Sunday, May 11, 2014

ဘုန်းဘုန်း ဘုန်းကြီးတွေရှိပြီး ဆွမ်းကပ်မဲ့ သူ

ဘုန်းဘုန်း ဘုန်းကြီးတွေရှိပြီး ဆွမ်းကပ်မဲ့ သူ
ပစ္စည်းလေူပါးဒါယကာမရှိရင် သာသနာပြုလို့ ရပ
မလား ဘယ်လောက်ဘဲ တရားသဘောနဲ့ ကြည့်
ကြည့် အခြားဘာသာက ဒီလိုမဟုတ်ရင် ဘာသာ
လူမျိုးပျောက်သွားမယ် ဘုန်းကြီးနဲ့  ဗုဒ္ဓဘာသာ
အတွက် ဗုဒ္ဓဘာသာဝင်ရှိမှ သာသနာတည်မှာပါ
ကုလားဖြစ်ဖြစ် တရုတ်ဖြစ်ဖြစ် လူသားဆိုတဲ့အမြင်နဲ့ ကြည့်ရမယ်။ ဒါမှ ထေရဝါဒဗုဒ္ဓဘာသာ ပီသမယ်။ အင်တာနေရှင်နယ် အမြင်ကို စွန့်ပစ်လို့ မဖြစ်ဘူး။ အမျိုးသားရေးဆိုတဲ့ နေရှင်နယ် အမြင်ကြီးနဲ့ သွားမကြည့်နဲ့။

ကျဉ်းမြောင်းတဲ့ အယူအဆတွေနဲ့ ပြောနေကြမယ်၊ သေးသိမ်တဲ့ အယူအဆတွေနဲ့ ဆိုနေကြမယ် ဆိုရင် ဗုဒ္ဓဘာသာတွေဟာ အဆင့်အတန်း မြင့်ပါလျက်နဲ့ မမြင့်ဘဲ ဖြစ်လိမ့်မယ်။ မြတ်စွာဘုရားကို အားနာသင့်တယ်။ ရဟန်းက မြတ်စွာဘုရား မျက်နှာကိုတော့ နည်းနည်းထောက်ရမယ်။

ကိုယ်ဖြစ်ချင်တာတွေကို စွပ်ပြီးတော့ ကုလားမုန်းတီးရေး တွေကိုပဲ ပြောလို့မဖြစ်ဘူး။ အမျိုးသားရေးဟန်ကို အမျိုးသားရေးဉာဏ်နဲ့ ထိန်းရမယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ မဟုတ်တိုင်း မုန်းနေကြမယ်ဆိုရင် နိုင်ငံတကာရဲ့အပြောအဆိုက လွတ်မှာမဟုတ်ဘူး။

ဘုရားမှန်း၊ မိဘမှန်း၊ ဆရာမှန်း ငယ်ငယ်လေးတည်းက သိထားတယ် ဆိုရင် အမျိုးကို ကြီးမှလက်ပေးသင်ပြီး စောင့်ပါလို့ ပြောစရာမလိုတော့ဘူး။

မေလ ၅ ရက်နေ့ထုတ် The Street View ဂျာနယ်ပါ
“အမျိုးသားရေးဟန်ကို အမျိုးသားရေးဉာဏ်ဖြင့် ထိန်းဖို့ ရွှေညဝါဆရာတော် မိန့်ကြား” သတင်းမှ ကောက်နုတ်ချက်
Like · ·

No comments:

Post a Comment