးသက်သာ ပြောဆိုတတ်သည်။

မိန်းမတို့၏အလှဂုဏ်(၆)မျိုး
၁။ အသားမဖြူလွန်းခြင်း
၂။ အသားမညိုလွန်းခြင်း
၃။ အရပ်မနိမ့်လွန်းခြင်း
၎။ အရပ်မမြင့်လွန်းခြင်း
၅။ မ၀လွန်းခြင်း
၆။ မပိန်လွန်းခြင်း

မိန်းမတို့၏အင်အား
၁။ ရုပ်ရည်အဆင်း တင့်တယ်ခြင်း
၂။ ပစ္စည်းဥစ္စာ ပြည့်စုံခြင်း
၃။ ဆွေမျိုးပေါများခြင်း
၎။ သားရတနာမွေးဖွားပေးခြင်း
၅။ ကိုယ်ကျင့်သီလ ဖြူစင်ခြင်း
chocolate...ညီမ အမများ...ပြည့်စုံပါစေဗျား

မိန်းမယုတ်၏ အင်္ဂါလက္ခဏာများ
၁။ အသားနီကြမ်းသည်။
၂။ နားရွက်ထူသည်။
၃။ လည်တိုင်တိုသည်။
၎။ ရင်ခြောက်သည်။
၅။ ကိုယ်လက်အမွေးအမှင် ထူသည်။
၆။ ဆံပင်ကြမ်းသည်။
ရ။ မျက်ထောင့်နီသည်။
၈။ မျက်လုံးဝန်းသည်။
၉။ ခါးတို ခါးတုတ်သည်။
၁၀။ တင်ဆုံကြီးသည်။ကောက်သည်။တွဲသည်။
၁၁။ အသံကျယ်ကျယ်လောင်လောင် ရယ်မောပြောဆိုတတ်သည်။
၁၂။ ခြေလက်တုတ်ခိုင် ကြမ်းရှသည်။
၁၃။ ယောကျာင်္းများနှင့် အကျွမ်းတ၀င် ပြုမူတတ်သည်။
၁၄။ အလှအပ မဆင်အပြင် အထူးပြုလုပ်တတ်သည်။
၁၅။ လမ်းသွားလျှင်ခြေကို အတွင်းခွင်၍ သွားတတ်သည်။
၁၆။ အပျော်အပါး အလွန်လိုက်စားသည်။
chocolate..ညီအကိုတို့..သတိထားရှောင်ကြင်ရန်

ကျမ်းကိုး
၁ ။ သုသေသန သရုပ်ပြအဘိဓာန် ။
၂ ။ ဟိတောပဒေသ ။
၃ ။ မဟာဝဂ္ဂသံယုတ် ။
၎ ။ ဘိသိက်မင်္ဂလာကျမ်း။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

Posted by အလင်းနယ်

ငါလိုယောင်္ကျား ပြဿဒါးမရှိ sh

တယောက်က တနေရာမှ
တလှမ်းခြင်းထွက်ခွါ
ပျဉ်းမငုတ်တိုကြီးရဲ့ ဒီနေရာ
မင်းမလာမျှော်မိပေမဲ့ 
အသည်းဗလာလွမ်းနေသူက
လွမ်းဒီပါရဲ့  လွမ်းဒီပါ
စိန်ပန်းးမြေခ ကြွေကြလို့ 
မြေမဟီ နွမ်းလေပြီ ပန်းခက်စစ်

စမ်ရေသည်ခမ်းသလိုပ
ရေနဲငါးနဲ့ ဗျိုင်းပုံပြင်
သောင်ပြင်တင် ကူးရ
ပူရပေါ့ ဗျာပါ
သူလာရာလမ်းကလေးက
နေပူဇာ အရိပ့်မဲ့ လို့ 

ပျဉ်းမငုတ်တို ဗျိုင်အိုရယ် ရင်မောလို့ 
ကြွေစောလို့  နေသောသောပူ
အကြွေတောက ပန်းးတပွင့်
လှမ်းလင့်လို့ ဆင့်

(2 photos)

" အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာက ဘာလဲ "




တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ….


ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….


“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “


အဲဒီမေးခွန်းကတော့
ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..


ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူ ပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….


နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆို လိုက်ပါတယ်…


အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင် လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အား အကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….


ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ် သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…


ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင် ဒီကိစ္စဟာ သူ့အတွက် အရေးမကြီး ကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…


ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးက ပေးလိုက် ပါတော့တယ်..


“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“


ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…


အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????


ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ် ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွား လှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…


ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရ လို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….


“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင် နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်


ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရ တော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန် မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???


အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ


သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????


အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “


အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..


“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “


ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…


ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????


သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………


………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ……………………………… ………………………………..မလှပနိုင်တော့ဘူးပေါ့နော်……….။ ။ ။

Posted by Ko Lin Htaik · 5 hours ago

ကံဇာတ်ဆရာက
ရက်စက်လိုက်တော့
အညတရစစ်သားတဲ့ ...

ရတဲ.လစာ
တစ်ပဲခြောက်ပြား
မငြီးတွားပဲ
ငြိမ်းချမ်းရေးအစဉ်တွေးလို.
သေမင်းစခန်း
တက်လှမ်းနေတယ် ...

ပြည်သူကကျွေး
ပြည်သူကမွေးလို.
ပြည်သူတွေအတွက်
ပေးဆပ်နေတယ် ...

စုတ်ပြတ်သတ်နေတဲ့
ခပ်နွမ်းနွမ်းယူနီဖောင်းနဲ.
ဝါရင့်ရင့် ထမင်းကို
အံကြိတ်မျှောရင်း
တိုင်းပြည်ငြိမ်းချမ်းရေးအတွက်
အသက်ဆက်နေတယ် ...

မိသားစုဆိုတာ
ဝေလာဝေး
သေတဲ့နေရာမှာ
မအေးမြဘူး ...

ဒီလိုလူတွေကို
တစ်ချို.သမုတ်
စစ်ခွေးစုတ်တဲ့ ...

ဒီလစာ
ဒီအချိန်
ဒီပေးဆပ်မှု.မျိုးနဲ. ...

ငါ့နိုင်ငံ
ငါ့လူမျိုး ကို
ကာကွယ်ဖို.
တပ်မတော်ထဲကို
ဝင်ရဲပါတယ်ဆိုတဲ့
မျိုးစစ်စစ် မျိုးချစ်ကြီးများဖြစ်တဲ့
ဒီမိုကို အကြောင်းပြု
စစ်ခွေးဟု ခံတွင်းတွေ.နေတဲ့
ဒီမိုလုပ်စားများရှိရင်လေ ...

စီးထားတဲ.ဖိနပ်နဲ.
ဆင့်ချက်လို.
ရိုက်သွားစမ်းပါ
အသားနာခံပြီး
စစ်သားဘ၀ကို
မင်းတို. မင်းတို.
သိသွားစေချင်လို. .....။


မိုးနတ်မင်း
Like ·

ရိုင်းတော့ ၇ိုင်းတယ်


ယဉ်ကျေးနိုင်သလောက်လည်းယဉ်ကျေးပါတယ်

--------------------------------------------------

စစ်သားဆိုတာ ပြည်သူမိဘတွေက
မွေးဖွားလာတာပါ.....

မိဘတွေက မွေးဖွားလာပြီး ငယ်စဉ်မှာ
ပြည်သူပါပဲ...

တပ်မတော်ကထွက်ရင်လည်း ပြည်သူပဲ
ပြန်ဖြစ်မှာပဲ.......

ဘယ်သူမှ မိဘ၀မ်းဗိုက်ထဲကထွက်ပြီး
စစ်သားဖြစ်မလာဘူး....

ပြည်သူထဲက စစ်သား
စစ်သားထဲက ပြည်သူပါပဲ.........

ဒါကြောင့်..
နူးညံ့သော နလုံးသားရှိသလို
ကြမ်းတမ်းသော နလုံးသားရှိတယ်...

ဒါကြောင့်..
ရိုးသားတဲ့ စစ်သားရှိသလို
လုပ်စားကြံဖန် စစ်သားလည်းရှိတယ်...

ရိုင်းစိုင်းတက်တဲ့ စစ်သား၇ှိသလို
ယဉ်ကျေးတက်တဲ့ စစ်သားလည်းရှိတယ်...

ဒီစစ်သား ရိုင်းပါလား ..
ဒီစစ်သား ရိုးသားပါလား ဆိုတာ....

ဒီပြည်သူ ရိုင်းပါလား..
ဒီပြည်သူ ယဉ်ကျေးပါလား ..
ဆိုတာနဲ့ လည်း သက်ဆိုင်တာပါပဲ...။

သေချာတယ်..
ကျုပ်တို့  စစ်သားတွေကို ..
ယဉ်ကျေးမှု သင်တန်းမပို့ ချဘူး.......

စစ်တိုက်ဖို့ .
လေ့ကျင့်ဖို့ ..
ပြည်သူအကျိုးပြုဖို့ ...
စစ်ဗျူဟာ
နည်းဗျူဟာ
ဒါတွေပဲ သင်ပေးထားတာ..။

ဒါဆို..
ခင်ဗျားတို့  မိဘတွေနဲ့ နေပြီး ရိုင်းစိုင်းတာထက်
တပ်မတော် မတစ်ထောင်သားတွေ အုပ်ချုပ်ပြီး
သင်ကြားပေးလို့  ရိုင်းစိုင်းတာထက်.....

စဉ်းစားတက်မယ်ဆိုရင်
ခင်ဗျားလို့  လဲသေဖို့ ကောင်းတယ်....။

တစ်ခုတော့ ရှိတယ်
ကျုပ်တို့ လည်း အတက်နိုင်ဆုံးယဉ်ကျေးပါတယ်။

လေးစားလျက်။

စစ် နောင်

မှတ်သားမိသမျှ အထွေထွေဗဟုသုတ၁။



အိပ်မပျော်တတ်သူတွေအတွက်

အိပ်မပျော်တတ်သူတွေ အိပ်ပျော်စေဖို့ ဆေးဝါးမလိုဘဲ အန္တရာယ်ကင်းတဲ့ သဘာဝနည်းတစ်ခုက ပျားရည်နဲ့ ရောထားတဲ့ နွားနို့နွေးနွေးတစ်ခွက်ကို မအိပ်ခင်မှာ သောက်ပါ။

၂။ အကင်တွေ ရနံ့ပိုမိုမွှေးလာအောင်

ကြက်သွန်နီအခွံတွေကို လွှင့်မပစ်ပါနဲ့။ တစ်ခုခုကင်ဖို့ မီးဖိုပေါ် အကင်ပြားတင်ပြီးရင် မီးဖိုထဲက မီးသွေးတွေထဲကို ကြက်သွန်ခွံတွေ ထည့်လိုက်ပါ။ ကြက်သွန်ခွံတွေရဲ့အစွမ်းကြောင့် အကင်ရဲ့ရနံ့ ထူးကဲစွာ ပိုမိုမွှေးလာပါလိမ့်မယ်။

၃။ ဆေးရခက်တဲ့ ပုလင်းတွေ သန့်ရှင်းစေဖို့

အ၀ကျဉ်းတဲ့ ပုလင်းတွေ၊ ပန်းအိုးတွေကို သန့်ရှင်းပြောင်စင်အောင် ဆေးတဲ့နည်းလမ်းက ဆန်နည်းနည်းနဲ့ ဆပ်ပြာရည်ရောထားတဲ့ရေနွေးအနည်းငယ် လိုပါတယ်။ ပုလင်းတွေ၊ ပန်းအိုးတွေထဲ ဆန်နဲ့ ဆပ်ပြာရည် ထည့်ပြီးရင် ခပ်ပြင်းပြင်းလေး လှုပ်ခါပေးပါ။ ပြီးတဲ့အခါ သွန်ပြီး ရေစစ်ထားလိုက်ပါ။ အံ့သြလောက်အောင် တောက်ပြောင်နေတာကို တွေ့ရပါလိမ့်မယ်။

၎။ အသားနဲ့ ဟင်းသီးဟင်းရွက်တွေအတွက် ရှောက်ရည်

အချိန်အကြာကြီးချက်မှ နူးနပ်တဲ့ ဆိတ်သားတို့၊ အမဲသားတို့လို အသားတွေ ချက်ပြုတ်တဲ့အခါ ရှောက်ရည်၊ ဒါမှမဟုတ် ဗီနီဂါရည် ထည့်ချက်ပါ။ အချိန်တိုအတွင်း နူးနပ်မြန်တာ တွေ့ရပါလိမ့်မယ်။

အဲဒီလိုပဲ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ကြော်လှော်တဲ့အခါမှာ ရှောက်ရည်လေးနည်းနည်း ထည့်ပြီး ကြော်ပါ။ မူလစိမ်းစိုတဲ့အရောင်အတိုင်း စားချင်စဖွယ် ဟင်းရွက်ကြော်ကို ရရှိမှာ ဖြစ်ပါတယ်။
Like

"ဘ၀ကို တန်ဖိုးထားပါ"


★★★★★★★★★★★★

ဒီအလုပ်က ပင်ပန်းလိုက်တာ၊ ဟို အလုပ်လေးဆို
ကောင်းသားဆိုပြီး စိတ်အလိုလည်း လိုက်မနေပါနဲ့ ။
ဘယ်အလုပ်ဖြစ်ဖြစ် ထိထိရောက်ရောက်
တကယ်လုပ်ရင် သက်တောင့်သက်သာ ရှိလှတာ တစ်ခုမှ မရှိပါဘူး။ ဘ၀တစ်လျှောက်လုံးဟာ အလုပ်တွေ လုပ်နေရမှာ ဖြစ်ပါတယ်။ အလုပ်ရဲ့ ဂုဏ်ဟာ လူတစ်ယောက်ရဲ့ တန်ဖိုးပါ။

ငယ်တုန်းအရွယ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့  အလုပ်တွေ ကြိုးစား လုပ်နေရသလို၊ အသက်ကြီးရင့်လာတဲ့ အခါမှာလည်း ရရှိထားတဲ့ တန်
ဖိုးလေး မပျောက်သွားအောင် ကြိုးစားလုပ်ကြရပြန်ပါတယ်။ အသက်တွေက တဖြည်းဖြည်းပြောင်းလဲလာပေမယ့် အလုပ်တွေကတော့ အချိန်တိုင်း
ကို နုပျိုနေတာပါ။ ဘယ်ချိန်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ အရွယ် သုံးပါး လုပ်လို့ ရတဲ့ အလုပ်ဆိုတာ အမြဲတမ်းရှိနေတာပဲ။

ပင်ပန်းလို့  နားလိုက်ချင်တာဆိုတဲ့ စကားဟာ
တစ်ဘ၀လုံး ပြောလို့ ကို ကုန်မှာ မဟုတ်တော့ပါဘူး။
ငြီးမနေပါနဲ့ တော့။ မွေးကတည်းက သေသည်
ထိ အလုပ်တွေ လုပ်နေရဦးမှာပဲ။ တစ်သက်လုံး ငြီးလို့ ကို ဆုံးမှာ မဟုတ်တော့ဘူး။ အားမတင်းနိုင်သေးချိန်၊ အားလျှော့စေမယ့်
အတွေးတွေ ၀င်မလာမိပါစေနဲ့ ။
အလုပ်တစ်ခုခုကို လုပ်နေခြင်းဖြင့် ဘ၀ကို တန်ဖိုးထားလိုက်ပါ။

Sunday, February 23, 2014

မယားကောင်းများ


။။။။။။။။။။။။။

မာတာ။ ။ ။ အမိနှင့်တူသောမယား။
(အမိသည် သားသမီးတို့၏ အပေါ်၌ သွန်သင်ဆုံးမ သြ၀ါဒပေးသကဲ့သို့
မိမိလင်ကို သွန်သင်ဆုံးမ သြ၀ါဒပေးတတ်သောမိန်းမမျိုး။)

ဘဂိနီ။ ။ ။ နှမနှင့်တူသောမယား။
(နှမသည် မောင်၏ အပေါ်၌ ချစ်ကြောက်ရိုသေ မြတ်နိုးသကဲ့သို့
မိမိလင်၏ သြဇာအာဏာကို မသွေမလှန် မငြင်းဆန်ဘဲ ပြုတတ်သော
မိန်းမမျိုး။)

သခိ။ ။ ။ အဆွေခင်ပွန်းကောင်းနှင့်တူသော မယား။
(ထိုမယားမျိုးတို့သည် မိမိအလိုရှိရာ အကြံအစီတို့ကို တိုင်ပင်သောအခါ
တရားသဖြင့် သင့်ရာလမ်းကို ညွှန်၍ ပြသကဲ့သို့ သင့်မသင့်ကို
တိုင်းချင့် ပြောဆိုတတ်သော မိန်းမ။)

မောင်သဘင်ရေး(မောင်တာနော)စာအုပ်မှ
ဆရာတော်လေး

မိန်းမယုတ်


=========

ငြင်းခုံတတ် သည့်အလေ့ရှိသော၊

ငြူစူစောင်းမြောင်းပြောဆိုလေ့ရှိသော၊

မြင်မြင်သမျှကို လိုချင်တပ်မက်လေ့ရှိသော၊

များစွာချက်ပြုတ်ပြီး စားတတ်သော၊

လင်ယောင်္ကျားမစားမီ အဦးအဖျားစားတတ်သော၊

သူတစ်ပါးအိမ်သို့ သွား တတ်နေတတ်သည့် အလေ့ရှိသော

မိန်းမမျိုးကို သားတစ်ရာပင် ရငြားသော်လည်း

လင်ယောင်္ကျားသည် စွန့် ပစ်ရာ၏......

A woman who tends to be quarrelsome,

Slights others

Craves for all she sees

Cooks and eats too much

Has meals ahead of her husband,

And visits others and stays there

long should be abandoned, even

though she could give birth to

a hundred sons.

လောကနီတိ

credit to အလင်းနယ်

လူတိုင်းဗဟုသုတတိုးစေဖို့ ဒီ Page ကို Share ပေးကြပါစို့။

လောင်းချင်ဦး


Sunday, February 23, 2014

ရန်ကုန် မန္တလေး အမြန်ရထားပေါ်မှာ တောသားအဘိုးကြီးတစ်ဦး နဲ့ ခေတ်လူငယ်လေးတစ်ယောက်ဖြစ်သူတို့ ဟာ

ခုံတစ်ခုမှာ အတူတူခရီးသွားဖြစ်ကြတယ် ။ ဘူတာ သုံးလေး ခုလောက်ကြတော့ ခရီးသွားမိတ်ဆွေတွေဖြစ်သွားကြတယ်။

ကောင်လေးက သူ့မှာဗဟုသုတ အများကြီးရှိကြောင်းသိပ်ကြွားချင်တယ်။ အဘိုးကြီးက တောသူဌေးမှန်းလဲသိထားတယ်။

ဒီတော့ သူလဲကြွားပြီးသားလဲဖြစ် အဘိုးကြီးဆီကငွေလဲရပြီးသားဖြစ်အောင်အကြံတစ်ခုထုတ်သတဲ့—

“အဘ -ရထားက အကြာကြီး စီးရဦးမှာဆိုတော့ ပျင်းဘို့ကောင်းတယ် – အဘနဲ့ ကျွန်တော် ဗဟုသုတမေးခွန်းလေးတွေမေးရအောင် –

ပိုပြီးလေးလေးနက်နက်ဖြစ်သွားအောင် —-မဖြေနိုင်တဲ့သူက တစ်ထောင်ပေးကြေး“

“မလုပ်ပါနဲ့ ငါ့တူရယ်– အဘက ဗဟုသုတ မရှိပါဘူး“

“ဟာ– အဘကလဲ –ကျွန်တော့ထက်အသက်အများကြီး ကြီးတာ–ပိုသိမှာပါ–ဒီလိုလုပ် အဘမဖြေနိုင်ရင် တစ်ထောင် ပေး၊

ကျွန်တော်မဖြေနိုင်ရင် နှစ်ထောင်ပေးမယ်“

“မလုပ်ပါနဲ့ငါ့တူရယ်– အဘကစာတတ်တာမဟုတ်ဘူး“

“ ———————– တစ်ထောင် –သုံးထောင်ဗျာ “

“ မလုပ်ပါနဲ့ ————-“

“———————— တစ်ထောင် — လေးထောင်ဗျာ“

“မလုပ်ပါနဲ့—————-“

“————————-တစ်

ထောင် — ငါထောင်ဗျာ“

“————————–“

“————————-“

“ ကဲ အဘရာ– အဘမဖြေနှိင်ရင်တစ်ထောင်ပေး -ကျွန်တော်မဖြေနိုင်ရင် အဘကိုတစ်သောင်းပေးမယ်“

အဲဒီကျတော့ အဘိုးကြီးလဲစိတ်မရှည်တဲ့လေသံနဲ့………………

“ကဲ — မင်းဒီလောက်တောင် အာသီသပြင်းနေမှတော့ မေးကွာ“

လူငယ်လဲ တော်တော်ပျော်သွားတယ်– သူမေးတာအားလုံးအဘိုးကြီးမဖြေနိုင်ဘဲ –

အဘိုးကြီးမေးတာလောက်တော့ သူအေးဆေးဖြေနိုင်မယ်လို့ယုံကြည်ထားတယ်–

“အခုသုံးနေတဲ့ လျှက်စစ်မီးကို ဘယ်သူစတီထွင်ခဲ့တာလဲ အဘ“

“အဘ မသိဘူး —– ရော့ -အင့် တစ်ထောင် “

“အယ်ဒီဆင် ဆိုတဲ့ဗြိတိသျှ လူမျိုးတစ်ဦးပေါ့ အဘရဲ့ ဟား ဟား ဟား ဟား “

“ကဲ အဘမေးမယ့်အလှည့်“ လို့ လူငယ်ကစပ်ဖြီးဖြီး နဲ့ အလှည့်ပေးတယ်–

“အကောင်တစ်ကောင်ဟာ သစ်ပင်ပေါ်တတ်သွားတယ် — တတ်တုံးကတော့ ချေလေးချောင်းပါတယ်–

ပြန်ဆင်းလာတော့ချေရှစ်ချောင်းဖြစ်သွားတယ် — အဲဒါဘာအကောင်လဲ ”

“ဗျာ”

လူငယ်ဟာ ခေါင်းကုတ်ပြီးစဉ်းစားတယ်– မေးပွတ်ပြီးစဉ်းစားတယ်–ချွေးပြန်အောင် ဘယ်လိုမှကိုစဉ်းစားမရတော့ တဲ့အဆုံး—

“ထူးဆန်းတယ် အဘရယ် — ကျွန်တော်လည်း ဘယ်လိုမှစဉ်းစားလို့မရဘူး“

“စဉ်းစားလို့မရ ရင် တစ်သောင်းပေး“

လူငယ်ဟာ –ဖင်ကုတ်ခေါင်းကုတ် လုပ်ပြီး ငွေတစ်သောင်းပေးလိုက်ရတယ်–ပြီးမှ

“အဲဒါ ဘာကောင်လဲဟင် အဘ “

“ အဘလဲ မသိဘူး ရော့ အင့် တစ်ထောင် “

ဒီရက်ပိုင်း …. နိုင်ငံတော်က ပေးအပ်တဲ့  ... ဘွဲ့ ထူး ဂုဏ်ထူး စွမ်းရည် တံဆိပ်တွေကို … စော်ကားမော်ကား ပြောနေကြတာလေးတွေ …. အတော် တွေ့ မိပါတယ်… ပထမဆုံး ရှင်းပြ ချင်တာကတော့ … ဒီ ဘွဲ့ တံဆိပ် တွေဟာ… တိုင်းပြည် ရဲ့ သမိုင်းဖြစ်ပါတယ်…. ဘွဲ့ တံဆိပ် တစ်ခုတိုင်း တစ်ခုတိုင်းမှာလဲ … သမိုင်း အသေးလေးတွေ ကိုယ်စီ ရှိကြပါတယ် … ဒီ သမိုင်း အသေးလေးတွေ …. တစ်ခုချင်းစီကို စုပေါင်းလိုက်တဲ့ အခါမှာ … ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတာ ဖြစ်လာပါတယ်… အရေးအကြီးဆုံး သတိထားရမယ့် အချက်တစ်ခုက … ဒီ ဘွဲ့ ထူး ဂုဏ်ထူး တံဆိပ် တွေဟာ … ခြေထောက်ပြတ် လို့  … လက်ပြတ် လို့  … သေနတ်မှန် လို့  … ဒဏ်ရာ ရ လို့  … သေသွား လို့  … ပေးတဲ့ ဘွဲ့  တွေ မဟုတ်ဘူး ဆိုတာပါပဲ …. တိုင်းပြည် အတွက် အရေးကြီးတဲ့  ဖြစ်စဉ်တစ်ခုမှာ … ကိုယ့်အသက်ခန္တာကို ပဓာန မထားပဲ … လူသာမန်တို့ လုပ်နိုင်ခဲတဲ့  ကိစ္စမျိုးတွေကို … ရွပ်ရွပ်ချွန်ချွန် စွမ်းစွမ်းတမံ လုပ်ဆောင်သွားတာမျိုး … ကိုယ့် ရဲ့ ထူးထူးချွန်ချွန် လုပ်ဆောင်မှုကြောင့် …. တိုင်းပြည်ရဲ့ အရေးကြီးတဲ့  အလှည့်အပြောင်း … ဒါမှမဟုတ် ဖြစ်စဉ်တစ်ခုကို … အပြောင်းအလဲ ဖြစ်သွားစေတာမျိုး …. ဒါမှ မဟုတ် .... အဲလို ဖြစ်စဉ်တွေမှာ … ကိုယ်ကျိုးစွန့် ပြီး အသက် ခန္တာ စွန့် ပြီး ... လူတကာထက် ထူးချွန်ပြောင်မြောက်တဲ့  … ရဲစွမ်းသတ္တိကို ပြနိုင်တဲ့  .... လုပ်ဆောင်မှုတွေ လုပ်ခဲ့တာမျိုး … အဲလို ကိစ္စမျိုးတွေ အတွက် ချီးမြှင့်တာပါ … ဒီ ဘွဲ့ ထူး ၊ ဂုဏ်ထူး ၊ စွမ်းရည်ဘွဲ့ တွေကို …. စော်ကားမော်ကား လုပ်နေတာသည် ... ကိုယ့် တိုင်းပြည်ကို ပြန်ပြီး … စော်ကားမော်ကား လုပ်နေတာနဲ့  … အတူတူပဲ ဖြစ်တယ်ဆိုတာ … သတိထားမိ စေချင်ပါတယ်…. ထင်ရှားလူသိများတဲ့  .... သင်္ဂဟ ၊ ဘွဲ့ ၊ တံဆိပ် တစ်ချို့ ကို .. နမူနာအဖြစ် ဖော်ပြလိုက်ပါတယ်…. သင်္ဂဟ ===== (က) သုဓမ္မ သင်္ဂဟ --------------------- ၁။ အဂ္ဂမဟာ သီရိသုဓမ္မ ၂။ သတိုး သီရိသုဓမ္မ ၃။ မဟာ သီရိသုဓမ္မ (ခ) ပြည်ထောင်စု စည်သူ သင်္ဂဟ ------------------------------------ ၁။ အဂ္ဂမဟာ သရေစည်သူ ၂။ သတိုးမဟာ သရေစည်သူ ၃။ မဟာ သရေစည်သူ ၄။ သရေ စည်သူ ၅။ စည်သူ ( နိုင်ငံတော် သမ္မတ သည် သင်္ဂဟ အဖွဲ့ နှစ်ခုလုံး ၏ နာယက ဖြစ်သည် ) -- ဘွဲ့  -- ====== (က) သီရိပျံချီ ဘွဲ့  (ခ) ၀ဏ္ဏကျော်ထင် ဘွဲ့  (ဂ) အလင်္ကာကျော်စွာ ဘွဲ့  (ဃ) သိပ္ပံကျော်စွာ ဘွဲ့  (င) ဇေယျကျော်ထင် ဘွဲ့  -- တံဆိပ် -- ======== (က) အောင်ဆန်း သူရိယ (ခ) သီဟသူရ (ဂ) သူရ စစ်မှုထမ်းကောင်းတံဆိပ် (ပ၊ဒု၊တ) ရဲမှုထမ်းကောင်း တံဆိပ် (ပ၊ဒု) ရဲသီဟ တံဆိပ် ရဲဗလ တံဆိပ် ရဲကျော်စွာ တံဆိပ် ပြည်ထောင်စု တံဆိပ် (ရွှေ ၊ ငွေ ) သူရဲကောင်း မှတ်တမ်းဝင် အမှုထမ်းကောင်း လက်မှတ် ( ဘာ ဘွဲ့  တံဆိပ်မှ မရဘူးတဲ့  ရဲမိုး ) ဒီရက်ပိုင်း …. နိုင်ငံတော်က ပေးအပ်တဲ့  ... ဘွဲ့ ထူး ဂုဏ်ထူး စွမ်းရည် တံဆိပ်တွေကို … စော်ကားမော်ကား ပြောနေကြတာလေးတွေ …. အတော် တွေ့ မိပါတယ်… ပထမဆုံး ရှင်းပြ ချင်တာကတော့ … ဒီ ဘွဲ့ တံဆိပ် တွေဟာ… တိုင်းပြည် ရဲ့ သမိုင်းဖြစ်ပါတယ်…. ဘွဲ့ တံဆိပ် တစ်ခုတိုင်း တစ်ခုတိုင်းမှာလဲ … သမိုင်း အသေးလေးတွေ ကိုယ်စီ ရှိကြပါတယ် … ဒီ သမိုင်း အသေးလေးတွေ …. တစ်ခုချင်းစီကို စုပေါင်းလိုက်တဲ့ အခါမှာ … ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတာ ဖြစ်လာပါတယ်… အရေးအကြီးဆုံး သတိထားရမယ့် အချက်တစ်ခုက … ဒီ ဘွဲ့ ထူး ဂုဏ်ထူး တံဆိပ် တွေဟာ … ခြေထောက်ပြတ် လို ့ … လက်ပြတ် လို့  … သေနတ်မှန် လို့  … ဒဏ်ရာ ရ လို့  … သေသွား လို့  … ပေးတဲ့ ဘွဲ့  တွေ မဟုတ်ဘူး ဆိုတာပါပဲ …. တိုင်းပြည် အတွက် အရေးကြီးတဲ့  ဖြစ်စဉ်တစ်ခုမှာ … ကိုယ့်အသက်ခန္တာကို ပဓာန မထားပဲ … လူသာမန်တို့ လုပ်နိုင်ခဲတဲ့  ကိစ္စမျိုးတွေကို … ရွပ်ရွပ်ချွန်ချွန် စွမ်းစွမ်းတမံ လုပ်ဆောင်သွားတာမျိုး … ကိုယ့် ရဲ့ ထူးထူးချွန်ချွန် လုပ်ဆောင်မှုကြောင့် …. တိုင်းပြည်ရဲ့ အရေးကြီးတဲ့  အလှည့်အပြောင်း … ဒါမှမဟုတ် ဖြစ်စဉ်တစ်ခုကို … အပြောင်းအလဲ ဖြစ်သွားစေတာမျိုး …. ဒါမှ မဟုတ် .... အဲလို ဖြစ်စဉ်တွေမှာ … ကိုယ်ကျိုးစွန့် ပြီး အသက် ခန္တာ စွန့် ပြီး ... လူတကာထက် ထူးချွန်ပြောင်မြောက်တဲ့  … ရဲစွမ်းသတ္တိကို ပြနိုင်တဲ့  .... လုပ်ဆောင်မှုတွေ လုပ်ခဲ့တာမျိုး … အဲလို ကိစ္စမျိုးတွေ အတွက် ချီးမြှင့်တာပါ … ဒီ ဘွဲ့ ထူး ၊ ဂုဏ်ထူး ၊ စွမ်းရည်ဘွဲ့ တွေကို …. စော်ကားမော်ကား လုပ်နေတာသည် ... ကိုယ့် တိုင်းပြည်ကို ပြန်ပြီး … စော်ကားမော်ကား လုပ်နေတာနဲ့  … အတူတူပဲ ဖြစ်တယ်ဆိုတာ … သတိထားမိ စေချင်ပါတယ်…. ထင်ရှားလူသိများတဲ့  .... သင်္ဂဟ ၊ ဘွဲ့ ၊ တံဆိပ် တစ်ချို့ ကို .. နမူနာအဖြစ် ဖော်ပြလိုက်ပါတယ်…. သင်္ဂဟ ===== (က) သုဓမ္မ သင်္ဂဟ --------------------- ၁။ အဂ္ဂမဟာ သီရိသုဓမ္မ ၂။ သတိုး သီရိသုဓမ္မ ၃။ မဟာ သီရိသုဓမ္မ (ခ) ပြည်ထောင်စု စည်သူ သင်္ဂဟ ------------------------------------ ၁။ အဂ္ဂမဟာ သရေစည်သူ ၂။ သတိုးမဟာ သရေစည်သူ ၃။ မဟာ သရေစည်သူ ၄။ သရေ စည်သူ ၅။ စည်သူ ( နိုင်ငံတော် သမ္မတ သည် သင်္ဂဟ အဖွဲ့ နှစ်ခုလုံး ၏ နာယက ဖြစ်သည် ) -- ဘွဲ့  -- ====== (က) သီရိပျံချီ ဘွဲ့  (ခ) ၀ဏ္ဏကျော်ထင် ဘွဲ့  (ဂ) အလင်္ကာကျော်စွာ ဘွဲ့  (ဃ) သိပ္ပံကျော်စွာ ဘွဲ့  (င) ဇေယျကျော်ထင် ဘွဲ့  -- တံဆိပ် -- ======== (က) အောင်ဆန်း သူရိယ (ခ) သီဟသူရ (ဂ) သူရ စစ်မှုထမ်းကောင်းတံဆိပ် (ပ၊ဒု၊တ) ရဲမှုထမ်းကောင်း တံဆိပ် (ပ၊ဒု) ရဲသီဟ တံဆိပ် ရဲဗလ တံဆိပ် ရဲကျော်စွာ တံဆိပ် ပြည်ထောင်စု တံဆိပ် (ရွှေ ၊ ငွေ ) သူရဲကောင်း မှတ်တမ်းဝင် အမှုထမ်းကောင်း လက်မှတ် ( ဘာ ဘွဲ့  တံဆိပ်မှ မရဘူးတဲ့  ရဲမိုး ) Like ·

…ဒီရက်ပိုင်း .
နိုင်ငံတော်က ပေးအပ်တဲ့  ...
ဘွဲ့ ထူး ဂုဏ်ထူး စွမ်းရည် တံဆိပ်တွေကို …
စော်ကားမော်ကား ပြောနေကြတာလေးတွေ ….
အတော် တွေ့ မိပါတယ်…

ပထမဆုံး ရှင်းပြ ချင်တာကတော့ …
ဒီ ဘွဲ့ တံဆိပ် တွေဟာ…
တိုင်းပြည် ရဲ့ သမိုင်းဖြစ်ပါတယ်….
ဘွဲ့ တံဆိပ် တစ်ခုတိုင်း တစ်ခုတိုင်းမှာလဲ …
သမိုင်း အသေးလေးတွေ ကိုယ်စီ ရှိကြပါတယ် …

ဒီ သမိုင်း အသေးလေးတွေ ….
တစ်ခုချင်းစီကို စုပေါင်းလိုက်တဲ့ အခါမှာ …
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတာ ဖြစ်လာပါတယ်…

အရေးအကြီးဆုံး သတိထားရမယ့် အချက်တစ်ခုက …
ဒီ ဘွဲ့ ထူး ဂုဏ်ထူး တံဆိပ် တွေဟာ …
ခြေထောက်ပြတ် လို့  …
လက်ပြတ် လို့  …
သေနတ်မှန် လို့  …
ဒဏ်ရာ ရ လို့  …
သေသွား လို့  …
ပေးတဲ့ ဘွဲ့  တွေ မဟုတ်ဘူး ဆိုတာပါပဲ ….

တိုင်းပြည် အတွက် အရေးကြီးတဲ့  ဖြစ်စဉ်တစ်ခုမှာ …
ကိုယ့်အသက်ခန္တာကို ပဓာန မထားပဲ …
လူသာမန်တို့ လုပ်နိုင်ခဲတဲ့  ကိစ္စမျိုးတွေကို …
ရွပ်ရွပ်ချွန်ချွန် စွမ်းစွမ်းတမံ လုပ်ဆောင်သွားတာမျိုး …

ကိုယ့် ရဲ့ ထူးထူးချွန်ချွန် လုပ်ဆောင်မှုကြောင့် ….
တိုင်းပြည်ရဲ့ အရေးကြီးတဲ့  အလှည့်အပြောင်း …
ဒါမှမဟုတ် ဖြစ်စဉ်တစ်ခုကို …
အပြောင်းအလဲ ဖြစ်သွားစေတာမျိုး ….

ဒါမှ မဟုတ် ....
အဲလို ဖြစ်စဉ်တွေမှာ …
ကိုယ်ကျိုးစွန့် ပြီး အသက် ခန္တာ စွန့် ပြီး ...
လူတကာထက် ထူးချွန်ပြောင်မြောက်တဲ့  …
ရဲစွမ်းသတ္တိကို ပြနိုင်တဲ့  ....
လုပ်ဆောင်မှုတွေ လုပ်ခဲ့တာမျိုး …
အဲလို ကိစ္စမျိုးတွေ အတွက် ချီးမြှင့်တာပါ …

ဒီ ဘွဲ့ ထူး ၊ ဂုဏ်ထူး ၊ စွမ်းရည်ဘွဲ့ တွေကို ….
စော်ကားမော်ကား လုပ်နေတာသည် ...
ကိုယ့် တိုင်းပြည်ကို ပြန်ပြီး …
စော်ကားမော်ကား လုပ်နေတာနဲ့  …
အတူတူပဲ ဖြစ်တယ်ဆိုတာ …
သတိထားမိ စေချင်ပါတယ်….

ထင်ရှားလူသိများတဲ့  ....
သင်္ဂဟ ၊ ဘွဲ့ ၊ တံဆိပ် တစ်ချို့ ကို ..
နမူနာအဖြစ် ဖော်ပြလိုက်ပါတယ်….

သင်္ဂဟ
=====
(က) သုဓမ္မ သင်္ဂဟ
---------------------
၁။ အဂ္ဂမဟာ သီရိသုဓမ္မ
၂။ သတိုး သီရိသုဓမ္မ
၃။ မဟာ သီရိသုဓမ္မ

(ခ) ပြည်ထောင်စု စည်သူ သင်္ဂဟ
------------------------------------
၁။ အဂ္ဂမဟာ သရေစည်သူ
၂။ သတိုးမဟာ သရေစည်သူ
၃။ မဟာ သရေစည်သူ
၎။ သရေ စည်သူ
၅။ စည်သူ

( နိုင်ငံတော် သမ္မတ သည် သင်္ဂဟ အဖွဲ့ နှစ်ခုလုံး ၏ နာယက ဖြစ်သည် )

-- ဘွဲ့  --
======
(က) သီရိပျံချီ ဘွဲ့ 
(ခ) ၀ဏ္ဏကျော်ထင် ဘွဲ့ 
(ဂ) အလင်္ကာကျော်စွာ ဘွဲ့ 
(ဃ) သိပ္ပံကျော်စွာ ဘွဲ့ 
(င) ဇေယျကျော်ထင် ဘွဲ့ 

-- တံဆိပ် --
========
(က) အောင်ဆန်း သူရိယ
(ခ) သီဟသူရ
(ဂ) သူရ

စစ်မှုထမ်းကောင်းတံဆိပ် (ပ၊ဒု၊တ)
ရဲမှုထမ်းကောင်း တံဆိပ် (ပ၊ဒု)

ရဲသီဟ တံဆိပ်
ရဲဗလ တံဆိပ်
ရဲကျော်စွာ တံဆိပ်

ပြည်ထောင်စု တံဆိပ် (ရွှေ ၊ ငွေ )

သူရဲကောင်း မှတ်တမ်းဝင်
အမှုထမ်းကောင်း လက်မှတ်

( ဘာ ဘွဲ့  တံဆိပ်မှ မရဘူးတဲ့  ရဲမိုး )
Like ·

Saturday, February 22, 2014

မနက်တိုင်း ဇနီးကို နမ်းသော အမျိုးသားက သာမန် အမျိုးသားထက် ငါးနှစ် အသက်ပိုရှည်



ဂျာမနီ နိုင်ငံမှ ဆရာနဲ့ စိတ်ပညာရှင်တို့ ပူးပေါင်းလို့ ရှာဖွေတွေ့ရှိ ထားတဲ့ လေ့လာချက် တစ်ခု ဖြစ်ပါတယ်။ ယင်း လေ့လာချက် အရ မနက်တိုင်း ချစ်သူ ဇနီးမယားကို အနမ်းပေးလေ့ ရှိတဲ့ အမျိုးသားက သာမန် အမျိုးသားများထက် ပျမ်းမျှအားဖြင့် အသက် ၅ နှစ် ပိုရှည်ကြောင်း သိရ ပါတယ်။

မနက်တိုင်း ဇနီးဖြစ်သူကို အနမ်းပေးခြင်းက နွေးထွေးမှုနဲ့ အခြားသော အဓိပ္ပါယ် များစွာ ပါဝင်ပြီး ခန္ဓာကိုယ်တွင်း ဇီဝ ဖြစ်စဉ် ပြောင်း လဲမှု၊ သွေးလည် ပတ် မှုတို့ကို အားကောင်း စေပါတယ်။ သာမန် လူတစ်ယောက် မနက်နိုးပြီး အပြင်သွားချိန် အကြောင်း အမျိုး မျိုးကြောင့် ဒေါသ ထွက်လွယ်တာမျိုး၊ နှလုံး သာမန်ထက် ခုန်တာ မျိုးကို လည်း မနက်တိုင်း အနမ်းပေးတဲ့ အမျိုးသားတို့က မကြုံတွေ့ရ ပါဘူး။ Heart attack ဖြစ်နိုင်ချေ နည်းပြီး စိတ်ဖိစီးမှု၊ ပူပင်သောကတွေကိုလည်း ကျဆင်း စေကြောင်း ဆိုပါတယ်။

ဒါကြောင့်မို့ ဂျာမနီက အမျိုးသားတွေမှာ စစ်တမ်းပြုလုပ်ခဲ့ပြီး ပျမ်းမျှ တွက်လိုက်ရင် သာမန်လူတွေထက် မနက်တိုင်း ရုံးမသွားမှီ ဇနီးသည်ကို အနမ်းပေးလေ့ ရှိတဲ့ အမျိုးသားများက အသက် ၅ နှစ် ပိုရှည်ကြောင်း သိရ ပါတယ်။
.==
Like · · · 6 minutes ago ·

မိုင်းဖုန်းဆရာတော် ဦးဥာဏသံဝရ(ခူးဝါးဝန်းစုမ့်) ၏ ထူးခြားချက်များ


=-===============-
၁.ငယ်စဉ်ကတည်းကစပြီး သက်သတ်လွတ် ဘုဉ်းပေးခြင်း။

၂.ငယ်စဉ်ကတည်းကစပြီး ကမ္မဌါန်းဘာဝနာ ကျင့်ကြံခြင်း။

၃. လူသူကင်းမဲ့သည့် တောတောင်အတွင်းရှိဂူများတွင် တစ်ပါးတည်း မကြောက်မရွံ့ တရားအားထုတ်ခြင်း။

၎. ဘာသာစကားအမျိုးမျိုး စာပေအမျိုးမျိုးသင်ယူခြင်းမပြုဘဲ အလိုလိုတတ်မြောက်နေခြင်း။

၅.မတ်တတ်အနေအထားဖြင့် ခုနှစ်ရက်တိုင်တိုင် မလှုပ်မရှားပဲ
တစ်ဆက်တည်း ကျင့်ကြံနိုင်ခြင်း။

၆.ထိုင်လျှက်အနေအထားဖြင့် ခုနှစ်ရက်တိုင်တိုင် တစ်ထိုင်တည်း တရားအားထုတ်နိုင်ခြင်း။

၇. ၀ါတွင်းသုံးလအတွင်း ဂူ (သို့) တောတောင်တစ်နေရာရာတွင်စဉ်ဆက်မပြတ်
တရားထိုင်ခြင်း။

၈. ၀ါတွင်းသုံးလ ဂူအောင်းနေစဉ် ဆွမ်းဘုဉ်းပေးခြင်းမရှိဘဲ သစ်သီး၊ သစ်ဥ၊
သစ်ဖုများကို သာ အဟာရအဖြစ်မှီဝဲခြင်း။

၉. ၀ါတွင်းသုံးလကာလအတွင်း အမြဲတမ်း ၀စီပိတ် ကျင့်ကြံခြင်း။

၁၀. လူ၊နတ်၊ သတ္တ၀ါ တို့အား သွန်သင်ဆုံးမသြ၀ါဒစကား ကို
တရားတော်များ နာပွားနေခြင်းမှ အလိုလို ပေါ်ပေါက်လာခြင်း။

၁၁.လူ၊နတ်၊သတ္တ၀ါအားလုံး အဆင့်အတန်း မခွဲခြားဘဲ မျှမျှတတ မေတ္တာထားဆက်ဆံခြင်း။

၁၂.အများတကာမှာအလွန်ချမ်းနေပြီး ဖိနပ်၊ခြေအိပ် အပြည့်အစုံနှင့် သွားလာ
နေထိုင် သော်လည်း ဆရာတော်မှာ ဗလာခြေဖြင့်ကြွတော်မူခြင်း။

၁၃.အများတကာမှာ အလွန်ပူလောင်နေသည့် ကျောက်ခဲ ကျောက်စရစ် သဲပြင်များတွင် ဖိနပ်ဖြင့်သာ သွားလာ၍ရသော နေရာများတွင်လည်း ဆရာတော်မှာ ဗလာခြေဖြင့်သာ ကြွချီတော်မူခြင်း။

၁၄. ရွှေ ၊ငွေ၊ ရတနာ အ၀တ်အစား အသုံးအဆောင် အစားအစာများအားလုံး
နှမြောတွန့်တိုခြင်း မရှိဘဲ လူအများသို့ ဒါန ပေးလှူခြင်း။

၁၅. မရေမတွက်နိုင်သော သာသနိက အဆောက်အဦး၊ စေတီ၊ ပုထိုး
တည်ဆောက်ရေးလုပ်ငန်း တို့တွင် ပါဝင်လှူဒါန်းခြင်း။

၁၆. ရပ်နီး၇ပ်ဝေး မည်သည့်နိုင်ငံ၊ မည်သည့်နေရာဋ္ဌာနသို့မဆို အဓီဋ္ဌါန်ပြုပါက အခက်အခဲမရှိ ကြွရောက်တော်မူနိုင်ခြင်း။

၁၇. မိမိ၏အတိတ်ဘ၀ အဆက်ဆက်ကို သိတော်မူခြင်း။

၁၈. မိမိ၏ အနာဂတ်ကို ကြိုတင်သိတော်မူခြင်း။

၁၉.မျက်နှာမြင်ရုံမျှဖြင့် တစ်ဖက်သား၏အတွင်းစိတ်ကို သိတော်မူခြင်း။

၂၀. နေ့စဉ် နံနက်၊ ည မပျက်မြတ်စွာဘုရားထံ ၀တ်ပြုဆုတောင်းမေတ္တာပို့သခြင်း။

၂၁.ဗုဒ္ဓသာသနာဆိုင်ရာ တန်ခိုးကြီး အထွတ်အမြတ်နေရာဋ္ဌာန အားလုံးကို သိမြင်တော်မူခြင်း။

၂၂. သီလ၊ သမာဓိဂုဏ်ကြောင့် အဆိပ်ရှိသတ္တ၀ါများ အကိုက်ခံရခြင်းမရှိခြင်း။


၂၃. ကိုယ်ခန္ဓာမကြီးမသေး၊ မနိမ့်မမြင့်၊ မ၀မပိန်၊အသံသြဇာရှိခြင်း။ လူအများက သူထက်ငါဖူး မြော်လိုခြင်း၊ တစ်ကြိမ်ထက်မက လှူဒါန်းလိုခြင်း။
တရားနာပြီးရင်း ထပ်မံနာလိုခြင်း၊ သတင်းကြားရုံဖြင့် ဖူးမြော်လိုစိတ် အလိုလိုပေါ်ပေါက်ခြင်း။

၂၄.မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံတို့မှ ဆရာတော်များက
ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံရခြင်း တို့ဘဲဖြစ်ပါတယ်။

အဲ့ဒီ လိုသေ နေတဲ့ စစ်သား မိုင်းထိ လို့ခြေ ထောက်ဖြတ်

 ခံရ တော့မယ့် စစ်သား တွေမြင် ရင် ခင် ဗျားတို့ ဘာတွေ ပြောပြီး ဘယ်လို ခံစား ရမလဲ ကျွန်တော် သိချင် လိုက်တာ " စစ်ပွဲတွေ ရပ်လို့ တရစပ် အော်နေတဲ့ သူတွေ...... တိုင်းရင်းသား တွေကို ဖိနှိပ်နေ ပါတယ်လို့ တရစပ် ပြောနေတဲ့ သူတွေ.... စစ်ခွေးတွေ တိုင်းရင်းသား တွေကို နှိပ်စက် နေပါတယ်လို့ ပြောနေ တဲ့သူတွေ" ဘာတွေ ဆက်ပြောပြီး ဘယ်လို ဆက်တွေး ကျမလဲ.... ဒီစစ်သား တွေဒီလို သေကျပြတ်ကျ တာဟာ စစ်သား အချင်းချင်း မိုင်းထောင် လို့လဲ မဟုတ်သလို စစ်သား အချင်းချင်း သတ်ဖြတ်တာ လည်းမ ဟုတ်ဘူး........ တိုင်းရင်း သားလက် နက်ကိုင် တွေနဲ့ တိုက်ပွဲဖြစ်လို သေတဲ့ သူနဲ့မိုင်း ကြောင့် ဒဏ် ရာရတဲ့ သူတွေပါ.... တဖက် သတ်စွပ်စွဲ ချက်နဲ့ စစ်ခွေး တွေကြောင့် တိုင်းရင်းသား တွေအတိ ဒုက္ခရောက်ကျ တယ်လို့ပြော နေသူ တွေအတွက် ဒီလို ဖြစ်စဉ် ပုံစံ ဆိုတာ နမူနာပဲ ရှိသေးတာ... ဒီထက်ဆိုး တာတွေ တပုံချည်း... ဒါပေမယ့် နှစ်ဖက်မျှ မ တွေးပဲ တပ်မ တော်သား တွေကိုသာ အပြစ်ဖို့ တတ်ကျတဲ့ လူတွေမြင် ကြည့်စမ်းပါ......... တပ်မ တော်က စစ်သား ဆိုတာ နိုင် ငံတော် ရဲ့အချုပ် အခြာ အာဏာကို မထိပါး သ၍ ဘယ်တိုင်းရင်း သားကိုမှ သောင်းကျန်း သူအဖြစ် မသတ်မှတ် ပါဘူး....

စစ်ခွေးချစ်သူ

Friday, February 21, 2014

မိ-မဆုံးမ ဖ-မဆုံးမများနှင့် ၀မ်းနည်းစရာ တိုင်းပြည်နှင့် သာသနာ


******************************************
ဗုဒ္ဓဘာသာ အမည်ခံ မိမဆုံးမ ဖမဆုံးမ အာဏာရ လူကြီးများ တိုင်းပြည်နဲ့ သာသနာအတွက် ရှေ့ရေးကို မတွေးဘဲ တစ်ဘ၀ တစ်နပ်စာလေးကြည့်ပြီး (လာဘ်စားပြီး) မြန်မာပြည် အနံ့အပြား ဘီယာဆိုင် အရက်ဆိုင် ကလာပ်မျိုးစုံ အများအပြား အပြိုင်အဆိုင် ဖွင့်ခွင့်ပေးထား၏။ ထိုခွင့်ပြုမိန့် ပေးနိုင်ခွင့်ရှိသော အာဏာရလူကြီးသည် သူ့မှာ အမိကောင်း အဖကောင်း ရှိခဲ့မယ်ဆိုရင် သူ့မိဘက အကြောင်း+အကျိုး အကောင်း+အဆိုးပြောပြ ဆိုဆုံးမခဲ့မယ်ဆိုရင် ယခုကဲ့သို့ ဘီယာဆိုင် အရက်ဆိုင် ကလာပ် မျိုးစုံ ပေါများစရာ မရှိပေ..။ ခုတော့ မိမဆုံးမ ဖမဆုံးမများကြောင့် တိုင်းပြည်နှင့် သာသနာအတွက် အလွန်ဝမ်းနည်းစရာ ဖြစ်ခဲ့ရပေပြီ...။

ထိုမိမဆုံးမ ဖမဆုံးမတို့ ဖွင့်ထားသော ဘီယာဆိုင် အရက်ဆိုင် ကလာပ်မျိုးစုံမှာ မိမိတို့၏ သားသမီးများကို အဲဒီနေရာတွေမှာ မသွားဖို့ ဗုဒ္ဓဘာသာ အမည်ခံ မိဘတွေက တားမြစ်ခြင်း ဆုံးမခြင်း မခံကြရရှာသော မိမဆုံး ဖမဆုံးမ သားသမီးတွေက နေ့တိုင်း နေ့တိုင်းသွားပြီး အချိန်တွေဖြုန်း ငွေတွေဖြုန်းနေကြတယ်..။ အဲဒီအချိန်နဲ့ ငွေတွေကို တိုင်းပြည်နဲ့ သာသနာအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နေရာတွေမှာ အသုံးချလိုက်မယ်ဆိုရင် ဘယ်လောက်တန်ဖိုးရှိလိုက်မလဲ..။ ခုတော့ မိမဆုံးမ ဖမဆုံးမများကြောင့် တိုင်းပြည်နှင့် သာသနာအတွက် အလွန်ဝမ်းနည်းစရာ ဖြစ်ခဲ့ရပေပြီ...။

သားသမီးတိုင်း သားသမီးတိုင်း အမိကောင်း အဖကောင်း ဆရာကောင်း သမားကောင်း မိတ်ကောင်းဆွေကောင်း မိမိကို ဆုံးမပဲ့ပြင်နိုင်သော ပညာရှိသူတော်ကောင်းများနှင့် တွေ့ကြုံနိုင်ကြပါစေ ... ။
-------------------------

ထေရဝါဒ တို့တိုင်းပြည်

ပျက်စီးကြောင်း လေးမျိုး
-------------------------
(၁) ရုပ် သိပ်လှရင် ပျက်စီးတတ်သည်၊ ရုပ်ချောသူများ ၀ိုင်းဝိုင်းလည်ခံရရင် ပျက်စီးဖို့ အလားအလာဖြစ်သည်။

(၂) ပိုက်ဆံချမ်းသာလျှင် ပျက်စီးတတ်သည်။ ရေလျှံ (ငွေပေါ) နေသူများ ၀ိုင်းဝိုင်းလည်ခံရမည်၊ ပျက်စီးဖို့ နီးလာသည်။

(၃) အာဏာ ရရှိလျှင် ပျက်စီးတတ်သည်၊ အာဏာရှိသူများ ခစားသူများ၊ ကပ်ဖားသူများဖြင့် ၀ိုင်းဝိုင်းလည်ခံရသည်၊ ပျက်စီးဖို့ သေချာနေသည်။

(၄) အမှားအမှန် မသိသူသည် ပျက်စီးတတ်သည်။ (မိမိအနားကလူ၊ မိမိကို ပြုစုပေးနေသူ၏ စကားကိုသာ ယုံတတ်သည်၊ အရင်ပြောသူ၏ စကားကိုသာ ယုံတတ်သည်၊ တကယ့်အမှန်ကန်သမားတွေ၊ တကယ်အလုပ်လုပ်နေသူများကိုတော့ ချောင်ထိုးထားတတ်ကြသည်။)

(ဟိတောပဒေသကျမ်းကို ကိုးကားသည်)

by ဦးနပတိ ဆရာတော်
— with Mg Mg Arrow and 49 others.
Like ·
လိုယောင်္ကျား ပြဿဒါးမရှိ shared ပျိုမေတို့သိစေဖို့'s photo.
မိန်းမယုတ် လက္ခဏာ
===============

“ မိန်းမတို့ အိဒြေ္ဒ ရွှေပေးလို့မရ ”...တဲ့
နှစ်ပြားမတန် ၊ မာန်မရှိ
ဖော်သည့်သူ့ဂုဏ် ၊ ပေါ်သည့်ရင်သား..
ကြည့်သူ ချီးမွမ်း ၊တဏှာချီးမွမ်းတာသူမသိ
မာန်ဝင့်လို့နေသေး ၊ သနားဖို့ကောင်းပါဘိ
ယိုသူမရှက် ၊မြင်သူရှက်..
လှုပ်တိလှုပ်လှည့် ၊ဒေါက်မြင့်ဖိနပ်နှင့်
ဟန်ကြီးတစ်ခွဲ ၊ မျက်မှန်မည်းနှင့်..
ဟေးလားဝါးလား ၊လမ်းသလားလျှက်..
သာယာယစ်မှုး ၊ လင်တာရူးလို့...
သူ့ဟန် သူ့သဏ္ဌာန် ၊သူ့အမှန်မေ့လို့...
အမျိုးဂုဏ်မဆယ် ၊ ရေဝေး ရပ်ဝေး..
သူ့အမေပေးတဲ့ သွေး..
သူမို့သာစတေးရဲတော့....
ဖေနဲ့သာ ဆဲလိုက်ချင်တော့ရဲ့...
တပါးသူ ယောက်ျား ၊ရည်စူးဖောက်ပြား..
ညုတုတုပြီတီတီ ၊အော့အန်စကားနှင့်
သူ့လင် သူ့ချစ်သူအား..
သူဖောက်ပြားဖို့သာဝန်မလေး..
မိန်းမယုတ်တို့ အရေး..
ရင်လေးလို့သာနေသေးသည်...။

credit to မောင်သစ္စာ

(အမျိုးကောင်းသမီးများ လိုက်နာရှောင်ကြဉ်နိုင်ရန် တင်ဆက်ပေးခြင်း ဖြစ်ပါသည်)

လူတိုင်းဗဟုသုတတိုးစေဖို့ ဒီ Page ကို Share ပေးကြပါစို့။

ဒါအချစ်လား


@@@@@@

မပစ်ဘူး မပစ်ဘူးနဲ့ 
သူ့ လက်ထဲမှာ ခဲ ကြီးနဲ့ 

မချစ်ဘူး မချစ်ဘူးနဲ့ 
လက်သည်းကလဲအရှည်ကြီး

မရက်စက်ပါဘူးဆိုသူက
နှုတ်ခမ်းမှာ သွေးစတွေနဲ့ 
Like · ·

ကျွန်မချစ်သူ ကွန်မန်ဒို


@@@@@@@@@@

သွေးစလက်စွန်း
မရဏတွင်းက
စစ်မြေစခန်း ဒေါနတောင်းတန်း
ဤမြေလမ်းက
သွေးစွန်းသည့်လက်
ရွာအတက်မှာ
မြူငှါပြုံးချို
မြရုပ်ချိုက

စစ်သားတယောက်
ဒေါသပျောက်၍
ခင်မင်ချစ်သွား
သံယောဇဉ်များက

သူမေးလား ရင်ဘတ်မှာက
စာတန်းနီနီ ဘာတွေစီလည်း
ပြောပြမယ်နန်း စစ်မြေတန်းက
ကွန်မန်ဒို စစ်သား သက်စွန့် ထားသည်
သေရွာ မရှောင် ယမ်းဗုံးထောင်လည်း

ပြည်သူ့ ရန်စွယ်မှန်ကယ်တိုက်ထုပ်
သက်စွန့် ဟုတ်သည်
ကွန်မန်ဒိုဟု ခေါ်ပါသည်

ယောင်္ကျားစင်စစ် အမှန်ဖြစ်က
အသက် ခန္တာ စွန့် လွှတ်တာက
အို ဘယ့်ယောင်္ကျား
ကွန်မန်ဒို စစ်သား
ချစ်သူရင်ထဲ သံမှိုစွဲစေ
ကွန်မန်ဒို ချသ်သုလေ

ချစ်သူနှစ်ယောက်မှာ


_______________

ချစ်ပါ...
တစ်ဘ၀လုံးစာအတွက် အပြန်လှန်ယုံကြည်မှုလေးတွေနဲ့ပေါ့...

တန်ဖိုးထားပါ...
တစ်ယောက်ကိုတစ်ယောက် နားလည်မှုလေးတွေနဲ့ပေါ့...

လေးစားမှုရှိပါ...
ကိုယ့်ချစ်သူကိုတန်ဖိုးမဲ့သွားစေမဲ့အပြုမှုမျိုးတတ်နိုင်သလောက်
ရှောင်နိုင်ကြပါစေ...

ဂရုစိုက်ပါ...
အလုပ်ရူပ်နေတယ်ဆိုတဲ့အကြောင်းပြချက်လေးတွေနဲ့ကိုယ့်ချစ်သူ
ကို မေ့နေတတ်တာမျိုးပေါ့...

ခွင့်လွှတ်စရာရှိရင်ခွင့်လွှတ်လိုက်ပါ...
ကိုယ့်ချစ်သူနဲပပတ်သက်လာရင်အသေးမွှားလေးတွေကအစ
တန်ဖိုးထားတတ်တယ်ဆိုပေမဲ့သေးငယ်တဲ့အပြစ်တွေကြတော့
လစ်လျှူရူတတ်ဖို့လိုပါတယ်...

မြတ်နိုးပါ...
ကိုယ့်ချစ်သူအပေါ်တစ်ဘ၀လုံးစာလက်တွဲနိုင်အောင်ပေါ့...

ယုံကြည်ပေးပါ...
ကိုယ့်ချစ်သူကိုအရမ်းချစ်လို့သံသယလေးတွေထားတတ်ကြတယ်
အရမ်းပူလောင်တဲ့ခံစားမှုမျိုးပါ အကြွင်းမဲ့ယုံကြည်ပေးကြည့်ပါ
ခံစားချက်နည်းနည်းသက်သာလာပါလိမ့်မည်...

တကယ်ချစ်ကြတဲ့လူနှစ်ယောက်ရဲ့နှလုံးသားအထဲမှာတစ်ခြား
တစ်ယောက်ဆိုတာနေရာဝင်ယူလို့မရပါဘူး ဘာဖြစ်လို့လဲဆိုတော့
ဘယ်အချိန်ပဲဖြစ်ဖြစ်ကိုယ့်ချစ်သူဆိုတဲ့အတွေးဟာရင်ထဲမှာအမြဲရှိနေ
တဲ့အတွက် တစ်ခြားတစ်ယောက်ဆိုတာအချိန်ပေးဖို့မအားတော့ပါဘူး
တစ်ခြားတစ်ယောက်ဆိုတာစိတ်ထဲမှာရှိလာခဲ့ရင်သင်သူ့ကိုတကယ်
မချစ်လို့ပါပဲ...

မောင်ပြောတော့


သူက အပျော်ရည်းစားတဲ့လား....

ဟင့်အင်း မောင်
ကျွန်မ လက်ခံလို့မရဘူး......

အပျော်ချစ်ခံခဲ့ရတဲ့ သူက
တကယ်ချစ်မိခဲ့ရင် မိန်းကလေးမို့ သူပဲ နစ်နာရမယ်....
အပျော်သဘောထားတဲ့မောင်က
ရည်းစားများတယ်လို့ ပတ်ဝန်းကျင်မှာ အမြင် မှားရမယ်.....
မောင့်ချစ်သူ ကျွန်မကတော့
ဖောက်ပြန်မှုတွေနဲ့ချစ်သူကို နားလည်ပေးဖို့ နာကျင်ရမယ်.....

မောင် သာယာတဲ့ တဒင်္ဂ အပျော်ဆိုတာက
ကျွန်မတို့ဘ၀မှာ ဆိုးရွားတဲ့ပုံရိပ်စစ် တစ်ခုဖြစ်စေနိုင်တယ်လေ....

မောင့်ကို လက်လွှတ်မပေးနိုင်တဲ့ ကျွန်မလည်း
စိတ်မချခြင်းတွေနဲ့ လည်ပင်းဖက်ပေါင်းရလို့
အကြိမ်ကြိမ် အခါခါ သံသယတွေနဲ့ ကြီးပြင်းရလိမ့်မယ်.....

သစ္စာမဲ့ခြင်းတွေနဲ့ ကင်ပွန်းတပ်ထားလို့
မောင်လည်း ပြီးပြည့်စုံတဲ့ အချစ်တစ်ခုကို ဖန်တီးဖို့
နောင်တတွေနဲ့ ရင်းနှီးရလိမ့်မယ်.....

သူကလည်း
အပျော်တမ်း ကစားခြင်း တွေနဲ့ ဆုံစည်းခဲ့လို့
မောင့်အပေါ် အမုန်းမှတ်တမ်းတွေပဲ ရေးထိုးရလိမ့်မယ်....

ကဲ...မောင်ပြောတဲ့ အပျော်ဆိုတာ
ဘယ်သူတွေကများ ပျော်ခဲ့ရလို့လဲ
ဘယ်လိုအရာတွေများ အကျိုးရှိသွားစေလို့လဲမောင်ရယ်....

မောင်ဖတ်ဖို့
Like · ·

(ပျိုမေတို့အတွက် ခံစားချက်ကဗျာ)



လူတစ်ယောက်ကိုချစ်မိသွားရင်
==================

သူနှစ်သက်တတ်တဲ့အရာလေး
တွေကို ကိုယ်ကနှစ်သက်တတ်
အောင်ကြိုးစားနေပါလိမ့်မည်...

သီချင်းတွေကိုနားထောင်မိတဲ့
အချိန်မျိုးမှာပဲဖြစ်ဖြစ်တိုက်ဆိုင်
တဲ့ စာသားလေးတွေပါလာရင်
သူ့ကိုသတိရလာတတ်ပါတယ်...

ခဏလေးအဆက်သွယ်မရတဲ့
အခါ စိတ်ပူပြီးလိုက်ရှာနေတတ်
ပါတယ်...

တစ်ခါတစ်လေသူ့ကြောင့်
အရမ်းနာကျင်ရတာတောင်
မေ့ပစ်လိုက်မယ် စွန့်လွှတ်ပစ်
လိုက်မယ်ဆိုတဲ့အတွေးတွေမရှိ
တတ်ပါဘူး...

ပျင်းနေတဲ့အချိန်စကားပြောဖော်
မရှိတဲ့အချိန်မှသူ့ကိုရှာနေတတ်
တာမဟုတ်ပဲ အလုပ်မအားရင်
တောင်မှသူ့ဆီက Messages
လေးတွေမျှော်နေတတ်တာပါ...

လူတစ်ယောက်ကိုတကယ်ချစ်
ရင် သူ့ကိုရွေးချယ်ပြီးရင်သူ့တစ်
ယောက်တည်းကိုပဲသစ္စာရှိ
အောင်ကြိုးစားပါလိမ့်မည်...

လူတစ်ယောက်မှာ အလိမ်ခံရတာများလာတဲ့အခါ


လူတွေကို ယုံကြည်ဖို့ကြောက်လာတတ်ကြတယ်...

လူတစ်ယောက်မှာ ခံစားရမှုတွေများလာတဲ့အခါ
နှလုံးသားက ထုံကျင် လာတတ်ကြတယ်...

လူတစ်ယောက်မှာ မျက်ရည်ကျပါများလာတဲ့အခါ
မျက်ရည်ကိုသုတ်ပြီး ပြုံးတတ်လာကြပါတယ်...

လူတစ်ယောက်မှာ အတွေ့ကြုံလေးတွေများလာတဲ့အခါ
ကိုယ့်ရဲ့နှလုံးသားက ရင့်ကျက်လာတတ်ကြတယ်...

လူတစ်ယောက်မှာ မျှော်လင့်ချက်လေးတွေကိုခဏခဏ
ရိုက်ချိုးခံရများလာတဲ့အခါ ချစ်ရမှာကိုကြောက်လာတတ်
ကြတယ်...

တစ်ယောက်တည်းနေတတ်ကြတဲ့ တစ်ချို့လူတွေကမာနကြီး
တာလဲမဟုတ်ပါဘူး လူတစ်ယောက်ကိုချစ်မိရင်ပိုခံစားရမှာ
ကြောက်တတ်ကြလို့ပါ...

ပျိုမေတို့သိစေဖို့'s photo.


မိန်းမယုတ် လက္ခဏာ
===============

“ မိန်းမတို့ အိဒြေ္ဒ ရွှေပေးလို့မရ ”...တဲ့
နှစ်ပြားမတန် ၊ မာန်မရှိ
ဖော်သည့်သူ့ဂုဏ် ၊ ပေါ်သည့်ရင်သား..
ကြည့်သူ ချီးမွမ်း ၊တဏှာချီးမွမ်းတာသူမသိ
မာန်ဝင့်လို့နေသေး ၊ သနားဖို့ကောင်းပါဘိ
ယိုသူမရှက် ၊မြင်သူရှက်..
လှုပ်တိလှုပ်လှည့် ၊ဒေါက်မြင့်ဖိနပ်နှင့်
ဟန်ကြီးတစ်ခွဲ ၊ မျက်မှန်မည်းနှင့်..
ဟေးလားဝါးလား ၊လမ်းသလားလျှက်..
သာယာယစ်မှုး ၊ လင်တာရူးလို့...
သူ့ဟန် သူ့သဏ္ဌာန် ၊သူ့အမှန်မေ့လို့...
အမျိုးဂုဏ်မဆယ် ၊ ရေဝေး ရပ်ဝေး..
သူ့အမေပေးတဲ့ သွေး..
သူမို့သာစတေးရဲတော့....
ဖေနဲ့သာ ဆဲလိုက်ချင်တော့ရဲ့...
တပါးသူ ယောက်ျား ၊ရည်စူးဖောက်ပြား..
ညုတုတုပြီတီတီ ၊အော့အန်စကားနှင့်
သူ့လင် သူ့ချစ်သူအား..
သူဖောက်ပြားဖို့သာဝန်မလေး..
မိန်းမယုတ်တို့ အရေး..
ရင်လေးလို့သာနေသေးသည်...။

credit to မောင်သစ္စာ

(အမျိုးကောင်းသမီးများ လိုက်နာရှောင်ကြဉ်နိုင်ရန် တင်ဆက်ပေးခြင်း ဖြစ်ပါသည်)

လူတိုင်းဗဟုသုတတိုးစေဖို့ ဒီ Page ကို Share ပေးကြပါစို့။

မိ-မဆုံးမ ဖ-မဆုံးမများနှင့် ၀မ်းနည်းစရာ တိုင်းပြည်နှင့် သာသနာ


******************************************
ဗုဒ္ဓဘာသာ အမည်ခံ မိမဆုံးမ ဖမဆုံးမ အာဏာရ လူကြီးများ တိုင်းပြည်နဲ့ သာသနာအတွက် ရှေ့ရေးကို မတွေးဘဲ တစ်ဘ၀ တစ်နပ်စာလေးကြည့်ပြီး (လာဘ်စားပြီး) မြန်မာပြည် အနံ့အပြား ဘီယာဆိုင် အရက်ဆိုင် ကလာပ်မျိုးစုံ အများအပြား အပြိုင်အဆိုင် ဖွင့်ခွင့်ပေးထား၏။ ထိုခွင့်ပြုမိန့် ပေးနိုင်ခွင့်ရှိသော အာဏာရလူကြီးသည် သူ့မှာ အမိကောင်း အဖကောင်း ရှိခဲ့မယ်ဆိုရင် သူ့မိဘက အကြောင်း+အကျိုး အကောင်း+အဆိုးပြောပြ ဆိုဆုံးမခဲ့မယ်ဆိုရင် ယခုကဲ့သို့ ဘီယာဆိုင် အရက်ဆိုင် ကလာပ် မျိုးစုံ ပေါများစရာ မရှိပေ..။ ခုတော့ မိမဆုံးမ ဖမဆုံးမများကြောင့် တိုင်းပြည်နှင့် သာသနာအတွက် အလွန်ဝမ်းနည်းစရာ ဖြစ်ခဲ့ရပေပြီ...။

ထိုမိမဆုံးမ ဖမဆုံးမတို့ ဖွင့်ထားသော ဘီယာဆိုင် အရက်ဆိုင် ကလာပ်မျိုးစုံမှာ မိမိတို့၏ သားသမီးများကို အဲဒီနေရာတွေမှာ မသွားဖို့ ဗုဒ္ဓဘာသာ အမည်ခံ မိဘတွေက တားမြစ်ခြင်း ဆုံးမခြင်း မခံကြရရှာသော မိမဆုံး ဖမဆုံးမ သားသမီးတွေက နေ့တိုင်း နေ့တိုင်းသွားပြီး အချိန်တွေဖြုန်း ငွေတွေဖြုန်းနေကြတယ်..။ အဲဒီအချိန်နဲ့ ငွေတွေကို တိုင်းပြည်နဲ့ သာသနာအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နေရာတွေမှာ အသုံးချလိုက်မယ်ဆိုရင် ဘယ်လောက်တန်ဖိုးရှိလိုက်မလဲ..။ ခုတော့ မိမဆုံးမ ဖမဆုံးမများကြောင့် တိုင်းပြည်နှင့် သာသနာအတွက် အလွန်ဝမ်းနည်းစရာ ဖြစ်ခဲ့ရပေပြီ...။

သားသမီးတိုင်း သားသမီးတိုင်း အမိကောင်း အဖကောင်း ဆရာကောင်း သမားကောင်း မိတ်ကောင်းဆွေကောင်း မိမိကို ဆုံးမပဲ့ပြင်နိုင်သော ပညာရှိသူတော်ကောင်းများနှင့် တွေ့ကြုံနိုင်ကြပါစေ ... ။
-------------------------

ထေရဝါဒ တို့တိုင်းပြည်

ပျက်စီးကြောင်း လေးမျိုး
-------------------------
(၁) ရုပ် သိပ်လှရင် ပျက်စီးတတ်သည်၊ ရုပ်ချောသူများ ၀ိုင်းဝိုင်းလည်ခံရရင် ပျက်စီးဖို့ အလားအလာဖြစ်သည်။

(၂) ပိုက်ဆံချမ်းသာလျှင် ပျက်စီးတတ်သည်။ ရေလျှံ (ငွေပေါ) နေသူများ ၀ိုင်းဝိုင်းလည်ခံရမည်၊ ပျက်စီးဖို့ နီးလာသည်။

(၃) အာဏာ ရရှိလျှင် ပျက်စီးတတ်သည်၊ အာဏာရှိသူများ ခစားသူများ၊ ကပ်ဖားသူများဖြင့် ၀ိုင်းဝိုင်းလည်ခံရသည်၊ ပျက်စီးဖို့ သေချာနေသည်။

(၄) အမှားအမှန် မသိသူသည် ပျက်စီးတတ်သည်။ (မိမိအနားကလူ၊ မိမိကို ပြုစုပေးနေသူ၏ စကားကိုသာ ယုံတတ်သည်၊ အရင်ပြောသူ၏ စကားကိုသာ ယုံတတ်သည်၊ တကယ့်အမှန်ကန်သမားတွေ၊ တကယ်အလုပ်လုပ်နေသူများကိုတော့ ချောင်ထိုးထားတတ်ကြသည်။)

(ဟိတောပဒေသကျမ်းကို ကိုးကားသည်)

by ဦးနပတိ ဆရာတော်

အရမ်းချစ်တယ်ဆိုပြီး


စကားကိုလွယ်လွယ်ပြော
ဂတိသစ္စာမတည်ဘဲ
လမ်းခွဲပြီးမှသေမတတ်လာလွမ်းပြနေတဲ့
ယောက်ျားတစ်ယောက်ကို
ကျွန်မရဲ့ဘဝကိုပိုင်ဆိုင်ခွင့်မပေးနိုင်ခဲ့ဖူး

ကျွန်မအရမ်းချစ်ပြီးဂရုစိုက်ခဲ့လို့
ကျွန်မအချစိတွေကိုအလေးမထားတော့ဘဲ
ပျက်ရယ်ပြုလို့
အချစ်အတွက် လူပီသစွာမနေနိုင်တဲ့
မိန်းမတစ်ယောက်လောက်တောင်
အချစ်ကိုဝန်ခံမရဲဘဲ
အချစ်ခံရမှုမှာမိန်မူးပြီး
တန်ပြန်တဲ့မေတ္တာပေးဖို့မေ့နေခဲ့တဲ့လူတစ်ယောက်ကိုလည်း
လက်တွဲဖော်အဖြစ်လက်မခံနိုင်ဖူး

အချစ်ကိုအချစ်လိုနားလည်
မေတ္တာကိုပေါင်းစပ်လို့
တစ်ဘဝလုံးစာရည်ရွယ်လို့
လက်ထပ်ခွင့်တောင်းခဲ့တဲ့
ယောက်ျားပီသတဲ့ လူတစ်ယောက်ကို
ကျွန်မလက်တွဲဖော်အဖြစ်ရွေးမယ်ဆို
ကျွန်မ မှန်ကန်မယ်မဟုတ်လားဟင်

အပျိုကြီးနဲ့များ ကြိုက်မိလျှင်

လိုယောင်္ကျား ပြဿဒါးမရှိ shared သူရိယနေ၀န်း's photo.
21.2.2014



မိန်းကလေးများကို အသက်နဲ့လိုက်ပြီး သတ်မှတ်ကြပုံကတော့…
- အသက်(၁၃)နှစ် အရွယ်မှ အသက်(၁၈)နှစ် အရွယ်ထိကို… အပျိုဖြန်း…
- အသက်(၁၈)နှစ်မှ အသက်(၂၅)နှစ်ထိကို… အပျိုစင်…
- အဲ… အသက်(၂၅)နှစ်ကျော်ရင်တော့… အပျိုကြီး...ပြီးတော့ ရှိပါသေးတယ်…၊

- အသက်(၁၀)နှစ်ကနေ (၂၀) အတွင်းက အာဖရိကနဲ့တူတယ်…၊
(စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်… ရှာဖွေစူးစမ်းစရာတွေရှိနေတယ်…)
- အသက်(၂၀)ကနေ (၃၀) အတွင်းမှာတော့ အိန္ဒိယနဲ့တူတယ်…၊
(တည်ငြိမ်လာတယ်… တိုးတက်နေတယ်… အိနြေ္ဒရှိတယ်… သိမ်မွေ့တယ်… )
- အသက်(၃၀)ကနေ (၄၀) အတွင်းကတော့ အမေရိကားနဲ့တူတယ်…၊
(အတတ်ပညာနဲ့ ပြည့်စုံတယ်…)
- အသက်(၄၀)ကနေ (၅၀)အတွင်းကတော့ ဥရောပနဲ့တူတယ်…၊
(နှစ်လိုဖွယ်ရာ သိပ်မရှိတော့ဘူး… ဟန်ပဲရှိတော့တယ်…)
- နောက်ဆုံး အသက်(၅၀)ကျော်သွားရင်တော့ ဆိုက်ဘေးရီးယားနဲ့တူတယ်…၊
(၄င်းရှိတာကို သိပေမယ့်လည်း… ဘယ်သူမှ မသွားချင်ကြဘူး…)

အသက်(၂၅)ကိုဖြတ်ကျော်ပြီဆိုရင်…
"အပျိုကြီး" လို့ ခေါ်တာကိုတော့ လုံးဝမကြိုက်ကြပါဘူး…။တစ်စုံတစ်ယောက်က ခေါ်လိုက်မိတဲ့အခါ

- "ငါ တကယ်အပျိုကြီးဖြစ်နေပြီလား" (စိတ်ထဲက ပြန်ပြောတာ…)
- "ငါ အသက်မကြီးသေးဘူး ထင်တာပဲ…" (မှန်ကြည့်ပြီး ပြောတတ်သောစကား…)
- "ငါ့ အလှကမှ ရင့်ကျက်တဲ့ အလှ…" (ဆယ်ကျော်သက်များက အပျိုကြီးဟုခေါ်သောအခါ တုံ့ပြန်ပုံ)
- "ငါက သူ့ထက်တောင် နုပါသေးတယ်…"
(သူမထက် နှစ်နှစ်၊ သုံးနှစ်ငယ်သူများ၏ ခေါ်သံကို ကြားရသော အခါ တွေးတောပုံ…)
ထို့ ပြင်

- "ငါက စွံရဲ့သားနဲ့ အပျိုကြီးလုပ်မှာ…"
- "ငါက သဘောကျတဲ့ လူမတွေ့သေးလို့ပါ… တွေ့ရင်တော့… စဉ်းစားမှာပေါ့…"
- "သူများတွေ မင်္ဂလာမဆောင်ခင်မှာ ငါ့ဖိတ်စာရောက်လာစေရမယ်…"
- "ငါက တော်လို့ ငါ့ကို ကြောက်ပြီး… ဘယ်သူမှ… မလိုက်ရဲတာ…"
- "ပုရိသတွေကို ကြွေအောင်လုပ်ဖို့… ရူပါမလိုပါဘူး… ဗျူဟာပဲလိုတယ်…"
- "ငါက ဘာမှကြိုးစားစရာမလိုဘူး… အိမ်က စီစဉ်ပေးလိမ့်မယ်…"
- "မလိုချင်လို့ပါ… လိုချင်ရင် ခေါင်းခေါက်ပြီးတောင် ယူလို့ရတယ်…"
- "အပိုအလုပ်တွေမလုပ်ချင်လို့ပါ… တစ်ယောက်တည်းနေတာအေးချမ်းတယ်"

မိန်းကလေးတွေက သူမတို့ရဲ့ နုပျိုနေတဲ့ အချိန်တွေကိုအလွန်နှမြောကြပါတယ်…။
အမှန်တရားကိုလည်း လက်မခံနိုင်ကြတဲ့အတွက်ခေတ်ပေါ်Cosmetics များရဲ့
အကူအညီရဲ့ နုပျိုခြင်းကို အချိန်ဆွဲ… ဇရာကိုကျားကန်ထားတတ်ကြပါတယ်… ။

နောက်တစ်ခုက အပျိုကြီးများ စွံတဲ့အခါ ...

-သူမတို့ရဲ့ ရည်းစားကို အရမ်းချစ်မြတ်နိုးကြပါတယ်…။
-သဝန်လည်း အင်မတန်တိုတတ်ပါတယ်…။
-မိန်းကလေး ငယ်ငယ်လေးတွေနဲ့ သူမရဲ့ရည်းစား စကားပြောတာကိုလည်း မနှစ်လိုပါဘူး…။
-သူမကိုယ်တိုင်ကလည်း အသံတွေပြောင်းလဲသွားတတ်ပါသေးတယ်…။
-တစ်ခြားလူကို ပြောတဲ့ အသံနဲ့ ရည်းစားကို ပြောတဲ့ အသံ နူးညံ့မှုနဲ့အီစီကလီဖြစ်မှု အဆတစ်ရာလောက်ကွာ ခြားပါတယ်…။
-သူမတို့ရဲ့ ရည်းစားကို အခြားလူများက အကူအညီတောင်းမိရင် အင်တင်တင်နဲ့သဘောမတူ သလို လုပ်တတ်ပါသေးတယ်…။

စိတ်မချိုးနဲ့ နော် နောက်တာ ...

Win Sandar
Like · ·

မြန်မာအရှေ့တိုင်းဘဏ်အား ကမ္ဘာ့ဘဏ်အုပ်စုဝင် အိုင်အက်ဖ်စီအဖွဲ့က ကန်ဒေါ်လာငါးသန်း ပေးအပ်


..........................................................................................

[ အောင်သူ(ဒေးဒရဲ) ၊ ရန်ကုန် ]

ကုန်သွယ်ရေးဘဏ္ဍာငွေ ပံ့ပိုးနိုင်ရန် အတွက် မြန်မာအရှေ့တိုင်းဘဏ်ကို ကမ္ဘာ့ ဘဏ်အုပ်စုဝင် အဖွဲ့တစ်ခုဖြစ်သော အိုင် အက်ဖ်စီအဖွဲ့မှ အမေရိကန်ဒေါ်လာ ငါးသန်း ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံခြားငွေ များ ပိုမိုရရှိအောင် စွမ်းဆောင်နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ယင်း သို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိုင်္ဃ ကိုယ်စားလှယ် ဗီခ်ရန်ကူးမားက ''ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာ ငွေပံ့ပိုးရေး ဝန်ဆောင်မှုပေးတဲ့ မြန်မာအရှေ့ တိုင်းဘဏ်ရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်ခြင်း နဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ တိုးတက် ပွင့်လင်းလာတာနဲ့အမျှ စီးပွားရေးကဏ္ဍမှာ အရေးပါတဲ့ ကုန်သွယ်ရေးကဏ္ဍကို တိုးမြင့် လာဖို့ ကူညီခြင်းဖြစ်တယ်''ဟု ပြောသည်။

ယင်းကဲ့သို့ ပံ့ပိုးခြင်းကြောင့် ပြည်တွင်း ဘဏ်များအား မတည်ငွေရင်းဖြင့်သော်လည်း ကောင်း၊ အကြံပေး ဝန်ဆောင်မှုများဖြင့်သော် လည်းကောင်း၊ ¤င်းတို့ပံ့ပိုးမှု၏ အစဦးပိုင်း အခြေအနေဖြစ်ကြောင်းနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအား ဘဏ္ဍာငွေပံ့ ပိုးကူညီနိုင်ရန် အတွက် အခွင့်အလမ်းများ လည်း များပြားလာမည်ဖြစ်ကြောင်း ယင်း ကဆိုသည်။

မြန်မာအရှေ့တိုင်းဘဏ်သည် ကမ္ဘာ့ ဘဏ်အုပ်စုအဖွဲ့ဝင်ဖြစ်သှောုင်္ဃ ၏ နိုင်ငံ တကာကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေ ပံ့ပိုး ရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်သည့် မြန် မာနိုင်ငံ၏ ပထမဆုံးဘဏ်ဖြစ်ကြောင်း သိရ သည်။

မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက် ဥက္ကဋ္ဌဦးမြသန်းက ''ကျွန်တော်တို့ကို အခု ကမ္ဘာ့ ဘဏ်အုပ်စုအဖွဲ့ဝင်ဖြစ်တှဲု့င်္ဃ က ပေးတဲ့ ဒေါ်လာငါးသန်းက အခုချက်ချင်း သုံးဖို့မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးက ဘဏ်တွေက မြန်မာနိုင်ငံနဲ့ အခုမှ ဆက်ဆံ မယ့်အခါကျတော့ ဒီကပို့ကုန်လုပ်ငန်းရှင်တွေ အတွက် အာမခံထားပေးတဲ့အခါကျမှ သုံးဖို့ အတွက်ပါ''ဟု ပြောသည်။

မြန်မာအရှေ့တိုင်းဘဏ်သည် ဘဏ်ခွဲ ပေါင်း ၂၆ ခု ဖွင့်လှစ်ထားပြီး နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်အား ပထမ ဆုံးအကြိမ်ရရှိခဲ့သည့် ဘဏ်ဖြစ်ကြောင်း သိ ရသည်။