Wednesday, January 22, 2014

ပေါင်းတည်မြို့ ကုသိုလ်ဖြစ်ဆေးခန်း တစ်ရက် လူနာ ၇၀ အထိ ကုသပေးမည်



ရေခဲ(ပြည်)

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ကုသိုလ်ဖြစ်ဆေးခန်းသည် လာရောက်သူ လူနာများပြားသည့်အတွက် မူ လက တစ်ရက်လျှင် လူနာ ၃၀ သာ လက်ခံကုသပေးနေသော်လည်း မကြာမီ လူနာဦးရေ ၇၀ အထိ လက်ခံကုသပေးသွားမည်ဟု အဆိုပါဆေးခန်း ဒု-ဥက္ကဋ္ဌ ဒေါက်တာဝင်းမောင်က မဇ္ဈိမကို ပြောသည်။
“လူနာ ၇၀ အထိ တိုးကြည့်ပေးမယ်။ ကျွန်တော်တို့ဆရာဝန်ဘက်က နိုင်ပါတယ်။ဆေးဝါးပေးဖို့ပဲလိုပါ မယ်။ ၇၀ အထိတော့ လာကြတယ်။ ပြန်လွှတ်လိုက်ရတဲ့လူတွေ အများကြီးပါ”ဟု ပြောသည်။
ဇန်န၀ါရီလ ၂၀ ရက်က ကုသိုလ်ဖြစ်ဆေးခန်း နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ပေါင်းတည် မြို့ IQ မင်္ဂလာခန်းမတွင်ပြုလုပ်ခဲ့ပြီး ၎င်းအခမ်းအနားတွင် ဆေးခန်းအလုပ်အမှုဆောင်အဖွဲ့မှ ထုတ်ပြန် သည့် လုပ်ငန်းအစီရင်ခံစာ၌ လူနာများ ပိုမိုကုသပေးနိုင်ရန် ဆေးခန်းပြုပြင်မှုနှင့် အဆင့်မြင့်အသုံးအ ဆောင်ပစ္စည်းများ တိုးချဲ့တပ်ဆင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဆရာဝန် ခုနစ်ဦး၊ သူနာပြု ၁၀ ဦးနှင့် ဆေးဝါးကျွမ်းကျင် နှစ်ဦးဖြင့် တနင်္ဂနွေ၊ ကြာသပတေးနှင့် သော ကြာနေ့များတွင် ဖွင့်လှစ်ကုသပေးလျက်ရှိရာ ဆေးခန်း၏ ဒုတိယခြောက်လပတ်တွင် လူနာဦးရေ တစ် နေ့ ပျမ်းမျှ ၄၇ ဦး လက်ခံကုသပေးနိုင်ခဲ့ပြီး လူနာ ၇၀ ကုသနိုင်ရန်အတွက် လုံလောက်သည့် ငွေကြေး၊ လူအင်အားနှင့် ခြံဝန်းနေရာများ ထပ်မံလိုအပ်မည်ဟု အလုပ်အမှုဆောင်အဖွဲ့မှ ကိုဇော်လွင်က ပြော သည်။
အဆိုပါဆေးခန်းအတွက် ပေါင်းတည်မြို့နယ် မြို့မိမြို့ဖများသည် မော်တော်ယာဉ်ရုံးနေရာကို ၀ယ်ယူလှူ ဒါန်းခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနက သိမ်းထားသည့် မြေဖြစ်သည့်အတွက် ပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်နေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။
Like · · · 6 · about an hour ago ·

No comments:

Post a Comment