Sunday, May 11, 2014

ကေအိုင်အေကို တိုက်ဖို့ တရုတ်က မီးစိမ်းပြလိုက်ပြီလား?

ကေအိုင်အေကို တိုက်ဖို့ တရုတ်က မီးစိမ်းပြလိုက်ပြီလား?
အမေရိကန်လုပ် စနိုက်ပါများဖြင့် လေ့ကျင့်နေတဲ့ KIA တပ်ဖွဲ့ဝင်များ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေရာကနေ ဗြုန်းဆို အမေရိကန်ကို ရောက်သွားခဲ့တဲ့ KIA က
ဂွမ်မော်တစ်ယောက် ပြန်လာတော့ အချိုးတွေ ပြောင်းခဲ့ပါပြီ။ တပ်မတော်ရဲ့ ထိုးစစ်တွေအောက်မှာ နဂိုကမှ တိုက်ရည်ခိုက်ရည် မရှိ။ လူထု ထောက်ခံမှုမရှိ။ ရပ်တည်ချက်မရှိဘဲ လက်နက်ကိုင်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကေအိုင်အေတွေ အလူးအလဲ
ခံခဲ့ရတာ အားလုံးအသိပါ။ နောက်ဆုံး လိုင်ဇာသာ ကျန်တော့တဲ့ အထိ အခြေအနေဆိုးခဲ့တာလည်း အားလုံးအသိ။ လိုင်ဇာပဲ ကျန်တော့တဲ့ အချိန်မှာ တပ်မတော်က ထိုးစစ်မဆင်အောင် အရပ်သားတွေအားလုံးကို လိုင်ဇာထဲခေါ် ဒုက္ခသည် အယောင်ဆောင်ခိုင်းပြီး လူသားတံတိုင်းလုပ်ခဲ့တာလဲ အကုန်လုံးအသိ။
ဒီနောက်ပိုင်းမှာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို အကြီးအကျယ် စစ်ရှုံးနေတဲ့
ကေအိုင်အေတို့ မငြင်းနိုင်တော့ပဲ ဆွေးနွေးမှုတွေ ပြုလုပ်လာပါတယ်။
နဂိုတည်းက ခံယူချက်မရှိ တိုက်ရည် ခိုက်ရည် မရှိတဲ့ ကေအိုင်အေတို့ ဒီနည်းလမ်းပဲ လိုက်တော့မယ် ဆိုတာ သိပြီးသားပါ။ သူတို့ နောက်မှာ အားကိုးရမဲ့ တရုတ်ကလည်း
မထောက်ပံ့တော့လို့ ကေအိုင်အေမှာ ရွေးချယ်စရာ ကုန်နေခဲ့ပါပြီ။ ဒါပေမဲ့ တလောက
အမေရိကန် ကို ဂွမ်မော်တစ်ယောက် သွားပြီး ပြန်လာတော့ အချိုးတွေ က တစ်မျိုး ပြောင်းသွား
ပြန်တယ်။ ခုပဲ ငြိမ်းချမ်းရေး လက်မှတ်ထိုးတော့မလိုလို၊ ဟိုအချက်လေး အကြောင်းပြ ဒီအချက်လေး အကြောင်းပြနဲ့ အချိန်ဆွဲနေတဲ့ ကေအိုင်အေတို့ ဘာလို့ အချိန်ဆွဲလဲဆိုတာ
အမေရိကန် ခရီးစဉ်က သက်သေပဲလေ။ ကေအိုင်အေတို့ အားကိုးအသစ်ရသွားတော့
အာခံလာတာပေါ့။ အမေရိကန် ခရီးစဉ်မှာ ဂွမ်မော်နဲ့ အမေရိကန်တို့ ဘာတွေ ဆွေးနွေးခဲ့လဲ
ဘာတွေ လျှို့ဝှက် သဘောတူခဲ့လဲ။ လက်နက်အထောက်အပံ့တွေ ပေးလိုက်လား ဘယ်သူမှ မသိပါဘူး။ တခြားခေါင်းစဉ်အကြောင်းပြပြီးပဲခရီးစဉ်အကြောင်း ရှင်းလင်းခဲ့တယ်။ အဲတာတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ဆွေးနွေးမှုတွေက
ဘယ်သူမှ မသိတဲ့ ကိစ္စတွေပါ။
ဂွမ်မော် အမေရိကန်က ပြန်လာလာချင်း ဘာပြောခဲ့လဲ သိကြလား။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမေရိကန်ပါဝင်ပေးဖို့ ဂွမ်မော်က တိုက်တွန်းလိုက်ပါတယ်တဲ့။ ဒီစကားဟုတ်မဟုတ် RFA မှာ ပြောခဲ့တာ သွားဖတ်နိုင်ပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ကိုယ်တိုင်မလုပ်ဘဲ ကြားလူကို အားကိုးလိုက်တာ ကေအိုင်အေအနေနဲ့ ဘယ်ခြေလှမ်း လှမ်းနေလဲ မှန်းဆလို့ရပါတယ်။ အားကိုးလိုက်တာကလည်း အမေရိကန်။ ဒီစကားမပြောခင်က သွားခဲ့တာကလည်း အမေရိကန်။ စဉ်းစားသာကြည့်။ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့တွေကဘာအသံမှ မထွက်ဘဲ ကေအိုင်အေက အမေရိကန်က ပြန်လာလာချင်း အမေရိကန်ကိုအားကိုးလိုက်တဲ့ လေသံထွက်လာတာ ထူးဆန်းလွန်းပါတယ်။ နောက်ကွယ်ကနေ အမေရိကန်က ဘယ်လိုသွေးထိုးပေးပြီး ဘာတွေ လက်ဝါးရိုက်ထားလဲ ဆိုတာတော့ သွားခဲ့တဲ့ဂွမ်မော်သာ အသိဆုံးနေမှာပါ။ ဒီကြားထဲ အမေရိကန်ကို ပြေးကပ်လိုက်တဲ့ ဂွမ်မော်လုပ်ရပ်အကျိုးရှိတယ်လို့ ပြောရပါမယ်။ ဘာလို့ လဲဆို တော့ ဂွမ်မော်အပြန် အိတ်ကပ်ထဲ အမေရိကန်ဒေါ်လာ ၅ သန်းပါလာတယ်လေ။ ဒါကို ဘယ်သူမှ မသိဘူး။ ဂွမ်မော့်ကို တိတ်တိတ်လေးပေးလိုက်တာ။ ဂွမ်မော်ကလည်း ခရီးကပြန်လာတော့ ဒီအကြောင်းဘယ်သူမှ မပြောဘူး။ သတင်းမထုတ်ပြန်ဘူး။ ဘယ်ကသိသွားလဲဆို တရုတ် စပိုင်တွေကနေတဆင့် သိကုန်ကြတာ။ တရုတ်စပိုင်တွေဆီ ဒီသတင်းလာတာ။ ဒါကို တရုတ်ကလည်း အတည်ပြုဖို့ လိုက်နေတယ်။ ခုဆို ကေအိုင်အေထဲ ဒီဒေါ်လာတွေကိစ္စနဲ့ ဘာမှ မရှင်းလင်းလို့မကျေမနပ်တွေ ဖြစ်ကုန်ပြီ။ တရုတ်ကျေးဇူးတွေပေါ့။
တရုတ်က ကေအိုင်အေကို မကြည်တော့ဘူး။ သူ့နယ်စပ်မှာ ယူကရိန်းလို ဖြစ်မှာ စိုးရိမ်နေတယ်။ ယူကရိန်းလိုတော့ သူ့နယ်မြေတွေ မဆုံးရှုံးနိုင်ပါဘူး။ ဒါပေမဲ့
သူ့နယ်စပ်မှာ မတည်မငြိမ်ဖြစ်ပြီး သူ့ စီးပွားရေးတွေ ထိခိုက်မှာ အရမ်းစိုးရိမ်နေတယ်။ တရုတ်ဆိုတာကလည်း စီးပွားရေးဆို အထိအခိုက်မခံတဲ့ အမျိုး။ ဒါကြောင့် လည်း ပေါက်ဖော်တွေက သူတို့ မကြည်တော့တဲ့ ကေအိုင်အေအပေါ် သတိထားစောင့်ကြည့်လာတယ်။ ဒါကြောင့်လဲ ဒီ ဒေါ်လာ ၅ သန်းကိစ္စတွေ ထွက်လာတာပေါ့။
အမေရိကန် အားကိုးနဲ့ အတင့်ရဲလာတဲ့ ကေအိုင်အေကို တရုတ်ကလည်း အပြတ်တိုက်စေချင်နေပြီ။ ကေအိုင်အေက ပြောတယ် မြန်မာ့တပ်မတော်နဲ့ တခြားနိုင်ငံက တပ်မတော်ချင်း ပတ်သက်မှုကို စိုးရိမ်မိတယ်တဲ့။ ဒဲ့ပြောရမယ်ဆို ကြောက်တာပေါ့။ ခုလိုအခြေအနေတောင် သူတို့ခမျာ အလူးအလဲ ခံနေရတာ။ သူတို့သာ အမေရိကန်နဲ့ ပေါင်းချင်ပေါင်းမယ်။ မြန်မာ့တပ်မတော်ကိုတော့ ပေါင်းမှာ ကြောက်နေတာ
ကိုကြည့်ရတာ ရယ်တောင်ရယ်ချင်တယ်။ တရုတ်ကလည်း ကေအိုင်အေကို ဘယ်လောက်ပြုတ်
စေချင်လဲဆို အဲလိုပြောပြီး မကြာခင်မှာ မြန်မာနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကိုအစွမ်းကုန် မြှင့်တင်ချင်ပါသတဲ့။ ကဲ ဘယ်လောက်တောင်
တိုက်စေချင်နေသလဲ ကြည့်တော့။ မယုံရင် ဒီလင့်မှာ သွားကြည့် http://english.peopledaily.com.cn/90883/8618696.html
ခုဆို တိုက်ပွဲတွေ ပြန်ဖြစ်နေတာလဲ သတင်းတွေဖတ်ရတယ်။ဆွေးနွေးပွဲတွေ ကြည့်ရတာလည်း
ကေအိုင်အေက အားကိုးရှိလို့ မာနေတဲ့ ပုံစံမျိုး။ အစိုးရနဲ့ ဆွေးနွေးတာတွေကို တင်းခံပြီး
တိုက်ပွဲကို ပဲဦးတည်မယ်လို့ ကေအိုင်အေက ဆုံးဖြတ်ရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ သူ့ဘာသာ အမေရိကန်အားကိုးယုံမကလို့ ဘာပဲဖြစ်ဖြစ် တကယ်တိုက်မယ်ဆို တရုတ်ထဲ ၀င်ပြေးမှ လွတ်တော့မယ်။ ဒါပေမဲ့ တရုတ်ကလည်း ကေအိုင်အေကို တိုက်ချင်သလောက်တိုက် သူ့ဘက်ထဲ ကေအိုင်အေ၀င်လာရင် ပစ်မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အနီးကပ်ရှိနေတဲ့ သူ့ကို အားမကိုးဘဲ အဝေးက အမေရိကန်ကြီး ပြေးအားကိုးတော့ သူလည်းဘယ်ကြည်မလဲ။
မကြာခင် ကေအိုင်အေက မြစ်ကြီးနားမှာ လာဆွေးနွေးဖို့ အစိုးရနဲ့ ထပ်ဆွေးနွေးတော့မယ်။
ကေအိုင်အေ ဘာလုပ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ။ အခြေအနေမကောင်းရင်တော့
ကေအိုင်အေတော့ ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ လူမရှိဘဲ ဖြစ်သွားလိမ့်မယ်။ မြန်မာနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကိုအစွမ်းကုန် မြှင့်တင်ချင်ပါသတဲ့ လို့ပြောသွားတာ တရုတ်ကအရိပ်အကဲပြလိုက်တာ။ နက်နက်နဲနဲတွေးကြည့်ရင် ဒါ ကေအိုင်အေကို အပြုတ်တိုက်ဖို့ မြန်မာအစိုးရကို မီးစိမ်းပြလိုက်တာလားဆိုတာ ......
အောင်ဂျာ(မြစ်ကြီးနား)
Like · ·

ညီမလေး

ညီမလေး
@@@@@
တမ်းတခြင်းကဆိုတာမျက်ရည်လား
လွမ်းရခြင်းဆိုတာ မဖြေသိပ့်နိုင်တာလား
အနေဝေးလေ သတိရလေပါဘဲ
ဒီကမ္ဘာကြီးမှာ ဒို့ နှစ်ယောက်ထဲသာရှိခဲ့ ရင်
ငိုကြွေးခြင်း တမ်းတခြင်ူ လွမ်းရခြင်းကင်းတဲ့ 
အချစ်ကမ္ဘာလို့ ခေါ်တွန်စေရမည်
ညီမလေး မီးစိမ်းပြ သင်္ခေတ အချစ်
ဤနေရာက ငါလွမ်းနေသည်
Like · ·

ဘုန်းဘုန်း ဘုန်းကြီးတွေရှိပြီး ဆွမ်းကပ်မဲ့ သူ

ဘုန်းဘုန်း ဘုန်းကြီးတွေရှိပြီး ဆွမ်းကပ်မဲ့ သူ
ပစ္စည်းလေူပါးဒါယကာမရှိရင် သာသနာပြုလို့ ရပ
မလား ဘယ်လောက်ဘဲ တရားသဘောနဲ့ ကြည့်
ကြည့် အခြားဘာသာက ဒီလိုမဟုတ်ရင် ဘာသာ
လူမျိုးပျောက်သွားမယ် ဘုန်းကြီးနဲ့  ဗုဒ္ဓဘာသာ
အတွက် ဗုဒ္ဓဘာသာဝင်ရှိမှ သာသနာတည်မှာပါ
ကုလားဖြစ်ဖြစ် တရုတ်ဖြစ်ဖြစ် လူသားဆိုတဲ့အမြင်နဲ့ ကြည့်ရမယ်။ ဒါမှ ထေရဝါဒဗုဒ္ဓဘာသာ ပီသမယ်။ အင်တာနေရှင်နယ် အမြင်ကို စွန့်ပစ်လို့ မဖြစ်ဘူး။ အမျိုးသားရေးဆိုတဲ့ နေရှင်နယ် အမြင်ကြီးနဲ့ သွားမကြည့်နဲ့။

ကျဉ်းမြောင်းတဲ့ အယူအဆတွေနဲ့ ပြောနေကြမယ်၊ သေးသိမ်တဲ့ အယူအဆတွေနဲ့ ဆိုနေကြမယ် ဆိုရင် ဗုဒ္ဓဘာသာတွေဟာ အဆင့်အတန်း မြင့်ပါလျက်နဲ့ မမြင့်ဘဲ ဖြစ်လိမ့်မယ်။ မြတ်စွာဘုရားကို အားနာသင့်တယ်။ ရဟန်းက မြတ်စွာဘုရား မျက်နှာကိုတော့ နည်းနည်းထောက်ရမယ်။

ကိုယ်ဖြစ်ချင်တာတွေကို စွပ်ပြီးတော့ ကုလားမုန်းတီးရေး တွေကိုပဲ ပြောလို့မဖြစ်ဘူး။ အမျိုးသားရေးဟန်ကို အမျိုးသားရေးဉာဏ်နဲ့ ထိန်းရမယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ မဟုတ်တိုင်း မုန်းနေကြမယ်ဆိုရင် နိုင်ငံတကာရဲ့အပြောအဆိုက လွတ်မှာမဟုတ်ဘူး။

ဘုရားမှန်း၊ မိဘမှန်း၊ ဆရာမှန်း ငယ်ငယ်လေးတည်းက သိထားတယ် ဆိုရင် အမျိုးကို ကြီးမှလက်ပေးသင်ပြီး စောင့်ပါလို့ ပြောစရာမလိုတော့ဘူး။

မေလ ၅ ရက်နေ့ထုတ် The Street View ဂျာနယ်ပါ
“အမျိုးသားရေးဟန်ကို အမျိုးသားရေးဉာဏ်ဖြင့် ထိန်းဖို့ ရွှေညဝါဆရာတော် မိန့်ကြား” သတင်းမှ ကောက်နုတ်ချက်
Like · ·

" မေတ္တာစစ်

" မေတ္တာစစ်
~~~~~~~

ချစ်ခြင်း မေတ္တာ
ဤ ကမ္ဘာဝယ်
သူဟာ တကယ်
ပေးစွမ်းပါ၏
ထားရှိ စေတနာ
အကြင်ရောင်စဉ်လွှမ်း
ဂရုဏာ အစွမ်းက
ကမ္ဘာ မိုးမြေ
ပျံ့နှံ့စေလျက်
အသက်မငဲ့
ရှောင်ဖယ် မယွင်း
အလျင်း မရှိ
ပကတိကြည်ဖြူ
မငြူစူဘိ သဒ္ဓါဖြိုးဝေ
အေးမြစေရ
သီတာ ခုနှစ်သွယ်
မြစ်ငယ်ငါးရာ
စီးမျှဝေကာ မေတ္တာရေအလျင်
စုန်အစဉ်ဖြင့်
တကယ့် မေတ္တာစစ်စစ်သာ --- "

နေမင်းခ (11/5/14.)
— with Wai Wai Lwin and 49 others.
Like · ·

ပုဒ်မ ၄၃၆ ကို …. အတင်းအဓမ္မ ပြင်ဆင်ခိုင်းနေတဲ့  သူတွေဟာ …

ပုဒ်မ ၄၃၆ ကို ….
အတင်းအဓမ္မ ပြင်ဆင်ခိုင်းနေတဲ့  သူတွေဟာ …
ဒီပုဒ်မ ၄၃၆ ရဲ့  အဓိပ္ပာယ်နဲ့  …
ဒီပုဒ်မ ဖြစ်ပေါ်လာရတဲ့  ....
နောက်ခံသမိုင်းကြောင်းတွေကို …
သေချာ သိရှိနားလည်မှ …
ဒီပုဒ်မကို အမှန်တကယ်ပြင်ဆင်နိုင်ဖို့ အတွက် …
လက်တွေ့ ကျတဲ့  နည်းလမ်းကို …
ရွေးချယ်ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်…

ပုဒ်မ ၄၃၆ ဟာ ရှင်းရှင်းပြောရရင်တော့ …
လက်ရှိ အခြေခံဥပဒေကို …
တပ်မတော် ရဲ့ သဘောဆန္ဒ မပါဘဲ …
ပြင်ဆင်လို့ မရအောင် လုပ်ထားတဲ့ ပုဒ်မပါပဲ …

ကောင်းပါပြီ …
လက်ရှိ တပ်မတော်ရဲ့ သဘောဆန္ဒဟာ …
ဘာများ ဖြစ်နိုင်ပါသလဲ …
ရှင်းပါတယ် …
လက်ရှိအနေအထား မြန်မာ့နိုင်ငံရေး မှာ …
တပ်မတော်ရဲ့ ဆုံးဖြတ်ပိုင်ခွင့် နေရာတစ်နေရာ ….
ရှိနေစေချင်သေးတာပါ …
ဒီလိုလားချက်ပေါ် အခြေခံပြီး …
ကာလုံတို့  တစ်မတ်သားတို့ …
ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်..

ဘာဖြစ်လို့  ဒီလို ဒီမိုကရေစီ မကျတဲ့  ….
နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ….
ရှိနေစေချင်သေးတာပါလဲ …

အဖြေကတော့ သမိုင်းကြောင်းပါပဲ …
ပြည်တွင်းစစ် ပါပဲ …
၁၉၄၈ က ၁၉၈၈ ခုနှစ်အထိ …
တပ်မတော် ဖြတ်သန်းရတဲ့  သမိုင်းကြောင်းဟာ …
ယမ်းနံ့ ညှော်နံ့ တွေ ..
သေနတ်သံတွေ …
နိုင်ငံရေး စနစ်တွေ …
မူဝါဒအသစ်တွေ ….
နိုင်ငံရေးမှာ တပ်ကို အကြိမ်ကြိမ်ထိုးကျွေးခဲ့တာတွေ …
မအောင်မြင်တဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နဲ့ …
ပြည့်နှက်လို့ နေနေ တာပါပဲ ….

၁၉၄၈ ခုနှစ်ကတည်းက ….
တဂျိမ်းဂျိမ်း စစ်တိုက်နေရတဲ့  တပ်မတော်ဟာ…
နိုင်ငံရေးသမားတွေက ဆွေးနွေးလိုက် …
စခန်းတွေက ပြန်ဆုတ်ပေးလိုက် …
တစ်ခါ ငြိမ်းချမ်းရေး ပြန်ပျက်လို့  ပြန်တိုက်လိုက်နဲ့ ပဲ ….
တောင်ကုန်းတစ်ခုကို သူတို့ သက်စေ့ မက …
အကြိမ်ကြိမ်ပြန်သိမ်းနေရတဲ့  ကိစ္စမှာ …
ကျဆုံးသွားတဲ့  စစ်သည်တွေရဲ့ အလောင်းဟာလဲ …
အဲဒီတောင်တွေလောက် …
မြင့်လို့ နေခဲ့ပါပြီ …

တစ်ခါ ၁၉၄၈ နဲ့  ၁၉၈၈ ခုနှစ်တွေမှာ …
စစ်ရေးနည်းနဲ့  …
သူတို့ ကို ဘယ်လိုမှ အနိုင်မယူနိုင်တဲ့  …
သူတို့  ရန်သူတွေဟာ…
နိုင်ငံရေးနည်း နဲ့  လူထုတိုက်ပွဲနည်းနဲ့ …
အာဏာရပါတီတွေကို စိမ့်ဝင်ပြီး …
ပူးသတ်ဖို့ ကြိုးစားကြတာကိုလဲ …
သူတို့ ကောင်းကောင်းကြီး တွေ့ မြင်ခဲ့ပြီးပါပြီ ….

သမိုင်း စဉ်ဆက် တစ်လျောက် …
တပ်မတော် အစိုးရိမ်ဆုံး အပူပန်ဆုံးကိစ္စဟာ …
အဲဒီကိစ္စပဲ ဖြစ်ပါတယ် …

အဲဒီ စိုးရိမ်ပူပန်မှုပေါ် အခြေခံပြီး …

ပြည်တွင်းစစ် မပြီးဆုံးသေးတဲ့  ….
===================
လိပ်ခဲတည်းလည်း ကာလမှာ…
==================
တပ်မတော် ရဲ့ အနာဂတ် …
=================
တပ်မတော်သားတွေ ရဲ့ အသက်တွေ ….
=======================
အများကြီး ဆုံးရှုံးသွားနိုင်တဲ့  ….
======================
နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့ အချိန်မှာ…..
=============================
တပ်မတော် ကလဲ နေရာတစ်နေရာ …
=====================
ဆန္ဒပြု ပိုင်ခွင့် ရှိသင့်တယ် ဆိုတဲ့  ….
======================
အိုင်ဒီယိုလော်ဂျီဟာ…
=============
ခိုင်ခိုင်မာမာ ပေါ်ထွက်လာခဲ့ပါတယ် ….
===========================

ဟုတ်ကဲ့  …
ကျွန်တော် ပြန်မေးပါရစေ…
ပုဒ်မ ၄၃၆ ကို ပြင်ဆင်လိုက်ရင် …
တစ်မတ်သားတွေကို လွှတ်တော်ထဲက ထုတ်မပြစ်ဘူး …
ဘယ်သူ အာမခံပါသလဲ …

တစ်မတ်သားတွေ ...
လွှတ်တော်ထဲက ဖယ်ပေးလိုက်ရရင် …
တပ်မတော်ရဲ့  စစ်အင်အား ...
ဘတ်ဂျက် တို့ ကို ထိန်းချုပ်တဲ့  …
ဥပဒေတွေ ပေါ်ထွက်မလာဘူးလို့  …
ဘယ်သူ အာမခံပါသလဲ ….

အကယ်၍ ....
ငြိမ်းချမ်းရေးဆိုတာများ ပျက်သွားခဲ့ရင် ….
အာဏာရ ပါတီ အစိုးရအဖွဲ့ ထဲကို …
တစ်ဖက် လက်နက်ကိုင် အဖွဲ့ တွေထဲက …
လူတွေ စိမ့်ဝင်နေရာယူပြီး …
တပ်မတော်ကို နှောက်ယှက်မယ့် ....
အဟန့် အတား လုပ်မယ့် …
အမိန့် တွေ ထုတ်ပြန် မလာပါဘူးလို့  …
ဘယ်သူ အာမခံပါသလဲ ….

အာမခံသည် ထားအုန်း …
စစ်တပ်ရဲ့ သဘောသဘာဝ အရ …
ဖြစ်နိုင်ချေရှိတာတွေ အားလုံးကို …
ချင့်တွက် ခန့် မှန်းပြင်ဆင်ထားမှာ …
အသေအချာပါပဲ …

ကျွန်တော် အမြဲ ပြောခဲ့ဘူးပါတယ်…
ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမှာ …
အရင်ဆုံး ပြင်ဆင်ရမှာသည်…
ပြည်ထောင်စု နဲ့  ပြည်နယ်တွေရဲ့ အာဏာခွဲဝေမှု …
ဇယား ၁၂၃ ပါ အချက်တွေ ဖြစ်ပါတယ် ..

ဒီ ဇယားကို ပြင်လိုက်တာနဲ့  …
ပြည်နယ်တွေ နဲ့  ပြည်ထောင်စု အကြား …
တင်းမာမှုတွေ လျော့သွားမယ် ..
ယုံကြည်မှုတွေ တိုးလာမယ်…
စစ်ကို အပြီးသတ်ဖို့  နီးစပ်လာမယ် …
စစ်ကြီး အပြီးသတ်သွားရင်…
စစ်ဘောင်ချုံ့ လို့ ရပြီ …
စစ်တပ်ကို ထိန်းချုပ်လို့ ရပါပြီ ...

ဒါတွေ အရင်မလုပ်ဘဲ …
လက်နက်ကိုင် နှစ်သိန်းနီးပါးရှိတဲ့ တိုင်းပြည်မှာ …
စစ်တပ်ကို တစ်ဖက်သတ် …
သွား ထိန်းချုပ်ဖို့ ကြိုးစားတာသည် …
ရူးလို့ ပဲ နေမယ် လို့ …
ကျွန်တော် ပြောခဲ့ ရေးခဲ့ဘူးပါတယ်…

အခုအချိန်အထိတော့ …
ဒီ ဇယား ၁၂၃ ကို ပြင်ဖို့  …
ဘယ်ပါတီမှ သောက်သံ မထွက်လာသေးပါဘူး….
၄၃၆ တို့  ၅၉ စလုံးတို့  …
ဒါတွေပဲ တရုန်းရုန်း လုပ်နေတာပါ….

မှားတာ မှန်တာတွေ အသာထား …
ခင်ဗျားတို့ လုပ်နေတာ လက်တွေ့ ကျလား …
ဖြစ်နိုင်မလား…
တစ်ဖက် က လက်ခံမလား …
ပြန်စဉ်းစား ကြည့်ပေးပါ ….

စစ်ကို အရင် အပြီးမသတ်ပဲ …
စစ်တပ်ကို သွား ထိန်းချုပ်ကန့် သတ် မယ့် ကိစ္စဟာ ….
၂၀၁၄ ရဲ့  ရယ်စရာအကောင်းဆုံး …
ပြက်လုံးတစ်ခု ဖြစ်လာပါလိမ့်မယ်…

စဉ်းစားလို့ ရအောင် တစ်ခုထောက်ပြရရင် …
ကချင်မှာ အင်အားကို ကန့် သတ်တားမြစ် …
ငုတ်တုတ်ဖြစ်နေတာ ၃ နှစ်လောက်ရှိလာချိန်မှာ……
စစ်သားတွေ ဘက်က …
မကျေနပ်တဲ့ အသံဗလံတွေ …
အတော်များများ ထွက်ပေါ်စပြုလာတာ ….
အားလုံး အသိပါပဲ …
ဒါတောင် သမ္မတဟာ ….
စစ်သားလူထွက် ဖြစ်နေပါသေးတယ်…

ထပ်ပြောပါရစေ……နိုင်ငံရေးပါတီများ….
စစ်ကို အရင်ရပ် …
စစ်ကို အရင်ရပ် …
စစ်ကို အရင်ရပ် ဖို့ လုပ်ပါ ……

ကျေးဇူးပြုပြီး ….
စစ်ပွဲတွေ မပြီးခင် …
စစ်တပ်ကို သွားကန့် သတ်ဖို့  ….
မစဉ်းစားစမ်း ပါနဲ့ အုန်းဗျာ……

( ပုဒ်မ ၄၃၆ ကို လက်တွေ့ ကျကျ ပြင်စေချင်တဲ့  ရဲမိုး )
Like · · Share
Like · ·

အမျိုးစောင့်ဥပဒေ အား ထောက်ခံသော အဖွဲ့အစည်းများစာရင်း

အမျိုးစောင့်ဥပဒေ အား
ထောက်ခံသော အဖွဲ့အစည်းများစာရင်း
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
၁။ (၁၈) ရပ်ကွက်၊ လူမှုကူညီရေးအသင်း၊ လှိုင်သာယာမြို့နယ်။
၂။ ကရုဏာရှင်လူမှုကူညီရေးအဖွဲ့(ထုံးဘို)၊ ပဲခူးတိုင်းဒေသကြီး။
၃။ မျိုးချစ်မြန်မာရဟန်းတော်များအဖွဲ့၊ ဖုန်း-၀၉ ၄၂၀၀ ၅၅၃၀၈
၎။ အမျိုးသားရေးမြန်မာလူငယ်များအသင်း၊ (National Myanmar Youth) (ပြည်တွင်း/ပြည်ပ)
၅။ မြန်မာ့သွေးလူငယ်အသင်း(MBYA) ၊ မြောက်ဥက္ကလာပ။
၆။ မေတ္တာဖြူပရဟိတအဖွဲ့ ၊ မင်းဘူးမြို့။
၇။ မြတ်ကျောင်သားအသင်း( Noble Students Association)
၈။ ပခုက္ကူ အာယုသုခလူမှုကူညီရေးအသင်း
၉။ မွန်မြတ်ဒါနပရဟိတအသင်း(တောင်ဒဂုံ)။
ဖုန်း- ၀၉ ၇၃၀ ၇၁၃၁၁
၁၀။ ပုညပါရမီဆွမ်းလောင်းအသင်း
၁၁။ ရွာဘုံလူမှုကူညီရေးအသင်း၊ မန္တလေး။
၁၂။ သဒ္ဓမ ၀ံသရက္ခိတအသင်း(၉၆၉) ၊ မြိတ်မြို့။
၁၃။ မေတ္တာဖြူပရဟိတလူငယ်အဖွဲ့၊မင်းလှမြို့၊ ပဲခူးတိုင်းဒေသကြီး။
၁၄။ ဇီဝိတဟဒယ လူမှုကူညီရေးအသင်း
၁၅။ ပရဟိတ၀ါဆိုဦးအဖွဲ့၊ ဖြူး။
၁၆။ အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့။
၁၇။ ဗုဒ္ဓဘာသာ လူငယ်စုစည်းမှုအသင်း၊
ပဏ္ဍိစ္စာရာမပရိယတ္ထိစာသင်တိုက်၊
ဘုန်းကြီးလမ်း၊(၂)ရပ်ကွက်၊ မြောက်ဥက္ကလာပ။
၁၈။ သိုင်းမဟာ ဗန်တို ဗန်ရှည် ပင်မအဖွဲ့ကြီး
ရန်ကုန်မြို့။
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အသိအမှတ်ပြု။
ဆက်လက်ဖော်ပြပါမည်။
အသင်းအဖွဲ့များမှ ပေးပို့သော ထောက်ခံစာရွက်များအား
ပူးတွဲဖော်ပြပေးပါမည်။
ဖော်ပြပါ အသင်းအဖွဲ့များမှ လက်မှတ်ရေးထိုးထားသော
စာရွက်များအား ရောက်ရှိပါက ထပ်မံဖော်ပြပေးပါမည်။
Myo Chit @ ကိုလတ်
၀၉ ၃၁၀ ၃၀ ၂၃၉
Like · ·

သတိထားသင့် သည့် ရေသန့်ပို့သမားများ

သတိထားသင့် သည့် ရေသန့်ပို့သမားများ

အိမ်အများစု က ရေသန့် ဘူး မှာ သောက်ကြပါတယ် ။ ရေသန့် လာပို့ ရင် အိမ်ထဲထိ လိုက် သယ်ပေးပါတယ်။
အိမ်မှာ ဖြစ်တာနဲ့ ဥပမာ ပြော ပြပါမယ် အိမ်မှာ လူ ၅ယောက် ရှိပေမယ့် ကိုယ့်အခန်းကို နေကြပါတယ် ။

ဒီကြားထဲ နေ့လည် အလုပ်သွား တဲ့ သူတွေရှိ ရင် လူ မရှိသလိုမျိုး ဖြစ်နေတာပေါ့ ။တစ်ရက် ရေလာပို့ တဲ့ ၂ ယောက် က ရေလာပို့ပြီး အပေါ်ထပ်ရေ တင်ပေးပြီး ပြန် ဆင်း လာတော့ ကျွန်တော့် အမေ တစ်ယောက်ထဲ ရှိတယ် ထင်ပြီး သူတို့ အချင်းချင်း ၁ယောက်ထဲ ကွဆိုပြော တာ ကြားပါတယ် ။စဉ်းစား ကြည့်ပ...ါ ဘယ်လောက် စိုးရိမ် ဖို့ ကောင်းတဲ့ စကား လဲ ။

ဆိုင်တွေကလဲ လူပိုတဲ့ သူတွေသေချာ မစီစစ်လောက်ဘူး ။ လူဆိုး သူခိုး ဆိုရင် အိမ်ထဲ လူဘယ်လောက်ရှိလဲ ဘယ်က၀င်ရလဲတွေသိနိုင်ပါတယ်။
ခုတော့ ရေသန့် လာပို့ ရင်မယူတော့ပါဘူးဆိုင်သွားပြီး သယ်ပါပြီ။ ခုယူနေတဲ့ ဆိုင်က လက်ကီးသောက်ရေသန့်ပါ ။

မိတ်ဆွေတို့သတိထားနိုင်စေဖို့ရည်ရွယ်ပါတယ် ။

ရဲတွေက ဖမ်း သမ္မတကြီးက
လွတ်ငြိမ်းချမ်း သာ ခွင့် ဆို လွတ် ။ သူခိုး လူဆိုးတွေက ပိုဆိုးလာရော ...

Ye Yint Aung မန္တလေး သတင်း ပုံရိပ်များ
Like · ·

ဗုဒ္ဓသာသနာ့ အလံ တော် ဖြစ်ပေါ်လာပုံ

ဗုဒ္ဓသာသနာ့ အလံ တော် ဖြစ်ပေါ်လာပုံ

ဗုဒ္ဓသာသနာ့ အလံ တော် ဖြစ်ပေါ်လာပုံ *************************** ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံ၌သမ္မသမ္ဗုဒ္ဓ ဘုရားအဖြစ် ရောက်တော်မူခဲ့သည်။

ဘုရားရှင်သည် ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူပြီးနောက် အဘိဓမ္မာ(၇)ကျမ်း ဖြစ်သည့် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်ကျမ်း (၆)မျိုးအထိ ဆင်ခြင်သုံးသပ်တော်မူခဲ့သည်။ ရောင်ခြည်တော်များ ထွက်ပေါ်ခဲ့ခြင်း မရှိသေးပါ။

ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်မှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခဲ့သည်ဟု ဆိုခဲ့ကြသည်။ ယင်းရောင်ခြည်တော် ခြောက်သွယ်သည်ကား---၁။နီလရောင်ခြည်တော်။ ၂။ပီတရောင်ခြည်တော်။ ၃။လောဟိတ ရောင်ခြည်တော်။ ၄။သြဒါတရောင်ခြည်တော်။ ၅။မဉ္ဇိဋ္ဌရောင်ခြည်တော်။ ၆။ပဘဿရ ရောင်ခြည်တော် စသည့် ရောင်ခြည်တော်များပင် ဖြစ်ပါသည်ဟု ရှေးဟောင်းကျမ်းများအရ သိရှိခဲ့ရပေသည်။

၁။နီလရောင်ခြည်တော် နီလာကျောက်ကဲ့သို့ ပြာညိုရောင်အဆင်းရှိပြီး ဗုဒ္ဓဘုရားရှင်၏ဆံတော်, မုတ်ဆိတ်တော်,မျက်ဝန်းတော်တခို,စိမ်းညိုသောအရပ်ဌာနတို့မှ ကွန့်မြူးထွက်ပေါ်လာသည့် ရောင်ခြည်တော်။

၂။ပီတရောင်ခြည်တော် ၀ါရွှေသောအဆင်းရှိသော ရောင်ခြည်တော်၊ မြတ်ဗုဒ္ဓ၏သိင်္ဂီရွှေလှောင်, အရေတော်, အသားတော်တို့မှ စ၍ ၀ါရွှေသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၃။လောဟိတ ရောင်ခြည်တော် အနီရောင်အဆင်းရှိပြီးမြတ်ဗုဒ္ဓ၏အာတော်, လျှာတော်,နှုတ်ခမ်းတော်, ခြေဖ၀ါးတော်,လက်ဖ၀ါးတော်, ခြေသည်းတော်,လက်သည်းတော်တို့မှစ၍ နီမြန်းသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၎။သြဒါတရောင်ခြည်တော် အဖြူရောင်အဆင်းရှိပြီး မြဗုဒ္ဓ၏သွားတော်,စွယ်တော်, အရိုးတော်, မျက်ဖြူတော်,ဥဏ္ဏလုံမွှေရှင်တော် တို့မှစ၍ ဖြူဖွေးသောအရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၅။မဉ္ဇိဋ္ဌရောင်ခြည်တော် ပန်းရောင်အဆင်းရှိသည့် နီမောင်းသော ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော်တိုင်အောင် ရွှေကိုယ်တော်အစိတ်အစိတ်မှ ထွက်ပေါ်ကွန့်မြူးသည့် ရောင်ခြည်တော်။

၆။ပဘဿရ ရောင်ခြည်တော် ပြိုးပြိုးပြက်ပြက် အရောင်စုံထွက်သည့် ရောင်ခြည်တော်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ ရွှေကိုယ်တော်အလုံးမှ ထွက်ပေါ်ကွန့်မြူးသည်။

မြတ်ဗုဒ္ဓ ရှင်တော်မြတ်ဘုရား၏ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်သုံးသပ်သည့်အခါမှ ထွက်ပေါ်လာသည့် ရောင်ခြည်တော်(၆)သွယ်သည် အံ့သြမကုန်၊ ရှိခိုးကြည်ညိုသဒ္ဓါ ပွားများ၍မကုန်နိုင်အောင် ရှိလှပေသည်။

စာရေးသူသည် ကြီးကျယ်ခန့်ညား အံ့ချီးမကုန်နိုင်သည့် ဗုဒ္ဓရှင်တော်မြတ်၏ ခြောက်သွယ်သော ရောင်ခြည်တော်များကို အခြေပြုစံထားပြီး ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင် ယနေ့သုံးစွဲနေကြသည့် သာသနာ့အလံတော်၏ အခြေခံ မူလအစဖြစ်ပေါ်ပုံကို အမှတ်မထင် ဦးကြည်စိုး ဒုလ္လဘ-ရဟန်းပြုဘက်မှ သူ၏မိတ်ဆွေ သား-မင်္ဂလာဆောင်တွင် ရရှိလာသည့်(ဆရာချစ်ဆွေ ဘထွေးလေး)ရေးသားသည့် ဗုဒ္ဓသာသနာ့အလံတော်နှင့် သြကာသကန်တော့ခန်း ဓမ္မဒါနစာအုပ်ကလေးကို အမှတ်မထင် တွေ့ရှိခဲ့ရပြီး ကြည်ညိုသဒ္ဓါမဆုံး စေတနာပီတိဖုံးကာ စေတနာစေ့ဆော်သည့်စိတ်ကြောင့် ရေးသားအပ်ပါတော့သည်။

၁၈၈၅-ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)ကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပရန်နှင့် မြတ်ဗုဒ္ဓ၏ရောင်ခြည်တော်ခြောက်ပါးတွင်ပါဝင်သည့် အရောင်တို့ကို မြတ်ဗုဒ္ဓ၏ အလံတော်အဖြစ် အသုံးပြုရန် "အော်လကော့" အမှူးပြုသော သီဟိုဠ်ဗုဒ္ဓဘာသာဝင်များအား အကြံပေးခဲ့ရာ သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ အားလုံးကပင် နှစ်သက်လက်ခံခဲကြသည်။

ဗုဒ္ဓအလံတော် ဖွဲ့စည်းရေးကော်မတီ တရပ်ကိုလည်း ကိုလံဘိုမြို့၌ ၁၈၈၅-ခုနှစ်တွင် ဖွဲ့စည်းကာ ဗုဒ္ဓအလံတော်ကို ၁၈၈၅-ခုနှစ် မေလ(၂၈)ရက် ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)တွင် အလံတင်၍ လွှင့်ထူ ခဲ့ကြောင်းနှင့် ၁၈၈၅-ခုနှစ် ဧပြီလ(၁၇)ရက်နေ့ထုတ် သတင်းစာတွင် Sarasavi Sandaresa အများသိစေရန် ကြေညာခဲ့ပြီးမှ ယင်းအလံလွှင့်ထူခြင်းဖြစ်ကြောင်း၁၈၈၅-ခုနှစ် ဧပြီလ(၈)ရက်နေ့တွင် ပြန်လည်ပြုပြင်ထားသော အလံကို ယင်းနှစ် Vesakday မှာ လွှင့်ထူခဲ့သည်။၁၈၈၅-ခုနှစ်တွင် အနာဂါရိက ဓမ္မပါလာ Olcott နှင့် Anagrik Dhamapala တို့က ဗုဒ္ဓသာသနာ့အလံကို ဂျပန်ပြည်နှင့် မြန်မာပြည်တို့ကို တင်ပို့ခဲ့ကြောင်း သိရှိခဲ့ရသည်။

၁၉၅၀-ပြည့်နှစ် မေလ (၂၅)ရက်နေ့တွင် ကျင်းပသော World Fillowship of Buddhistsကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၌သီဟိုဠ်ဗုဒ္ဓဘာသာဝင်များ၏ အဆိုပြုချက်အရ ဗုဒ္ဓသာသနာ့အလံတော်ကိုပင် ကမ္ဘာ့ဗုဒ္ဓ ဘာသာ သာသနာ့အလံတော်အဖြစ် တညီတညွတ်တည်း အတည်ပြုလက်ခံခဲ့ကြသည်။

မူလအခြေခံကျကျ ဗုဒ္ဓသာသနာ့အလံတော်ကို ထုတ်လုပ်ရန် အကြံပြုခဲ့သည့် Henry Stell Olcott သည် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပြီး ဗိုလ်မှူးကြီးဟောင်းတဦးလည်း ဖြစ်ကြောင်းနှင့် အသက် (၇၅)နှစ်အရွယ် ၁၉၀၇-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အိန္ဒိယပြည် အာဒယာမြို့တွင် ကွယ်လွန်ခဲ့ကြောင်း မှတ်သားရမိပါသည်။

မည်သို့ပင်ဆိုစေကာမူ စာရေးသူတို့ ဉာဏ်မမီခဲ့သည့် မြတ်ဗုဒ္ဓ၏ သာသနာ့အလံသည် ဗုဒ္ဓရှင်တော်မြတ် ဘုရား၏ချီးကျူးမကုန်၊ အံ့သြမကုန်၊ ထူးကဲမွန်မြတ်လှသည့် ခြောက်သွယ်သော ရောင်ခြည်တော်များဖြင့် ထုံမွမ်းထားခဲ့၍ကြည်ညိုသဒ္ဓါ ပွားများခဲ့ရပေသည်။

ဗုဒ္ဓသာသနာ့အလံတော်သည် ဗုဒ္ဓဘုရားရှင်၏သာသနာ တည့်တံ့ပြန့်ပွားရာ နေရာတိုင်းတွင် ကြည်ညိုသဒ္ဓါ ပြည့်ဝစွာဖြင့် တလွင့်လွင့် ပျံ့လွင့်လျက် ရှိနေမည် ဖြစ်သည်။

ကျမ်းကိုး။ ။ ဆရာချစ်ဆွေ-ဘထွေးလေး၏ဗုဒ္ဓသာသနာ့ အလံတော်နှင့် သြကာသကန်တော့ခန်း(ဓမ္မဒါနစာအုပ်)မှ ဖြစ်ပါသည်။

စိမ့်စမ်း (ပညာရေး)
Like ·

တတိယအကြိမ်မြောက် ပေါက်ခေါင်းမြို.နယ်လုံးဆိုင်ရာ စုပေါင်းညောင်ရေ

တတိယအကြိမ်မြောက် ပေါက်ခေါင်းမြို.နယ်လုံးဆိုင်ရာ စုပေါင်းညောင်ရေ
သွန်းပွဲတော်ကျင်းပမည်

ဓမ္မမိတ်ဆွေ အပေါင်းတို.ခင်ဗျား ၁၃၁၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ မဟာဗောဓိ
ညောင်ပင်မှ မျိုးစေ.ယူစိုက်ပျိုးခဲ.သောပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို.
ပညာဇောတရုံ စာသင်တိုက်အတွင်းရှိ မဟာဗောဓိညောင်ပင်အား မြတ်ဗုဒ္ဓဧ။်
ကိုယ်စား ပရိဘောဂစေတီတော်မြတ်အဖြစ်ဥဒ္ဓိသ၁ ရည်မှန်း၍တတိယအကြိ
မ်မြောက် မြို.နယ်လုံးဆိုင်ရာ စုပေါင်းညောင်ရေသွန်းပွဲတော်ကို အောက်ပါအ
စီအစဉ်အတိုင်းကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့်ဗျာဒိတ်တော်ခံယူသော
နေ.၊ဖွားမြင်တော်မူသောနေ.၊ဘုရားဖြစ်တော်မူသောနေ.၊ပရိနိဗ္ဗာန်စံဝင်တော်
မူသောနေ. အစရှိသော အထင်ကရ ဗုဒ္ဓ၀င်မှတ်တိုင်များအဖြစ်တည်ရှိခဲ.သော
ကဆုန်လပြည်.နေ.တွင် ပရိဘောဂစေတီထိုက်သော မဟာဗောဓိညောင်ပင်
အားညောင်ရေသွန်း၍ ကုသိုလ်ယူနိုင်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည်.နေ.ရက် ။ ။ ၁၃၇၆ခုနှစ် ကဆုန်လပြည်.နေ.၊ ၁၃.၅.၂၀၁၄
အင်္ဂါနေ.
ကျင်းပမည်.အချိန် ။ ။ ညနေ (၄း၀၀)နာရီ
ကျင်းပမည်.နေရာ ။ ။ ပေါက်ခေါင်းမြို. ၊ပညာဇောတရုံ စာသင်တိုက်
မဟာဗောဓိညောင်ပင်ခြေရင်း
Like · ·

စာဖတ်ခြင်းက ခန္ဓာကိုယ်ကို ကောင်းကျိုး ၇မျိုးပေးတယ်။

စာဖတ်ခြင်းက ခန္ဓာကိုယ်ကို ကောင်းကျိုး ၇မျိုးပေးတယ်။ လေ့လာဆန်းစစ်ချက်အရ
စာဖတ်ခြင်းက...

(၁) ဦးနှောက်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။
(၂) စာဖတ်ခြင်းက စိတ်ဖိအားကိုဖြည်လျော့ပေးနိုင်တယ်၊ လက်ရှိအခြေအနေကနေ ခဏတာရုန်းထွက်စေနိုင်တယ်။
(၃) မှတ်ဉာဏ်ကိုတိုးမြှင့်ပေးနိုင်တယ်။
(၄) ဘဝနေထိုင်နည်းကို ပိုကျန်းမာပြီး အရောင်စုံစေတယ်။
(၅) အာရုံစူးစိုက်စေတယ်၊ တွေးတောစေတယ်။
(၆) သက်တောင့်သက်သာမရှိတဲ့ခန္ဓာကိုယ်ကို ခဏတာအာရုံလွှဲစေနိုင်တယ်၊ နာကျင်မှုတွေကို ပြေလျော့စေနိုင်တယ်။
(၇) စိတ်ဓာတ်ကျ အားငယ်ခြင်းတွေကို ကုစားပေးတယ်၊ အပျက်ဆောင်ခံစားချက်ထဲကနေ လျှောက်လှမ်းထွက်လာစေနိုင်တယ်။

နေ့ရက်တွေကို စာဖတ်ခြင်းလက်ထဲအပ်လိုက်ပါ
သင့်ဘဝကို ပျော်ရွှင်ငြိမ်းချမ်းခြင်းတွေ ပိုတိုးစေနိုင်ပါတယ် ......
.
Like · ·

တခါတလေ

တခါတလေ

ကိုယ့်ကို နာကျင်အောင်လုပ်တယ်လို့ မမှတ်ပါနဲ့
ခံနိုင်ရည်ရှိအောင်လေ့ကျင့်ပေးတယ်မှတ်ပါ

ကိုယ့်ကို စွန့်ခွာသွားတယ်မမှတ်ပါနဲ့
တစ်ယောက်တည်းနေတတ်အောင် ထွက်ခွာပေးတယ်မှတ်ပါ

ကိုယ့်အပေါ်ပြောင်းလဲသွားတယ်လို့မမှတ်ပါနဲ့
မတည်မြဲခြင်းရဲ့သဘောတွေ ပြပေးသွားတယ်လို့မှတ်လိုက်ပါ

သက်တန့်ချို
— with Hlaing Min and 6 others.
Like · ·

သူ နင့်ကို ထားသွားခဲ့တာ လပေါင်းများစွာကြာနေပြီပဲ ..

သူ နင့်ကို ထားသွားခဲ့တာ လပေါင်းများစွာကြာနေပြီပဲ ..
ဘာလို့ သူ့ဓါတ်ပုံတွေကြည့်ပြီး ငိုနေရသေးတာလဲ ??
ဘာလို့ သူဆိုပြဖူးတဲ့သီချင်းတွေကိုပြန်နားထောင်ပြီး ငိုနေရသေးတာလဲ ??
မဖြစ်နိုင်တော့တဲ့အရာတွေကို ဘာလို့ပြန်စိတ်ကူးယဉ်ပြီး တမ်းတနေရသေးတာလဲ ??
နင်နဲ့ခပ်ကင်းကင်းပဲနေချင်တောတဲ့လူကို ဘာလို့ဆက်ချစ်နေရသေးတာလဲ ??
တကယ်ဆို နင် သူ့ကို မေ့ပစ်လိုက်သင့်ပါပြီ
နင် သူ့ကို တကယ်ချစ်တယ်ဆိုရင် သူ့စိတ်တွေရှုပ်ထွေးလာအောင် နင်မလုပ်သင့်ဘူးလေ !
သူ့အနားမှာ နင့်ထက်အများကြီးသာတဲ့လူတွေပေါပါတယ်
အရာရာကို စိတ်ချနေလိုက်တော့ !!
နင်လိုမပြည့်စုံတဲ့လူနဲ့ ချစ်နေမယ့်အစား
သူ့ဘဝတက်လမ်းအတွက်ရွေးချယ်သွားရမယ့်လူကို နောက်ဆံမတင်းပါစေနဲ့လား
ဝမ်းသာလိုက်စမ်းပါဟာ
နင်လိုဘာမဟုတ်တဲ့လူကို သူ ခဏချစ်ပေးခဲ့တာပဲ
ဒီလောက်ဆိုကျေနပ်သင့်ပီပေါ့ !
ဘာမှထပ်မမျှော်လင့်သင့်တော့ပါဘူး ........

( ပိုးသဉ္ဇာ )
— with Precious WinChell.
Like · ·

ဗောဓိပင်၏ ထူးခြားချက်များ

ဗောဓိပင်၏ ထူးခြားချက်များ
@@@@@@@@@@@@
မြတ်စွာဘုရားရှင်နှင့် ဖွားဘက်တော်ခုနှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ခြင်း၊
ပရိဘောဂစေတီထိုက်ခြင်း၊
မြတ်စွာဘုရားရှင်၏ မာရ်နတ်ရန်ကို အောင်မြင်တော်မူရာ အောင်မြေဖြစ်ခြင်း၊
သဗ္ဗညုတဥာဏ်ကို ရ၍ ဘုရားဖြစ်တော်မူရာ ဖြစ်ခြင်း၊
ဗောဓိပင်ပေါက်မည့် မြေနေရာသည် ကမ္ဘာတည်လျှင် အဦးဆုံးဖြစ်ခြင်း၊
ကမ္ဘာပျက်လျှင် နောက်ဆုံးမှ ပျက်ခြင်း ၊
တစ်ခါတစ်ရံ ဗောဓိညောင်ရွက်များသည် ကန်တော့ထိုးခြင်း တို့ဖြစ်သည်။

အရှင်မာနိတ ( မုံရွာ ) အုတ်ကန်တောရ
မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီး ဂုဏပူဇာမှတ်တမ်းလွှာမှ။
Posted by Words of Buddha

လောကမှာလူတွေဟာကိုယ့်နှုတ်ကလေးကို ကိုယ်မထိန်းဘူး၊ မထိန်းနိုင်တော့

လောကမှာလူတွေဟာကိုယ့်နှုတ်ကလေးကို ကိုယ်မထိန်းဘူး၊ မထိန်းနိုင်တော့ အမှန်ပြောရမယ့်အစားလိမ်ပြောတယ်။
တစ်ယောက်နဲ့ တစ်ယောက် ညီညွတ်အောင် စေ့စပ်ပေးရမယ့်အစား မတည့်အောင်လုပ်တယ်။
ချိုချိုသာသာပြောရမယ့်အစား ရိုင်းရိုင်းစိုင်းစိုင်းပြောတယ်။
ယဉ်ယဉ်ကျေးကျေးမပြောဘူး။ အကျိုးမဲ့တဲ့ အတင်းအဖျင်းတွေ ပြောတယ်။
လူတွေဟာ နှုတ်နဲ့ မကောင်းမှု အဓမ္မတွေကို လေ့ကျင့်နေကြတယ်။
အဲ့ဒီလို နှုတ်နဲ့ အဓမ္မတွေ ကျင့်သုံးရင် ချမ်းသာသုခ ဝေးလိမ့်မယ်။
ဒါ့ကြောင့် ဓမ္မကို ကျင့်သုံးပါ...။
မိန်းခလေးများပျက်စီးတတ်သော အကြောင်းတရား(၉)ပါး
================================
၁။ ပန်းဥယာဉ်သို့ အသွားများသောမိန်းမ
၂။ သစ်သီးဥယာဉ်သို့ အသွားများသောမိန်းမ
၃။ ရေဆိပ်သို့ အသွားများသောမိန်းမ
၎။ ဆွေမျိုးအိမ်သို့ အသွားများသောမိန်းမ
၅။ မိတ်ဆွေယုတ်အိမ်သို့ အသွားများသောမိန်းမ၊
စကားကြမ်းတမ်းစွာပြောဆိုတတ်သောမိန်းမ
၆။ မှန်ကြည့်များသောမိန်းမ၊
အ၀တ်အစား ပန်းနံ့သာအခြယ်အလှယ်များသောမိန်းမ
၇။ အရက်သေစာသောက်စားသောမိန်းမ
၈။ ကိုယ်အင်္ဂါကို ဖော်ပြတတ်သောမိန်းမ
၉။ အပြင်သို့အကြည့်များသောမိန်းမ
မူလက ကောင်းမွန်သော မိန်းမကောင်းကိုပင် ပျက်ဆီးစေတတ်သည်ဟု ဆို၏။

(ဇာတကပါဠိတော် ၊ ကုဏာဇာတ်)
Credit to Original Uploader
Photo by ပျိုမေတို့သိစေဖို့

ဘယ်လိုလူမျိုးကိုချစ်သင့်ပါသလဲ…

ဘယ်လိုလူမျိုးကိုချစ်သင့်ပါသလဲ…
မင်းကို စိတ်ပူတတ်တဲ့လူမျိုးကိုချစ်ပါ… မင်းကို စိတ်ပူစေတဲ့လူမျိုးကိုမချစ်မိပါစေနဲ့…
မင်းကို ပျော့ညံ့တဲ့ တဖက်ဝန်ခံရဲတဲ့သူကိုချစ်ပါ… ကိုယ့်ကိုယ်ကိုတော်တဲ့ကောင်းတဲ့ တဖက်ကိုဘဲ ပြနေတဲ့သူမျိုးကိုမချစ်မိပါစေနဲ့…
မင်းကို လက်တွဲမဲ့ သူကိုချစ်ပါ… နောက်ကျောကိုဘဲ အမြဲမြင်နေရမဲ့သူကို မချစ်မိပါစေနဲ့…
မင်းကို လက်တွေ့ကျကျပြောနိုင်တဲ့သူကိုချစ်ပါ… လက်တွေ့မကျ အပြောကောင်းတဲ့သူကို မချစ်မိပါစေနဲ့…
မင်းရဲ့နာမည် အစစ်အမှန်သိတဲ့သူကိုချစ်ပါ… ဘေဘီလို့ဘဲ ခေါ်ဖို့သိတဲ့သူကိုမချစ်မိပါစေနဲ့…
ရိုးရှင်းတဲ့ သူတစ်ယောက်ကိုချစ်ပါ… သံယောဇဉ်များတဲ့သူကို မချစ်မိပါစေနဲ့…
သာမန်လူတစ်ယောက်ကိုချစ်ပါ… မီးအလင်းရောင်တွေနဲ့ တောက်ပနေတဲ့သူကိုမချစ်မိပါစေနဲ့…
မင်းစကားပြောတာကို နားထောင်နိုင်တဲ့သူကိုချစ်ပါ… မင်းကို တရားချမဲ့သူကိုမချစ်မိပါစေနဲ့…
ပွင့်လင်းတဲ့သူတစ်ယောက်ကိုချစ်ပါ… မှောင်ရိပ်တဖက်ကျနေတဲ့သူမျိုးကိုမချစ်မိပါစေနဲ့…
လိမ်ပြောတာကိုဝန်ခံရဲတဲ့သူကို ချစ်ပါ… ဖြေရှင်းချက်ပေးကောင်းတဲ့သူကို မချစ်မိပါစေနဲ့…
မင်းကို ယုံကြည်တဲ့ သူတစ်ယောက်ကိုချစ်ပါ… ကိုယ့်အပေါ်သံသယများတဲ့သူကို မချစ်မိပါစေနဲ့…
မင်းကို ဘာလိုလဲလို့မေးတဲ့သူကိုချစ်ပါ… ကိုယ်ဘာလိုချင်တာလို့မင်းကိုပြောတဲ့သူကို မချစ်မိပါစေနဲ့…
မင်းကို ဂရုစိုက်နိုင်တဲ့သူကိုချစ်ပါ… ကိုယ်ကနေပြီးကောင်းကောင်းသတိထားရမဲ့သူမျိုးကို မချစ်မိပါစေနဲ့…
Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ
------
သင့်မိတ်ဆွေများကိုလည်း ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့နော်။
www.facebook.com/pages/ပျိုမေတို့သိစေဖို့/201439940048607
Like · ·

Tuesday, May 6, 2014

ဖိုးဦးတောင်စေတီတော် ဧ။်ကမ္ဗည်းတင်စာတမ်း (အပိုင်း -၅)

ဖိုးဦးတောင်စေတီတော် ဧ။်ကမ္ဗည်းတင်စာတမ်း (အပိုင်း -၅)
=================================
ကျောက်စာပါ ဖော်ပြချက်
@@@@@@@@@@@
အနောက်ဘက်မျက်နှာ
ဘ၀ရှင်မင်းတရားကြီး ဆင်ဖြူရှင်သည် များစွာသောဆင်ဖြူတော်များေ၇ွှငွေ
ကျောက်သံပတ္တမြား၊ တခြားသော ဥပဒေရေးရာများ၊ စီမံခန်.ခွဲမူများဖြင့် တိုင်းကြီး(၁၆)တိုင်း ပိုင်ဆိုင်ခဲ.သည်။

သူနာပရ န္တ - ကလေး၊ကညင်၊ရေး၊ထီးလင်း၊စလင်း နှင့်စကု

သီရိခေတ္တရာ - ဥဒေတရာဇ် နှင့် ပန်းတောင်း

ရာမည - ကူပန်၊ရောင်မြ၊ မုတ္တမ နှင့် ပဲခူး

အယုဒ္ဓယ - ယိုးဒယား နှင့် ကမန်ပိုက်

ဟာရီပန်ချာ - ဇင်မင်း၊ လဘုံ နှင့် အမ်း

လဘရသ၁ - ချမ်းတာဘိုရီ ၊ စံပါပယ် နှင့် မိုင်လုံး

ခေမဗာရ - ကျိုင်းတုံ နှင့် ကျိုင်းကောင်း

ဇောတိနာဂယာ - ကျိုင်းကုံး နှင့် မြိုင်ဆယ်

ကန်ဘူးချား - မုန်း ၊ညောင်ဝိုင်း နှင့် မိုးမိတ်

မဟင်သက - မိုးကုတ် နှင့် ကျတ်ပြင်

စံ - ဗန်းမော် နှင့် ကောင်းစင်

အလေး - မိုးကောင်း နှင့် မိုးညှင်း

မဏိပူရ - ကသည်း နှင့် မိုးညှင်း

ဇေယျဗည - ဇေယျဝတီ နှင့် ခတ္တ ဗန္ဓီ

တမ္ပဒီပ - ပုဂံ ၊မြင်စိုင်း၊ ပင်းယ နှင့် အင်းဝ

အစရှိသည်များကို ဘုရားကြီးသို. လှူဒါန်းသည်။ မြတ်စွာဘုရားသည် ဘုရား
ဖြစ်ပြီး (၄၉)ရက် အကြာတွင် တဖုသ၁ နှင့် ဘလ္လိက တို. ညီအစ်ကိုနှစ်ဦးအား
သူဧ။်ဆံတော်ကို စွန်.ကြဲခဲ.သည်။ ဘုရင်သည် သူဧ။်စွမ်းရည် ဘုန်းတန်ခိုးဖြင့်
ရွှေအစစ်များဖြင့် ဆ့တော်စေတီကို (၃၀၀) မီတာအမြင့်ရှိ ကုန်းမြေပေါ်တွင်
(၂၂၅) မီတာကျယ်သော မြေပြင်တွင် (၁၈၃) ပေမြင့်သည်. စေတီကို တည်
ထားတော်မူသည်။
မြန်မာသက္ကရာဇ် (၁၁၃၆) ပြာသိုလဆန်း(၈)ရက် တနင်္ဂနွေနေ.တွင် အင်းဝ
ဘုရင် နတ်ရွာစံပြီးနောက် မဟာသုဒသ၁နတောင်တွင် စူဠာမဏိစေတီတော်
ကို တည်ထားခဲ.ကြသည်။ သူသည်စစ်ပွဲပေါင်း(၈၀)ကို အနိုင်ယူပြီးဆင်ပေါင်း
၁၆၀၀၊ အကျဉ်းသားပေါင်း ၅၀၀ ကို ဦးဆောင်ခဲ.သူဖြစ်သည်။သူသည် ၀န်ကြီးများနှင့် စစ်ရေးစစ်ရာ ဗိုလ်ချုပ်အစရှိသည်.ကွဲပြားခြားနားသော ပုဂ္ဂိုလ်
တို.ကို စည်းရုံးနိုင်သူဖြစ်သည်။သူသည် မျိုးရိုးကောင်းမှ ဆင်းသက်လာသူ
ဖြစ်ပြီး ကိုယ်ကျင့်စာရိတ္တကောင်းသူဖြစ်သည်။ ထို.ကြောင့် သူသည် တော်ဝင်
မိသားစုဝင်တစ်ဦးလည်းဖြစ်နေသည်။သားတော်၊ညီတော်၊မိဖုရားများအားလုံး
ကို ညီညွတ်စွာ ကွက်ကဲအုပ်ချုပ်နိုင်ခဲ.သည်။
ဆက်လက်ဖေါ်ပြပါမည်။
Like · ·