Friday, January 17, 2014

ကောင်မလေးအိမ်ကို ကောင်လေးက လာလည်တယ်။



ကောင်မလေးအမေက အလိုက်တသိရှောင်ပေးတယ်။

ရှောင်ပေးပေမယ့် စိတ်မချတော့ မှာခဲ့သေးတယ်… …

“အမေ ဈေးသွားလိုက်အုံးမယ်နော်၊ ကောင်းကောင်းမွန်မွန် ဧည့်ခန်းမှာ စကားပြောနေကြ”

“ဟုတ်ကဲ့ရှင့်… ဟုတ်ကဲ့ခမျ”

ဘယ်ရမှာတုန်း…

ခဏနေတော့ ကောင်လေးက ကောင်မလေးကို အတင်းဖက်နမ်းပါလေရော။

တခါမှ အနမ်းမခံဘူးတော့ ကောင်မလေးခမျာ ဖိုးသိုးဖတ်သတ်ကို ဖြစ်လို့။
ဒါနဲ့ သူက ကောင်လေးကို ရန်လုပ်တယ်… …

“မေမေပြန်လာရင် တိုင်ပြောမယ်”

“ဘယ်လို တိုင်ပြောမှာလဲ ချစ်ရဲ့”

“မေမေမရှိတုန်း သမီးကို သုံးခါ ခိုးနမ်းတယ်လို့”

“ငင်… ကိုကို နမ်းတာဖြင့် တစ်ခါထဲကို”

… ဆိုတော့ ကောင်မလေးက နှုတ်ခမ်းစူပြီး ရန်လုပ်တယ်… …

“အချိန် ရနေသေးတာကို၊ ဘာလဲ ကိုကိုက ထပ်မနမ်းချင်တော့ဘူးလား”…. တဲ့။

ဟာသဗိမာန်-ဆရာသန်
သန်၎ကို-ဘာသာပြန်သည်။

No comments:

Post a Comment