Monday, February 17, 2014

“အမိရင်ခွင်သို့ ပြန်လည်ခိုဝင်လာခဲ့ပြီ”


^^^^^^^^^^^^^^^^^^^^
မ.ဘ.သ (မြန်အောင်မြို့)မှ ပေးပို့လာသောသတင်းတစ်ပုဒ်ဖြစ်သည်။
ကြံခင်းမြို့နယ်၊ ရေနံတောင်ရွာနေ ဦးတင်မြင့်၏ သမီး မခင်မြတ်မွန် (ဗုဒ္ဓဘာသာဝင်)သည် လွန်ခဲ့သည့် (၂၆-၇-၂၀၁၃)ရက်နေ့တွင် မြန်အောင်မြို့၊ အမှတ် (၁)ရပ်ကွက်၊ စာတိုက်ဝန်းနေ ဦးမြဝင်း၏သား မောင်သော်ဇင်လင်း(အစ္စလာမ်ဘာသာဝင်)နဲ့ ခိုးရာလိုက်ပြီး လက်မှတ်ထိုးပေါင်းသင်းနေထိုင်လာခဲ့ပါသည်။ ဆွေမျိုးမဘများ၏ ဆိုဆုံးမမှုကြောင့် အမြင်မှန်ရရှိလာပြီး ကွာရှင်းပြတ်စဲလိုကြောင်း မြန်အောင်မြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ သို့ တရားဝင်ကွာရှင်းနိုင်ရန် အကူအညီတောင်းခံလာရာ (၂၂-၁၀-၂၀၁၃)ရက်နေ့တွင် ဘာသာရေးခေါင်းဆောင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများရှေ့မှောက်တွင် ကွာရှင်းပြတ်စဲခြင်း လက်မှတ်ရေးထိုးခဲ့သည်။
မသိလို့မှားခဲ့တာဖြစ်ပေမယ့် သိလာတဲ့အချိန်မှာ လမ်းမှန်ကိုသတ္တိရှိရှိရွေးချယ်နိုင်တာဟာ အမှန်တရားဘက် ရပ်တည်ပေးကြတဲ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ တို့ကဲ့သို့ အဖွဲ့အစည်းများရဲ့ကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ရုန်းထွက်ချင်ပါလျက် အခြေအနေမပေးလို့ ကျိတ်မှိတ်နေနေရတဲ့ မြန်မာမိန်းကလေးတွေလည်း အပုံကြီးရှိနေဦးမှာပါ။
မခင်မြတ်မွန်သည် လမ်းပျောက်နေတဲ့ အမှောင်းတွင်းက ဘဝပေါင်းများစွာအတွက် လမ်းပြကြယ်ဖြစ်ပါစေဟု ဆန္ဒပြုလျက်။
မြို့နယ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကိုယ်စား
တပည့်တော်
ဝိမလ
တောရကျောင်း၊ မြန်အောင်မြို့။
 (4 photos)
Like ·  · 

No comments:

Post a Comment