နေ့ခင်းကြောင်တောင် တိုက်လှေကားမှာ ဘိန်းဖြူလာထိုးနေတယ်ဗျာ...
ကျနော်နေတဲ့  တိုက်မှာ နေ့ခင်း နေ့လည်ဆို လှေကားအတက်အဆင်းလူပါးတယ်လို့  ဆိုရမယ် ..။ မနက် ဆယ်နာရီနောက်ပိုင်းကနေ ညနေ သုံးနာရီဝန်းကျင်းအထိ လှေကားအတက်အဆင်း သိပ်မလုပ်ကြဘူး..။
ကျနော် နေတာက ပထမ ထပ် တဖက်ခြမ်းက အခန်းမှာ လူမနေဘူး .။ ၂ လွှာမှာလဲ ဒီတိုင်းပဲ အပေါ်ထပ်မှာ အခန်းလွတ်တွေ ရှိနေတယ် ။
ကျန်ခဲ့တဲ့ ၂ ရက်လောက်က အပေါ်ထပ်က အန်တီကြီးက အခန်းတံခါးလာခေါက်တယ်..ပြီးတော့
ဟဲ့  နင်တို့  အခန်းဝနားမှာ ဆေးသမားတွေ ဆေးလာထိုးသွားကြတယ် ..ရေသန့်ဘူး နဲ့  ဆေးထိုးအပ်တွေ ကျန်ခဲ့တယ် ဆေးထိုးပိုက်နဲ့ အပ်ကို ရေပိုက်တွေကြားထိုးပြီးထဲ့ခဲ့တယ်..မသိလိုက်ဘူးလားတဲ့....ကျနော်
ထွက်ကြည့်လိုက်တော့  ရေသန့်ဘူးဆေးထိုးအပ်တွေ တွေ့တယ်
အံ့သြရတယ်ဗျာ... အတင့်ရဲ လိုက်တဲ့ ကောင်တွေ...
တိုက်မှာနေတဲ့ လူတွေ လဲ ညစ်နေကြတယ်...
ဒီကောင်တွေ ဒီလိုလာလုပ်နေရင် နောက်ဆက်တွဲ ပြဿနာတွေပါ ပါလာနိုင်တယ်လေ..ပြီးတော့  စည်းမရှိ ဆေးထိုးအပ်တွေ ဟိုနားပစ်ခဲ့ ဒီနားပစ်ခဲ့နဲ့  ..တိုက်မှာနေကြတဲ့ လူတွေခြေထောက်တွေ စူးမိကုန်ရင် ရောဂါတွေကူးစက်နိုင်သလို...ဆေးဖိုးငွေလို လို့ တိုက်ကလူတွေကို ခိုးဆိုးလုတာ ယက်တာတွေ မဖြစ်ဘူးလို့ လဲ မပြောနိုင်ဘူးလေ..ဘယ်လိုလုပ်မလဲဗျာ..
ကျနော်နေတဲ့  တိုက်က သတိပဌာန်ကားပွဲစားတန်းနဲ့ လည်းနီးတယ်..အလွှာပေါင်းစုံ နယ်ပယ်ပေါင်းစုံက လူတွေ စုံတယ်...တိုက်က အန်တီကြီးပြောတာက အရင်ကလဲ အခုလိုတိုက်လှေကားကြားမှာ လာလာသုံးတာ ပက်ပင်းမတိုးပေမယ့် ဆေးထိုးပိုက်တွေ တွေ့တွေ့နေတယ်လို့  ပြောပြီး တခါ ကတော့ လူငယ်ပိုင်းကောင်လေးတယောက် လှေကားမှာ ရစ်သီရစ်သီ လုပ်နေလို့  အော်ထုတ်တော့ ဆင်းပြေးသွားဘူးတယ် လို့  ပြောတယ်..
ခုရက်ပိုင်းမှာတော့ ပထမ တကြိမ်နဲ့  ဒုတိယ တကြိမ်ကို ၂ ရက်ပဲ ခြားတယ် ဆေးထိုးအပ်တွေ တွေ့ တယ်ဗျာ..ပုံမှာ ပြထားတဲ့ အတိုင်း ၁ စီစီ ပိုက်တွေ...အဲဒီပိုက်တွေ တွေ့ တော့ မှာ ကျနော် အမှတ်ရလာတာက သတိပဌာန်လမ်းနဲ့  နိဂြောဓလမ်းထောင့်မှာလည်း ခုပိုက်နဲ့ တထပ်ထည်းတူတဲ့ ဆေးထိုးအပ်ကာဗာ လိမ္မော်ရောင်အဖုံးလေးနဲကိုမကြာသေးခင်က လမ်းဘေး မြောင်းစပ်နားမှာ အမှတ်မထင်တွေ့ခဲ့ပါသေးတယ်...ခုရှိမရှိတော့ မသိတော့ပေမယ့် ကျနော်တို့တိုက်လှေကားက အပ်တွေကတော့  ခုထိရှိနေပါသေးတယ်...
သေချာပါတယ် ကျနော်တို့ အနီးဝန်းကျင်မှာ ဘိန်းဖြူသမားတွေ ကျက်စားနေတာ..ဒီကိစ္စတွေကို ဖြေရှင်းဖို့  တာဝန်ယူထားတဲ့သူတွေ သိမှသိပါလေစ...ခုလိုလူသိရှင်ကြားဖြစ်လာမှ စုံစမ်းဖော်ထုတ်အရေးယူသွား
မည်ဆိုသည့်...ထက်စာလျှင် ကြိုတင်စောင့်ကြည့်ကာ ထိမ်းသိမ်းဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်မည် ဆိုသည့်အကြောင်း တင်ပြရင်း................
မောင်မြတ်သူ
No comments:
Post a Comment