Sunday, May 11, 2014

ပုဒ်မ ၄၃၆ ကို …. အတင်းအဓမ္မ ပြင်ဆင်ခိုင်းနေတဲ့  သူတွေဟာ …

ပုဒ်မ ၄၃၆ ကို ….
အတင်းအဓမ္မ ပြင်ဆင်ခိုင်းနေတဲ့  သူတွေဟာ …
ဒီပုဒ်မ ၄၃၆ ရဲ့  အဓိပ္ပာယ်နဲ့  …
ဒီပုဒ်မ ဖြစ်ပေါ်လာရတဲ့  ....
နောက်ခံသမိုင်းကြောင်းတွေကို …
သေချာ သိရှိနားလည်မှ …
ဒီပုဒ်မကို အမှန်တကယ်ပြင်ဆင်နိုင်ဖို့ အတွက် …
လက်တွေ့ ကျတဲ့  နည်းလမ်းကို …
ရွေးချယ်ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်…

ပုဒ်မ ၄၃၆ ဟာ ရှင်းရှင်းပြောရရင်တော့ …
လက်ရှိ အခြေခံဥပဒေကို …
တပ်မတော် ရဲ့ သဘောဆန္ဒ မပါဘဲ …
ပြင်ဆင်လို့ မရအောင် လုပ်ထားတဲ့ ပုဒ်မပါပဲ …

ကောင်းပါပြီ …
လက်ရှိ တပ်မတော်ရဲ့ သဘောဆန္ဒဟာ …
ဘာများ ဖြစ်နိုင်ပါသလဲ …
ရှင်းပါတယ် …
လက်ရှိအနေအထား မြန်မာ့နိုင်ငံရေး မှာ …
တပ်မတော်ရဲ့ ဆုံးဖြတ်ပိုင်ခွင့် နေရာတစ်နေရာ ….
ရှိနေစေချင်သေးတာပါ …
ဒီလိုလားချက်ပေါ် အခြေခံပြီး …
ကာလုံတို့  တစ်မတ်သားတို့ …
ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်..

ဘာဖြစ်လို့  ဒီလို ဒီမိုကရေစီ မကျတဲ့  ….
နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ….
ရှိနေစေချင်သေးတာပါလဲ …

အဖြေကတော့ သမိုင်းကြောင်းပါပဲ …
ပြည်တွင်းစစ် ပါပဲ …
၁၉၄၈ က ၁၉၈၈ ခုနှစ်အထိ …
တပ်မတော် ဖြတ်သန်းရတဲ့  သမိုင်းကြောင်းဟာ …
ယမ်းနံ့ ညှော်နံ့ တွေ ..
သေနတ်သံတွေ …
နိုင်ငံရေး စနစ်တွေ …
မူဝါဒအသစ်တွေ ….
နိုင်ငံရေးမှာ တပ်ကို အကြိမ်ကြိမ်ထိုးကျွေးခဲ့တာတွေ …
မအောင်မြင်တဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နဲ့ …
ပြည့်နှက်လို့ နေနေ တာပါပဲ ….

၁၉၄၈ ခုနှစ်ကတည်းက ….
တဂျိမ်းဂျိမ်း စစ်တိုက်နေရတဲ့  တပ်မတော်ဟာ…
နိုင်ငံရေးသမားတွေက ဆွေးနွေးလိုက် …
စခန်းတွေက ပြန်ဆုတ်ပေးလိုက် …
တစ်ခါ ငြိမ်းချမ်းရေး ပြန်ပျက်လို့  ပြန်တိုက်လိုက်နဲ့ ပဲ ….
တောင်ကုန်းတစ်ခုကို သူတို့ သက်စေ့ မက …
အကြိမ်ကြိမ်ပြန်သိမ်းနေရတဲ့  ကိစ္စမှာ …
ကျဆုံးသွားတဲ့  စစ်သည်တွေရဲ့ အလောင်းဟာလဲ …
အဲဒီတောင်တွေလောက် …
မြင့်လို့ နေခဲ့ပါပြီ …

တစ်ခါ ၁၉၄၈ နဲ့  ၁၉၈၈ ခုနှစ်တွေမှာ …
စစ်ရေးနည်းနဲ့  …
သူတို့ ကို ဘယ်လိုမှ အနိုင်မယူနိုင်တဲ့  …
သူတို့  ရန်သူတွေဟာ…
နိုင်ငံရေးနည်း နဲ့  လူထုတိုက်ပွဲနည်းနဲ့ …
အာဏာရပါတီတွေကို စိမ့်ဝင်ပြီး …
ပူးသတ်ဖို့ ကြိုးစားကြတာကိုလဲ …
သူတို့ ကောင်းကောင်းကြီး တွေ့ မြင်ခဲ့ပြီးပါပြီ ….

သမိုင်း စဉ်ဆက် တစ်လျောက် …
တပ်မတော် အစိုးရိမ်ဆုံး အပူပန်ဆုံးကိစ္စဟာ …
အဲဒီကိစ္စပဲ ဖြစ်ပါတယ် …

အဲဒီ စိုးရိမ်ပူပန်မှုပေါ် အခြေခံပြီး …

ပြည်တွင်းစစ် မပြီးဆုံးသေးတဲ့  ….
===================
လိပ်ခဲတည်းလည်း ကာလမှာ…
==================
တပ်မတော် ရဲ့ အနာဂတ် …
=================
တပ်မတော်သားတွေ ရဲ့ အသက်တွေ ….
=======================
အများကြီး ဆုံးရှုံးသွားနိုင်တဲ့  ….
======================
နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့ အချိန်မှာ…..
=============================
တပ်မတော် ကလဲ နေရာတစ်နေရာ …
=====================
ဆန္ဒပြု ပိုင်ခွင့် ရှိသင့်တယ် ဆိုတဲ့  ….
======================
အိုင်ဒီယိုလော်ဂျီဟာ…
=============
ခိုင်ခိုင်မာမာ ပေါ်ထွက်လာခဲ့ပါတယ် ….
===========================

ဟုတ်ကဲ့  …
ကျွန်တော် ပြန်မေးပါရစေ…
ပုဒ်မ ၄၃၆ ကို ပြင်ဆင်လိုက်ရင် …
တစ်မတ်သားတွေကို လွှတ်တော်ထဲက ထုတ်မပြစ်ဘူး …
ဘယ်သူ အာမခံပါသလဲ …

တစ်မတ်သားတွေ ...
လွှတ်တော်ထဲက ဖယ်ပေးလိုက်ရရင် …
တပ်မတော်ရဲ့  စစ်အင်အား ...
ဘတ်ဂျက် တို့ ကို ထိန်းချုပ်တဲ့  …
ဥပဒေတွေ ပေါ်ထွက်မလာဘူးလို့  …
ဘယ်သူ အာမခံပါသလဲ ….

အကယ်၍ ....
ငြိမ်းချမ်းရေးဆိုတာများ ပျက်သွားခဲ့ရင် ….
အာဏာရ ပါတီ အစိုးရအဖွဲ့ ထဲကို …
တစ်ဖက် လက်နက်ကိုင် အဖွဲ့ တွေထဲက …
လူတွေ စိမ့်ဝင်နေရာယူပြီး …
တပ်မတော်ကို နှောက်ယှက်မယ့် ....
အဟန့် အတား လုပ်မယ့် …
အမိန့် တွေ ထုတ်ပြန် မလာပါဘူးလို့  …
ဘယ်သူ အာမခံပါသလဲ ….

အာမခံသည် ထားအုန်း …
စစ်တပ်ရဲ့ သဘောသဘာဝ အရ …
ဖြစ်နိုင်ချေရှိတာတွေ အားလုံးကို …
ချင့်တွက် ခန့် မှန်းပြင်ဆင်ထားမှာ …
အသေအချာပါပဲ …

ကျွန်တော် အမြဲ ပြောခဲ့ဘူးပါတယ်…
ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမှာ …
အရင်ဆုံး ပြင်ဆင်ရမှာသည်…
ပြည်ထောင်စု နဲ့  ပြည်နယ်တွေရဲ့ အာဏာခွဲဝေမှု …
ဇယား ၁၂၃ ပါ အချက်တွေ ဖြစ်ပါတယ် ..

ဒီ ဇယားကို ပြင်လိုက်တာနဲ့  …
ပြည်နယ်တွေ နဲ့  ပြည်ထောင်စု အကြား …
တင်းမာမှုတွေ လျော့သွားမယ် ..
ယုံကြည်မှုတွေ တိုးလာမယ်…
စစ်ကို အပြီးသတ်ဖို့  နီးစပ်လာမယ် …
စစ်ကြီး အပြီးသတ်သွားရင်…
စစ်ဘောင်ချုံ့ လို့ ရပြီ …
စစ်တပ်ကို ထိန်းချုပ်လို့ ရပါပြီ ...

ဒါတွေ အရင်မလုပ်ဘဲ …
လက်နက်ကိုင် နှစ်သိန်းနီးပါးရှိတဲ့ တိုင်းပြည်မှာ …
စစ်တပ်ကို တစ်ဖက်သတ် …
သွား ထိန်းချုပ်ဖို့ ကြိုးစားတာသည် …
ရူးလို့ ပဲ နေမယ် လို့ …
ကျွန်တော် ပြောခဲ့ ရေးခဲ့ဘူးပါတယ်…

အခုအချိန်အထိတော့ …
ဒီ ဇယား ၁၂၃ ကို ပြင်ဖို့  …
ဘယ်ပါတီမှ သောက်သံ မထွက်လာသေးပါဘူး….
၄၃၆ တို့  ၅၉ စလုံးတို့  …
ဒါတွေပဲ တရုန်းရုန်း လုပ်နေတာပါ….

မှားတာ မှန်တာတွေ အသာထား …
ခင်ဗျားတို့ လုပ်နေတာ လက်တွေ့ ကျလား …
ဖြစ်နိုင်မလား…
တစ်ဖက် က လက်ခံမလား …
ပြန်စဉ်းစား ကြည့်ပေးပါ ….

စစ်ကို အရင် အပြီးမသတ်ပဲ …
စစ်တပ်ကို သွား ထိန်းချုပ်ကန့် သတ် မယ့် ကိစ္စဟာ ….
၂၀၁၄ ရဲ့  ရယ်စရာအကောင်းဆုံး …
ပြက်လုံးတစ်ခု ဖြစ်လာပါလိမ့်မယ်…

စဉ်းစားလို့ ရအောင် တစ်ခုထောက်ပြရရင် …
ကချင်မှာ အင်အားကို ကန့် သတ်တားမြစ် …
ငုတ်တုတ်ဖြစ်နေတာ ၃ နှစ်လောက်ရှိလာချိန်မှာ……
စစ်သားတွေ ဘက်က …
မကျေနပ်တဲ့ အသံဗလံတွေ …
အတော်များများ ထွက်ပေါ်စပြုလာတာ ….
အားလုံး အသိပါပဲ …
ဒါတောင် သမ္မတဟာ ….
စစ်သားလူထွက် ဖြစ်နေပါသေးတယ်…

ထပ်ပြောပါရစေ……နိုင်ငံရေးပါတီများ….
စစ်ကို အရင်ရပ် …
စစ်ကို အရင်ရပ် …
စစ်ကို အရင်ရပ် ဖို့ လုပ်ပါ ……

ကျေးဇူးပြုပြီး ….
စစ်ပွဲတွေ မပြီးခင် …
စစ်တပ်ကို သွားကန့် သတ်ဖို့  ….
မစဉ်းစားစမ်း ပါနဲ့ အုန်းဗျာ……

( ပုဒ်မ ၄၃၆ ကို လက်တွေ့ ကျကျ ပြင်စေချင်တဲ့  ရဲမိုး )
Like · · Share
Like · ·

No comments:

Post a Comment