ဟာ ဘာလည်းဟ
ဟုတ်ဟုတ် မဟုတ်ဟုတ်
================
သြော်...ပူရိသတွေ ခက်ပုံ(ကိုယ်တွေ အပါအဝင်ပါပဲ)။ ဣတ္ထိယတွေကို တွေ့ရင် ဘယ်က စပြီး ကြည့်တယ်မှတ်။ ဂျော ကနေ စကြည့်တယ်ဗျ။ ပြီးရင် ဘယ်ရောက်တယ်မှတ်၊ နောဆီ ရောက်သဗျ။
ဒါမယ့် ရဲဖော်ရဲဖက်စိတ် ရှိရှာကြသား။ ဟျောင်း ဟျောင်း ဟျောင်း (ဟေ့ကောင်ကို ဒရောသောပါး ခေါ်သံ) ကြန်းကြန်းကြန်း..မိုက်ထြာကွားးးတဲ့။ အဲ့ဒလို။
ဒါကို ဣတ္ထိယတွေက သိလို့ပဲလား၊ မသိလို့ပဲလား မပြောတတ်ပြီ။ ဝတ်ကြဆင်ကြပုံကို ကြည့်ကြဦး။ ဘောင်းဘီ ကြပ်ထုပ်ကြီးတွေ၊ ဘောင်းဘီ ကြပ်ထုပ်လေးတွေ အသီးသီး အသကနဲ့ပါဗျိုး။
ဒီတော့ အိုးပိန်လည်း အိုးပြားလည်း အိုးခွက်လည်းပဲ ဘောင်းဘီ ကြပ်ထုပ်နဲ့ ထုပ်ပိုး ထားလေတော့၊ ဟုတ်ဟုတ် မဟုတ်ဟုတ် အိုးက ထွက်နေရောဗျား။ ဒီတော့ ကျုပ်တို့ ပူရိသတွေခမြာ မျက်လုံးလေးတွေ ကလည် ကလည်နဲ့၊ အသံ မထွက်နိုင်တော့ပါဘူး။
ဘာနဲ့ သွားတူသလဲ ဆိုတော့ ကျုပ်တို့ ပူရိသတွေက ပြည်သူလူထုကြီးနဲ့ သွားတူတယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် ကြပ်ထုပ် အိုးတွေက ဒေါ်စုပြောတဲ့ ဒီမိုဂွေဇီပေါ့လေ။ ဟုတ်ဟုတ် မဟုတ်ဟုတ်ပါပဲ။
သြော်...ခစ် ခစ် ခစ်...အဲလေ...ခေတ် ခေတ် ခေတ်။
— with ကိုရင်လူထွက် ငပိချက် and 9 others. ================

No comments:
Post a Comment