အစ္စရေး ထုံး နှလုံးမူ၍
နှစ်နှစ်နီးပါးရှိလာပေမယ့် အခုချိန်ထိ ရခိုင်ပြဿနာဟာမငြိမ်းနိုင်သေးဘူး။ နောက်ထပ် နှစ်အနည်းငယ်
အတွင်းထိလည်း ဒီပြဿနာ အလွယ်တကူပြေလည်သွားစရာမရှိဘူး။
နောက်ဆုံးဖြစ်သွားခဲ့တဲ့ ပြဿနာမှာ ဒီဘက်က
ရဲတစ်ယောက်သတ်ဖြတ်ခံလိုက်ရပေမယ့်လည်း ကမ္ဘာမှာ ရခိုင်ဗုဒ္ဓဘာသာတွေက ဘင်္ဂါလီ
မွတ်ဆလင်တွေကို သတ်ဖြတ်နေပါတယ်လို့ ပျံ့နှံ့သွားအောင်
မီဒီယာအားကောင်းကောင်းနဲ့ ၀ါဒဖြန့်နိုင်ခဲ့တာကိုကြည့်ရင်
စနစ်တကျပိုပြီးရှိလာတာ အန္တရာယ်ပိုကြီးလာတာကို မြင်နိုင်ပါတယ်။
မြန်မာနဲ့ ထိစပ်ပြီး လူဦးရေပေါက်ကွဲမှုဖြစ်နေတာ ၃နိုင်ငံရှိတယ်။ တရုတ်၊
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်။ အဲလောက်လူဦးရေများတဲ့နိုင်ငံတွေနဲ့ ထိစပ်နေတာ
ကမ္ဘာမှာ မြန်မာတစ်နိုင်ငံထဲပဲရှိတယ်။ အိန္ဒိယနဲ့ ထိစပ်တယ်ဆိုပေမယ့်
ထိစပ်နေတဲ့နေရာတွေက လူဦးရေကျဲပါးတဲ့အတွက် မြန်မာနိုင်ငံထဲထိ
ဝင်လာစရာမလိုဘူး။ အဲလိုပဲ တရုတ်အနေနဲ့ကလည်း စီးပွားရေးအရ၊ လူနေမှုအရ
ပိုဆိုးသွားဖို့ရှိတဲ့ မြန်မာနိုင်ငံထဲကိုဝင်လာဖို့မရှိဘူး (သူတို့ဆီမှာက
သတို့သမီးလိုအပ်တဲ့ပြဿနာက ပိုအရေးကြီးနေတာ)။ အဲဒီတော့ မြန်မာနိုင်ငံထက်
၃ဆလောက်သေးပြီး လူဦးရေအရ ၃ဆလောက်ပိုများနေတဲ့ ရေမြေမကောင်းတဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေသာ ဒီလူတွေဝင်လာနိုင်ချေရှိတယ်။
နှစ်နိုင်ငံ လူဝင်မှုပြဿနာပေမယ့် ဘင်္ဂလားဒေ့ရှ်ကတော့ ဒီလူတွေကို
လုံးဝပြန်လက်ခံမှာမဟုတ်ဘူးလို့ အတိအလင်းပြောထားပြီးဆိုတော့
ဒီလူတွေရဲ့တာဝန်က မြန်မာနိုင်ငံမှာပဲ အလုံးစုံကျလာတယ်။ ဒီလိုပဲ
တခြားတတိယနိုင်ငံတွေအနေနဲ့ကလည်း ဒီသိန်းနဲ့ချီတဲ့ဒုက္ခသည်တွေကို လက်ခံဖို့က
မဖြစ်နိုင်ပြန်ဘူး။ နောက်ထပ်တစ်ချက်က ဘင်္ဂလားဒေ့ရှ်ဟာ အစွန်းရောက်ဆန်တဲ့
အစ္စလာမ်မစ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် အစ္စလာမ်မစ်အစွန်းရောက်တွေကို
နိုင်ငံထဲခေါ်သွင်း
သလိုဖြစ်နေမှာကိုလည်း တတိယနိုင်ငံတွေကကြောက်နေရတယ်။
နောက်ဆုံး မကောင်းကျောင်းပို့ဆိုတဲ့အတိုင်း လက်ရှိမြန်မာနိုင်ငံထဲကိုပဲ
အတင်းသွင်းနိုင်အောင် ၀ိုင်းလှော်ရရော။ ဒီဘက်ကလည်း ထပ်လွတ်လာရင်
သူတို့ဘက်မျှားဦးလှည့်လာတော့မှာကိုး။ အဲဒီတော့ ငါ့လက်ကလွတ်ရေး ဒို့အရေးနဲ့
ဆွမ်းကြီးလောင်းပွဲပေါ့။ အဲလို တတိယနိုင်ငံတွေကဆွမ်းလောင်းသလို
အစ္စလာမ်မစ်နိုင်ငံတွေကကျပြန်တော့လည်း အစ္စလာမ်ဆိုတဲ့ဘာသာတူဖြစ်နေပြန်တော့
နည်းနည်းဖြစ်ရင် များများငိုတတ်တဲ့ ထုံးစံအတိုင်း သူတို့ဘက်ကလည်း
အော်ကြပြန်ရော။
ဆိုတော့ ဘင်္ဂါလီပြဿနာနဲ့ပတ်သက်ရင် နိုင်ငံတကာက
ထောက်ခံမှုရဖို့ကတော့ အတော်လေးခက်ခဲမယ့်အနေအထားမှာရှိတယ်။ ဒါပေမယ့်
သူတို့ရဲ့ ဖိအားတွေကို ဂရုမစိုက်ဘဲနေလို့လည်း ဘာမှမဖြစ်ပါဘူး။
မြန်မာနိုင်ငံလို စီးပွားရေးလုပ်ဖို့ အခွင့်အရေးအများကြီး
ရှိနေသေးတဲ့နိုင်ငံကို သူတို့အနေနဲ့ လက်လွှတ်နိုင်မှာမဟုတ်ဘူး။
ဘင်္ဂါလီကိစ္စနဲ့ပတ်သက်ရင် မြန်မာနိုင်ငံကို ဖိအားမှန်မှန်ပေးနေတာက ဗြိတိန်၊
အမေရိကန်၊ အစ္စလာမ်မစ်အဖွဲ့နဲ့ ကုလသမဂ္ဂပဲ။ ဗြိတိန်လို နန်းကျနိုင်ငံအနေနဲ့က
ဘာမှသိသိသာသာလွှမ်းမိုးမှုမရှိနိုင်ဘူး။ အမေရိကန်အနေနဲ့လည်း
တရုတ်ချိန်ခွင်လျှာကိုထိန်းဖို့က သူတို့အတွက်ပိုအရေးကြီးနေတယ်။ အဲလိုပဲ
ကိုယ့်အကျိုးအမြတ်မရှိဘဲ တခြားနိုင်ငံတွေကလည်း
သိပ်ဖိအားပေးနိုင်မှာမဟုတ်ဘူး။ အစ္စလာမ်မစ်နိုင်ငံတွေလောက်တော့
မှုစရာမရှိပါဘူး။ သဲကန္တာရထဲက အာရပ်ပတ်လည်ဝိုင်းနေတဲ့ အစ္စရေး၊
သူ့ထက်အဆပေါင်းများစွာ အင်အားကြီးတယ်ဆိုတဲ့ ပတ်ပတ်လည်
အစ္စလာမ်မစ်နိုင်ငံတွေအကုန်လုံးကို နားရွက်တံတွေး
တက်ဆွတ်နေတာတောင်
ဘာများလုပ်နိုင်လို့လဲ။ ခွေးအကြီးလှည်းနင်းသလို ဖြစ်နေပါရော။
ကျွန်တော်တို့ကို သိပ်ဖိအားပေးလာရင် ကျွန်တော်တို့လည်း
အစ္စရေးထုံးနှလုံးမူရင် မူရမှာပဲလေ။
အကောင်းဆုံးကတော့
ဘင်္ဂါလီပြဿနာနဲ့ပတ်သက်ရင် အစိုးရအနေနဲ့ ပြည်တွင်းသတင်းမီဒီယာတွေနဲ့
အစွမ်းကုန်ပူးပေါင်းပါ။ ဘင်္ဂါလီပြဿနာကို
ပြည်တွင်းမီဒီယာတွေရပ်တည်ချက်ကအစိုးရအတွက်
နိုင်ငံတကာသတင်းတွေကို တန်ပြန်ဖို့ အသုံးပြုနိုင်ပါလိမ့်မယ်။ ၂၀၁၄ သန်းခေါင်စာရင်း
ကလည်း နိုင်ငံသားပြဿနာကို အဖြေတစ်ချို့တစ်ဝက်ထွက်လာစေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်
မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ မြန်မာနိုင်ငံထဲမှာပဲ ရှိပါတယ်။
မှားနေတာတွေကို ရှင်းပြတာထက်စာရင်
ဒီထက်ပိုလာတဲ့တောင်းဆိုဖိအားပေးမှုတွေအတွက် လိုက်လျောနေစရာ
အကြောင်းမရှိပါဘူး။
သူရိန်လှိုင်ဝင်း
No comments:
Post a Comment