Friday, January 31, 2014

“စိတ်ချမ်းသာအောင် နေပါ”


★★★★★★★★★★★★★

- ဘ၀တစ်ခုရလာတဲ့ အခိုက်အတန့်လေးအတွင်း စိတ်ဆင်းရဲ၊
ကိုယ် ဆင်းရဲနဲ့ ဘ၀ကိုဖြတ် သန်းရရင် ရလာတဲ့ ဘ၀ဟာ ရှုံး
တာပါပဲ။

- ကိုယ် မချမ်းသာခဲ့ရင်တောင် စိတ်ချမ်းချမ်းသာသာနဲ့ ဘ၀ကို
ဖြတ်သန်းနိုင်အောင် ကြိုးစားစေချင်တယ်။ အမြဲတမ်းစိတ်ချမ်း
သာဖို့ ဆိုတာလည်း အင်မတန်မှ ခက်ခဲပါတယ်။

- စိတ်ချမ်းသာအောင် နေတတ်ဖို့ဆိုတာလည်း သင့်တင့်မျှတ
စွာ နှလုံးသွင်းတတ်တဲ့ ဓမ္မအခံရှိဖို့ လိုတယ်။

- စိတ်ချမ်းသာရင် လောကကြီး ဘယ်နားကြည့်လိုက်လိုက် လှ
ပနေတယ်။ သာယာနေတယ်။ ကျေနပ်စရာတွေနဲ့ ပြည့်နှက်နေ
တယ်။

- စိတ်မချမ်းသာတဲ့ လူတစ်ယောက်အတွက်တော့ အရာအား
လုံးဟာ အရုပ်ဆိုးအကျည်းတန်နေတယ်။

(“ဌေး”သာမဏေကျော်ဆရာတော်)

ဟောင်ကောင် က ဖိလစ်ပိုင်အား အရေးယူခြင်းကို တရုတ်ထောက်ခံ



တရုတ် အစိုးရက ဖိလစ်ပိုင် တွင် လွန်ခဲ့သော သုံးနှစ်က ဖြစ်ပွား ခဲ့သော ပြန်ပေးဆွဲ မှု ကိစ္စကို ကိုင်တွယ် လုပ်ဆောင် နေသော ဟောင်ကောင် ကို ကျောထောက် နောက်ခံ အားပေး နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့် ရ ပုဂ္ဂိုလ် ဟာချွန်ယင် က ဇန်နဝါရီ ၂၉ ရက် က ပြောကြား ခဲ့သည်။ ဖိလစ်ပိုင် က တရားဝင် တောင်းပန် မှု ပြုလုပ်ရန် ပျက်ကွက် ခြင်းနှင့် ဓားစာခံ မိသားစု ၏ တောင်းဆို ချက်ကို မလိုက်လျော သောကြောင့် ဟောင်ကောင် က ဖိလစ်ပိုင် ကို ပိတ်ဆို့ အရေးယူ ကြောင်း ကြေညာ ခဲ့ သည်ဟု ဆိုသည်။

ဖိလစ်ပိုင် ဝန်ထမ်းများ၏ ၁၄ ရက်နေထိုင်ခွင့် ဗီဇာနှင့် နိုင်ငံကူး လက်မှတ် တို့ကို ဖေဖော်ဝါရီ ၅ ရက်မှစ၍ ရပ်ဆိုင်း မည် ဖြစ် ကြောင်း ဟောင်ကောင် အုပ်ချုပ် ရေးမှူး စီဝိုင်လျန် က ဇန်နဝါရီ ၂၉ ရက်က ပြောကြား ခဲ့သည်။ တရုတ် အစိုးရက ဒဏ်ရာရ သူများနှင့် ဓားစာခံ များ၏ မိသားစု များကို လေးစားမှု ရှိရန်နှင့် အဆိုပါ ကိစ္စကို အမြန်ဆုံး ဖြေရှင်း ပေးရန် ဖိလစ်ပိုင် ကို တိုက် တွန်း ထားကြောင်း သိရသည်။ ၂၀၁၀ ခုနှစ် သြဂုတ် ၂၃ ရက်က ရာထူး မှ ထုတ်ပယ် ခံရသော ရဲအရာရှိ ရိုလန်ဒို မန်ဒိုဇာ သည် မနီလာ မြို့တော် တွင် ကမ္ဘာ လှည့် ခရီးသည် ၂၅ ဦး ပါသော ကားကို ပြန်ပေးဆွဲ ခဲ့သည်။ အဆိုပါ ဖြစ်စဉ် တွင် မန်ဒိုဇာ နှင့် ဟောင်ကောင် မှ ကမ္ဘာ လှည့် ခရီးသည် ရှစ်ဦး သေဆုံး ခဲ့ပြီး ခုနစ်ဦး ဒဏ်ရာ ရခဲ့သည်။ ဖိလစ်ပိုင် သမ္မတ ဘီနင်နို အကွီနို သည် အဆိုပါ ဖြစ်ရပ် အတွက် လူသိ ရှင်ကြား တောင်းပန် ရန် အစဉ် တစိုက် ငြင်းဆို ခဲ့သည်။

ဆင်ဟွာ

လယ်သမားတစ်ယောက်မှာ မြင်းတစ်ကောင်နဲ့ဆိတ်တစ်ကောင်မွေးထားသတဲ့ ..။


တစ်နေ့မှာ မြင်း အတော်နေမကောင်းဖြစ်တော့ တိရစ္ဆာန်ဆေးကုဆရာဝန်ကို ပင့်ရတာပေါ့ ...။
ဆရာဝန်က စမ်းသပ်ပြီး "အင်း .... ခင်ဗျားမြင်းမှာ ဗိုင်းရပ်ပိုးဝင်နေတယ် ...။ ခင်ဗျားသူ့ကို ဒီဆေးကို သုံးရက်ဆက်တိုက်ပါ ..။ သုံးရက်ပြည့်တဲ့အထိ မသက်သာဘူးဆိုရင်တော့ ခင်ဗျားမြင်းကို အဆုံးစီရင်ပစ်ရလိမ့်မယ်" လို့ပြောသတဲ့ ...။
သူတို့ပြောနေကြတာကို အနားမှာရှိတဲ့ ဆိတ်က နားထောင်နေသတဲ့..။
ပြီးတော့ ဆရာဝန်နဲ့ လယ်သမားဟာ မြင်းကို ပထမနေ့အတွက် ဆေးတိုက်ပြီး ထွက်သွားကြတယ် ...။

အဲဒီ့မှာ ဆိတ်က မြင်းရဲ့အနားကိုရောက်လာပြီး ...
"အားတင်းထားပါ .. သူငယ်ချင်း ...
ကြိုးစားထကြည့်စမ်းပါ ... ဒါမှမဟုတ်ရင် မင်းကို ထာဝရအိပ်သွားအောင် သူတို့လုပ်ကြလိမ့်မယ် ..."

ဒုတိယနေ့ရောက်လာပြန်ရော ...
လယ်သမားကြီး မြင်းကိုဆေးတိုက်ပြီးထားခဲ့တဲ့ အချိန်မှာ ဆိတ်ကပြန်ရောက်လာသတဲ့ ...။
"လာပါ သူငယ်ချင်း ... ထပါ ... ဒါမှ မဟုတ်ရင် မင်းသေသွားမှာကွ ... လာပါကွာ ... မင်းထနိုင်ဖို့ ငါကူညီမယ်
ကဲ စရအောင် ... တစ် .. နှစ် .. သုံး" ဆိုပြီး မြင်းကို ထနိုင်အောင် သူ့ခေါင်းနဲ့တိုးဝှေ့ပြီး လုပ်ပေးသတဲ့ ...။

တတိယနေ့လည်းရောက်ရော ... ထုံးစံအတိုင်းဆေးလာတိုက်ကြသတဲ့ ...။ ဆရာဝန်လည်းရောက်လာပြီး ဒီလို ပြောသတဲ့ ...။
"ကံမကောင်းဘူးဗျာ ...။ ခုချိန်အထိ မကောင်းသေးဘူး ...။ ဒီလိုပဲ ဆက်ဖြစ်နေမယ် ဆိုရင်တော့ ကျွန်တော်တို့ ဒီမြင်းကို နက်ဖြန် အဆုံးစီရင်ရလိမ့်မယ် ...။ ဒါမှမဟုတ်ရင် အနီးအနားတစ်ဝိုက်မှာ ရှိနေတဲ့ တခြားမြင်းတွေမှာ အဲဒီ့ဗိုင်းရပ်ပိုး ကူးစက် သွားနိုင်တယ် ...။ အဲဒါဆို ဒီနယ်တစ်ဝိုက်က မြင်းအားလုံးသေကုန်လိမ့်မယ် ..။ "

သူတို့လဲ ပြန်သွားရော ဆိတ်လေးဟာ သူ့သူငယ်ချင်းမြင်း အနားကို ထပ်ရောက်လာပြန်တယ် ...။
"နားထောင်ပါကွာ ... ဒီတစ်ကြိမ်မှ မထနိုင်ရင် ဘယ်တော့မှ ထနိုင်တော့မှာ မဟုတ်ဘူး .. လာပါ ... သတ္တိရှိပါ .. ကဲ .. လာ .. ထမယ်! ကြိုးစားထမယ်!
ဟုတ်ပြီ ... ဖြေးဖြေးချင်းထ ... တော်တယ် ... လာ ... တစ် .. နှစ် .. သုံး .. ဟုတ်ပြီကွ ... လမ်းလျှောက်ကြည့်မယ် ... ကောင်းတယ် .. ကောင်းတယ် ... နဲနဲလောက်မြန်မြန်လေးလျှောက်ကြည့် ... လာ .. မိုက်တယ်ဟေ့ ... နည်းနည်းလောက် ပြေးကြည့်ပါလား ... ပြေးမယ် ... အိုး .... ရပြီကွ ... ဟေးးးး ... ရပြီ ရပြီ မင်းလုပ်နိုင်သွားပြီ ... ဒါမှ ငါ့သူငယ်ချင်းကွ ... ချန်ပီယံကွ ...!!"

အဲဒီ့အချိန်မှာ သူတို့သခင်လယ်သမားကြီး ပြန်ရောက်လာသတဲ့ ... လယ်ကွင်းထဲမှာ သူ့မြင်း ပြေးနေတာကိုမြင်တော့ ... အံ့အားသင့်သွားပြီး အော်သတဲ့ ...
"ဟာား ... ထူးဆန်းလိုက်တာ ... အံ့သြဖို့ကောင်းလိုက်တာကွာ ... ငါ့မြင်းကောင်းသွားပြီ ... ငါ့မြင်းကောင်းသွားပြီကွ .... ဒီလိုမျိုးဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူး ... ငါတို့ ဒီည ကံကောင်းခြင်း အထိမ်းအမှတ် အဖြစ် ပါတီပွဲလုပ်မယ် ... ပါတီပေးဖို့ ဆိတ်ကိုသတ်မယ်ဟေ့ ...."

ဒီ story လေးကိုဖတ်ပြီး သူငယ်ချင်းတို့ဆီမှာ တွေးစရာ တစ်စုံတစ်ရာ ရသွားလိမ့်မယ်လို့ ထင်ပါတယ်ရှင်။

(အလင်္ကာမေကျော်)

အစာအိမ်ရောဂါ



၁။ အစာအိမ် ရောဂါ ဆိုတာ ဘာလဲ။

အစားအိမ်နှင့် အူသိမ် ဦးပိုင်းရှိ အတွင်းနံရံ အမြှေးပါးတွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါ နေရာများရှိ အမြှေးပါးများ ရောင်ရမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသော အစာမကြေခြင်း၊ ရင်ဘတ် အောင့်ခြင်း ရောဂါ ဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါ များက အစာအိမ် အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ် ရောဂါ ဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါပိုးကြောင့် အက်စစ်ဓာတ် လွန်ကဲကာ အစာအိမ်ရောဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံသုံးစွဲမှု ကြောင့်လည်း ဖြစ်ပွား တတ်ပါတယ်။

၂။ ရောဂါဖြစ်နိုင်ချေရှိပြီး အန္တရာယ်ရှိတဲ့ အုပ်စုက ဘယ်သူတွေလဲ။

လူတိုင်းမှာ အစာအိမ် ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ လူဦးရေရဲ့ ၁၀% အထိ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။

၃။ ဒီရောဂါ ဖြစ်မှန်း ဘယ်လိုသိမလဲ။

ဝမ်းဗိုက် အထက်ပိုင်း ရင်ညွန့် နေရာမှ အောင့်ခြင်း၊ တစ်ခါတစ်ရံ အစာအိမ် ပေါက်သွား ခြင်းကြောင့် ၀မ်းဗိုက် အထက်ပိုင်း အလွန် အမင်းအောင့်ခြင်း၊ အစာအိမ် အနားမှ သွေးယို စီးတဲ့အတွက် သွေးအန်ခြင်း၊ သွေးဝမ်း သွားခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ် ခံစားရပါတယ် အစာအိမ် နာရောဂါ ဖြစ်တာ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါ၊ အစာအိမ် ထွက်ပေါက် ကျဉ်းပြီး ပိတ်ဆို့ တတ်သောကြောင့် စားပြီးသော အစာများ မကြာခဏ ပြန်အန်ခြင်းတို့ ဖြစ်ပွား တတ်ပါတယ်။ အချို့သော သူများမှာ အစာအိမ် ကင်ဆာရောဂါ အဖြစ်နဲ့ လာတတ် ပါတယ်။ အစာအိမ် ရောဂါဖြစ်မှန်း သေချာအောင် သက်ဆိုင်ရာ ဆရာဝန်၏ အဆုံးအဖြတ် အစီအစဉ်ဖြင့် ဓာတ်မှန် ရိုက်ခြင်း၊ အစာအိမ် လမ်းကြောင်း မှန်ပြောင်းနှင့် ကြည့်ရှု လေ့လာခြင်း၊ H.pylori ပိုးရှိမရှိ မှန်ပြောင်းနှင့်ကြည့်ခြင်း၊ အစာအိမ်နာ ဖြစ်သောနေရာမှ အသားစ ယူကာ စစ်ဆေးခြင်း(သို့) အစာအိမ် မှန်ပြောင်း မကြည့်ဘဲ H.pylori ပိုးအတွက် ပဋိပစ္စည်းများ၊ ခုခံပစ္စည်းများ ထွက်နေခြင်း ရှိမရှိ သွေးကို ဓာတ်ခွဲစစ်ဆေးခြင်း အားဖြင့်လည်း သိရှိနိုင်ပါတယ်။

၎။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။

ဆိုဒါမှုန့် ဆေးဝါးနှင့် ခေတ္တခဏ ဝေဒနာ သက်သာ စေနိုင်ပါတယ်။ ATACID ဆေးပြားများ သောက်ခြင်းဖြင့် အတော်အတန် အစာအိမ်နာရောဂါကို ဖုံးကွယ် ပေးထား နိုင်ပါတယ်။ CIETIDINE,RANITIDINE စတဲ့ ဆေးများနှင့် အစာအိမ် အနာ အများအပြားကို အနာကျက် စေနိုင်ပါတယ်။ OMEPRAZOLE ဆေးနှင့် အစာအိမ်နာ များကို အလျင်အမြန် ပျောက်ကင်း စေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါများဟာ သဘာဝအလျောက် တစ်နှစ်အတွင်း ၈၀%မှာ ရောဂါ ပြန်ပေါ် တတ်ပါတယ်။ H.pylori ပိုးလုံးဝ ကင်းစင်နိုင် သောကုသမှု စတင်အသုံးပြုလာခဲ့တဲ့ ၁၉၈၀-၉၀ ပြည့်နှစ်နောက်ပိုင်းမှာ အစာအိမ်နာရောဂါကို လုံးဝ ပျောက်ကင်းအောင် စွမ်းဆောင် နိုင်ပြီဖြစ်ပါတယ်။

၅။ အစာအိမ်ရောဂါဖြစ်နေတယ်လို့ သိရင်ဘာလုပ်ရမလဲ။

သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပြီး လိုအပ်သော စမ်းသပ် စစ်ဆေးမှုများ၊ ကုသမှုများ ခံယူရပါမယ်။

၆။ အများပြည်သူအား မှာကြားချင်သော အဓိကအကြံပေးချက်။

အစာအိမ်နာ ရောဂါဟာ ယခု ၂၁ ရာစုနှစ်တွင် ဆေးဝါးနှင့် လုံးဝ ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါ တစ်ခုဖြစ်ကြောင်း ဆေးသိပ္ပံ ပညာရှင်များက လက်ခံ ထားကြပါပြီ။ သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသရန် လိုပါတယ်။ အကိုက်အခဲ ပျောက်ဆေးများ ကိုလည်း မိမိသဘောနှင့် မိမိ အလွန်အကျွံ သုံးစွဲခြင်းမှ ရှောင် ကြဉ် သင့်ပါကြောင်း မှာကြား ချင်ပါတယ်။
Like · · · 3237 · about an hour ago ·

အစ္စရေး ထုံး နှလုံးမူ၍



နှစ်နှစ်နီးပါးရှိလာပေမယ့် အခုချိန်ထိ ရခိုင်ပြဿနာဟာမငြိမ်းနိုင်သေးဘူး။ နောက်ထပ် နှစ်အနည်းငယ်
အတွင်းထိလည်း ဒီပြဿနာ အလွယ်တကူပြေလည်သွားစရာမရှိဘူး။ နောက်ဆုံးဖြစ်သွားခဲ့တဲ့ ပြဿနာမှာ ဒီဘက်က ရဲတစ်ယောက်သတ်ဖြတ်ခံလိုက်ရပေမယ့်လည်း ကမ္ဘာမှာ ရခိုင်ဗုဒ္ဓဘာသာတွေက ဘင်္ဂါလီ
မွတ်ဆလင်တွေကို သတ်ဖြတ်နေပါတယ်လို့ ပျံ့နှံ့သွားအောင် မီဒီယာအားကောင်းကောင်းနဲ့ ၀ါဒဖြန့်နိုင်ခဲ့တာကိုကြည့်ရင် စနစ်တကျပိုပြီးရှိလာတာ အန္တရာယ်ပိုကြီးလာတာကို မြင်နိုင်ပါတယ်။

မြန်မာနဲ့ ထိစပ်ပြီး လူဦးရေပေါက်ကွဲမှုဖြစ်နေတာ ၃နိုင်ငံရှိတယ်။ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်။ အဲလောက်လူဦးရေများတဲ့နိုင်ငံတွေနဲ့ ထိစပ်နေတာ ကမ္ဘာမှာ မြန်မာတစ်နိုင်ငံထဲပဲရှိတယ်။ အိန္ဒိယနဲ့ ထိစပ်တယ်ဆိုပေမယ့် ထိစပ်နေတဲ့နေရာတွေက လူဦးရေကျဲပါးတဲ့အတွက် မြန်မာနိုင်ငံထဲထိ ၀င်လာစရာမလိုဘူး။ အဲလိုပဲ တရုတ်အနေနဲ့ကလည်း စီးပွားရေးအရ၊ လူနေမှုအရ ပိုဆိုးသွားဖို့ရှိတဲ့ မြန်မာနိုင်ငံထဲကိုဝင်လာဖို့မရှိဘူး (သူတို့ဆီမှာက သတို့သမီးလိုအပ်တဲ့ပြဿနာက ပိုအရေးကြီးနေတာ)။ အဲဒီတော့ မြန်မာနိုင်ငံထက် ၃ဆလောက်သေးပြီး လူဦးရေအရ ၃ဆလောက်ပိုများနေတဲ့ ရေမြေမကောင်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေသာ ဒီလူတွေဝင်လာနိုင်ချေရှိတယ်။

နှစ်နိုင်ငံ လူဝင်မှုပြဿနာပေမယ့် ဘင်္ဂလားဒေ့ရှ်ကတော့ ဒီလူတွေကို လုံးဝပြန်လက်ခံမှာမဟုတ်ဘူးလို့ အတိအလင်းပြောထားပြီးဆိုတော့ ဒီလူတွေရဲ့တာဝန်က မြန်မာနိုင်ငံမှာပဲ အလုံးစုံကျလာတယ်။ ဒီလိုပဲ တခြားတတိယနိုင်ငံတွေအနေနဲ့ကလည်း ဒီသိန်းနဲ့ချီတဲ့ဒုက္ခသည်တွေကို လက်ခံဖို့က မဖြစ်နိုင်ပြန်ဘူး။ နောက်ထပ်တစ်ချက်က ဘင်္ဂလားဒေ့ရှ်ဟာ အစွန်းရောက်ဆန်တဲ့ အစ္စလာမ်မစ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် အစ္စလာမ်မစ်အစွန်းရောက်တွေကို နိုင်ငံထဲခေါ်သွင်း
သလိုဖြစ်နေမှာကိုလည်း တတိယနိုင်ငံတွေကကြောက်နေရတယ်။ နောက်ဆုံး မကောင်းကျောင်းပို့ဆိုတဲ့အတိုင်း လက်ရှိမြန်မာနိုင်ငံထဲကိုပဲ အတင်းသွင်းနိုင်အောင် ၀ိုင်းလှော်ရရော။ ဒီဘက်ကလည်း ထပ်လွတ်လာရင် သူတို့ဘက်မျှားဦးလှည့်လာတော့မှာကိုး။ အဲဒီတော့ ငါ့လက်ကလွတ်ရေး ဒို့အရေးနဲ့ ဆွမ်းကြီးလောင်းပွဲပေါ့။ အဲလို တတိယနိုင်ငံတွေကဆွမ်းလောင်းသလို အစ္စလာမ်မစ်နိုင်ငံတွေကကျပြန်တော့လည်း အစ္စလာမ်ဆိုတဲ့ဘာသာတူဖြစ်နေပြန်တော့ နည်းနည်းဖြစ်ရင် များများငိုတတ်တဲ့ ထုံးစံအတိုင်း သူတို့ဘက်ကလည်း အော်ကြပြန်ရော။

ဆိုတော့ ဘင်္ဂါလီပြဿနာနဲ့ပတ်သက်ရင် နိုင်ငံတကာက ထောက်ခံမှုရဖို့ကတော့ အတော်လေးခက်ခဲမယ့်အနေအထားမှာရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ ဖိအားတွေကို ဂရုမစိုက်ဘဲနေလို့လည်း ဘာမှမဖြစ်ပါဘူး။ မြန်မာနိုင်ငံလို စီးပွားရေးလုပ်ဖို့ အခွင့်အရေးအများကြီး
ရှိနေသေးတဲ့နိုင်ငံကို သူတို့အနေနဲ့ လက်လွှတ်နိုင်မှာမဟုတ်ဘူး။ ဘင်္ဂါလီကိစ္စနဲ့ပတ်သက်ရင် မြန်မာနိုင်ငံကို ဖိအားမှန်မှန်ပေးနေတာက ဗြိတိန်၊ အမေရိကန်၊ အစ္စလာမ်မစ်အဖွဲ့နဲ့ ကုလသမဂ္ဂပဲ။ ဗြိတိန်လို နန်းကျနိုင်ငံအနေနဲ့က ဘာမှသိသိသာသာလွှမ်းမိုးမှုမရှိနိုင်ဘူး။ အမေရိကန်အနေနဲ့လည်း တရုတ်ချိန်ခွင်လျှာကိုထိန်းဖို့က သူတို့အတွက်ပိုအရေးကြီးနေတယ်။ အဲလိုပဲ ကိုယ့်အကျိုးအမြတ်မရှိဘဲ တခြားနိုင်ငံတွေကလည်း သိပ်ဖိအားပေးနိုင်မှာမဟုတ်ဘူး။ အစ္စလာမ်မစ်နိုင်ငံတွေလောက်တော့ မှုစရာမရှိပါဘူး။ သဲကန္တာရထဲက အာရပ်ပတ်လည်ဝိုင်းနေတဲ့ အစ္စရေး၊ သူ့ထက်အဆပေါင်းများစွာ အင်အားကြီးတယ်ဆိုတဲ့ ပတ်ပတ်လည် အစ္စလာမ်မစ်နိုင်ငံတွေအကုန်လုံးကို နားရွက်တံတွေး
တက်ဆွတ်နေတာတောင် ဘာများလုပ်နိုင်လို့လဲ။ ခွေးအကြီးလှည်းနင်းသလို ဖြစ်နေပါရော။ ကျွန်တော်တို့ကို သိပ်ဖိအားပေးလာရင် ကျွန်တော်တို့လည်း အစ္စရေးထုံးနှလုံးမူရင် မူရမှာပဲလေ။

အကောင်းဆုံးကတော့ ဘင်္ဂါလီပြဿနာနဲ့ပတ်သက်ရင် အစိုးရအနေနဲ့ ပြည်တွင်းသတင်းမီဒီယာတွေနဲ့ အစွမ်းကုန်ပူးပေါင်းပါ။ ဘင်္ဂါလီပြဿနာကို ပြည်တွင်းမီဒီယာတွေရပ်တည်ချက်ကအစိုးရအတွက်
နိုင်ငံတကာသတင်းတွေကို တန်ပြန်ဖို့ အသုံးပြုနိုင်ပါလိမ့်မယ်။ ၂၀၁၄ သန်းခေါင်စာရင်း
ကလည်း နိုင်ငံသားပြဿနာကို အဖြေတစ်ချို့တစ်ဝက်ထွက်လာစေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်
မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ မြန်မာနိုင်ငံထဲမှာပဲ ရှိပါတယ်။ မှားနေတာတွေကို ရှင်းပြတာထက်စာရင် ဒီထက်ပိုလာတဲ့တောင်းဆိုဖိအားပေးမှုတွေအတွက် လိုက်လျောနေစရာ
အကြောင်းမရှိပါဘူး။

သူရိန်လှိုင်ဝင်း

နောင်တတရား ဆယ်ပါး


*****************
၁။ ငယ်စဉ်ကာလ ပညာမသင်ခဲ့မိ၍ ကြီးလာအခါ
မသင်ခဲ့ရကောင်းလားဟူ၍ နောင်တ ရတတ်ခြင်း။

၂။ စီးပွါးရှာနိုင်ဖွေနိုင်သည့်အရွယ်၌ ဥစ္စာမရှာခဲ့မိ၍
အိုကြီးအိုမ ဇရာဒုဗ္ဗလ ဖြစ်သည့်အချိန်၌ စားစရာမရှိ၊
ဝတ်စရာ မရှိဖြင့်နောင်တတဖန် ပူပန်ရတတ်ခြင်း။

၃။ လူနှစ်ယောက် ချစ်နေ၊ ခင်နေ၊ အဆင်ပြေနေကြသည်ကို ယင်းသူနှစ်ဦးအားအချစ်ပျက်စေရန် မိမိကိုယ်တိုင်ပြုလုပ်ခဲ့မိခြင်းဟူသော
နောင်တတဖန် ရတတ်ခြင်း။

၎။ သူတစ်ပါးအသက်ကို သတ်မိခဲ့ခြင်းဟူသော နောင်တရတတ်ခြင်း။

၅။ သူ့သားမယား ပြစ်မှားမိခဲ့ခြင်းဟူသော စိတ်ဆင်းရဲမှုနောင်တရတတ်ခြင်း။

၆။ လှူနိုင် တန်းနိုင်သည့်အချိန်၌ မလှူမိ၊ မတန်းမိခဲ့ရခြင်းဟူသော နောင်တ ရတတ်ခြင်း။

၇။ မွေးမြူ မိဘ၊ မပြုရ-ဟူသောအချက်၌ အဖေနှင့်အမေသက်ရှိထင်ရှားရှိသည့်အချိန်၌ မကျွေးမွေး၊ မပြုစုခဲ့မိ၍ အမေအဖေ မရှိတော့သည့်အချိန်၌နောင်တရတတ်ခြင်း။

ဤနောင်တသည် ကြီးရင့်ဇရာ၊ အိုသောခါ-အထိ မစောင့်ပါပေ။ အမေ နှင့် အဖေ သေပြီးသည်နှင့်တစ်ပြိုင်နက် ရတတ်သောနောင်တဖြစ်၏။

၈။ လူကြီးသူမတို့၏ ပြောဆိုဆုံးမခဲ့သောစကားကို နားမထောင်ခဲ့မိ၍ ဒုက္ခရောက်သည့်အချိန်၌ နောင်တရတတ်ခြင်း။

၉။ ကိုယ်သိလိုသောအကြောင်းအရာတို့ကို ပညာရှိတို့အားမေးမြန်းရပါမည်။ မေးပြီးနောက် မှတ်သားထားရပါမည်။ မမေးမိ၊ မမှတ်သားမိ၊ မနာခံမိလျင် အကြောင်းအရာတို့အား မသိနိုင်ပါပေ။ မသိနားမလည်တဲ့သောကြောင့် မရှိတာထက် မသိတာခက်ဖြစ်ပြီး မမေးခဲ့မိလေသော နောင်တရတတ်ခြင်း။

၁၀။ အမြတ်မကျင့်-လူ့ဘ၀သက်တမ်းတစ်လျောက်၌
မိမိပြုလုပ်ခဲ့သော ကိစ္စအရပ်ရပ်တို့အား စာရင်းချုပ်သောအခါ အကောင်း၊ အဆိုး၊ အယုတ်၊ အမြတ် နှစ်မျိုးသာရှိ၏။ကောင်းသောအလုပ်နှင့် မြတ်သောအလုပ်ကို မလုပ်ခဲ့မိ၍ ဆိုးသောအလုပ်နှင့်ယုတ်ညံ့သောအလုပ်တို့ကို သာလုပ်ခဲ့မိနေသည်ဟူသော
နောင်တတစ်ဖန်ရတတ်ခြင်း။

သို့ဖြစ်ပါ၍…. ကြီးရင့်ဇရာ အိုသောခါ၌ ပူဆာနောင်တ မဖြစ်ကြစေရန် မိမိတို့၏လက်ရှိအချိန်ကို ကောင်းစွာအသုံးချ၍ နောင်တတရားကင်းဝေးသော ဘ၀ကိုရယူနိုင်ပါစေ…ဟူသောဆန္ဒဖြင့် နောင်တ(၁၀)ပါးအားတင်ပြလိုက်ရပါသည်။

ဇနသန္ဓမင်း၊ ဒွါသနိပါတ်ဇာတ်ဝတ္ထု
မဃဒေလင်္ကာ ၊ ပုတ္တောဝါဒခန်း
( မြန်မာဗုဒ္ဓဘာသာစကားဝိုင်းမှ)

ကောသလမင်းအိပ်မက်(၁၆)ချက်



  • ----------------------

    မိဘုရားကြီး တိုက်တွန်းချက်အရ ကောသလမင်းကြီး သွားရောက် လျှောက်ထား၍
    မြတ်စွာဘုရားသည် အစဉ်အတိုင်း ဖြေကြား နှစ်သိမ့်တော်မူ၏။

    (၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌
    ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟုမြင်မက်ပါသည်။
    နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည်
    ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ
    ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း
    ဖြစ်လတ္တံ့။

    (၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
    နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား
    မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင်
    အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

    (၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို
    စို့သည်ဟု မြင်မက်ပါသည်။
    နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊
    ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး
    သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ
    အသက်မွေးရကုန်လတ္တံ့။

    (၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍
    နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍
    လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
    နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော
    သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊
    ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ
    အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ
    လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။
    လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍
    နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ
    တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

    (၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို
    ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
    နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည်
    နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို
    မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

    (၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန်
    ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
    နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည်
    အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ
    ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ
    မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍
    အသက်မွေး ကြကုန်လတ္တံ့။

    (၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌
    ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား
    မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
    နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌
    လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ
    စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌
    လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌
    လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင်
    ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည်
    ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

    (၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို
    မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး
    အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍
    ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော
    အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို
    မြင်မက်ပါသည်။
    နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊
    သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ
    မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ
    လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ
    ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ
    တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

    (၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍
    ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ
    သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
    နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊
    တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ်
    ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော
    အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ
    လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက်
    မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည်
    ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌
    တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

    (၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊
    အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
    နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ
    အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍
    ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင်
    ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

    (၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့်
    ရောင်းစားသည်ကို မြင်မက်ပါသည်။
    နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို
    မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း
    ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊
    အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန်
    အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊
    တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍
    တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့
    ဖြစ်ကုန်လတ္တံ့။

    (၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
    နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ
    ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ်
    အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍
    တည်ကုန်လတ္တံ့။

    (၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
    နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော
    သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့
    နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

    (၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
    နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့
    လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။
    အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော
    အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား
    ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

    (၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့်
    တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
    နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး
    စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ
    တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား
    တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး
    ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့
    ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန်
    လတ္တံ့။

    (၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက်
    ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကိုမြင်မက်ပါသည်။
    နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ
    ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ်
    သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက်
    အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့
    လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင်
    တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက်
    အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့်
    စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍
    အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည်
    အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင်
    ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း
    တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း
    ကြကုန်လတ္တံ့။

    အမျိုးသားပညာဝန် ဦးဖိုးကျား၏

လင်ကျင့်ဝတ်


။။။။။။။။။။။။။။။။။
မထီမဲ့ကင်း(ကိုယ့်မယားကို အနိုင်မကျင့်ရဘူး)။
အပ်နှင်းဥစ္စာ(စုဆောင်းတတ်တဲ့ မိန်းမတွေကို ငွေအပ်ပါ)။
မိစ္ဆာမမှား(နောက်မီးမလင်းရဘူး)။
ဝတ်စားဆင်ယင်(ကိုယ့်မိန်းမကိုယ် အ၀တ်အစားဆင်ယင်ပေးရတယ်)။
မြတ်နိုးကြင်(ဇနီးလိုတစ်မျိုး၊ ညီမလိုတစ်မျိုး မရိုးအောင် ချစ်တတ်ရတယ်)။
ငါးအင်လင်ကျင့်ရာ။

မယားကျင့်ဝတ်
။။။။။။။။။။။

အိမ်တွင်းမှုလုပ်(အိမ်မှုကိစ္စနိုင်နင်းရတယ်၊ ခြေဆုံးခေါင်းဆုံးသနပ်ခါးလိမ်းပြီး
အတင်းတုတ်နေလို့ မရဘူး)။
သိမ်းထုပ်သေချာ(လင်ယောက်ျားအပ်နှံတဲ့စ္စည်းတွေကို အလကား သုံးဖြုန်းမပစ်ရဘူး)။
မိစ္ဆာကြဉ်ရှောင်(တခြားယောက်ျားတွေနဲ့ ဟိုဒင်း မလုပ်ရဘူး)။
လျှော်အောင်ဖြန့်ချိ(ယောက်ျားရဲ့ ဆွေမျိုး၊ ကိုယ့်ဆွေမျိုး မျှမျှတတ ပေးရကမ်းရတယ်)။
ပျင်းရိမမူ(မိန်းမပျင်းတော့ ခြေဆင်း၊ အတင်းပြော သန်းရှာနေလို့ မရဘူး)။
ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

မှတ်ချက်။ ။ ခရစ်ယာန်လင်မယား၊ မွတ်စလင် လင်မယားတွေလည်း
ကျင့်သုံးလို့ ရတယ်။
Like ·

ချစ်သူတွေ ကျော်ဖြတ်ရတဲ့ အဆင့် ( ၇ ) ဆင့်



အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့် *

ဒါကတော့
ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။
ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။

အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်* *

ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။
ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းက
ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။

အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့် ** *

ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ
နည်းနည်းစလာပြီ။
ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့
ပြီးသွားတာလေးတွေပါပဲ။

အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်* ** *

ဒီအဆင့်မှာက
တစ်ယောက်နဲ့တစ်ယောက်
အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။ ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။ အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။

အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့် ** ** *

ဒီအဆင့်ရောက်ရင်တော့ အခြေအနေေ
တ်ာတော်လေးကောင်းလာပြီ။ ပြီးတော့ တော်တော်များများကိုလည်း ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။
ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။

အဆင့် ၆။ ဂြိုလ်ဆိုးဝင်တဲ့  အဆင့် ** ** **

ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံေ တွစလာပြီ။ နည်းနည်းလေးမတွေ့ရလိုက်တာနဲ့ ဘေးလူတွေကပြောတဲ့  ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီး ရန်တွေအကြီးအကျယ်ဖြစ်ပြီ။ ဒီအဆင့်မှာ တတိယလူဝင်လာတာတွေရော၊ မိဘရဲ့ နှောင့်ယှက်မှုတွေရော၊ သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။
အခန့်မသင့်တာနဲ့
လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။

အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့် *******

ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့်
ရောက်သွားပြီလို့ပြောရမလားပဲ။ ဒီအဆင့်ရောက်လာပြီဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့အချစ်က
တည်ငြိမ်သွားပြီ၊ ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။ ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။

ကဲ အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင်
ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို
သတိထားပြီး
ချစ်သူနဲ့ အတူတူ
လက်တွဲကျော်ဖြတ်နိုင်အောင်
ကြိုးစားပေါ့။

ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘ၀လေးကို ရောက်အောင်သွားနိုင်ကြပါစေ။
ဲုပြသာနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။
ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူ
အချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်
ထားနိုင်သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ

★ စစ်တကောင်း တောင်တန်းဒေသမှာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ မွတ်ကုလားယုတ်တွေ

★ မျိုးချစ် မြန်မာ့တပ်မတော်က စစ်စခန်း ၄ ခု နယ်စပ်တွင် တည်ဆောက်နေလို့ ဘီဂျီဘီ တာဝန်ရှိသူများမှ မြန်မာအစိုးရ အနေဖြင့် ထိုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် နီးကပ်စွာ စစ်စခန်းများ တည်ဆောက်ရန် အခွင့်အရေး မရှိကြောင်း၊ နတ်ကျော်ဆရီ အခြေစိုက် အမှတ် ၃၁ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး Lt Col Md Shafiqur Rahman က ပြင်းထန်စွာကန့်ကွက်ကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာတွေမှာ ဖေါ်ပြနေတယ်အ။

★ အဲ့ဒီ ဘင်္ဂလီ မွတ်ကုလားဆုပ်ကို ၂၀၁၃ ဇူလိုင်လက အိန္ဒိယ-ဘင်္ဂလားဒက်ရှ် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးမှာ အိန္ဒိယ ထောက်လှမ်းရေးတွေပြောထားတဲ့

  စစ်စခန်းအသစ်များ ဖွင့်ထားတဲ့ကိစ္စ အရင်ရှင်းလိုက်ပါလို့ အကြောင်းပြန်လိုက်

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

• ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ မွတ်ကုလားယုတ် အကြမ်းဖက်စခန်းတွေ မြန်မာနိုင်ငံနဲ့ နယ်စပ်နေရာ စစ်တကောင်း တောင်တန်းဒေသမှာ ရှိနိုင်ကြောင်း အိန္ဒိယအစိုးရမှ ဘင်္ဂလားဒက်ရှ်အစိုးရကို သတိပေးလိုက်ပါတယ်။

• ထောက်လှမ်းရေး သတင်းဖယ်မှုအရ အခုလိုအကြောင်းကြားလိုက်တာပါ။ မြေပေါ်ရ သတင်းအချက်အလက် အမျိုးအစား ဖြစ်တယ်။

• အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနကနေ ပါကစ္စတန်အခြေစိုက် Lashker-e-Taiba (LeT) အဖွဲ့ နဲ့ဆက်နေတာဖြစ်ပြီး ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ မွတ်ကုလားယုတ်တွေအတွက် လက်စားချေဘို့လို့ ယူဆကြောင်း ပြောလိုက်ပါတယ်။

• မကြာသေးခင်က လုပ်ခဲ့တဲ့ အိန္ဒိယ-ဘင်္ဂလားဒက်ရှ် ပြည်ထဲရေးဝန်ကြီးဌာနတွေအစည်းအဝေးမှာ LeT/Jamaat-ud-Dawah (JuD) တို့ပူးတွဲပြီး ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ မွတ်ကုလားယုတ်များအရေးကို အခွင့်ကောင်းယူပြီး ဘင်္ဂလားဒက်ရှ်-မြန်မာ နယ်စပ်မှာ ရှေ့တန်း စခန်းသစ် ဖွင့်မယ်လို့ အသိပေးလိုက်တာဖြစ်ပါတယ်။

• အဲ့ဒီနေရာဟာ သူပုန်ထူထပ်ရာ အိန္ဒိယ အရှေ့မြောက်ဒေသနဲ့လဲ နီးပါတယ်။

• အိန္ဒိယ ပြည်ထဲရေးအတွင်းဝန် Anil Goswami ကနေ လွန်ခဲ့တဲ့ ၆-၇ လ ကတည်းကနေ ဒီလှို့ဝှက်လုပ်ငန်းတွေ ရှိနေခဲ့တယ်လို့ ပြောလိုက်တာပါ။

• LeT နဲ့ Jaish ကွန်မင်ဒါတွေကနေ ဒေသခံ Jamaat-ul-Mujahideen Bangladesh (JMB) အကူအညီနဲ့ စစ်သင်တန်းတွေ ပေးနေတာလို့လဲ ဆိုပါတယ်။

• (JMB) အဖွဲ့ဟာ NGO လိုဖွဲ့ထားတဲ့ Rohingya Solidarity Organisation (RSO) နဲ့ ဆက်နေတာလဲဖြစ်ပါတယ်။ လက်နက်ကိုက်တွယ် ပစ်ခတ်၊ ဖြုတ်တပ်နည်းနဲ့ ဗုံးလုပ်နည်း-ဗုံခွဲနည်းတွေကို သင်ပေးနေပါတယ်။

• Lashker/JuD အဖွဲ့ကae ၂ဝ၁၂ နှစ်လည်က အဖွဲ့သစ်တခုဖြစ်တဲ့ Difa-e-Musalman Arakan (Burma) Conference (Defence of Muslims in Myanmar) ကို ဖွဲ့ခဲ့ပါတယ်။ မြန်မာအစိုးရဆန့်ကျင်ရေး ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ မွတ်ကုလားယုတ်အဖွဲ့ ဖြစ်ပါတယ်။

• JuD ပြောရေးဆိုခွင့်ရှိသူ Nadeem Awan နဲ့ JuD ထုတ်ဝေဖြန့်ချိရေးအဖွဲ့ဝင် Shahid Mahmood Rehmatullah တို့ကို သြဂုတ်လထဲမှာ လှို့ဝှက်ပြီး ဘင်္ဂလားဒက်ရှ်နဲ့ မြန်မာနိုင်ငံက အလားတူအကြံတူအဖွဲ့တွေနဲ့ ဆက်သွယ်ဘို့ တာဝန်ပေးခဲ့ပါတယ်။

• အကြမ်းဖက်အဖွဲ့တွေဖြစ်ကြတဲ့ Harkat-ul-Jihadi Islami, Jaish-e-Mohammed နဲ့ JMB တို့ဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ မွတ်ကုလားယုတ်များ အကျိုးစီးပွါးအတွက် ဘင်္ဂလားဒက်ရှ်မှာ စခန်းသစ်တည်နေကြပါတယ်။

• အဖွဲ့သစ် Jammat-ul-Arakan ထဲမှာ JMB နဲ့ အစွန်းရောက် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ မွတ်ကုလားယုတ်တွေ ပါဝင်နေပါတယ်။

“အမျိုးစောင့်ဥပဒေကို လွှတ်တော်တင်ရန် ဒေါ်ခင်ဝိုင်းကြည်ကို တာဝန်ပေးထားတယ်”


^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဓမ္မကထိကဆရာတော် ဦးဝီရသူကို မွန်းတည့်နေဂျာနယ်တွင် ရေးသားခဲ့မှုအပေါ် လျှောက်ထားမေးမြန်းခွင့် ရခဲ့ပြီး အမျိုးစောင့်ဥပဒေကို လွှတ်တော်သို့တင်သွင်းမည့် အစီအစည်များကို မေးမြန်းလျှောက်ထားခွင့် ရခဲ့ပါ သည်။
မေး= အရှင်ဘုရားတို့အနေနဲ့ အမျိုးစောင့်ဥပဒေကို လွှတ်တော်ကိုတင်သွင်းဖို့အတွက် မြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိအားပေးသွားမယ်လို့ ကြားသိရပါတယ်ဆရာတော်။ အဲဒီကိစ္စကို မိန့်ကြား ပေးပါ။
ဖြေ= အမျိုးစောင့်ဥပဒေကို လွှတ်တော်ကိုတင်သွင်းဖို့အတွက် NDF ပါတီက အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်ကို တာဝန်ပေးထားပါတယ်။ ဒကာမကြီးက သဘာပတိအဖြစ် ဆွေးနွေးမယ်၊ ပြီးရင် ဥပဒေကြမ်းရေးဆွဲတဲ့ ပညာရှင်တွေနဲ့ ညှိမယ်။ အကောင်းဆုံးဖြစ်အောင် အချောပြင်မယ်။ ပြီးမှ လွှတ်တော်ကို တင်သွင်းမယ်။ တင်သွင်းတဲ့အခါမှာလည်း အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ ဖိအားတောင် ပေးစရာ မလိုဘူး လို့ထင်ပါတယ်။
မေး= အရှင်ဘုရားတို့ ၉၆၉ အဖွဲ့အစည်းအနေနဲ့ မြို့နယ်တွေမှာ ဘယ်လိုဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလဲ ဆရာတော်။
ဖြေ= မြို့နယ်တွေမှာ ဘာလှုပ်ရှားမှု ဘာမှ မလုပ်ပါဘူး။ အင်းစိန်ဗဟိုက စီမံတာကိုစောင့်နေကြတယ်။ အင်းစိန် ဗဟိုက နောက်တစ်ကြိမ်တင်ပြဖို့အတွက် လက်မှတ်တွေ ကောက်ကြပါဆိုရင် ထပ်မံကောက်ယူဖို့ အဆင်သင့် ရှိတယ်။ တစ်ကြိမ်ထက် တစ်ကြိမ် မအောင်မြင်မချင်း ကြိုးစားသွားမှာ ဖြစ်ပါတယ်။
မေး= ဦးဇင်းအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်လက်ဆောင်ရွက်ဖို့ ဘယ်လိုအစီအစဉ်ရှိပါသလဲ ဆရာတော်။
ဖြေ= ဦးဇင်းတို့အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်မြို့မှာမှ အဓိကရုဏ်းတွေမဖြစ်ရအောင် မြို့တိုင်း မြို့တိုင်းကို ကမ်းလှမ်းထားပါတယ်။ မြို့တိုင်း မြို့တိုင်းမှာ ဆွေးနွေးဖို့ အစီအစဉ်တွေ ရှိပါတယ်။
မေး= အရှင်ဘုရားကို မွန်းတည့်နေက ရေးသားဖော်ပြမှုအပေါ်ကို အရှင်ဘုရားအနေနဲ့ မိန့်ကြားစရာရှိပါသေး လား ဆရာတော်။
ဖြေ= ဦးဇင်းအနေနဲ့ မွန်းတည့်နေဂျာနယ်ကို ပြောချင်တာက အထောက်အထားတွေ ခိုင်ခိုင်လုံလုံနဲ့ ရေးသင့် တယ်။ အထောက်အထား မခိုင်လုံဘဲနဲ့ ပုဂ္ဂိုလ်စွဲနဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အမုန်းတရားနဲ့ပဲဖြစ်ဖြစ် အဲဒီလို ရေးလိုက်တဲ့ မိမိဟာ မီဒီယာအတတ်ပညာနဲ့ နိုင်ငံသူ၊ နိုင်ငံသား တိုင်းသူပြည်သားတွေကို အလုပ်အကျွေးပြုရာ မရောက်တော့ဘဲနဲ့ မီဒီယာကို လက်နက်အဖြစ် အသုံးချပြီးတော့ တစ်စုံ တစ်ရာကို ထိခိုက်နစ်နာအောင် တိုက်ခိုက်ရာ ရောက်တယ်။ မီဒီယာရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို စောင့်စည်းဖို့ကို ဦးဇင်းအနေနဲ့ သတိပေးချင် ပါတယ်။
မေး= အင်တာနက် ဖေ့စ်ဘွစ်ခ် စာမျက်နှာတွေပေါ်မှာ သီတဂူဆရာတော်ဘုရားကြီးက ပြန်လည်ရှင်းခိုင်းတယ် လို့သိရပါတယ်ဘုရား။ အဲဒီကိစ္စကို မိန့်ပေးပါဦးဆရာတော်။
ဖြေ= ဟုတ်ပါတယ်။ ဒီကိစ္စဖြစ်လာတဲ့အခါ ဆရာတော်ဘုရားကြီးက ဦးဇင်းကို တာဝန်ပေးပါတယ်။ ဦးဇင်းတို့ ညီလာခံဖြစ်မြောက်ရေးကော်မတီကော၊ ညီလာခံမှာ တာဝန်ရှိသူတွေရော၊ ဦးဇင်းတို့ တရားဝင် ရှင်းပြီးသွားပါပြီ ဦးဇင်းတို့အနေနဲ့ နီးစပ်ရာ ဂျာနယ်ထဲမှာလည်း ကြေညာချက်ထည့်သလို၊ ဦးဇင်းရဲ့ အင်တာနက် ဖေ့စ်ဘွစ်ခ် ကလည်း တရားဝင် ထုတ်ပြန်ထားပါတယ်။
မေး= တပည့်တော်မေးခဲ့တဲ့ မေးခွန်းတွေအပေါ် အရှင်ဘုရားအနေနဲ့ ထပ်မံတစ်စုံတရာ ဖြည့်စွက်မိန့်ကြားစရာ ရှိပါသေးလားဆရာတော်။
ဖြေ= ဒီပြင်ကိစ္စတွေကိုတော့ ပြောစရာမရှိပါဘူး။ အားလုံးဟာ လူသားတွေပါ။ လူသားတိုင်း လူအသိရှိကြဖို့ အတွက်ကို တိုက်တွန်းချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ဘုရား။ (မျိုးကျော်)။
Like ·

.. နှုတ်ထွက်ကြမ်းသော အမ္ဗပါလိ၏ ဘ၀ကံကြမ္မာ ..."

".
-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
အမ္ဗပါလိသည် ဝေသာလီပြည်၌ အလှဂုဏ်တို့ဖြင့် ထင်ရှားကျော်ကြားသော ပြည့်တန်ဆာမ တစ်ဦး ဖြစ်ခဲ့သည်။

သူမသည်သိခီဘုရားရှင်လက်ထက်၌ ရဟန်းမပြုခဲ့ပြီး မိခင်ဝမ်း၌ ပဋိသန္ဓေနေရသည်ကို စက်ဆုပ်သဖြင့် ဥပပတ်ပဋိ သန္ဓေနေရန် ဆုတောင်းခဲ့သော ကုသိုလ်ကြောင့် ယခုဂေါတမဘုရားရှင် လက်ထက်ဝယ် ဝေသာလီပြည် မင်းဥယျာဉ်အတွင်းရှိ သရက်ပင် ခွကြား၌ ဥပပါတ်ပဋိသန္ဓေ ( ခန္ဓာကိုယ် အထင်အရှားဖြင့်) လူဖြစ်လာသူဖြစ်သည်။သူမသည် ဖုဿဘုရားရှင် လက်ထက်က ဘုရားရှင်၏နှမတော်ခဲ့သူဖြစ်ပြီး ရုပ်အဆင်းလှပစေရန် ဆုတောင်းခဲ့သောကြောင့် ယခုဘ၀တွင် တုနှိုင်းမမှီ အလှရှင်ဖြစ်ခဲ့ရသည်။

သရက်ပင် ခွကြားတွင်လူဖြစ်ခဲ့ရသောကြောင့် အမ္ဗပါလိ ဟု အမည်တွင်ခဲ့သည်။

အမ္ဗပါလိ၏ အလှသည် အလွန်ကြည့်မ၀ ရှုမ၀ဖြစ်ခဲ့ရ၍ ဝေသာလီရှိ လိစ္ဆ၀ီမင်းသားတို့ သူရထိုက်သည်ငါရထိုက်သည် အငြင်းအခုံဖြစ်ကြလေသည်။ ထိုအခါဝေသာလီခေါင်းဆောင် တို့က ထိုငြင်းခုံ ခိုက်ရန်ငြိမ်းအေးစေရန် အမ္ဗပါလိသည် မင်းသားအားလုံးတို့နှင့်
ဆိုင်စေဟု အမိန့်ချကာ အများဆိုင်ပြည်တန်ဆာမ ပြုလုပ်စေသည်။

သူမနှင့်တစ်ခါသွားပျော်ပါးလိုပါက အသပြာငါးဆယ်ပေး၍ သွားလာရန်လည်း သတ်မှတ်ထားသည်။အမ္ဗပါလိသည်ရာဇဂြိုလ်ပြည် ဘုရင်ဗိမ္ဗိသာရမင်းသားနှင့် တိတ်တိတ်ပုန်းချစ်ကြိုက်ခဲ့၍ သားတော်တစ်ယောက်မွေးဖွားခဲ့သည်။

ထိုသားတော်လည်း နောင်အခါ ဘုရားသာသနာ၌ ၀ိမလကောဏ္ဍည မထေရ်ဟု ထင်ရှားခဲ့သည်။ အမ္ဗပါလိသည် ပြည်တန်ဆာ အဖြစ်နေလာခဲ့ရာမှ အသက်အရွယ် အိုမင်းလာသော် ဘုရားရှင်နှင့် ဖူးတွေ့ရပြီး ဘုရားရှင်ကိုဆွမ်းကျွေးကာ တရားနာခဲ့သည်။ မိမိဥယျာဉ်၌ လည်းကျောင်းဆောက်၍ ဘုရားအမှူးရှိသော သံဃာကိုလှူဒါန်းသည်။ မိမိ၏သားတော် အရှင်ကောဏ္ဍည မထေရ်ထံမှ တရားနာပြီး ရဟန်းမ ပြုခဲ့သည်။

သူမသည် အိုမင်းလာသော မိမိခန္ဓာကိုယ်ကိုယှဉ်ကြည့်၍ ၀ိပဿနာတရား အားထုတ်ရာမကြာခင် ဆဠာဘိညာ ပဋိသမ္ဘိဒါပတ္တရ ဟန္တာမ ဖြစ်ရလေသည်။ သူမသည် ရဟန္တာမ ဖြစ်ပြီးနောက် မိမိဘ၀ပြည့်တန်ဆာမ ဖြစ်ရသည့် အကုသိုလ်အပြစ်ကို ပြန်လည် မိန့်ကြားခဲ့သည်။

သိခီဘုရားရှင်လက်ထက်ကဖြစ်သည်။ အမျိုးကောင်းသမီးတစ်ဦးသည် သာသနာ့ဘောင် ၀င်ရောက်ကာ ရဟန်းမပြုခဲ့သည်။ ထိုရဟန်းမသည် တစ်နေ့တွင် အဖော် ရဟန်းမများနှင့်အတူ စေတီကိုရှိခိုး၍ လက်ယာရစ် လှည့်လည် ပူဇော်စဉ်ရှေ့ဆုံးမှ သွားနှင့်သော ရဟန္တာထေရီမ တစ်ပါးသည် နှာချေသဖြင့် နှာရေပေါက်သည်စေတီရင်ပြင်ပေါ်၌ အမှတ်တမဲ့ ကျသွားလေသည်။

ထိုနှာရေပေါက်ကိုမြင်လျှင် ရဟန်းမသည် ဒေါသဖြစ်လျှက် ``ဘယ်ကပြည်တန်ဆာမ ဒီမှာတံတွေးထွေးခဲ့ပါသလဲ``ဟုဆဲရေးတိုင်းထွာခဲ့သည်။

ဤနှုတ်ထွက်ကြမ်းသော စကားကြောင့် သူမသည် ငရဲ၌နှစ်ပေါင်း များစွာကျင်လည် ခဲ့ရပြီး ငရဲမှ လွတ်ပြီးနောက် ဘ၀ပေါင်း တစ်သောင်းတိုင်တိုင် ပြည့်တန်ဆာမ ဖြစ်ခဲ့ရသည်။
ယခုနောက်ဆုံး ဘ၀၀ယ် ထိုအကုသိုလ်ကံ ၀ဋ်ကျွေးက လိုက်လာပြီး ပြည့်တန်ဆာမ ဖြစ်ခဲ့ ရပြန်သည်။ ဆဠဘိညာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာမလောင်းကြီး ပင်လျှင်တစ်ချက်မှားသော ၀စီနှုတ်ထွက်စကားကြောင့် ဤမျှဆိုးဝါးသော ပြည့်တန်ဆာမဘ၀သို့ ရောက်ခဲ့ရသည်။

နှုတ်ထွက်ဝစီကြမ်း ဘေးဘျမ်းများသည်ကို သတိပြုကြပါလော့။

တက္ကသိုလ်သျှင်သီရိ ( ဓမ္မာစရိယ၊ ဘီအေ )
( တစ်စက္ကန့်ဒေါသစကား ပေးဆပ်ရသည်ကအလွန်များစာအုပ်မှ )

— " ဓမ္မစာပေများ " မှ ကူးယူဖော်ပြပေးပါသည်
Like ·

Thursday, January 30, 2014

ဒါတွေလုပ်ရင် ကျောက်ကပ်ပျက်စီးမယ်။ ဒါကြောင့် ရှောင်ပါ။

================================== ၁။ ရေကို လုံလောက်စွာ မသောက်တဲ့အခါ၊ ရေသောက်နည်းတဲ့အခါ ၂။ အငံအများကြီးစားတဲ့အခါ ၃။ ဖြစ်တတ်တဲ့ ရောဂါ (ဖျားနာ၊ ချောင်းဆိုး) ကို လုံးဝပျောက်အောင်ထိ ဆေးမသောက်ပဲ၊ မကုသပဲ နေတဲ့အခါ ၄။ အသားအများကြီး စားတဲ့အခါ ၅။ အစာကို လုံလောက်မျှတအောင် မစားတဲ့အခါ ၆။ အကိုက်ခဲပျောက်ဆေးတွေ အလွန်အကျွံ သောက်တဲ့အခါ ၇။ အရက်အရမ်းသောက်တဲ့အခါ ၈။ လုံလောက်စွာ အနားမယူတဲ့အခါ အဲဒီလို အခါတွေမှာ သင့်ကျောက်ကပ်က ပျက်စီးမှုဖြစ်တတ်ပါတယ်.... Ref: အလင်းတန်းတို့ ဆုံမှတ် (မိတ်ဆွေများ ကျမ္မာသုတရစေဖို့ မျှဝေလိုက်ရပါတယ်) =============================== လွင်သန္တာစိုး မီဒီယာမှ စိတ်ဝင်စားဖွယ် အရေးကြီး သတင်းများ၊နည်းပညာ အသစ်များ၊အထွေထွေဗဟုသုတဖြစ် ဖွယ်စသည့် အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနေပါတယ်။ သတင်းအသစ်တင်တိုင်း သိရှိလိုပါက

“မုဒိတာရပ်ဝန်း”


^^^^^^^^^
ဝန်ထမ်းဘဝဖြင့် ပြည်သူကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်ခဲ့သော ရဲတပ်ကြပ်ကြီး ကိုအောင်ကျော်သိန်း အသက်(၃၉)နှစ်၏ ဇနီး မခင်အေးလွင်အတွက် ဦးဝီရသူမှ အလှူငွေ ငါးသိန်းကျပ် မတည်ထားပြီး အလှူငွေကောက်ခံနေရာ ရန်ကုန်မြို့နေ့ ထေရဝါဒကွန်ယက်မှ ဒေါ်ပေါ်ရွှေက ငါးသောင်းကျပ်လှူဒါန်း။
ယခုဆိုလျှင် စုစုပေါင်း (၆) သိန်းကျပ်ရရှိထားပြီဖြစ်သည်။
ဆက်သွယ်လှူဒါန်းလိုပါက
မောင်ဇော်မင်းထက်(ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်)=09.259004324 သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

သင်တန်း ဆရာမ အလိုရှိသည်



မဟာဇေယျုံ ကွန်ပျူတာ (အခမဲ့) သင်တန်းကျောင်းတွင် ကွန်ပျူတာပညာ သင်ကြားပေးနိုင်သော သင်တန်းဆရာမ အလိုရှိပါသည်။

အခြေခံ လစာ (၈၀၀၀၀ိ/) သတ်မှတ်ထားပြီး ( ညှိနှိုင်းနိုင် )

တပတ်လျှင် ပိတ်ရက် (၁) ရက် ထားရှိပေးမည်ဖြစ်ပြီး အချိန် ( ညှိနှိုင်းနိုင် )

မဟာဇေယျုံကျောင်းတိုက်၊ ရွှေတစ်ချောင်းလမ်း၊ ပြည်တက္ကသိုလ်အနီး၊ ပြည်မြို့။

ဆက်သွယ် စုံစမ်းရန် - 09-430 47862/ 09- 280 03527

မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ


ယထာပိ ဘမရော ပုပ္ဖံ၊ ၀ဏ္ဏဂန္ဓမဟေဌယံ။
ပလေတိ ရသမာဒါယ၊ ဧ၀ံ ဂါမေ မုနီ စရေ။

ပျားပိတုန်းသည်
ပန်းပွင့်ကိုလည်းကောင်း၊
အဆင်းအနံ့ကိုလည်းကောင်း
မပျက်စီးစေဘဲ
ပန်းဝတ်ရည်ကိုသာ စုပ်ယူပျံသွားသကဲ့သို့
ရွာ၌ ရဟန်းသည်
ပန်းတည်းဟူသော သဒ္ဓါတရားနှင့်
အဆင်းအနံ့ဟူသော စည်းစိမ်ဥစ္စာကို
မပျက်စီးစေဘဲ ကျင့်ရာ၏။

49. Just as the bee takes the nectar and leaves without damaging the color or scent of the flowers, so should a sage (the monk) wander through a village (without affecting faith and generosity of the villagers).

Wednesday, January 29, 2014

ချစ်သောညီမလေးသိပါစေ


======================
Reposted by ပျိုမေတို့သိစေဖို့


ချစ်သောညီမလေးသိပါစေ...........
လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်
စည်းတော့  မကျော်စေနဲ့ ပေါ့ .............
...
ပွင့်လင်းစွာ ပြောဆိုခွင့်  ရှိပါတယ်
မရိုင်းစေနဲ့ ပေါ့ ............


ပိုင်ဆိုင်ထားတဲ့  အလှ
လူတကာ မြင်အောင်ပြချင်နေရင်တော့ 
မိန်းကလေးတွေရဲ့ တန်ဖိုး
ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ ...
ခုခေတ်ကြီးမှာပေါ့ ကွယ်.............

သနပ်ခါးကို ဘယ်ညာလိမ်း
ထမိန်ကို ထိုင်မသိမ်း ၀တ်စရာမလိုဘူး

မိန်းကလေးတွေရဲ့ အလှ
ပေါ်အောင်ပြမှ...........
ဒီနေ့ ခေတ်မှာ အဆင်ပြေမယ်ထင်တဲ့ စိတ်
လွှင့်ပစ်နိုင်ပါစေ.....

စကပ်တို ပေါင်ခွဲ
ယဉ်ကျေးမှု့တွေ ရှောင်လွှဲလို့ 
ဒီမိုကရေစီ စကားလုံးနဲ့  အပြိုင်
မိန်းမတို့  သိက္ခာတွေ မယိုင်ပါစေနဲ့ ကွယ်..............

စောင့်ထိန်းရမဲ့  သိက္ခာ..
လိုက်နာရမဲ့ ကျင့်ဝတ်
ကိုယ်တွေ လက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ ရင်
သားကောင်းမိခင်စကားလုံး အဆင်ပြေပြေ သုံးနိုင်မထင်ဘူး............

တွေ့ မြင်တုန်းခဏ
ဟာ ဟင် ဆိုတဲ့  အာမေဍိတ်သံ ကြားမှာ
ဂုဏ်ယူချင်တဲ့  စိတ်.......
တိတ်တဆိတ် ပယ်ဖျောက်နိုင်ပါစေ...........

ကျားတို့  သဘာဝ
တပ်မက်စိတ်ကလွဲရင်
တန်ဖိုးထားတဲ့  စိတ်ထား.........
တပြားသားမှ မရတဲ့  အလှ
ဘာလို့ များ ရချင်နေတာပါလိမ့် ...........

ယောက်ျားလေး တစ်ယောက်
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်နေသေးရင်
အိမ်ပြေးစကားလုံးထက် ပိုမရဘူး.........

မိန်းကလေး တစ်ယောက်
ညနက်သန်းကောင်ထိ လမ်းပေါ်မှာရောက်ရင်
ညကြေးတွေ ခွဲ
မကောင်းတဲ့  မိန်းမပဲလို့  တမ်း စွပ်စွဲကျဖို့  များတယ်............

ယောက်ျားလေး တစ်ယောက်
ပေါ်အောင်ပြတဲ့  အလှ
ဝိတ်မ တဲ့ ကာလ
ပင်ပင်ပန်းပန်းလုပ်ရတဲ့  တဒင်္ဂပဲရှိတယ်...............

မိန်းကလေးတစ်ယောက်
ပေါ်အောင်ပြတဲ့  အလှ
SEXY ကျတယ်ဆိုတဲ့  စကားလုံး ထက်ပိုမရဘူး.......

ဒီတော့ ညီမလေးရယ်....
ဘယ်နေရာ ဘယ်ဒေသကို သွားသွား
ညီအကို မောင်နှမ မျက်နှာလေးတွေ တော့  ပတ်ဝန်းကျင်မှာထားခွင့် ပြုနိုင်ပါစေ..........

ပြောင်းလဲလာတဲ့  ခေတ်ယဉ်ကျေးမှု့အရ
ပေါ်အောင်ပြရမှ ကျေနပ်နိုင်မယ်ဆိုရင်လည်း
သေချာတာ တခု သတိပြုနိုင်ပါစေကွယ်..............
ပေါပေါ လောလော ရတဲ့  အလှ
ဘယ်သူမှ ထာဝရ တန်ဖိုးမထားဘူးဆိုတာကိုပေါ့ ..............

(ပုံရိပ်စစ်)

Photo credit = May Pyait (Cute myanmar girls)
Like ·

” အထူးဖိတ်ကြားလွှာ”

နယ်ဝေးကမို့ မလာနိုင်တာ ခွင့်လွှတ်ပါ။
============ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ရှေ့ဆက်မည့်အနာဂတ်တွင် ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေပါ ” ပုဒ်မ ( ၅၉ ) ” အား ပြင်ဆင်ခြင်း/ ဖျက်သိမ်းခြင်းဖြင့် အကျိုးမဲ့ကိုသာ ရင်ဆိုင်ရမည်ဟု မြန်မာပြည်သူ/သားများနည်းတူ နားလည်ခံစားမိပါသဖြင့် မြန်မာ့အမျိုးသားရေးနှင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် အစဉ်အမြဲရှေ့တန်းမှရပ်တည်နေမည့် မြန်မာ့အမျိုးသားရေးကွန်ယက်မှ ” အမျိုးသားရေးရှုထောင့်မှ ကာကွယ်စောင့်ရှောက်ရမည့် ပုဒ်မ ( ၅၉ ) ” ခေါင်းစဉ်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ( ၅၉ ) အား အစဉ်တည်မြဲစေလိုပါကြောင်း ဟောကြားမည့်အစီအစဉ်များအား အများပြည်သူရှေ့မှောက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် တက်ရောက်ဆန္ဒဖော်ထုတ်စေလိုပါကြောင်း လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ နေ့ရက်။ ။ (၂.၂.၂၀၁၄) တနင်္ဂနွေနေ့ အချိန် ။ ။ နေ့လည် ( ၁:၀၀)နာရီမှ ညနေ ( ၅:၀၀)နာရီအထိ နေရာ ။ ။ ဗိုလ်စိန်မှန်အားကစားကွင်း၊ ဗဟန်းမြို့ ( Myanmar National Network ) ပုဒ်မ ( ၅၉ ) ကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။ ---------------------------------------------------- ၅၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် - (က) နိုင်ငံတော်နှင့် နိုင်ငံသားအပေါ် သစ္စာရှိသူဖြစ်ရမည်။ ( ခ )မိမိနှင့်မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။ ( ဂ ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံးအသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ ( ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရှိရမည်။ ( င ) သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်သူဖြစ်ရမည်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့်ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ်ထည့်သွင်းရေတွက်ရမည်။ ( စ ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး ( သို့မဟုတ် ) ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး ( သို့မဟုတ် ) ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းံတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်းခံစားရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။ (ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။ လင်း လက် ( Nay Zon Phyo ) 28/1/2014 Credit Photo >

မောင်တောမြို့ ဒုချီးရားတန်းကျေးရွာမှ ဖမ်းဆီးရမိသော တရားခံတစ်ဦး၏ ထွက်ဆိုချက်


-----*****-------

၂၀၁၄ ဇန် ၂၈

အဆိုပါအခင်းဖြစ်နေ့တွင် ကင်းလှည့်ရန် လာရောက်သော တကကအောင်ကျော်သိန်းနှင့်အဖွဲ့အား ရွာရှိ ဘင်္ဂလီ (၅၀)ဦးမှ ၀ိုင်းဝန်းပြီး တုတ်ဓါးအုတ်ခဲများဖြင့် ပစ်ပေါက် အကြမ်းဖက်ကြကြောင်း၊ ကင်းလှည့်အဖွဲ့ ပြန်လည် ဆုတ်ခွာစဉ်တွင် တကက အောင်ကျော်သိန်းမှ လမ်းမှာသွားကြောင်း၊ ကျန်လူများက ရွာလမ်းကြား များနှင့် နေအိမ်များကြားဖောက်ထွက်နိုင်ခဲ့ကြသော်လည်း

တကကအောင်ကျော်သိန်းမှ ရွာမြောက်ဘက် လယ်ကွင်းတွင် ဆောင်းသီးနှံများစိုက်ပျိုးထားသော ဟင်းခင်းမှ ဖြတ်ပြေးကြောင်း၊ ဟင်းခင်းတွင် အကာဖြစ် ပိုက်ကွန်များအား ၀ါးများစိုက်ထူကာရံထားရာ ထိုပိုက်ကွန်တွင် ငြိမိပြီး အဖမ်းခံရကြောင်း၊ တကကအောင်ကျော်သိန်းအား ဘင်္ဂလီများမှ ရွာလယ်သို့ ယူဆောင်လာပြီး တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နက်ကြကြောင်း၊

ထို့နောက် တစ်ဦးမှ သတ်ဖြတ်ရာ ဤနေရာ ၌မသတ်ဖြတ်ဘဲ သချိုင်းတွင်သတ် ဖြတ်မည်ဟု ပြောပြီး တကကအောင်ကျော်သိန်း၏ အ၀တ်အစားများအား ချွတ်ကာ သချိုင်းသို့ ခွေး၊၀က်ဆွဲ သလို တရွတ်တိုက်ဆွဲခေါ်သွားခဲ့ကြောင်း၊ ထိုသို့ ခေါ်သွားချိန်တွင် တကကအောင်ကျော်သိန်းမှာ အသက်ရှိ သေးကြောင်း၊ ညဉ်းညူသံများကြရသေးကြောင်း၊

သူ မှ သချီိုင်းတွင် မည်သို့ သတ်ဖြတ်ခဲ့ကို လိုက်ပါမသွား မသိရှိပါကြောင်းနှင့်၊ သတ်ပြီး အလောင်းအား သချိုင်းတွင်းထားခဲ့ကြောင်၊ သတ်သူများပြန်လည်ရောက်ရှိချိန်တွင် ရွာသားများမှ အလောင်းအားသချိုင်းတွင် ထားရန် မသင့်တော်သဖြင့် တစ်ဖြန်ပြန်လည်ယူဆောင်လာပြီး ရွာဘေးချောင်းစပ်သို့ ဆွဲယူသွားကြောင်း၊ အလောင်းအား မည်သို့ မည်ပုံ အစဖျောက်သည်ကို သူမသိရှိကြောင်း၊ ရွာအတွင်း ၀ိုင်းဝန်းရိုက်နက်သည်ကို မှု မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ ကြောင်း ထွက်ခဲ့သည်။

Western Gate Guard

အူရဒူးနဲ့ တယ်လီနော ကို တာမလွတ်ခင် အသည်းအသန်

ကုန်နိုင်သလောက် ရောင်းနေတဲ့ ကိစ္စကို ၁၅၀၀ တန်
ဆင်းကဒ်များ ပင်စင်စားတွေကို သီးသန့် ဦးစားပေး ရောင်းမယ့်အကြောင်း ဖတ်ရတယ် သတင်းစာမှာ မြန်မာ့အသံကလည်း ဖုန်းကဒ်တွေ
ရောင်းပေးတော့မှာမို့ ပင်စင်စားတွေ ပျော်နေတဲ့အကြောင်း တင်ပြပေးနေတယ် မသိရင်တော့ ကျေးဇူးရှင်တွေပေါ့လေ ... တကယ်တန်း သူတို့ ဆင်းကဒ်တွေ ရောင်းရအောင် ပြည်သူကို ဒူးဖက်မတတ်
တောင်းပန်ပြီး ၀ယ်ပါဝယ်ပါ တစာစာအော် ရောင်းရမယ့်ကိစ္စကို
ကျေးဇူးရှင် ဖြစ်အောင် လုပ်သွားသေးတယ်

သာပါတယ် အစိုးရ မင်းများရယ်

ညီသစ်

အမျိုးသားကာကွယ်ရေး ဆန္ဒပြုပွဲမှ ဖိတ်ခေါ်ပါသည်


----------------------------------------------------

ကဲ..မိတ်ဆွေတို့ရေ
ကျနော်တို့ရဲ့ ရင်ထဲက စိတ်သဘောထားလေးတွေကို
အကောင်ထည်ဖေါ် လိုက်ကြရအောင်ဗျာ .......... ။

ကျနော်တို့ လုပ်ဆောင်ချက်သည်
ကျနော်တို့ တိုင်းပြည်အတွက် ဖြစ်သည် .... ။

ကျနောတို့ ကြွေးကြော်သံသည်
ကျနော်တို့ လူမျိုးဘာသာ အတွက် ဖြစ်သည် .... ။

ကျနော်တို့ရဲ့ တစ်နေ့တာ အချိန်ပေးမှုသည်
ကျနော်တို့ နိုင်ငံနဲ့ အမျိုးဘာသာ နှစ်ပေါင်းများစွာ
တည်တံ့ရေး အတွက် အထောက်အကူဖြစ်သည် ... ။

လက်တွဲ ခိုင်မြဲ ဆုံဆည်းကြပါစို့ မိတ်ဆွေတို့ရေ

ကျနော်တို့တွေ့ဆုံမှုသည် မြန်မာနိုင်ငံတော်၏ အင်အားကို
ပြသခြင်း ဖြစ်ကြောင်း အသိပေး နှိုးဆော်လိုက်ရပါသည် ။


ထက်နေခ
Like · · · 14 h

အချစ်ရဲ့နိဒန်း အမုန်းရဲ့နိဂုံး


Credit by - Online Chitthu
Like · · ·

Tuesday, January 28, 2014

မင်းကြီး ဒွတ္တဘောင်

မဟာဇေယျုံ ပညာဒါန စီမံကိန်း
@@@@@@@@@@@@@@

စာပေဟောပြောပွဲ ၂၀၁၄. ဇန်န၀ါရီ ၂၇
ရက် ည. ဓည၀တီ စိုးပိုင် မောင်စိန်ဝင်းးးး ပုတီးကုန်းးး
တိုဟောပြောစင်
(4 photos)

Air KBZ လေယာဉ် မီးလောင်သဖြင့် ပြန်လည် ဆင်းသက်ရမှုသတင်း



၂၈.၁.၂၀၁၄၊ အင်္ဂါနေ့

ယနေ့ နံနက် ၀၈း၀၀ အချိန်တွင် ရန်ကုန်မှ ဟဲဟိုးသို့ ခရီးသည် အပြည်ဖြင့် ထွက်ခွါသွားသော Air KBZ လေယာဉ် ART-72 သည် ရန်ကုန်လေဆိပ်မှ ထွက်ခွါပြီး မိနစ်အနည်းငယ်အကြာတွင် မီးလောင်မှု ဖြစ်ပွါးသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရကြောင်း သိရှိရပါသည်။

ခရီးသည်များ ထိခိုက်မှု ရှိ/မရှိ ကိုမူ မသိရှိရသေးကြောင်း၊ ခရီးသည်များမှာ လေယာဉ် အရေးပေါ် ထွက်ပေါက်မှ အလုအယက် ခုန်ချပြေးထွက်ခဲ့ရကြောင်း ခရီးသည် တဦး၏ ပြောပြချက်အရ သိရှိရပါသည်။

ပြီးခဲ့သည့်အပတ်က Air Bagan လေကြောင်းလိုင်းအား လုံခြုံ စိတ်ချရမှု အားနည်းသည်ဆိုသည့် သတင်းများထွက်ပေါ်လာပြီးမကြာမှီ ယခုကဲ့သို့ Air KBZ မှ လေယာဉ် မီးလောင်မှု ထပ်မံ ဖြစ်ပွါးခဲ့ခြင်းဖြစ်ပါသည်။ သတင်းဆက်အား ဆက်လက် ဖေါ်ပြပေးပါမည်။

(အောင်ကျော်)

Air KBZ လေယာဉ် မီးလောင်နေမှု မှတ်တမ်းဓါတ်ပုံများ

အထက်ကိုသာကြည့်ပါ…


==============
ဟိုး…ရှေးရှေးတုန်းက… ရွက်သင်္ဘောကြီးတစ်စင်းဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပါသတဲ့…။ မာလိန်မှုးဟာ ပင်မရွက်ကြီးကိုဖြုတ်မှဖြစ်မယ့်အခြေအနေကြောင့် လူငယ်တစ်ဦးကို ရွက်တိုင်ထိပ်ကိုတက်ပြီး ရွက်ကြိုးကိုဖြုတ်ချဖို့ စေခိုင်းပါတယ်…။
လူငယ်ဟာလည်း သွက်သွက်လက်လက်ပဲ ရွက်တိုင်ထိပ်ကိုတက်သွားပြီး ရွက်ကြိုးကို ဖြုတ်ချနိုင်ခဲ့ပါတယ်…။

ရွက်ကြိုးဖြုတ်ပြီးလို့ အောက်ကိုပြန်ဆင်းမယ်အလုပ် အောက်ကိုငုံ့ကြည့်လိုက်ပါတယ်…။
အဲဒီအခါမှာတော့… ဧရာမလှိုင်းလုံးတွေကြားမှာ လူးလွန့်နေတဲ့ သူတို့ရဲ့ သင်္ဘောလေးရဲ့ ထိပ်လန့်ဖွယ်မြင်ကွင်း…သူတို့ကိုစားဖို့စောင့်နေတဲ့ ငါးလိပ် ငါးမန်းတွေ ကိုမြင်တော့ နဂိုကရှိတဲ့ သတ္တိတွေပျောက်ပြီး အောက်ကိုပြန်မဆင်းရဲ ပဲ ဖြစ်နေပါသတဲ့…
အဲဒါကိုမြင်တဲ့ သူ့သူငယ်ချင်းက ကုန်းပတ်ပေါ်ကနေ လှမ်းသတိပေးပါတယ်…
“ သူငယ်ချင်း.. အောက်ကိုမကြည့်နဲ့.. အပေါ်ကိုပဲကြည့်”

အဲဒီတော့ လူငယ်ဟာ… အောက်ကိုမကြည့်ပဲ အပေါ်ကိုပြန်ကြည့်လိုက်ပါတယ်..။ ဒီတော့မှ အောက်က ထိတ်လန့်ဖွယ်မြင်ကွင်းတွေကို မမြင်ရတော့မှ…ကြောက်လန့်နေတဲ့ စိတ်တွေပျောက်ပြီး..ဖြည်းဖြည်းချင်းဆင်းလာကာ ကုန်းပတ်ပေါ်ကို ချောချောမောမော ပြန်ရောက်လာခဲ့ပါသတဲ့…။

ဒီပုံပြင်ထဲကလိုပါပဲ…။

ကျနော်တို့တွေဟာ…ဘဝမှာလောကဓံမုန်တိုင်းတွေနဲ့ ကြုံတွေ့နေကြမှာပါပဲ…။ အဲဒီအခါ…ကိုယ့်ရဲ့  ကျရှုံးမှုတွေ… ဆုံးရှုံးမှုတွေ…ကိုကြည့်ပြီး..စိတ်ပျက်သွားကြတတ်ပါတယ်။ ပုံပြင်ထဲက လူငယ်လေး အောက်ငုံ့ကြည့်သလိုပေါ့..။

အဲဒီအခါ…သူ့သူငယ်ချင်းလေးသတိပေးသလိုပဲ… အောက်မငုံ့ကြည့်ပဲ…အထက်ကိုသာမော့ကြည့်ပါ…။ ဆိုလိုတာက ဆုံးရှုံးမှုတွေကိုမကြည့်ဘဲ… ကိုမျှော်လင့်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုသာကြည့်ပြီး ကိုယ်လုပ်စရာရှိတာကိုသာဆက်လုပ်ဖို့အကြံပေးချင်တာပါ…။
နန္ဒာသိန်းဇံ… ခယောင်းလမ်းကို ဖြတ်ကျော်ခြင်း..ထဲကပုံပြင်လေးပါ….။ ဆော့ဖ်ဝဲမြို့တော်