Sunday, May 11, 2014

လောကမှာလူတွေဟာကိုယ့်နှုတ်ကလေးကို ကိုယ်မထိန်းဘူး၊ မထိန်းနိုင်တော့

လောကမှာလူတွေဟာကိုယ့်နှုတ်ကလေးကို ကိုယ်မထိန်းဘူး၊ မထိန်းနိုင်တော့ အမှန်ပြောရမယ့်အစားလိမ်ပြောတယ်။
တစ်ယောက်နဲ့ တစ်ယောက် ညီညွတ်အောင် စေ့စပ်ပေးရမယ့်အစား မတည့်အောင်လုပ်တယ်။
ချိုချိုသာသာပြောရမယ့်အစား ရိုင်းရိုင်းစိုင်းစိုင်းပြောတယ်။
ယဉ်ယဉ်ကျေးကျေးမပြောဘူး။ အကျိုးမဲ့တဲ့ အတင်းအဖျင်းတွေ ပြောတယ်။
လူတွေဟာ နှုတ်နဲ့ မကောင်းမှု အဓမ္မတွေကို လေ့ကျင့်နေကြတယ်။
အဲ့ဒီလို နှုတ်နဲ့ အဓမ္မတွေ ကျင့်သုံးရင် ချမ်းသာသုခ ဝေးလိမ့်မယ်။
ဒါ့ကြောင့် ဓမ္မကို ကျင့်သုံးပါ...။

No comments:

Post a Comment