Monday, December 30, 2013

Viber ကနေ ကိုယ်မခေါ်စေချင်တဲ့ Viber Call များ ၊ Message များကို Block နည်း

====================================
Viber ကနေ ကိုယ်မသိတဲ့သူတွေ ၊ ကိုယ်ဖုန်းမခေါ်စေချင်တဲ့သူတွေက messages တွေ ph call တွေဝင်နေ ခေါ်လာနေလို့ စိတ်အနှောက်အယှက်ဖြစ်နေရင် မလာအောင်လုပ်တဲ့နည်းလေးပါ။
အရင်ဆုံး ရှိပြီးသား viber ထဲကနေ exit(from more option)နဲ့ထွက်လိုက်ပါ။
နောက် ပြန်ပီးတော့ activate လုပ်ဖို့အတွက် မိမိဖုန်း နံပါတ်ပြန်ရိုက်ထည့်တဲ့အခါ မိမိဖုန်းနံပါတ်ရဲ့ နောက်ဆုံးမှာ ဂဏန်းတစ်လုံး အပိုထည့်ရိုက်လိုက်ပါ။e.g.09400000011 (နောက်ဆုံး 1 ကအပို တလုံးပါ)
Viber ကနေ code အတွက် ဖုန်းခေါ်တဲ့အခါ မိမိရဲ့ဖုန်းထဲကိုပဲ ဝင်ပါတယ်။နောက်ဆုံး ဂဏန်းက အကျုံးမဝင်ပါဘူး။
viber အချင်းချင်းအတွက်ကျတော့ အပိုထည့်လိုက်တဲ့ ဂဏန်းတလုံးက အကျုံးဝင်ပါတယ်။
အဲ..viber code ရပီဆိုရင်တော့ မိမိဆီကို messages,ph call တွေခေါ်စေချင်တဲ့သူကို ကိုကအရင် message ပို့လိုက်ပါ။
ဒါမှ မိမိ အပိုထဲ့ထားတဲ့ viber ph နံပါတ်ကိုသူတို့ကသိမှာပါ။
ဒါဆိုရင်တော့ မိမိဆီကို မပို့စေချင်တဲ့ messagesတွေ မလာစေချင်တဲ့ ဖုန်းcallတွေကို ကာကွယ်ပီးသား ဖြစ်ပြီး viber ကြောင့်စိတ်အနှောက်အရှက်ဖြစ်နေတဲ့ ရောင်းရင်းတို့လဲ အေးဆေးဖြစ်သွားပါလိမ့်ပါမည်။

credit>>လွင်သန္တာစိုး

အင်္ဂလိပ်ဘာသာ လေ့လာစရာ

Myawady News


“အသုံးများတဲ့..စကားအတိုလေးများ
===================
(Short Conversations In Use)

Monday, 30 December 2013

ဒီနေ့လည်း အသုံးတည့်နိုင်လောက်တဲ့ အင်္ဂလိပ်စကားအတိုလေးတွေကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။

(1) Finished your meal?
စားပြီးပလား။

(2) Much obliged!
သိပ် ကျေးဇူးတင်တာပဲ။

(3) Never better!
မဆိုးပါဘူး။

(4) Care kills the cat.
စိတ်ထောင်း ကိုယ်ကြေ။

(5) Catch as catch can.
ဘယ်လိုနည်းဖြစ်ဖြစ် ရအောင်လုပ်။

(6) Don't yan!
စကားမများနဲ့။

(7) How very interesting!
ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းလဲ။

(8) On my word!
ငါ..ကတိပေးပါတယ်။

(9) You,very stubborn!
မင်း..ပြောရဆိုရ သိပ်ခက်တာပဲ။

(11) True,I forgot!
တစ်ကယ်ပါ။ငါမေ့နေလိုက်တာကွာ။

(12) Queen Anne is dead!
ဒီသတင်းက ရိုးနေပါပြီ။

(13) Go it blind!
မျက်စိမှိတ်သာ ချလိုက်တော့။

(14) First class!
သိပ်ကောင်းတာပဲ။

(15) Beautiful dreams!
အိပ်မ

Sunday, December 29, 2013

ဦးခင်ညွှန့်နိုင်ငံရေးမလုပ်ဖို့ အလိုတော်ပြည့်ဆရာတော် သတိပေး


Sunday, December 29, 2013

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို နိုင်ငံရေးမလုပ်ဖို့ အလိုတော်ပြည့်ဆရာတော်က ပြင်းပြင်းထန်ထန်သတိပေးစကား မိန့်ကြားခဲ့တယ်လို့ သံတော်ဆင့် သတင်းတပုဒ်က ဆိုပါတယ်။

အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို ဘာသာရေး လုပ်မယ်ဆို ဘာသာရေးကိုပဲ လုပ်ဖို့ အခုနိုင်ငံရေး အခင်းအကျင်းမှာ ပါဝင် ပတ်သက်မယ်ဆိုရင် အားမပေးဘူးလို့ မိန့်ကြားခဲ့တယ်လို့ မြန်မာ သံတော်ဆင့်က ဖော်ပြထားပါတယ်။

ဧရာဝတီနဲ့ ဦးခင်ညွှန့် မေးမြန်းခန်းမှာလည်း နိုင်ငံရေး မလုပ်ဘူးဆိုတဲ့အကြောင်း ၃ ကြိမ်တောင် ပြောခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည် ငြိမ်းချမ်းသာယာရေးအတွက် ဦးခင်ညွှန့် အမျိုးသား နိုင်ငံရေးလုပ်မှာဖြစ်တယ် လို့ ပြောခဲ့ဖူးပါတယ်။

အလိုတော်ပြည့်ဆရာတော်ဟာ စစ်အစိုးရလက်ထက်တွေတုန်းက ဦးခင်ညွှန့်နဲ့ ဆရာတပည့်ရယ်လို့ လူတွေ က ပြောခဲ့ကြတာပါ။ ဒီအပြင် အခြား စစ်အစိုးရ ခေါင်းဆောင်တွေကလည်း ဆရာတော်ကို မကြာခဏ ဖူးမျှော်ပူဇော်တာတွေ ရှိခဲ့တာပါ။


ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခဏဆိုသလို အလိုတော်ပြည့် ဆရာတော်ဆီ သွားရောက် ဖူးမျော်တာတွေလည်း ရှိခဲ့ပါတယ်။

ဦးခင်ညွှန့်အနေနဲ့ နေအိမ်အကျယ်ချုပ်ကလွတ်လာပြီးနောက်ပိုင်း တကြော့ပြန် ရုပ်/သံ လူမြင်ကွင်းမှာတော့ သူရ ဦးရွှေမန်းနဲ့အတူ ပထမ ပြန်လည် ပေါ်ထွက်လာခဲ့ပြီးနောက်ပိုင်း မီဒီယာတွေနဲ့ ထိတွေ့မှုတွေကိုတော့ အတော်သတိထားခဲ့တာပါ။

လူပြောအများဆုံး ဖြစ်ခဲ့တာကတော့ ဦးမြတ်ခိုင် ရေးသားထုတ်ဝေတဲ့ ဦးခင်ညွန့်နဲ့ အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲတုန်းကတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်အကျဉ်းသားတွေ သာ ဖြစ်တယ်လို့ ပြောဆိုခဲ့မှုဟာ အတော်ပွဲဆူသွားစေခဲ့တာပါ။

အဲဒီလိုတွေ ပြောဆိုခဲ့ပြီးနောက်ပိုင်းမှ အခုလို အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ မပါဖို့ သတိပေး ဟန့်တားတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

အခုလို အလိုတော်ပြည့်ဆရာတော်ရဲ့ သတိပေး ဟန့်တားမှုရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေ ရှိ နေတယ်ဆိုတာတော့ သိသူ အတော်နည်းမယ်လို့ ထင်ပါတယ်။

လင်းသန့် ~
ဧရာဝတီblog
Like · ·

ပြင်ဆင်လိုသည့်အချက် (၁၆၈) ချက်ပါဝင်သည့် NLD ပါတီ၏ ၂၀၀၈ ခုနှစ်

ဖွဲ့စည်းပုံပြင်ဆင်ရေးသဘောထားကို လွှတ်တော်ကော်မတီသို့ ယနေ့ တင်သွင်းမည်

ပြင်ဆင်လိုသည့်အချက် ၁၆၈ ချက်ပါဝင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပေါ် သဘောထားကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

NLD ပါတီမှ ပြင်ဆင်လိုသည့် အခန်းများတွင် အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခန်းမှလွဲ၍ ကျန်သည့်အခန်း ၁၄ခန်းစလုံးပါဝင်ပြီး ပြင်ဆင်လိုသည့်အချက်များတွင် အုပ်ချုပ်ရေးကဏ္ဍ၌ အများဆုံး ပါဝင်ကြောင်း သိရသည်။

"ကျွန်တော်တို့ ၂၆ ရက်က ဗဟိုကော်မတီမှာ အဲဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ဆွေးနွေးတယ်။ တိုင်ပင်ကြတယ်။ အပြီးသတ်ရေးတယ်။ ရေးပြီးသားဟာကို ဒီနေ့ဗဟိုကော်မတီမှာ အတည်ပြုတယ်။ ဒီအတည်ပြုတဲ့ဟာကို ကျွန်တော်တို့ ပူးပေါင်းကော်မတီကို တင်ဖို့က ဒီညနေသွားမယ်။ မနက်ဖြန်မနက်မှာ ပူးပေါင်းကော်မတီကို တင်မယ်" ဟု NLD ပြောရေးဆိုခွင့်ရှိသူနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ဒီဇင်ဘာ ၂၈ ရက်က ပြောကြားသည်။

NLD မှ ပြင်ဆင်လိုသည့် အချက်များအပေါ် လွှတ်တော်တွင်း၌ မည်သည့်အတိုင်းအတာအထိ ပြင်ဆင်နိုင်ရန် မျှော်လင့်သလဲဟူသည့် မေးခွန်းအပေါ် "မိမိကိုယ်မိမိ ပြည်သူ့ကိုယ်စားလှယ်တွေပါ။ ဒီမိုကရေစီလိုချင်တဲ့ ပြည်သူတွေက မဲပေးထားတဲ့ ကိုယ်စားလှယ်တွေပါလို့ ခံယူထားတဲ့သူတွေက ဘယ်လောက် ဒီမိုကရေစီလိုချင်သလဲ။ ပြီးရင် ၈၈ မှာ ရဟန်းရှင်လူ ပြည်သူ ကျောင်းသားကျောင်းသူ အသက်ပေးသွားတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ဘယ်လောက်တန်ဖိုးထားမလဲ။ ပြီးရင်ကိုယ်ကိုယ်နှိုက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဘယ်လောက်မြတ်နိုးမလဲ။ အဲလိုလူတွေရဲ့ မဲပေးမှုပေါ်မှာပဲ အဖြေထွက်လာမှာပါ။ မှန်းလို့တော့မရဘူး" ဟု NLD ပြောရေးဆိုခွင့်ရှိသူနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဖြေကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးအပေါ် တစ်နိုင်ငံလုံးအနှံ့ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူမှုနှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လိုက်လံဟောပြောမှုများပြုလုပ်ခဲ့ပြီး ပြည်သူအများစုက ပြင်ဆင်ရေးအတွက် အဆိုပြုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအနေဖြင့် ပြည်သူ့ဆန္ဒသဘောထားပေးပို့မှုများကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ပြီး လေ့လာသုံးသပ်တွေ့ရှိချက် အစီရင်ခံစာကို ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထားကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသွားရမည်ဖြစ်ကြောင်း သိရသည်။

Aye Chan Mon# Credit To: Eleven Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်=

ပည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွ

လိုယောင်္ကျား ပြဿဒါး မရှိ
င် သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲဝံ့စွာဆောင်ရွက်ရန် အရေးကြီးဟု အာဏာရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲ့ဝံ့စွာဆောင်ရွက်ရန် အရေး ကြီးကြောင်း အာဏာရပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အစည်းအဝေး၌ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းက"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပြည်တွင်းသာမက ကမ္ဘာ့နိုင်ငံများကပါ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ မလုပ်တတ်၊ မကိုင်တတ်လျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သွေးစည်းရေးတွင်လည်းကောင်း၊ မှန်ကန်စွာ မဖော်ဆောင်နိုင်လျှင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်လည်းကောင်း များစွာအခက်အခဲ ရှိနိုင်ပါတယ်။ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်တယ်။ မမျှော်မှန်းနိုင်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုအဖြစ်မျိုးများမဖြစ်ရလေအောင် အစဉ်အလာရှိသော မိမိတို့ပါတီ၊ အနိုင်ရထားသောပါတီ၊ အနိုင်ရအစိုးရတို့က ဆင်ခြင်တုံတရားအပြည့်၊ ဥာဏ်ပညာ အမြော်အမြင်အပြည့် စိတ်ကောင်းစေတနာအမှန်တို့ဖြင့် ဆောင်ရွက်ပေးရန်လိုပါတယ်။ ထိုသို့ဆောင်ရွက်နိုင်ရေးမှာ ယနေ့ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားရှိသော ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ တင်ပြချက်အပေါ် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သည်လည်းကောင်း၊ ပြည်သူများ၏ ဆုံးဖြတ်ချက်များသည် လည်းကောင်း အလွန်အရေးကြီးပါတယ်။ ဒီအခွင့်အရေးကို မိမိတို့ပါတီ မိမိတို့အစိုးရနှင့် လုပ်ဖော်ကိုင်ဖက် ညီနောင်ပါတီများက မှန်မှန်ကန်ကန် ကျင့်သုံးနိုင်လျှင် မိမိတို့အမှန်တကယ် မျှော်လင့်လိုလားသည့် ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်လာမှာဖြစ်ပါတယ်"ဟု ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက တိုင်းရင်းသား စည်းလုံးညီညွတ်မှုမရှိဘဲ အမျိုးသားပြန်လည်သင့်မြတ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ကြောင်း ပြောကြားသည်။

"ဒီအချိန်၊ ဒီကာလအတွင်း တည်ငြိမ်အေးချမ်းမှု မရှိခြင်းများကြောင့် မမျှော်မှန်းနိုင်သော ကိစ္စရပ်များဖြစ်ပေါ်လာပါက တိုင်းပြည်နာမည်နဲ့ ပြည်သူများ နစ်နာဆုံးရှုံးမှုများ ဖြစ်လာမယ်။ ဒါ့ကြောင့် ပြည်သူမျက်နှာကို ကြည့်ရမယ်။ တိုင်းပြည်မျက်နှာကို ကြည့်ရမယ်။ လူတစ်စု၊ လူတစ်ဖွဲ့၊ ပါတီတစ်ခုအတွက် ကြည့်၍မဖြစ်ပါ။ ဒါ့ကြောင့် ပြည်သူ့မျက်နှာကိုကြည့်၊ တိုင်းပြည်မျက်နှာကိုကြည့်၊ ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်ပြင်ဆင်ခြင်းအပါအ၀င်န နိုင်ငံတော်နှင့်ဆိုင်သော အခြားသောကိစ္စရပ်များကို ဆောင်ရွက်ရာမှာ သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသလို ကောင်းစေဖို့အတွက် ပြောင်းလဲသင့်တာတွေကို ရဲဝံ့စွာ ဆောင်ရွက်သွားရန်လည်း အရေးကြီးပါတယ်"ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသူများအား ပါတီသို့ရောက်ရှိလာသည့် နိုင်ငံရေးဆိုင်ရာ အကြံပြုစာများအားချပြခဲ့ပြီး အစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက်တွင် ဆက်လက်ပြုလုပ်မည်ဟု သိရသည်။

ထို့ပြင် အရေးကြီးဆုံးဖြတ်ရန်ရှိသည့် အချက်များကိုလည်း ဒီဇင်ဘာ ၂၉ ရက် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်မည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး အဆင့်အတန်းကို

လိုက်မီရန်အတွက် တစ်ဦးချင်းဝင်ငွေ ရှစ်ရာခိုင်နှုန်းဖြင့် နှစ်၂၀ ခန့် တိုးတက်ရန်လိုအပ်ကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေးအဆင့်အတန်းကို အမီလိုက်နိုင်ရန်အတွက် တစ်ဦးချင်းဝင်ငွလက်ရှိထက် ရှစ်ရာခိုင်နှုန်းဖြင့် နှစ် ၂၀ ခန့် ဆက်တိုက်တိုးတက်နေရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသဒုတိယ ဥက္ကဋ္ဌ Mr.Axel Van Trontsenburg က “ ၁၉၆၀ မှာ မြန်မာနိုင်ငံရဲ့တစ်ဦးချင်း ၀င်ငွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ မတိမ်းမယိမ်းရှိခဲ့တယ်။ အဲဒီအချိန်တုန်းက အင်ဒိုနီးရှားနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေရာခိုင်နှုန်း ၄၀ ပိုမြင့်ပြီး၊ ထိုင်းရဲ့တစ်ဦးချင်း ၀င်ငွေကရာခိုင်နှုန်း ၈၀ ပိုမြင့်တယ်။ အခုလက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံက ရာခိုင်နှုန်း ၃၅၀ ပိုမြင့်ပြီး ထိုင်းနိုင်ငံက ရာခိုင်နှုန်း ၅၀၀ နီးပါး မြင့်တက်နေတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ တစ်ဦးချင်းဝင်ငွေ အဆင့်ကိုလိုက်မီဖို့အတွက် မြန်မာက နှစ်စဉ်တစ်ဦးချင်းဝင်ငွေ ရှစ်ရာခိုင် နှုန်းဖြင့် နှစ်ပေါင်း ၂၀ ခန့် ဆက်တိုက်တိုးနေဖို့လိုတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့် လူမှုရေးအဆင့်တန်းများ တိုးတက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ၏ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာပိုကုန်ဈေးကွက်၊ ငယ်ရွယ်၍တက်ကြွသော လူသားအရင်းမြစ်၊ ထုတ်ယူမသုံးစွဲရသေးသော သဘာဝအရင်းမြစ်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီများကို အသုံးချနိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ မြန်မာနိုင်ငံအနေနဲ့ ပြည့်သူ့ဘဏ္ဍငွေ စီမံခန့်ခွဲမှုတွေ လူထုနဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပုဂ္ဂလိကပိုင်ပြုခြင်းတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုရှိဖို့ လိုအပ်တယ်။ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ကိုက်ညီတဲ့ မက်ခရိုစီးပွားရေးမှုဝါဒမှုဘောင်နဲ့ ငွေကြေးဆိုင်ရာမှုဝါဒတွေ ချမှတ်လုပ်ဆောင်နိုင်ရင် ဆင်ရဲနွမ်းပါးမှုတိုက်ဖျက်ရေးနဲ့ ၀င်ငွေကွာဟတာတွေကိုလျှော့ချပေးနိုင်မယ်” ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသဒုတိယဥက္ကဋ္ဌ Mr. Axel Van Trontsenburg က ပြောကြားသည်။

မြန်မာနိုင်ငံသည် လှုမှုရေးစီးပွားရေးညွှန်းကိန်းများအရ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများတွင် နောက်ကျန်ရစ်နေပြီး ကလေးများ၏ လေးပုံတစ်ပုံသည် အဟာရချို့တဲ့နေပြီး လေးပုံသုံးပုံမှာ လျှပ်စစ်မီးမရရှိ သေးပေ။ ထို့ပြင် မြန်မာနိုင်ငံ၏တစ်နှစ်လျှင် တစ်ဦးချင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ တစ်ထောင်ခန့်သာရှိပြီး ထိုပမာဏမှာ ဒေသတွင်း အခြားအိမ်နီးချင်းနိုင်ငံများ၏ ပျမ်းမျှဝင်ငွေ၏ သုံးပုံတစ်ပုံခန့်သာရှိသည်။

၂၀၁၂ခုနှစ်တွင် ထုတ်ပြန်သော အရှေ့တောင်အာရှနိုင်ငံများ စီးပွားရေးအခြေအနေ လေ့လာချက်တွင် စင်ကာပူနိုင်ငံသည် ဂျီဒီပီ နှုန်းသည် အမေရိကန်ဒေါ်လာ ၂၆၇ ဘီလျံရှိ ခဲ့ပြီး တစ်ဦးချင်းဝင်ငွေမှာ ဒေါ်လာ ၄၉၉၃၆၊ ထိုင်းနိုင်ငံ၏ ဂျီဒီပီနှုန်းသည် အမေရိကန်ဒေါ်လာ ၃၇၆ ဘီလျံရှိခဲ့ပြီး တစ်ဦးချင်းဝင်ငွေ မှာ အမေရိကန်ဒေါ်လာ ၅၈၄၈ ရှိသည်။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၏ ဂျီဒီပီနှုန်းသည် အမေရိကန်ဒေါ်လာ ၈၉၄ ဘီလျံရှိခဲ့ပြီး တစ်ဦးချင်းဝင်ငွေသည် ၃၆၆၀ရှိသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီနှုန်းသည် ၅၄ ဘီလျံရှိပြီး တစ်ဦးချင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၈၄၉ သာရှိ ကြောင်းသိရသည်။

(ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားဂိတ် တစ်နေရာအား ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်သစ်ခိုးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး

 နယ်စပ်လုံခြုံရေးများ ပစ်ခတ်မှုကြောင့် သေဆုံး

မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င်ဝင်ရောက်ကာ သစ်ခိုးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးအား ဒီဇင်ဘာ ၂၅ ရက်က နယ်စပ်လုံခြုံရေး တာဝန်ယူထားသော လုံထိန်းရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာရသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီသို့မေးမြန်းခဲ့ရာ "ကျွန်တော်တို့ဆီကိုတော့ သတင်းတက်မလာသေးဘူး။ ဒါကလုံခြုံရေးအပိုင်းဖြစ်တယ်။ ဘယ်လိုဖြေရှင်းမယ်ဆိုတာ ကျွန်တော်တို့ဆီကို သတင်းရောက်မှ ထုတ်ပြန်လို့ရမှာဖြစ်ပါတယ်" ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့သည်။

ယင်းသို့ပစ်ခတ်ရခြင်းသည် နယ်စပ်လုံခြုံရေးအရသာဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ခိုးဝင်ကာ ခြံစည်းရိုးများကို ဖြုတ်ယူခြင်း၊ သစ်များ ခိုးထုတ်ခြင်းများသည် မြန်မာနိုင်ငံ၏လုံခြုံရေးကို ထိပါးစေသဖြင့် ပစ်ခတ်ခြင်းသာ ဖြစ်နိုင်ကြောင်းနှင့် ယင်းသို့ပစ်ခတ် ထိန်းသိမ်းကာကွယ်နိုင်မှသာ လုံခြုံရေးအရ ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း နယ်စပ်တောင်ပြိုမြို့နယ်ခွဲမှ
ဒေသခံတစ်ဦးက ပြောကြားသည်။

သေဆုံးသွားသူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ်ကျောက်ဆိုးရီမြို့နယ်မှ မစ္စတာဂီယာ အုံဒိန်(၂၇)နှစ်ဆိုသူဖြစ်ပြီး မြန်မာနိုင်ငံထဲ သစ်ခုတ်ရန် တရားမ၀င်ဝင်ရောက်စဉ် နယ်ခြားစောင့် လုံထိန်းတပ်ဖွဲ့က ပစ်ခတ်၍ ကျည်ထိမှန် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ကော့စ်ဘဇားထုတ် Dainik coxsbazar News တွင် သတင်းဖော်ပြသည်။

"ဒေသခံတစ်ယောက်ရဲ့အမြင်ကို ပြောရမယ်ဆိုရင်တော့ ဒါဟာလုံခြုံရေးအရ လုပ်ဆောင်တာဖြစ်တယ်။ ပြီးတော့သူတို့မှာ ဘာလက်နက်တွေပါတယ်ဆိုတာကို မသိသေးဘူး"ဟု မောင်တောမြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်ရပ်သည် လုံထိန်းရဲတပ်ဖွဲ့ဝင်များ နယ်စပ်တွင် လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်
ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နယ်စပ်လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် နယ်စပ်လုံခြုံရေးကို အကောင်းဆုံးဖြစ်အောင် တာဝန်ထမ်းဆောင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောကြားသည်။

Aye Chan Mon# Credit To: Eleven Media Group> ပြန်လည်
Like · ·

သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉ (စ) အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ

 ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အတိုက်အခံ NLD ပါတီ ရွေးကောက်ပွဲဝင်မည်

သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉(စ)အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူများက ဒီဇင်ဘာ ၂၈ ရက် ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ပြောကြားချက်နှင့် ပတ်သက်၍ မီဒီယာအချို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပါက NLD ပါတီ ရွေးကောက်ပွဲမ၀င်ဟု ဖော်ပြခဲ့မှုများအပေါ် ပြောရေးဆိုခွင့်ရှိသူများက ပြန်လည်ငြင်းဆိုခဲ့ပြီး ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်

"ဒီထက်ပိုပြီး တိကျအောင်ပြောရရင် ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ကိုဝင်မယ်။ NLD က ၀င်ပြိုင်မယ်ဆိုတာ အစကတည်းက ဆုံးဖြတ်ထားတာ။ ပြင်ရင်ဝင်မယ်။ မပြင်ရင်မ၀င်ဘူးဆိုတာ မရှိဘူး။ ၀င်ကိုဝင်မှာ။ နဂိုကတည်းက ဆုံးဖြတ်ပြီးသား"ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သတင်းထောက်များကို ပြောကြားသည်။

NLD ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ဘဲ ၀င်ရောက်မယှဉ်ပြိုင်သင့်ဟုဆိုရာတွင် မိမိတို့မပြိုင်ဟု ပြောခြင်းမဟုတ်ဘဲ တစ်ဖက်သတ် အသာစီးယူကာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းသည် သိက္ခာမရှိဟု ပြောခဲ့ခြင်းသည် မပြင်ဆင်လိုသည့်ပါတီများကို ရည်ညွှန်းပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် စကားအပေါ် ပြန်လည်ရှင်းလင်း ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန်အချက်ကိုလည်း ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီသို့ တင်သွင်းသည့် ၁၆၈ ချက်ပါ အစီရင်ခံစာတွင် ထည့်သွင်းထားပြီး ယင်းအချက်ကို မပြင်ဆင်ပါကလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

NLD သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က ကတိပေးခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည်ဟူသော အချက်နှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်တွင်းသို့ ကိုယ်စားလှယ်အများအပြား ရောက်ရှိရေးသည် အဓိကဖြစ်သောကြောင့်ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်မှုရှိနိုင်သော်လည်း တရားမျှတမှုအတွက် သံသယဖြစ်မိကြောင်း၊ ရွေးကောက်ပွဲတွင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲထက်ပို၍ အနိုင်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် NLD တို့သည် နှလုံးရည်ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်သည်ဟုလည်း ပါတီကြီးနှစ်ခုကြား အခြေအနေကို သုံးသပ်ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စစ်အစိုးရက အာဏာမလွှဲအပ်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံခြင်းတို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော်လည်း ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်မြေ ၄၅ နေရာအနက် ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

(ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် NLD ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ဦးဥာဏ်ဝင်းက မီဒီယာများ၏ မေးခွန်းများကို ဖြေကြားစဉ်)
Like · ·

ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး မီဒီယာများ ဝင်ရောက်ခွင့် ပိတ်ပင်



နေပြည်တော်၊ ဒီဇင်ဘာ ၂၈

နေပြည်တော်၌ ပြုလုပ်နေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အစည်းအဝေးတွင် ယင်း ပါတီက ထုတ်ဝေသော ပြည်ထောင်စု နေ့စဉ်သတင်းစာ သတင်းထောက်မှလွဲ၍ ပြည်တွင်းပြည်ပ မီဒီယာများကို ဝင်ရောက် သတင်းယူခွင့် ပိတ်ပင်ထားကြောင်း ပြည်တွင်း ပြည်ပ သတင်းထောက်များက တညီတညွတ်တည်း ပြောဆိုကြသည်။

အဆိုပါ ပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လုပ်ငန်းစဉ်များကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှစ၍ နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် အစည်းအဝေး ကျင်းပနေခြင်း ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ သတင်းသမားများကို ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်း အစည်းအဝေး ဂိတ်စောင့် လုံခြုံရေးအရာရှိက ပြောကြားသည်။
“ပြည်ထောင်စု နေ့စဉ်သတင်းစာက ကားတော့ ဝင်ခွင့်ပေးပါတယ်။ သတင်းစာလာပို့တာ ဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။

ယခုရက်ပိုင်းအတွင်း အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီအစည်းအဝေး ကျင်းပနေချိန်တွင် မီဒီယာများကို ဝင်ရောက်ခွင့် ပြုထားပြီး ပြည်ခိုင်ဖြိုး ပါတီက ဝင်ရောက်ခွင့် မပြုခြင်းသည် ပွင့်လင်း မြင်သာမှုကို မျက်ကွယ်ပြုခြင်း ဖြစ်ကြောင်း နေပြည်တော် တွင် ရောက်ရှိနေသည့် သတင်းထောက်များက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ အစည်းအဝေးကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အပြီးသတ် ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ကြောင်း ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

Aye Chan Mon# Credit To:The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

စီမံကိန်းတစ်ခုမှာ ဒီနိုင်ငံနဲ့ ဒီအစိုးရနဲ့ ပြည်ပနိုင်ငံက စီးပွါးရေးလုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်…

 အစိုးရနဲ့ပဲဖြစ်ဖြစ် သဘောတူညီမှု ယူတဲ့အခါကျလို့ရှိရင်

ဘာတွေပါလဲဆိုတာ ပြည်သူတွေမှာ သိပိုင်ခွင့်ရှိတယ်…
ကျမတို့ ဘာမှမသိဘူး…မြစ်ဆုံစီမံကိန်းမှာ ကျမကို ဘာလုပ်မလဲလို့မေးရင် ဘာသဘောတူညီထားလဲဆိုတာ ကျမ မသိဘဲနဲ့ ဘယ်လိုလုပ်ဖြေမလဲ

Contract ဆိုတာ ရှိတယ်နော်… ဘာတွေသဘောတူညီထားလဲ

သဘောတူညီချက်အရ မလုပ်လို့ရှိရင် ဘာတွေပြန်ဆပ်ရမလဲဆိုတာ ကျမတို့မသိဘူး…

ကျမဆိုလိုတာက… ပွင့်လင်းမြင်သာမှုနဲ့ အများကြီးဆိုင်တယ်…

အစိုးရများကို တာဝန်ယူမှု ရှိစေချင်ရင် ပွင့်လင်းမြင်သာမှုရှိရမယ်…

ကျမတို့ မြစ်ဆုံစီမံကိန်းအတွက် ဘာလုပ်မလဲဆိုတာက ဘယ်လို Contract မျိုးရေးဆွဲထားလဲ… ဘယ်လိုလက်မှတ်ထိုးထားလဲ ဆိုတာ မသိဘဲနဲ့ ကျမပြောလို့မရဘူး…
ကျမ မေးချင်တယ်…လက်မှတ်ထိုးတဲ့လူတွေက ဘာလို့တာဝန်ယူပြီးတော့ မရှင်းသလဲဆိုတာ ကျမသိချင်တယ်…

(အောင်ဆန်းစုကြည်)

US မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးတခုပါ။


(အရမ်းကောင်းတဲ့ ရသစာပေလေးပါ သူငယ်ချင်းများအတွက် share လာပါတယ်ဗျာ)

လင်မယားနှစ်ယောက် ဟာ Harvard တက္ကသိုလ် ဥက္ကဌ နဲ့ တွေ့ဖို့ အတွက် တက္ကသိုလ်ရုံးခန်းသို့ ရောက်လာခဲ့ပါတယ်။ အတွင်းရေးမှူး မှ သူတို့နှစ်ယောက် ကို ကြည့်ပြီး အသွင်အပြင်က သားနားမူမရှိ၊ တောအ၀တ်အစား ပုံစံဆိုပြီး ဂရုမစိုက်ဘဲ ဥက္ကဌကို တွေ့ချင်ရင် စောင့်ရမယ် သွားထိုင်စောင့်ဆိုပြီး ပြတ်ပြတ်ပြော ပြီး သူ့ အလုပ်သူဆက်လုပ်နေတယ်။

၁ နာရီလောက်ကြာတော့ အတွင်းရေးမှူးလည်း ဥက္ကဌကို မခေါ်ပေး ငါမခေါ်ပေးရင် သူတို့ မစောင့်နိုင်ဘဲ ပြန်သွားလိမ့်မယ်လို့ တွေးပြီး သူ့အလုပ်သူဆက်လုပ်နေတယ်။ ၀တ်စားကောင်းစားနဲ့လာတဲ့ ဧည့်သည်ကြတော့ သူက ပြုံးရွှင်စွာနဲ့ ကြိုဆိုပြီး ဥက္ကဌ ရုံးခန်းထဲကို လိုက်ပို့တယ်။

လင်လုပ်သူက သတင်းစာတခုပြီး တခု အေးဆေးစွာ ထိုင်ဖတ်တယ်။ မယား လုပ်သူက ပြုံးပြုံးလေးနဲ့ အတွင်းရေးမှူး မလေးကို မကြာမကြာ ပြုံးပြုံး ပြတယ်။ နောက်တော့ အတွင်းရေးမှူးမှ သည်းမခံနိုင် တဲ့ ပုံစံဖြစ်ပြီး ဥက္ကဌကို ၀င်ပြောတော့ ဥက္ကဌက ၀င်လာဖို့ ပြောတော့မှ လင်မယား နှစ်ယောက် လည်း ရုံးခန်းထဲကို ၀င်သွားတယ်။

ဥက္ကဌ ရုံးခန်းထဲရောက်တော့ ဥက္ကဌမှ မျက်နှာကြောတင်းတင်းနဲ့ ဘာကိစ္စလဲ လို့ မေးတယ်။ အဲတော့ မယားလုပ်သူမှ
"ဒီလိုပါ ကျမတို့မှာ သားတစ်ယောက် ရှိပါတယ် သူ ဒီ တက္ကသိုလ်ကို တစ်နှစ်ပဲ တက်လိုက်ရပြီး ရုတ်တရုက် ကွယ်လွန်သွားပါတယ်၊ အဲတာကြောင့် ကျမတို့ လင်မယားက နေပြီး သားအတွက် ဟောဒီ တက္ကသိုလ်ဝင်းထဲမှာ အမှတ်တရ တခုခု လုပ်ချင်လို့ပါ "

အဲမှာ ကျောင်းဥက္ကဌက မှ မကျေနပ်တဲ့လေသံဖြင့် " ကျနော်တို့ ကျောင်းမှာ တက်ခဲ့တယ်ဆိုရုံနဲ့ ကျနော်တို့ ရုပ်တု မထားပေးနိုင်ပါဘူး၊ " ဆိုပြီး ပြတ်ပြတ် ပြောတယ်။ အဲမှာ မယားလုပ်သူက
" အိုး မဟုတ်ပါဘူး ရုပ်တု ထားဖို့ မဟုတ်ပါဘူး ကျောင်းတစ်ကျောင်း ဆောက်ပေးမလို့ပါ။ " လို့ ပြန်ပြောတယ်။

အဲတော့ ဥက္ကဌမှ မျက်လုံးကြီး ပြူးပြီး တော့ သူတို့ အ၀တ်အစားကို ကြည့်ပြီး နောက် ခင်ဗျားတို့သိလား ကျောင်းဆောင်တစ်ဆောင် ဆောက်ဖို့ဆိုတာ ဒေါ်လာ သန်းချီ ကုန်တယ်ကွယ့် ၊သိကောသိကြလား " ဆိုပြီး အထင်သေးတဲ့ လေသံ နဲ့ ပြန်မေးတယ်။

အဲမှာ မယားက လင်လုပ်သူကို တိုးတိုးလေး ပြောတယ် ဒေါ်လာ သန်းကျော်ပဲ ကုန်တယ်တဲ့ ဒါဆို ကိုယ့် တက္ကသိုလ်ပဲ ကိုယ်ဆောက်ရအောင် လို့ ပြောပြီး ပြန်သွားကြလေ၏။ ကျောင်း ဥက္ကဌ လည်း ငါတော့ ဒီနေ့ အရူး တွေနဲ့ တွေ့နေရတယ်ဆိုပြီး မြည်တွန်နေတယ်တဲ့။

နောက်တနေ့မှာ သတင်းစာမှာ ဘီလံနာသူဌေးလင်မယား Mr and Mrs Leland Standford မှနေပြီး Standford တက္ကသိုလ် ဆောက်မယ်လို့ ကြေဌာ တွေ့တော့မှ မနေ့က သူနဲ့ လာတွေ့သွားတဲ့သူနှစ်ယောက်ဟာ ဘီလံနာသဌေးလင်မယားမှန်း သိတော့မှ သူ့ဝမ်းနည်းသွားခဲ့ရတယ်တဲ့။ Standford တက္ကသိုလ်ကို ၁၈၉၁ မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၃၀ အထိ အခမဲ့ ဖြစ်ပြီး အဲ့ နောက်ပိုင်းမှ တက္ကသိုလ်ဝင်ကြေးတွေ၊ tuition fees တွေ ပြန်လည်ကောက်ယူပါတယ်။

စာအုပ်ရဲ့ မျက်နှာဖုံးကို ကြည့်ရုံနဲ့ စာအုပ်တန်ဖိုးကို မဆုံးဖြတ်နိုင်သလို လူတစ်ဦးရဲ့ အသွင်အပြင်ကို ကြည့်ပြီး ထိုလူရဲ့ တန်ဖိုး ထိုလူရဲ့ ကြွယ်ဝ ချမ်းသာမူကို မဆုံးဖြတ်နိုင်ပါဘူး။ အထင်သေးခြင်း ကင်းရှင်းကြပါစေ

အင်ဒိုများနှင့် ပြဿနာဖြစ်ရာဒေသို့ မြန်မာတာဝန်ရှိသူများရောက်ရှိပြီ


************************************************

Miri , Malaysia (နောက်ဆက်တွဲသတင်း)

ယနေ့ ၂၈.၁၂.၂၀၁၃ ညနေ ၅ နာရီခန့်တွင် မလေးရှားနိုင်ငံ အရှေ့ဒေသ ၊ ဘရုနိုင်းနယ်စပ် ၊ အာဆီယံတံတားဘေး သင်္ဘောကျင်း ရှိ အင်ဒိုနီးရှား အလုပ်သမားများ ၏ အုပ်စုဖွဲ့ ခြိမ်းခြောက်ခံခဲ့ရသော မြန်မာအလုပ်သမားများ ထံ သို့ မလေးရှားရောက် မြန်မာအလုပ်သမားရေးရာ တာဝန်ခံ ဦးစိုးဝင်း နှင့် မြန်မာသံရုံးမှ တာဝန်ရှိသူ ဦးလင်းမောင်မောင်ဝင်း ၂ ဦးတို့ ပထမဆုံး ချောမောစွာ ရောက်ရှိသွားပြီဖြစ်ကြောင်းသိရသည် ။

လက်ရှိ ထိုဒေသသို့ ရောက်ရှိနေသူ မြန်မာအလုပ်သမားရေးရာ တာဝန်ခံ ဦးစိုးဝင်း အား ဆက်သွယ်မေးမြန်းမှုတွင် အလုပ်ရှင် မှာ နိုင်ငံရပ်ခြားရောက်နေ၍ သေချာစွာ ထိပ်တိုက်မညှိနှိုင်းရသေးသော်လည်း ဖုန်းဖြင့်ဆက်သွယ် ညှိနှိုင်းခဲ့ကြောင်း ၊ ထို့အတူတာဝန်ခံများဖြင့် လက်ရှိ ခက်ခဲလျှက်ရှိသော အစားသောက် နှင့် နေထိုင်မှုအခက်အခဲကို ဦးစွာဖြေရှင်းခဲ့ပြီး မြန်မာအလုပ်သမားများ နှင့်တွေ့ဆုံကာ မြန်မာအလုပ်သမားများ၏ လိုအပ်ချက်များ ဆန္ဒများကို အဓိကထား မေးမြန်းနိုင်ခဲ့ကြောင်းသိရသည် ။

မြန်မာ အလုပ်သမားရေးရာ တာဝန်ခံ ဦးစိုးဝင်း ၏ ပြောပြချက်အရ
.....
မြန်မာအလုပ်သမားများ လက်ရှိခိုလုံနေရာနေရာသည်
အစားသောက် ထောက်ပံမှုမရှိသည့် နေရာဖြစ်သောကြောင့် အစားအသောက်ကိစ္စ ကို အရေးတကြီး ဦးစွာဖြေရှင်းရကြောင်း

မတိုင်မီ အချိန်အထိမူ အလုပ်မှ ကင်တင်းတစ်ခု တွင် အစားသောက်စားရန် ခွင့်ပြုထားသော်လည်း ထိုကင်တင်းနှင့် လက်ရှိ မြန်မာများနေထိုင်ရာ နေရာမှာသွားရန် ဝေးသောကြောင့် သွားရောက် စားသောက်ရန် အန္တရယ်များကြောင်း ။

စဖြစ်ခဲ့သော အချိန်မှ ယနေ့တိုင် ရှိသမျှ ဖြင့် တင်းတိမ်ခဲ့ရကြောင်းကိုလည်း ကာယကံရှင်များ ပြောကြားချက်များအရ သိရကြောင်း ။

မြန်မာအလုပ်သမား ၉၇ ဦးလုံး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာမရှိခဲ့ကြပဲ ကျန်းမာရေး အနေဖြင့် အားလုံးကောင်းမွန်လျှက်ရှိကြောင်း ။

တာဝန်ရှိသူများနှင့် ထိပ်တိုက်တွေ့ဆုံမှုအတွက် မနက်ဖြန်ဆက်လက်မည်ဖြစ်ပြီး မြန်မာအလုပ်သများ၏ ဆန္ဒကို ဦးစွာမေးမြန်းပြီး အလုပ်ရှင် အားဆက်လက်ညှိနှိုင်းမည်ဖြစ်ကြောင်းသိရသည် ။

ဦးစိုးဝင်း၏ ပြောပြချက်အရ

" အလုပ်ရှင် ၊ အလုပ်သမား ထိပ်တိုက် ပြဿနာဖြစ်တာ မဟုတ်တဲ့အတွက် အလုပ်ရှင်ကတော့ မပြန်စေချင်ဘူးလို့ယူဆပါတယ် ။ မြန်မာအလုပ်သမားတွေရဲ့ ရေရှည် လုံခြုံမှုနဲ့ သူတို့ရဲ့ ဆန္ဒ တွေအတိုင်း အလုပ်ရှင်ကို ညှိနှိုင်း သွားမယ် လို့ မြန်မာအလုပ်သမားရေးရာတာဝန်ခံ ဦးစိုးဝင်း မှ ဆက်လက်ဖြေကြားသွားခဲ့သည် ။

ဆက်လက်ပြီး မြန်မာနိုင်ငံသား ၉၇ ဦး၏ ဖြေကြားမှုများမှာ
..............................

လက်ရှိ အခက်အခဲများစွာ ဖြင့် နေထိုင်နေသာ နေရာသို့
တာဝန်ရှိသူများ မရောက်မီအထိ မလေးရှားရောက် မြန်မာများအားလုံးမှ ကူညီရန် ဆက်သွယ်ခဲ့ကြကြောင်း ၊ အန္တရယ်များသည့်ကြားမှ ဆရာဝပ်ရောက် မြန်မာ အလုပ်သမားများ စုပေါင်းကာ ဆန် ၊ ဆီ ၊ ကြက်သွန် ၊ စားသောက်စရာများကို မြန်မာ ၉၇ ဦး ခိုလုံရာ ဂိုဒေါင်ဂိတ်ဝအထိ လာရောက်ပေးသွားသူများကို ကျေးဇူးမမေ့ကြောင်း ၊ လူမလာနိုင်သော်လည်း ဖုန်းဖြင့် ချိတ်ဆက် ကူညီပေးမှုများ ၊ အားပေးခဲ့သူများကို ကျေးဇူးတင်ရှိကြောင်း ကိုလည်း ကာယကံရှုင် မြန်မာများ က ပြောကြားခဲ့သည် ။

လက်ရှိပတ်ဝန်းကျင်အနေအထားအရ အလုပ်ရုံ ၊ နေထိုင်ရာ နေရာ တစ်ဝိုက် နှင့် စားသောက်ဆိုင်တန်းများ ၊ ညဈေးများ တိုင်းလိုလိုတွင် အင်ဒိုနီးရှားများစွာရှိပြီး မည်သည့်နေရာသွားစေ အင်ဒိုနီးရှားများသာ ရှိနေသောကြောင့် ရေရှည်လုံခြုံရေးအတွက် စိတ်မချရကြောင်း ၊ အလုပ်ရှင် နှင့် ပြေလည်သော်လည်း အသက်အန္တရယ် အတွက် ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း ၊ တစ်ဦးစီ အပြင်ထွက်ပါက ဖြစ်လာမည့် အန္တရယ်ကို စဉ်းစားရမည်ဖြစ်ပြီး ၉၇ ဦးလုံး ထွက်ပါကလည်း ပြဿနာ သွားရှာ သလို မြင်နိုင်သည့်အတွက် သတိကြီးစွာနေနေရကြောင်း ၊ ဖြစ်နိုင်ပါက မြန်မာ ပတ်ဝန်းကျင် မရှိသော ဒေသတွင် ဆက်လက်နေထိုင်ရန် အလွန် ခက်ခဲကြောင်း ၊ မြန်မာပြည်သို့သာ ပြန်န်လိုကြောင်းကို ဆက်လက်ဖြေကြားခဲ့သည် ။

အလုပ်သမားများ၏ ဖြေကြားမှုတွင် မြန်မာပြည်ရှိ အခြားသော အေးဂျင်းများမှ
ပို့ဆောင်သော အလုပ်သမားများ မှာ အနည်းငယ်သာဖြစ်ပြီး အများစုမှာ ARBOUR FIELD မှဖြစ်ကြောင်း ၊ ထိုအေဂျင်စီသို့ ဆက်သွယ်သောအခါ ပြန်ရန်မဖြစ်နိုင်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ၊ သို့သော် အလုပ်မည်မျှ ဆိုးစေ ကောင်းစေ ရေရှည်အတွက် စိတ်ချရသော ဒေသဖြစ်ကြောင်း ကို ပြန်လည်ဖြေကြားသွားခဲ့ကြသည် ။

ထို့အတွက် မြန်မာသံရုံးရောက် မြန်မာအလုပ်သမားဝန်ကြီဌာန မှ အလုပ်သမားရေးရာ တာဝန်ခံ ဦးစိုးဝင်းနှင့် အတူ တာဝန်ရှိသူများအား တိုင်ပင်ကာ မြန်မာပြည်ပြန်ရန် အကူညီတောင်းသွားမည်ဖြစ်ကြောင်း ဆက်လက်သိရှိရပါသည် ။

အိုဗာတိုင် မဆင်းရသည့် အင်ဒိုများသည် အလုပ်ချိန် ပိုရသော မြန်မာများအား မနာလိုဖြစ်ရာမှ ၊ အင်ဒိုနီးရှား နိုင်ငံသားများမှ စတင် ရန်စခဲ့ပြီး ၂ ဘက် ဖြစ်ပွားသော ရန်ပွဲကို မကြေမနပ်ဖြစ်ကာ အခြားအင်ဒိုများ နှင့် မြန်မာများ နေထိုင်သော နေရာရှိပစ္စည်းအားလုံးကို ရိုက်ခွဲ ၊ မီးရှို့ကာ အသက်အန္တရယ် ရန်ရှာရန် စုဝေးခဲ့ကြသည် ။

ယနေ့ တာဝန်ရှိသူများ ရောက်မလာခင်အထိ လူစုလူဝေးဖြင့် အုပ်စုဖွဲ့ရမ်းကားသူများကို အမှုဖွင့်ပြီးဖြစ်ကြောင်း ၊ ထိုအတွက် မြန်မာ ၉၇်ဦးမှ မလေးစကားပြောနိုင်သူ ကို xxxxxx မှ ရဲစခန်းသို့ လိုက်ပါသွားခဲ့ရပြီး တရားလိုအဖြစ် အမှုဖွင့်ခဲ့ရကြောင်းလည်းရှိရသည် ။

မြန်မာသံရုံးမှ တာဝန်ရှိသူများ မရောက်မီ တစ်ရက်အလိုတွင် Miri ဒေသရှိ ဒေသခံ ရဲဝန်ထမ်းများ ၊ ထောက်လှမ်းရေးများ နှင့် သတင်းဌာနများမှ ရောက်ရှိ လာပြီး မေးမြန်းမှုများရှိခဲ့ကြောင်း ၊ ထိုသို့ မေးမြန်းရာတွင် အလုပ်ရှင်မှ အတင်း ချုပ်နှောင်ထားမှုရှိမရှိကို ဦးစားပေးမေးမြန်းခဲ့ကြောင်း လည်းမီရီရှိ မြန်မာအလုပ်သမားများကိုယ်စား မလေးစကားပြောတတ်သူ ကို xxx က ပြန်လည်ပြောကြားသွားခဲ့သည် ။

မလေးရှားရောက် မြန်မာများ စာမျက်နှာမှ
ဆက်လက်ပြီး ဘရူနိုင်းနယ်စပ် Miri ရှိ မြန်မာအလုပ်သမား ၉၇ ဦး၏ အခြေအနေ အားလုံးအား ထူးခြားမှု တစ်စုံတစ်ခု ရှိလာပါက (သို့မဟုတ်) မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသည့်အချိန်ထိ ဆက်လက်တင်ဆက်ပေးသွားမည်။

ယခုပြဿနာတွင် မီရီရောက် မြန်မာများအတွက် အာဏာပိုင်များ၏ စောင့်ကြည့် မှု ၊ စောင့်ရှောက်မှု များ ၊ မြန်မာသံရုံး တာဝန်ရှိသူများ၏ အကူညီများ အမြန်ရောက်ရန် များ ကို လူမှုကွန်ယက်အသုံးပြုသူများ၏ ချိတ်ဆက်လက်ဆင့်ကမ်းဖြန့်ဝေမှု နှင့် တစ်ဦးနှင့်တစ်ဦုးမှန်ကန်သော အချက်လက် ဖြန်ဝေပေးနိုင်မှုကြောင့် တစ်ဦးတစ်ယောက်မှ ဒုက္ခမရောက်ပဲ သက်ဆိုင်ရာမှ သွားရောက်ဖြေရှင်းချိန်အထိ အေးဆေးစွာ ရှိနေခဲ့သည် ။

ယခင် မလေးရှားရောက် သံအမတ်ကြီး၏ဖြေကြားခဲ့ဘူးသလို ...
လူ ၃ဦးသေသည်အထိ မူးလို့ဖြစ်တာပါ ဟု မှားယွင်းစွာ ဖုံးဖိခဲ့မည်ဆိုပါက ကျွန်တော်တို့ မြန်မာနိုင်ငံသားများ ရှေ့ရေးသည် တွေးဝံ့မည်မဟုတ်ပါ ။

ကျွန်တော်တို့အတွက် အမှန်ကို အမှန်အတိုင်း သတင်းထုတ်ပြန်ပေးမှု၏ အရေးပါပုံ နှင့် လူမှုကွန်ယက်အသုံးပြုခြင်း၏ နေရာကျပုံကို ယခုပြဿနာက မီးမောင်းထိုးပြသွားခဲ့သည် ။

မလေးရှားရောက် မြန်မာများ အနေဖြင့် မည်သည့် ပြဿနာ အခက်အခဲဖြစ်လာစေကာမူ ယခုကဲ့သို့ စုပေါင်းကာ မှန်ကန်သော သတင်းအချက်လက်များဖြင့် စုစည်းဖြေရှင်းကြဖို့ တိုက်တွန်းရင်း ...

ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအား အကောက်ခွန်ရှင်းလင်းထုတ်ပေး



အကောက်ခွန်ဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်အစားထိုးစီမံချက်အပါအ၀င် ပြည်ပမှဝယ်ယူတင်သွင်းလာသော မော်တော်ယာဉ်များအပေါ် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ ၂၆ လတာကာလအတွင်း အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျသင့်ခွန်များကို စည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်စီးရေမှာ ၂၄၉၄၇၃ စီးဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် ၃၄၄၂၇၈ ဒသမ ၃၀ ကျပ်သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၃၇၂၂၅၀ ဒသမ ၅၁ ကျပ်သန်း စုစုပေါင်း ၇၁၆၅၂၈ ဒသမ ၈၁ ကျပ်သန်းအား ကောက်ခံရရှိပြီးဖြစ်သည်။

အဆိုပါ အကောက်ခွန်(CD)နှင့် ကုန်သွယ်လုပ်ငန်းခွန်(CT) များ စည်း ကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့်ယာဉ်များအနက် ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်ရေးစီမံချက်အတွက် အစီး ၈၁၄၆၀၊ ကားအရောင်းပြခန်းများအတွက် အစီး ၅၆၃၄၀၊ သင်္ဘောသားပါမစ်ဖြင့်တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၆ စီး၊ ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၇၂၈ စီး၊ ပြင်ပနေအလုပ်လုပ်သူများပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၄၃ စီး၊ ဟော်တယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၀၈ စီးနှင့် လွတ်လပ်စွာဝယ်ယူသူပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၀၅၆၉၃ စီးတို့ဖြစ်ကြောင်း သိရသည်။

Saturday, December 28, 2013

ညအိပ်ရပ်နားထားသော ကားမှန်များရိုက်ခွဲခဲ့သည့် ဆိုင်ကယ်စီးလူသုံးဦးကို

လုံခြုံရေးကင်မရာမှ ဖော်ထုတ်မည်
==========================================
ခွန်စိုင်းအောင်
==========================================
မန္တလေး ၊ ဒီဇင်ဘာ ၂၇ ။ ။ မန္တလေး မြို့လယ်တွင် ညအိပ်ရပ် နားထား သည့် နောက်ဆုံးပေါ်ကားများ ၏မှန်များကို ရိုက်ခွဲသွားသည့် ဆိုင်ကယ်စီးလူငယ်များကို ဖမ်း မိနိုင်ရေးအတွက် စုံစမ်းစစ် ဆေးလျက် ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မန္တလေးမြို့ မဟာအောင် မြေမြို့နယ် မဟာနွယ်စဉ်ရပ် ကွက် လမ်း၄၀၊ လမ်းရဝနှင့် ၇၁ လမ်းကြားတွင် ဒီဇင်ဘာ ၂၆ ရက် နံနက် ၅နာရီက ကားမှန် များ ရိုက်ခွဲသွားကြောင်း သတင်း အရ မန္တလေးခရိုင် ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီးစိန်ထွန်း၊ မဟာ အောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ရီနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွား ရောက်စစ်ဆေးရာ ဦးတင်ဝင်း ပိုင်ဆိုင်သည့် ပရာဒိုအဖြူရောင် ကား၊ နေဇော်ဝင်းပိုင်ဆိုင်သည့် ဟာရီယာအဖြူရောင်ကား၊ ဦးအောင်မျိုးမင်းပိုင်ဆိုင်သည့် IPSUM အဖြူရောင်ကား၊ ဦးကျော်ကျော်အောင်ပိုင်ဆိုင် သည့် Kluger အဖြူရောင်ကား တို့မှာ ကားမှန်များ အသီးသီး ကွဲလျက်ရှိကြောင်း တွေ့ရသည်။

အခင်းဖြစ်ရပ်အား ဆက် လက်စစ်ဆေးရာတွင် အဆိုပါ နေ့ နံနက် ၄နာရီခန့်က ဆိုင် ကယ်သုံးစီးဖြင့် လူငယ်သုံးဦးမှ လာရောက်ရိုက်ခွဲ သွားခြင်း ဖြစ်ကြောင်းနှင့် အခင်းဖြစ်ပတ် ဝန်းကျင်တွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာများအား ပြန် လည်စိစစ်၍ တရားခံများအား ဆက်လက်ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

''အရင်ကတည်းက ဒီလို မျိုးပဲ လမ်း၎ဝပေါ်မှာ ကားကို ညအိပ်ရပ်နားထားနေ ကျပါ။ ဒီနေ့ကျမှ ဒီလိုမျိုး ကားမှန် ရိုက်ခွဲခံလိုက်ရတာဖြစ်ပြီး ဘာ သဘောနဲ့ ဒီလိုမျိုးလုပ်သွား တယ်ဆိုတာတော့ မခန့်မှန်း တတ်ပါဘူး။ သူတို့မှန်ခွဲသွား တဲ့အချိန်ကလဲ လူတွေအိပ်မော ကျနေတဲ့အချိန်ဆိုတော့ မှန်ကွဲ တဲ့အသံကြားပြီး အိပ်ရာကနေ လန့်နိုးလာလို့ ထွက်ကြည့်တဲ့သူ တွေပြောမှ ဆိုင်ကယ်စီးလူ ငယ်တွေဆိုတာ သိရတာပါ''ဟု ကားမှန်ခွဲ ခံလိုက်ရသည့် ကားပိုင်ရှင်တစ်ဦးက ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြောသည်။

မန္တလေးမြို့၌ ယခုဖြစ်ရပ် ကဲ့သို့ပင် လမ်းဘေးတွင် ညအိပ် ရပ်နားထားသည့် ကား များ မှန်ခွဲ ခံရသည့်ဖြစ်စဉ်များမှာ ယခင် ကတည်းက မကြာခဏ ဖြစ် ပေါ် လျက်ရှိကြောင်း ကားပိုင် ရှင်များထံမှ သိရသည်။

ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွင် ဓာတ်လှေကား ချို့ယွင်းရာမှ နှလုံးရောဂါ

လူနာတစ်ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

လမ်းမတော်မြို့နယ် ပြည်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ခုတင် ၂၀၀ ဆံ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ) ၌ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁နာရီ ၂၀ ခန့်က ဓာတ်လှေကား စက်ချို့ယွင်းရာမှ အသက် ၂၆ နှစ်အရွယ် နှလုံးရောဂါလူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီး ဒေါက်တာမြသောင်းက ပြောကြားသည်။

အဆုတ်ရေဝင်ခြင်းနှင့် နှလုံးဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူ ကိုအောင်ဇော်မျိုးမှာ အဆိုပါဆေးရုံ ဒုတိယထပ်တွင် ဆေးဝါးကုသမှု ခံယူနေကြောင်း၊ ၎င်းသည် လူနာတင်လှည်းဖြင့် မိသားစုဝင် နှစ်ဦးနှင့် အတူ မြေညီထပ်တွင် CT Scan ၏ စစ်ဆေးမှု ခံယူပြီးနောက် ဓာတ်လှေကားဖြင့် ပြန်တက်လာစဉ် ဓာတ်လှေကား စက်ချို့ယွင်းရာမှ သေဆုံးခဲ့ကြောင်း ဒေါက်တာမြသောင်းက ရှင်းပြသည်။

ကိုအောင်ဇော်မျိုး ဆေးဝါးကုသနေသော ဒုတိယထပ် အရောက်တွင် ဆေးရုံဝန်ထမ်းတစ်ဦးက လူနာတင်လှည်းကို ဓာတ်လှေကားတွင်းမှ အပြင်သို့ ထုတ်နေချိန် ဓာတ်လှေကား စက်ချို့ယွင်းကာ ယင်းအထပ်တွင်ပင် ဓာတ်လှေကားအပေါ်သို့ အတော်မြင့်တက် သွားကြောင်း၊ ယင်းကဲ့သို့ ဖြစ်ပွားချိန် လူနာတင်လှည်းမှာ ဓာတ်လှေကား တံခါးဖြင့် ညပ်ပါသွားခဲ့ပြီး ဒုတိယထပ် ဓာတ်လှေကား ဝင်ပေါက် ထွက်ပေါက်တံခါးနှင့် လေးလက်မ အလိုတွင် ရပ်တန့်သွားရာမှ လူနာ သေဆုံးခဲ့ကြောင်း၊ ၎င်းသေဆုံးသူသည် ဒူးခေါင်းနှစ်ဖက် ပွန်းပဲ့ဒဏ်ရာများလည်း ရရှိကြောင်း လမ်းမတော်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“စက်ချို့ယွင်း သွားချိန်မှာ လူနာက နှလုံးရောဂါလည်း ရှိတော့ ရှောခ့် ဖြစ်သွားတာပါ၊ ဓာတ်လှေကားကိုလည်း လတိုင်း ဆားဗစ်လုပ်ပါတယ်” ဟု ခုတင် ၂၀၀ ဆံ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ) ဆေးရုံ အုပ်ကြီး ဒေါက်တာမြသောင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် အရှေ့ဖျားရွာတွင်နေသူ ကိုအောင်ဇော်မျိုးသည် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ) တွင် ဆေးကုသမှု ခံယူနေသည်မှာ တစ်လကျော် ကြာမြင့်နေချိန်တွင် ဓာတ်လှေကား စက်ချို့ယွင်းမှုကြောင့် သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါ ဆေးရုံထံမှ သိရှိရသည်။

အဆိုပါ ဓာတ်လှေကားမှာ ဂျပန် နိုင်ငံထုတ် Yasawa အမှတ်တံဆိပ် ဖြစ်ပြီး လူ ၁၅ ဦး စီးနင်းနိုင်သော ဓာတ်လှေကား ဖြစ်ကြောင်း၊ ခုတင် ၂၀၀ ဆံ့ ဆေးရုံကို ၁၉၈၄ ခုနှစ်တွင် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ) ထံမှ သိရှိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်းအမှတ် ၇/၁၃ ဖြင့် ဖွင့်လှစ် စစ်ဆေးနေကြောင်း လမ်းမတော် မြို့မရဲစခန်းထံမှ သိရှိရ

“ကူဋဒန္တသုတ်တော်အရ နိုင်ငံခေါင်းဆောင်၏ ရှိသင့်သည့်အရည်အသွေးအား ချဉ်းကပ်လေ့လာခြင်း”


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဗုဒ္ဓဒေသနာတော်ရှုဒေါင့်အရ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊လူမှုရေးစသော အရေးပြဿ နာ တွေကို ဖြေရှင်းနိုင်ရန်၊ နိုင်ငံတော်ကို ဘက်စုံတိုးတက်စည်ပင်စေရန်အတွက် ဒီဃနိကာယ်လာ ကူဋဒန္တသုတ်တော်ကို လေ့လာတင်ပြပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာအဓိကတင်ပြပေးလိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အရေးပါသောဖွဲ့ စည်းပုံအယူအဆကို နိုင်ငံတော်၏ ခေါင်ဆောင်သူတစ်ဦးအတွက် လိုအပ်သော အချက်အလက်အရည်အသွေးများကို အဓိကထားဆွေးနွေးမှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်သူနိုင်ငံ့ခေါင်းဆောင်သည် ထိုနိုင်ငံ၏ အနာဂတ်နှင့် ကံကြမ္မာကို အဓိကအဆုံးအဖြတ်ပေးနိုင်သူဖြစ်လို့ လွန်စွာအရေးကြီးလှပါတယ်။ ဒီလိုအရေးကြီးလှတဲ့ နိုင်ငံ့ခေါ င်းဆောင်ဟာ ငါသိငါတတ်၊ငါဆုံးဖြတ်ချက် ငါယုံကြည်ချက်တာမှန်တယ်လို့တယူသန်ဆုံးဖြတ် တတ်သူ၊ ကိုယ့်အကျိုးစီးပွားသာကြည့်တတ်ပြီး အများပြည်သူတို့၏ အကျိုးစီးပွားကို လျစ်လျူရှုတ တ်တဲ့ အတ္တဆန်သော ကိုယ်ကျိုးရှာသမားမဖြစ်သင့်ပါဘူး။ ထို့အပြင် ခေါင်းဆောင်တစ်ဦးမှာ အသိ ပညာ၊အတတ်ပညာများနှင့် တွေးတောကြံဆမှု၊ အရှည်ကို ကြိုတင်သိမြင်နိုင်မှု၊စသည့် အများထ က်သာလွန်သော ကိုယ်ပိုင်အရည်အချင်းများလည်း ရှိရန်လိုအပ်ပါတယ်။ ခေါင်းဆောင်တစ်ေ ယာက်အတွက်လိုအပ်သည့် အရည်အချင်းများကို ကူဋဒန္တသုတ်တော်အရ ခေတ်သ စ်တွေးခေါ်မှု များနှင့်ပေါင်းစပ်ပြီး ခွဲခြမ်းစိပ်ဖြာ မီးမောင်းထိုးပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ခေါင်းဆောင်ဆိုတာ လူ့မှုအသိုင်းအ၀န်းမှာတော့ အမြင့်မားဆုံး၊အကြီးကျယ်ဆုံးေ သာ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကူဋဒန္တသုတ်တော်အရ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာ အဓိကအချက် ကြီးနှစ်ချက်အပေါ်မှာ အခြေခံထားပါတယ်။

ထိုအချက်ကြီးနှစ်ချက်မှာ-

(၁) ပြည်သူအများ၏ သဘောတူညီထောက်ခံမှု။ { Consent of the majority of people.}

(၂) ကိုယ့်ကျင့်သီလနှင့် ပြည့်စုံမှု။ { Moral conduct.} တို့ဘဲဖြစ်ပါတယ်။

ပြည်သူ့ဆန္ဒအရခေါင်းဆောင်သူသာ ပြည်သူ့အကျိုးပြုသော၊ ကိုယ်ကိုယ့်မကြည့် အာဏာရှင်မ ဆန်သူ ဖြစ်နိုင်မှာဖြစ်ပါတယ် ။ပြည့်သူဆန္ဒနှင့်ဆန့်ကျ င်သော ပြည့်သူထောက်ခံမှု မရှိသောခေါင်း ဆောင်မှုသည် ပြည်သူနှင့်၊ အုပ်ချုပ်သူအစိုးရတို့အကြား ယုံကြည်မှုကင်းမဲ့၍ အထင်အမြင် လွဲမှား ကာ တစ်ဖက်နှင့်တစ်ဖက် အမြင်စောင်းနေကြ၍ ညီညွ့တ်မှုကင်းပြီး တိုင်းပြည်ကောင်းကျိုး မလုပ် နိုင်ကြတော့သဖြင့် အဖက်ဖက်က ဆုံးရှုံးနစ်နိုင်မှုများ ဖြစ်လာနိုင်သဖြင့် နိုင်ငံ့ေ ခါင်းဆောင်သည် ပြည့်သူအများ၏ သဘောဆန္ဒနှင့်အညီ ရွေးချယ်တင်မြောက်ထား သူဖြစ်သင့်၍၊ အာဏာရရှိသည့် အခါတွင်လည်း ပြည်သူ့ဆန္ဒအတိုင်းသာ စီမံအုပ်ချုပ်သင့်ပါတယ်။

တိုင်းပြည်၏ ခေါင်းဆောင်သည် ကိုယ်ကျင့်သီလ ၊လူ့ကျင့်ဝတ်တို့နှင့်ပြည့်စုံမှ သာ ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားသော်၊ နောက်နွားတစ်သိုက် ဖြာင့်ဖြောင့်လိုက်၏ ဆိုသကဲ့သို့ တိုင်းသားပြည်သူအားလုံးပါ ကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံပြီး ဒုစရိုက်မှုတွေ ရှောင်ရှား၍ တိုင်ပြည်တိုးတက် စည်ပင်လာနိုင်မှာဖြစ်ပါတယ်။ ထို့သို့အခြေခံ ကိုယ့်ကျင့်တရားတွေ စောင့်ထိန်းပါက စီပွားရေးနှင့် နိုင်ငံတော်ေ ခါင်းဆောင်မှု အပိုင်းမှာပါ အောင်မြင်မှုများ ရရှိလာမှာဖြစ်တယ်။

နိုင်ငံအတွင်းမှာ မည်မျှပင် သယံဇာတပေါများကြွယ်ဝချမ်းသာပါသော်လည်း ကိုယ့်ကျင့် သိက္ခာ၊လူ့ကျင့်ဝတ်ကင်းမဲ့သော နိုင်ငံသည် မတိုးတက်မချမ်းသာနိုင်သလို၊ ကမ္ဘာအလည်မှာလည်း မျက်နှာမရသိက္ခာကျစရာသာဖြစ်ပေါ်လာနိုင်သောကြောင့် ထိုအချက်နှစ်ချက်ကိုအခြေခံကျသည့် အဓိကရှိသင့်သည့်တရားများအဖြစ်ေ ဖ်ာပြထားခြင်းပင်ဖြစ်ပါတယ်။ထိုအချက်နှစ်ချက်နှင့်ပြည့်စုံသော ခေါင်းဆောင်ကောင်းသည် မင်းကျင့်တရား(၁၀)ပါး၊ နာယကဂုဏ် (၆)ပါး၊ သင်္ဂဟတရား(၄)ပါး တို့နှင့်အညီ အုပ်ချုပ်နိုင်၍ ပြည်သူပြည်သားတို့၏ ဓနစွမ်းအား၊ပညာစွမ်းအား၊ သီလ(စာရိတ္တ) စွမ်းအား တို့တိုးတက်အောင် ခေါင်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်။

အထက်ပါ အချက်(၂) ကိုအခြေခံ၍ နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် အောက်ပါအ ချက်များကိုလည်း ပြုလုပ်၊ဖြည့်ဆီး၊လိုက်နာဆောင်ရွက်ပေးသင့်ပါတယ်။

(က) တရားမျှတမှု၊ လူ့အခွင့်အရေးရှိမှု၊ ပရဟိတလူမှုအကျိုးပြုလုပ်ငန်းများနှင့် သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းမှုတို့နှင့် သက်ဆိုင်သည့် ကွန်ဖရင့်အစည်းအဝေများ ကျင်းပ၍ တွေဆုံဆွေးေ နွး အေ ဖြရှာခြင်း။

{ Doing conference for justice, human right, social activities and environment.}

ထို့ကွန်ဖရင့်များကို အစိုးရတာဝန်ရှိသူများသာမက၊ ပါတီနိုင်ငံရေးအဖွဲ့အစည်း များ၊ပြည်သူ ၊ပြည်သားအားလုံးမှ တက်ရောက်၍၊အဖြေရှာ၊အကြံပြု တင်ပြဆွေးနွေးပူးပေါင်းပါဝင်သင့်၏။ မိမိနိုင် ငံတော်အား အမှန်တကယ်တိုးတက်ေ စချင်တာမှန်ပါက အပြစ်ပြော၊ဝေဘန်ပုတ်ခတ်နေခြင်းသည် အကျိုးမရှိဘဲ အကျိုးမဲ့ကိုသာဖြစ်စေနိုင်သောကြောင့် နိုင်ငံတော်ကို တိုးတက်စေချင် သော စေတ နာမှန်ပါက ပါတီစွဲ၊ပုဂ္ဂိုလ်များကို ခ၀ါချကာ အစိုးရနှင့် လက်တွဲဆောင်ရွက်သင့်ပါတယ်။

(ခ) နိုင်ငံတော်၏ လုံခြုံရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိပြီး ပြည်သူများ ၏အရိပ်အာဝါသကောင်းမွန်မှုများ ရှိစေရန် စီမံကာကွယ်ထားခြင်း။

{Providing protection, shelter and security for country.}

နိုင်ငံတစ်နိုင်ငံအတွက် လုံးခြုံဘေးကင်းစေရန် တိုင်းတပါးမှ ကျူးကျော်ဝင်ရောက် မှုများမ ရှိစေရန်အတွက် ဥပဒေဆိုင်ရာနှင့်၊ စစ်ရေးဆိုင်ရာလုံခြုံမှုများစီမံထားသ င့်ပါတယ်။ နိုင်ငံမည်မှပင် တိုးတက်နေပါစေ ကျူးကျော်ဝင်ရောက်၍ စီးပွားရေး၊ပိုင်န က်မြေခိုးယူမှု၊လူမျိုးရေးဝါးမျိုဖျက်ဆီး မှုများရှိနေပါက ထိုနိုင်ငံငအတွက် ရေရှည်မှာ မည်သို့မှ မအေးချမ်းနိုင်သောကြောင့် နိုင်ငံ တော် ကာကွယ်ရေး၊ ဘေးကင်းလုံခြုံရေးကို အထူးသတိထား ကာကွယ်ရမှာဖြစ်ပါတယ်။

(ဂ) လာတ်ပေးလာတ်ယူမှုများ မရှိစေရန် နိုင်ငံဝန်ထမ်းတို့ကို လခငွေတိုးမြှင့်ေ ပးခြင်း။

{ Giving higher salary for staff of a country, not to be bribe.}

တိုင်ပြည်တစ်ပြည်၏ မတိုးတက်မှု၊ဆုတ်ယုတ်အကြောင်းအရာများတွင် လာတ်ပေး၊ လာတ် ယူခြင်းသည်လည်း အဓိကအကြောင်းအရာတခုပင်ဖြစ်၏။ ထိုသို့လာတ်ပေး၊လာတ်ယူ အကျင့်ပျ က်ချစားမှု ပပျောက်စေရန်အတွက် ၀န်ထမ်းတွေကို လုပ်အားခလစာငွေများ အလုံအလောက်ချီး မြှင့်သင့်ပါတယ်။ လုံလောက်စွာလုပ်အားခငွေ ရရှိပါကအလွယ်တကူ လာတ်စားမှုများမဖြစ်တော့၍ အကျင့်ပျက်မှုများ လျော့နည်းသွားနိုင်မှာဖြစ်ပါသည်

(ဃ) နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေနှင့် မကိုက်ညီသော လုပ်ရပ်မှန်သမျှကို လာတ် စားမှုမရှိဘဲ အရေးယူတားမြစ်ခြင်း။

{ Prohibiting every unlawful action without any bribe.}

ပြည်သူ၊ပြည်သားများ၊ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများ အားလုံးတို့အနေ ဖြင့် တည်ဆဲဥပဒေများကို မိမိတို့၏ ရာထူး၊အာဏာ၊ပါဝါများဖြင့် လက်တလုံးကြားမလုပ်ဘဲ၊ အပြည့်အ၀လိုက်နာရပါမည်။ စည်းကမ်းရှိမှသာ စည်ပင်တိုးတက်နိုင်ပေမည်၊ မည်သူပင်ဖြစ်စေ ဥပဒေအထက်တွင်မရှိစေရန်ကြပ်မ တ်ဆောင်ရွက်၍၊ဥပဒေကိုချိုးဖောက်သော လုပ်ရပ်မှန်သမျှကို မျက်နှာကြီး၊မျက်နှာသေးမရွေးဘဲ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမှုများပြု လုပ်သင့်ပါတယ်။ ဒါမှသာ တိုင်ပြည်ကြီး တိုးတက်ချမ်းသာလာမည်ဖြစ်ပါတယ်။

(င) တိုင်းပြည်တစ်ပြည်အတွက် မဖြစ်မနေလိုအပ်သော ပညာရေး၊စီပွားရေးနှင့်၊ ကျမ္မာရေး အသိအမြင်များ၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊မီးစသည့် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းလုပ် ဆောင်ပေးခြင်း။

{ Making offering or gifts the education, business, medical knowledge, street, wather, light of people need.}

ပညာရေး၊ကျမ္မာရေးနှင့် ဆက်သွယ်ရေးစသည်တို့သည် နိုင်ငံေ တ်ာဘက်စုံတိုးတ က်မှုအတွ က် ဗဟုသုတစွမ်းအားနှင့် လူသားအရင်းအမြစ်များရရှိစေနိုင်သောကြောင့် အပြည့်အ၀ ဖြည့်ဆည်း ပေးရပါမည်။ ဗဟုသတ အကြားအမြင်ရှိမှသာ တိုင်းပြုပြည်ပြုလုပ်ငန်းများတွင် ပါဝင်နိုင်မှာ ဖြစ်ပါ သည်။

(စ) ဘာသာရေးခေါင်းဆောင်များဖြစ်သည့် စိတ်ကောင်းစာတတ် အကျင့်မြတ်သော ဆရာ တော်သံဃာတော်များထံမှ အကြံဉာဏ် သြ၀ါဒများကို ခံယူလိုက်နာခြင်း။

{ Observing precepts and .Getting advice from religion teachers who are well-restrained in moral rule and spiritual advanced.}

ရုပ်ပိုင်းဆိုင်ရာ မည်မျှပင်တိုးတက်စေကာမူ စာရိတ္တပိုင်း နိမ့်ကျနေပါက ထိုတိုးတက်မှုသည် ကြာရှည်ခံနိုင်လိပ်မှာမဟုတ်ပေ ။ရုပ်ပိုင်း၊စိတ်ပိုင်းဘက်စုံတိုးတက်၍ ကိုယ်ကျင့်သီလစာရိတ္တ ကောင်းမွန်စေရန်အတွက်၊ ဘာသာရေစာပေများကို ကျောင်းသားလူရွယ်ဘ၀မှစ၍ အတန်းကျောင်း များတွင် ပြဋ္ဌာန်းပေးခြင်းဖြင့် စာရိတ္တကိုမြှင့်တင်ပေးသင့်၏။

ဘာသာတရားကိုအားပေးချီးမြောက်၍ ထိုဘာသာတရား၏ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးမှသာ ရုပ်အပြင်ပိုင်းတိုးတက်လာသည်နှင့်အမျှ၊ စိတ်အတွင်းစာရိတ္တပိုင်းတိုးတက်လာ၍ ဒေါသ၊မောဟ၊မာနများကင်း၍ အေးချမ်းသာယာနိုင်စေနိုင်ပေမည်။အောက်ခြေဖောင်ဒေးရှင်း မခိုင် ပါက အပေါ်ပိုင်းထုထည်ကြီးမားလာသည်နှင့်အမျှ ပြိုကျပျက်စီးတာမြန်လေပင်ဖြစ်၏။ နိုင်ငံခေါင်းဆောင်များအနေဖြင့်လည်း တိုင်းသားပြည်သူတို့အား စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ တိုးတွက်မှုအတွက် ဘာ သာရေးအဆုံးအမများကို ထိတွေ့ဆက်ဆံစေရုံမကဘဲ၊ မိမိကိုယ်တိုင်ပင် ဘာသာ ရေးအဆုံးအမ သြ၀ါဒကို ဆရာတော်သံဃာတော်များထံ သြ၀ါဒခံ လိုက်နာသင့်ပါသည်။

အထက်ပေါ်ပြပါအချက်တို့သည် နိုင်ငံခေါင်းများအနေဖြင့် ဖြည့်ဆည်းပေးရမည့်အချက် များပါသကဲ့သို့၊ ကိုယ်တိုင်လိုက်နာကျင့်သုံးရမည့်အချက်များလည်း ပါရှိပါတယ်။

ကူဋဒန္တသုတ်တော်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ နိုင်ငံရေးအဖွဲ့အစည်ခေါ င်းဆောင်များမှာ နိုင်ငံ့ခေါင်းဆောင်ရာထူးအတွက် ရှိသင့်သော ကိုယ်ပိုင်အရည်အချင်းများကို အရေးတကြီး ဖော်ပြ ထားပါတယ်။ နိုင်ငံခေါင်းဆောင်ဖြစ်ရန် ရည်ရွယ်ထားသူတိုင်းဟာ တိုင်းတပါးသား သို့မဟုတ် တိုင်းတပါးနှင့် သွေးနှေားထားသူ၊ မဖြစ်သင့်ကြောင်းကို အလေးထား သတိပေးလမ်းညွှန်းထား၏။ နိုင်ငံခေါင်းဆောင်ရာထူးအတွက် ရည်မှန်ထားသူ သို့မဟုတ် ခေါင်ဆောင်ဖြစ်နေသူ သူ အောက်ပါ ကိုယ်ပိုင်အရည်အသွေးများကို ပိုင်ဆိုင်ထားရပါမည်။

(က) မိမိ၏မျိုးဆက်ရင်သွေး နှင့် မိမိ၏မိဘနှစ်ပါးတို့မှာ မျိုးရိုးစင်ကြယ်မှုရှိခြင်း။ ဆိုလိုသည် မှာ မိဘနှစ်ပါးနှင့် မိမိ၏မျိုးဆက်များမှာ အခြားတိုင်းတပါးသားတို့နှင့် သွေးေ ရာနှောမှုမရှိသော နိုင်ငံ သွေးသားစစ်စစ်ဖြစ်ရပါမည်။

{ Birth- Purity of parents and generation. It means all of the parents should be the citizen.}

နိုင်ငံ၏ခေါင်ဆောင်သည် ထိုနိုင်ငံ၏သွေးမျိုးရိုးစစ်စစ်သာဖြစ်ရပါမည်။အဘ ယ်ကြောင့် ဆိုသော “အမျိုးမစစ်လျှင် အမှန်တကယ်အရေးကြုံလာလျှင် အမျိုးမချစ်နိုင်ပေ” အမျိုးကို မချစ်တတ်သောသူသည်လည်း တိုင်းပြည်ကို အမှန်တကယ်ချစ်ဘို့ဆိုတာမဖြစ်နိုင်တော့ချေ။ တစ်ခု နှင့်တစ်ခုသည် ဆက်စပ်လျှက်ရှိ၏။ တိုင်းပြည်အား အမျိုးမစစ်သူ၊အမျိုးမချစ်သူများ အုပ်ချုပ်ပါက လူမျိုးလဲတုံး၊ဘာသာပြုန်းပြီး၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ အမျိုးသားရေးစိတ်ဓါတ်များကွ ယ်ပျောက်၍ ကိုယ့်နိုင်ငံသူ့လူမျိုးဖြစ်သွားကာ တိုးတက်ပြီး အကျိုးမထွက်ဖြစ်သွားပေမည်။ အသိပညာဖြင့် သတိဝင်ကာ ရေရှည်မျှော်တွေးလေေ လ အန္တရာယ်ကြီးမာလေလေဖြစ်၏။

(ps- ယခုလည်း ဒကာမကြီးဒေါ်စုကြည်သမ္မတ ဖြစ်စေနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရန် ကြိုးစားနေကြောင်း ကြားသိရပေ၏။ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်လျော့ချရေး စသည့်အချက်များမှာ ပြင်သင့်ပြင်ထိုက် တာမှန်ပါသော်လည်း ၊ နိုင်ငံ၏ အချုပ်အခြာနှင့် အမျိုးဘာသာ၊သာသနာတော်၏ အနာဂတ်အတွက် များစွားအရေးကြီးလှသော ၅၉(စ) ကဲ့သို့သော ထိလွယ်ရှလွယ်သည့် ဥပဒေမျိုးကို ချစ်ခြင်း၊သံယောဇဉ်ရှိခြင်းစသော ဆန္ဒဂတိ သို့မလိုက်ဘဲအမြိ မန်မာပြည်၏ ရှေ့ရေးကိုသာ အရှည်တွေး၍ ဆုံးဖြတ်သင့်ပါတယ်။ ဒေါ်စုကို ချစ်လို့မျက်စေ့မှိတ်ကာ ပြင်ဆင်လိုက်ပါက ဒေါ်စုမရှိတော့သည့်တချိန်ချန်မှာ ၄င်းပြင်ဆင်လိုက် သည့်ဥပဒေအရ တရုတ်တို့၊ကုလားတို့လည်း မြန်မာပြည်တွင် သမ္မတဖြစ်လာပေတော့မည်။ ထိုသို့တရုတ်ကုလားများ သမ္မတဖြစ်ခြင်းကို လက်ခံနိုင်သည်ဆိုပါက ယခု ၅၉(စ) ဥပဒေအား ပြင်ဆင်ရန်သာရှိတော့၏။ ချွင်းချက်အနေဖြင့် ဒေါ်စုတယောက်တည်းအတွက်သာ သီးသန့်အခွင့်ထူးခံခွင့် ပေး၍ပြင်ဆင်နိုင်မူကား သင့်မြတ်ပေလိပ်မည်။)

(ခ) နိုင်ငံ့ခေါင်းဆောင်သည် ခန့်ညားတည်ကြည်၍ နှစ်လိုဖွယ်ရှိခြင်း၊ မပု၊မရှည်၊မ ပိန်မ၀လွန်းသော ဥပဓိရုပ်ရှိခြင်း။

{ Being handsome and pleasant. Not short, not tall, not fat, and thin so much.}
နိုင်ငံခေါင်ဆောင်တစ်ဦးအတွက် ဥပဓိရုပ် ခန့်ညားခြင်းသည်လည်း အရည်အသွေးေ ကာင်းတခုပင်ဖြစ်၏။ ဥပဓိသမ္ပတ္တိနှင့်ပြည့်စုံခြင်းသည် မိမိလုပ်ဆောင်လိုသည့် အလုပ်အတွက် များစွာအထောက်အကူးဖြ စ်စေပါသည်။ မြန်မာ့သမိုင်းတွင် ဦးနုသည် မည်သည့်လုပ်ဆောင်မှုမှ မည်မည်ရရမရှိပါဘဲ မမြဲခေါင်းဆောင်ဖြစ်ရခြင်းမှာလည်း ဦးနု၏ ဥပဓိရုပ်ကောင်းမွန်မှုကြောင်းဖြ စ်ကြောင်း လေ့လာမှတ်သားဖူး၏။

(ဂ) လာတ်ယူခြင်းမရှိရန်အတွက် နိုင်ငံခေါင်းဆောင်သည် မိမိကိုယ်ပိုင် များပြားသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်းထားခြင်း။ { Possessing a great-wealth. It is not to be bribe.}
ပစ္စည်းဥစ္စာ မရှိနွမ်းပါးသူများ နိုင်ငံခေါင်းဆောင်ဖြစ်လာသည့်အခါတွင် ပစ္စည်ဥစ္စာဖြစ့်သိမ်း သွင်း၍ အလွယ်တကွယ် လာတ်ပေး၊လာတ်ယူမှုများ ပြုလုပ်နိုင်သဖြင့် ၊ နိုင်ငံခေါင်းဆောင်သည် ပင်ကိုကပင် ချမ်းသာကြွယ်သူဖြစ်ရန်လိုအပ်ခြင်းဖြစ်၏။

(ဃ) လက်နက်ကောင်း၊စစ်တပ်ကောင်း ပိုင်ဆိုင်ခြင်း။ { Possessing well-weapon, and well-army.}

နိုင်ငံတစ်နိုင်ငံ ဘေးကင်းလုံခြုံရန်အတွက် ခေတ်မီလက်နက်များ၊ အရည်အချင်းပြည့်ဝေ သာတပ်မတော်သည် အရေးကြီးလှပါတယ်။ အားနည်းသူကို အားကြီးသူက အနိုင်ယူဗိုလ်ကျလေ့ ရှိတဲ့ အတ္တကြီးမား လူ့လောကသဘာဝအတိုင်း ဘယ်လောက်ပင် တရားမျှတသည်ဆိုဆို လက်န က်၊စစ်တပ်အားကောင်းသည့် စူပါပါဝါအင်အားကြီးနိုင်ငံကြီးများမှာ အင်အားသေးနိုင်ငံများအပေါ် သြဇာအာဏာပြဖိအားပေး အကြိုက်ဆောင်ခိုင်းစေလေ့ရှိပါတယ်။ ထို့ကြောင့် ကမ္ဘာအလည်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရန်အတွက် နိုင်ငံတော်ကို အခြားနိုင်ငံများမှ နည်းမျိုးစံဖြင့် စော်ကား ဗိုလ်ကျမှုမရှိစေရန်၊ ကမ္ဘာအလည်တွင်ကိုယ့်နိုင်ငံကိုလေးစားကြရန်၊ ခေတ်မီလက်နက်ကောင်းများ၊ အရည်အချင်းရှိစစ်တပ်များမှာ မရှိမဖြစ်လိုအပ်ပါတယ်။

(င) ပြည်သူ၊ပြည်သားအားလုံးအပေါ်၌ ယုံကြည်မှုရှိခြင်း၊ ရက်ရောထောက်ပန့်မှုရှိခြင်း၊ သဘောထားကြီးမား ကျယ်ပြန့်ခြင်း။ { Being faithful and being generous to all.}

နိုင်ငံခေါင်ဆောင်ဟာ ပြည်သူတို့အပေါ် ရန်သူများကဲ့သို့ သံသယမ၀င်ဘဲ ယုံကြည်မှုရှိရ ပါမည်။ ထို့အပြင် ပြည်သူတို့၏ လိုအပ်ချက်များကိုလည်း ထောက်ပန့်ဖြည့်ဆည်းပေး၍ ၊ သထေား ထားသေးသိမ်းခြင်းမရှိဘဲ ပြည်သူတို့အပေါ်၌ သီးခံခွင်လွှတ်ပြီးမိမိ၏ သာသမီးများကဲ့သို့ သဘော ထားကာ၊ သဘောထားကြီးမားရပါမည်။

(စ) အသိဉာဏ်ပညာနှင့် ပြည့်စုံ၍၊ အရာရာကိုကိုယ်ပိုင်အသိပညာဖြင့် ဝေဘန်စဉ်းစား၊ ဆုံးဖြတ်နိုင်သူဖြစ်ခြင်း။ {Having intelligence. He should a person who can decide all.}

နိုင်ငံ့ခေါင်ဆောင်ဟာ စဉ်းစားဆင်ခြင်တုံတရားရှိရပါမည်။ သူများသွေးထိုးတိုင်း၊ မြောက် ပင့်၊ ဂုံချောတိုင်း ယုံကြည်လွယ်လျှင် နိုင်ငံအတွက် များစွာနစ်နာ၍ ကောင်းကျိုးမဲ့နိုင်သဖြင့် အသိ ပညာ၊ဗဟုသတနှင့်ပြည့်စုံ၍ ကိုယ်ပိုင်ဆုံးဖြတ်ဆင်ခြင်နိုင်စွမ်းများ လိုအပ်ပါသည်။

(ဆ) ဆက်သွယ်ရေးစသည့်တို့ကို နားလည်တတ်ကျွမ်းခြင်း။ {Skillfulness in communication.}

နိုင်ငံတော်တိုးတက်ရေးမှာ ဆက်သွယ်ရေးသည်အဓိကကအခန်း ကဏ္ဍမှာပါရှိသကဲ့သို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ရေး၊စီးပွားရေးစသည့် သံတမန်ဆိုင်ရာအခန်းကဏ္ဍများမှာလည်း ဆက်သွယ်ရေးစနစ်သည်များစွာအထောက်အကူပြုပါတယ်။ ထို့ကြောင့် နိုင်ငံခေါင်းဆောင်သည် ဆွယ်သွယ်မှု သံတမန်ဆိုင်ရာ သဘောသဘာဝများကို နားလည်ထားဘို့လိုအပ်လှပါသည်။

(ဇ) နိုင်ငံတော်၏ မျက်မှောက်အခြေအနေကို သုံးသတ်ဆင်ခြင်နိုင်စွမ်းရှိခြင်း။ {Ability to think of the present situation of the country.}

ခေါင်းဆောင်ဟာ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်နေသည့် တိုးတက်မှု၊ဆုတ်ယုတ်မှု၊စသည် များကို စဉ်းစားဝေဘန်သုံးသတ်၍ ၊ ပြင်သည့်သည်ကိုပြင်၊ဖြည့်သင့်သည်ကိုဖြည့်စွက်ရပါမည် ဒါမှသာ နိုင်ငံတော်သည် ပစ္စပ္ပန်နှင့် အနာဂတ်ကာလပါ စည်ပင်ထွန်းကားတိုးတက်နိုင်ပါမည်။

အထက်ပါဆွေးနွေးတင်ပြချက်များသည် ခေါင်းဆောင်တဦးအတွက် အတွင်းကော၊အပြ င်ပါ၊လိုအပ်သော အရည်အသွေဒများပင်ဖြစ်ပါတယ်။ ၄င်းအချက်များမှာ နိုင်ငံခေါင်းဆောင်များအ တွက်သာ မဟုတ်ဘဲ စီးပွားရေး၊လူမှုရေးအစရှိသည့် လူမှုအဖွဲ့အစည်းအများအတွ က်ပါ ပြည့်ဝသည့် ခေါင်ဆောင်မှုအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါသည်။

ကူဋဒန္တသုတ်တော်သည် နိုင်ငံတော်၏ ပြည့်ဝသော ခေါင်းဆောင်မှုစွမ်းရည်နှင့် ၊နိုင်ငံတော်၏ပြဿနာများကိုဖြေရှင်းအဖြေရှာရာမှာ ထင်ရှားလှသော သုတ်တော်ပင်ဖြစ်ပါသည်။ ထိုသုတ်ေ တ်ာပါ နည်းနာနိဿယျတို့သည် အုပ်ချုပ်သူ နိုင်ငံခေါင်းဆောင်နှင့် အုပ်ချုပ်ခံပြည်သူ နှစ်ဖက်စလုံး ထိခိုက်မှုတစ်စုံတရာမရှိသောကြောင့်၊ လိုက်နာ ကျင့်သုံးကြသည့် နိုင်ငံတော်နှင့် အဖွဲ့အစည်းတို့သည် လောက၊ဓမ္မပိုင်းများမှာ ဟန်ချက်ညီ၍ ဘက်စုံးဖွဲ့ဖြိုးတိုးတက်မှာဖြစ်ပါသည်။

Ref;
University of Kelaniya, Sri Lanka. Postgradue Institue of Pali and Buddhist Studies, မှ ပို့ချသည့် Buddhiist Doctrines of the Pali-Nikaya; Analysis and Interpretation. ဘာသာ ရပ်၏ Buddhist Concept of Organization as amean to solve the social problem in country with reference to Kutadanta-sutta. Topic-
အားအခြေခံရေးသားဆွေးနွေးတင်ပြထားခြင်းဖြစ်ပါသည်။

(အမိရွှေပြည်၊ သာယာစည်အောင်တူယှဉ်ကြိုးပမ်း၊ ရှေ့သို့လှမ်းနိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ
ဘာသန္တရဆေက ဓမ္မာစရိယ.
B.A,{Indo-Aryan}
M.A,{Buddhist Studies)

ကရိန်းကားဖြင့် ဖမ်းဆီးခံရသူတချို့ အာဏာပိုင်များ၏ အမည်ကို အသုံးပြုပြီး အရေးမယူရန် ဖိအားပေးမှုများရှိနေ


***************************************************
ရန်ကုန် တိုင်းဒေသကြီးတွင် စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များကို ကရိန်း ကားများဖြင့် ဖမ်းဆီးအရေးယူ ရာတွင် ဖမ်းဆီးခံရသူတချို့သည် အစိုးရအာဏာပိုင်များ၏အမည် များကိုအသုံးပြုကာ အရေးမယူ ရန် ဖိအားပေးမှု များရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ် စည်းကမ်းအထူးစစ်ဆေးရေးအ ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန် ကုန်တိုင်းမ်သတင်းစာသို့ ထုတ် ဖော် ပြောကြားလိုက်သည်။

ယင်းကဲ့သို့ ဖိအားပေးမှု များရှိသော်လည်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်းအ ထူးစစ်ဆေးရေးအဖွဲ့အနေဖြင့် မည်သူ့ကိုမျှ မျက်နှာသာမပေး ဘဲ အားလုံးကို တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မှု များ ပြုလုပ်နေကြောင်း အဆို ပါအဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောသည်။ အဆိုပါအဖွဲ့တွင် ပါဝင် သူ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီ ယာဌာန(လမ်းနှင့်တံတား)မှ တာဝန်ရှိသူတစ်ဦးက ''ကျွန် တော်ကတော့ သမ္မတနဲ့သိတယ်၊ ဘယ်ဝန် ကြီး နဲ့ သိတယ်ဆိုပြီး ပြောတဲ့သူတွေက နှစ်ရက်ကို တစ်ဦးလောက် ပါနေတယ်။ သူ့ဘာသာ ဘယ်သူနဲ့ပဲသိသိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ရင်တော့ ဖမ်းမှာ ပဲ''ဟုပြောသည်။

ဖမ်းဆီးခံရသည့်သူများ အနက် အချို့ဖမ်းဆီးခံရသူများ သည် ယခင်အစိုးရလက်ထက် က လူကြီးများ၏အမည်ကိုအ သုံးပြုကာ ယာဉ်ကြောရှင်းလင်း သည့် တာဝန်ရှိသူများအားပြော ဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းက ဆက်လက် ပြော သည်။ အနားယူသွားပြီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး ဖြစ်သူ၏ကားကိုလည်း ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မညီညွတ်သည့်အတွက် မရမ်း ကုန်းမြို့နယ်တွင် နိုဝင်ဘာ၁၅ ရက်က ဖမ်းဆီးခဲ့ကြောင်း၊ ၎င်း ၏ကား ကို ကရိန်းကား နှင့်ဆွဲယူ ကာ စမ်းချောင်းမြို့နယ်ရှိ ရှင် စောပုဝင်းသို့ ပို့ဆောင်ခံရသ ဖြင့် ယင်းတို့၏ကားသည်လည်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၏ သက်ဆိုင် ရာဥပဒေနှင့်အညီ အရေးယူခံ ရမည်ဖြစ်ကြောင်း သိရ သည်။

အလားတူပင် နေပြည် တော်မှ ရဲမှူးကြီးတစ်ဦးဖြစ်သူ ဇနီး၏ကားသည်လည်း စည်း ကမ်းဖောက်ဖျက်သည့်အတွက် ယင်းကဲ့သို့ ဖမ်းဆီးခံခဲ့ရ ကြောင်း သိရသည်။ အဝေးပြေးကုန်ကား မောင်းနှင်နေသည့် ဦးအောင် လှိုင်ဦးက ''အခုလိုမျိုး ဘယ် သူ့ ကိုမှ မျက်နှာမလိုက်ဘဲ အရေး ယူနေတယ်ဆိုတော့ ကောင်းပါ တယ်။ ဒါပေမဲ့ ဒီဟာကိုဆက် ကျင့်သုံးဖို့ဆိုတာ လွယ်တော့ မလွယ်ဘူး။ တော်တော်အောင် မြင်ဖို့လိုအပ်တယ်''ဟု သူ၏အ မြင်ကို ပြောသည်။

ထိုကဲ့သို့ဖမ်းဆီးမှုများပြု လုပ်နေသော်လည်း ယာဉ်ကြော ကျပ်ပိတ်ဆို့မှုသည် အဆိုပါတစ် ခုနှင့် မပြီးကြောင်း၊ သို့ရာတွင် ယခုလုပ်ကိုင်နေသည့် စနစ်တစ် ခုသည်လည်း ယာဉ်ကြောပိတ် ဆို့မှုကို သက်သာစေမည့်နည်း လမ်းတစ် ခုဖြစ် ကြောင်း ယင်း က ဆက်လက်ပြောသည်။ ရန်ကုန်မြို့တွင်း ယာဉ် မောင်းနှင်နေသူတစ်ဦးက ယာဉ် များသည် ဖမ်းဆီးသည့်အချိန် ခဏတွင်သာ ယာဉ်ကြောရှင်း သော်လည်း အဆိုပါအဖွဲ့မရှိ ပါက ယာဉ်များမှာ စည်းကမ်း မဲ့ရပ်နား မှုများ ဆက်လက် ပြု လုပ်မြဲပင်ဖြစ်နေကြောင်း ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း အထူးစစ်ဆေး ရေးအဖွဲ့သည် နိုဝင်ဘာ၈ရက် မှစတင်ကာ မြို့တွင်းရှိ ယာဉ် မရပ်ရအဖြစ် သတ်မှတ်ထား သော၅ရလမ်းတွင် စည်းကမ်း မဲ့ရပ်နားထားသော ယာဉ်များ ကို ကရိန်းကားဖြင့် ဖမ်းဆီးအ ရေးယူမှု များ ပြုလုပ်ခဲ့သည်။ နို ဝင်ဘာလတွင် စတင်ခဲ့သော် လည်း ပြီးဆုံးမည့်အချိန်ကိုမူ ကန့်သတ်မထားကြောင်း သိရ သည်။ ယနေ့အထိ ယာဉ်အစီး ရေပေါင်း တစ်ထောင်ကျော်ကို ဖမ်းဆီးအရေးယူပြီးဖြစ်ကြောင်း၊ ၎င်းတို့ကို ရှင်စောပု ကား ဝင်း တွင် ထားရှိကြောင်း သိရသည်။

သိန်းတစ်ရာ့ကိုးဆယ်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


လားရှိုးဒီဇင်ဘာ ၂၇။

လားရှိုးမြို့ရှိ အမှတ်(၂၄)မူးယစ် တပ်ဖွဲ့စုသည် သတင်းအရ ရပ်ကွက်(၁၂)အတွင်း၊ လေယာဉ်ကွင်း အနီးရှိ မြို့ပတ်လမ်းဆုံတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ပြုလုပ်မည်ကို စောင့်ဆိုင်းကာ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို သိန်း( ၁၉၀)တန်းဖိုးရှိ ဆေးဝါးများနှင့်အတူ သက်သေများ၏ ရှေ့တွင် ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်မှာဒီဇင်ဘာ ၂၄ရက်တွင်အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စုမှရဲအုပ် ငြိမ်းချမ်းစိုး ဦးစီးတပ်ဖွဲ့သည် သတင်းအရ ရပ်ကွက်(၁၂) လေယာဉ်ကွင်း လမ်းဆုံတွင် အသင့်စောင့်ဆိုင်းနေစဉ် အမျိုးသား၊ အမျိုးသမီး နှစ်ယောက်အတူ ဆိုင်ကယ် တစ်စီး၊ အမျိုးသားတစ်ဦး စီးလာသောဆိုင်ကယ်တစ်စီး ပေါင်းနှစ်စီးအား ရပ်တန့်ရှာဖွေရာ ကျား/မ နှစ်ဦး ထံမှ အမျိုးသမီး ကိုင်ဆောင်ထားသော ပိုက်ဆံအိတ် အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၁၉၀) ပြားပါ(၅၀)ထုပ်၊ စုစုပေါင်း ဆေးပြား(၉၅၀၀)ပြား၊ အလေးချိန်(၈၅၅)ဂရမ် (တန်ဖိုးတစ်ပြားလျင် ငွေကျပ် ၂၀၀၀ ဖြင့် ငွေကျပ်သိန်း ၁၉၀)
တန်ဖိုးအား ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိ သယ်ဆောင် ရောင်းချသူ ကိုလှအောင်(၃၅)နှစ်(ဘ)ဦးစိုင်းထွန်း၊ ကုန်းမွန်ကျေးရွာ၊ မန်ပတ်အုပ်စု၊ သီပေါမြို့၊ နန်းအေးရင်(၄၅)နှစ် (ဘ)ဦးနာလိန်၊ ကုန်းမွန်ရွာ၊ သီပေါမြို့နှင့် ကိုအိုက်ကော(၃၀)နှစ်(ဘ) ဦးအိုက်ကြာ၊ သိန်းလုံရွာ၊
ချောင်းချောက်အုပ်စု၊ ကျောက်မဲမြို့ နေသူတို့အား လားရှိုး နမစမယ(ပ) ၉၆/၂၀၁၃ ၊ မူးစိတ်ပုဒ်မ-၁၅/၁၉(က)၂၁ အရ အမှုဖွင့် ဆက်လက်
အရေးယူ ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဂျမူးမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု၌ မြန်မာနိုင်ငံသားတစ်ဦး သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၂၇

အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ကက်ရှမီးယားပြည်နယ် မြို့တော် ဂျမူးတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက အသေးစား ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုတွင် မြန်မာနိုင်ငံသား တစ်ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် Indian Express သတင်းစာတွင် ဖော်ပြထားသည်။

ဟိမဝန္တာ တောင်တန်းများပေါ်တွင် တည်ရှိနေသည့် ဂျမူးမြို့တော်၏ မြို့စွန်မြို့ဖျားရှိ သတ္တုစွန့်ပစ် ပစ္စည်းများ အရောင်းဆိုင်တွင် ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ပြီး တစ်ဦးသေဆုံး၍ အမျိုးသမီးတစ်ဦး၊ ကလေး ငယ် ၃ ဦးတို့မှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ယင်းသတင်းများအရ သိရသည်။

သေဆုံးသူမှာ မြန်မာနိုင်ငံသား စိုင်းဖူလာ ဆိုသူဖြစ်ပြီး၊ ၎င်းမှာ အဆိုပါ ဆိုင်တွင်နေ့စဉ် သတ္တုစွန့်ပစ် ပစ္စည်းများ လာရောက် ရောင်းချသူ ဖြစ်ကြောင်း ယင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းပေါက်ကွဲမှုမှာ ဗုံးလက်နက်ကြောင့် ဖြစ်နိုင်သော်လည်း၊ ဆိုင်အတွင်းရှိ ပေါက်ကွဲစေနိုင်သော သတ္တုအကြွင်းအကျန်များ၊ ဂက်စ်အိုး များကြောင့်လည်း ပေါက်ကွဲ စေနိုင်သောကြောင့် မကြာမီ စစ်ဆေး အဖြေထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဂျမူးမြို့ အကြီးတန်း အရာရှိတစ်ဦးက ပြောကြား ထားသည်။

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယား ပြည်နယ်တွင် ၁၉၄၇ ခုနှစ်မှ စတင်ကာ အိန္ဒိယအစိုးရ၊ ကက်ရှ်မီးယား ခွဲထွက်ရေး ဒေသခံသူပုန်များနှင့် ပါကစ္စတန် အစိုးရတို့အကြား နယ်မြေ အငြင်းပွားမှုများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး၊ ဒေသတွင်း၌ မကြာခဏ အဓိကရုဏ်းများ၊ ပေါက်ကွဲမှုများ ဖြစ်ပွားလျက် ရှိသည်။

မြန်မာ့ရုပ်ရှင်ဆုပေးပွဲ အစီအစဉ်



မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ပေးပွဲကို ဒီဇင်ဘာ ၂၉ ရက်၊ မွန်းလွဲ ၃နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်သည်။

၎င်းအကယ်ဒမီပေးပွဲတွင် အစီအစဉ်ခုနစ်ချက်ပါဝင်ကြောင်း သိရသည်။

အစီအစဉ်(၁)တွင် 'မြန်မာ့မြန်မာ့ရုပ်ရှင်' တေးသီချင်းဖြင့် ပဏာမ ဖျော်ဖြေ မည်ဖြစ်ပြီး ညီထွဋ်ခေါင်၊ စည်ဖြိုး၊ စိုးရန်အောင်၊ဇေရဲထက်၊ ကောင်းပြည့်၊ ဂျွန်ဂို၊ ထိုက်စံမော့စ်၊ စူးရှ၊ ချမ်းမေမြတ်နိုး၊ ဧကရီမှူး ပိုင်၊ဘေဘီမောင်၊ ရှင်ယွန်းမြတ်၊ မီးနို၊ ငြိမ်းစုသာ၊ ထက်ထက်စု လှိုင်နှင့်ရှင်းရှင်းတို့က သီဆိုကြမည်ဖြစ်သည်။ ၄င်းနောက်တွင် The Trees Band နှင့်အတူ ချိုပြုံး၊ ထွန်းအိန္ဒြာဗို၊ မေဆွိ၊ ချစ်စနိုးဦး၊ဝိုင်းစု ခိုင်သိန်း၊ ရန်အောင်၊ မြင့်မြတ်၊ မင်းမော်ကွန်း နှင့် စိုးပြည့်သဇင်တို့က သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။

အစီအစဉ်(၂) အဖြစ် ၂ဝ၁၂ခုနှစ်အ တွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို စတင်ကြေညာမည်ဖြစ်သည်။

ထို့နောက်တွင်အစီအစဉ်(၃)အဖြစ်၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးအောင်ကြည်က မိန့်ခွန်းပြောကြား မည်ဖြစ် သည်။

အစီအစဉ်(၄)အရ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး

အစီအစဉ်(၅)အဖြစ်၂ဝ၁၂ခုနှစ်အတွက်အကယ်ဒမီထူးချွန် ဆုရသူ များကို စတင်ကြေညာ ပြီး ဆုပေးအပ်မည်ဖြစ်သည်။ ၄င်း နောက် တွင် အချိန် အကန့်အသတ် အရ မိနစ်၂ဝစာခန့် ရပ်နားမည်ဖြစ် ပြီး ရပ်နားချိန် ၌ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ဖြူဖြူကျော်သိန်းတို့အပါအဝင် သဘင် ကဏ္ဍမှတင် မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ ဖိုးချစ်၊ စူးရှ၊ကျော်ကျော်ဗိုတို့ က သူတို့၏ ပါဖောမန့်များနှင့်သီဆိုဖျော်ဖြေပေးမည်ဖြစ်ပြီးအစီအစဉ်၆ အဖြစ် ထူးချွန်ဆုရရှိသူများကိုဂုဏ်ပြုနှုတ်ဆက်ကြမည်ဖြစ်သည်။

Mဘွယ်

ဘားအံဆွေးနွေးပွဲ ရက် သတ်မှတ်ရန် အစိုးရနှင့် KNU မဲဆောက်တွင် တွေ့မည်



ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်မည့် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲရက် သတ်မှတ်ရန်အတွက် အစိုးရနှင့် KNU တို့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KNU ဗဟို ကော်မတီဝင်များ တက်ရောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဘားအံ ဆွေးနွေးပွဲ လုပ်မယ့်ရက်ကို အကြမ်းဖျင်း သတ်မှတ်နိုင်ပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဘားအံဆွေးနွေးပွဲ မတိုင်မီ ပြုလုပ်မည်ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် တည်ရှိရာ လေးဝါးစခန်းတွင် ပြုလုပ်မည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ကျင်းပမည့် နေ့ရက်ကို အစိုးရနှင့် ညှိနှိုင်းပြီးမှသာ ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း KNU က ပြောဆိုထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် နှစ်ဖက် ရေးဆွဲ ထားသော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်း ညှိနှိုင်းဆွေးနွေးရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်း မြန့်မာ့ ငြိမ်းချမ်းရေးစင်တာထံမှ သိရသည်။

ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီသည် ချင်းမိုင်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် တွေ့ဆုံမည် ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ တွေ့ဆုံကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း MPC က ထပ်ဆင့်ပြောဆိုသည်။

KNU နယ်မြေနှင့် ဘားအံမြို့တို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး အပြီးသတ် လုပ်ဆောင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အခြေခံ မူဘောင်များ ညှိနှိုင်းရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အသီးသီးက ပြောဆိုထားသည်

နောက် ဆုံး ရ ရွှေ ဈေး နှုန်း များ


28.12.2013 (Saturday) 11:52 AM
TOP SHINE (PH : 011-201155)

(အကယ်ဒမီ) Ygn: (ဝယ်) 649500 - (ရောင်း) 650500

USD Cash Rate: (ဝယ်) 985 - (ရောင်း) 990
SGD Cash Rate: (ဝယ်) 776 - (ရောင်း) 786
Euro Cash Rate: (ဝယ်) 1340 - (ရောင်း) 1360

Reference Rate:
World Gold Price : 1213.20 (closed)
Central Bank of Myanmar Rate: 987 (closed)

(အချိန်နှင့်အမျှ အပြောင်းအလဲ ရှိပါသည်။)

ဆီးချိုရောဂါနဲ့ ရုံးပတီသီး



သင့်မှာသာဆီးချိုရောဂါများရှိနေရင်
ရုံးပတီသီး၂ချောင်းကိုယူပြီးအချွန်ဘက်မဟုတ်တဲ့ခေါင်းဘက်အခြမ်းကိုပုံပါအတိုင်းလှီးဖြတ်ပြီး
သောက်ရေခွက်တစ်ခွက်ထဲမှာရေဖြင့်စိမ်ကာ အဖုံးအုပ်ထားပြီး တစ်ညတာသိပ်ထားလိုက်ပါ။
မနက်အိပ်ယာနိုးပါက ရုံးပတီးသီးထိပ်ပိုင်း၂ပိုင်းစိမ်ထားတာကိုရေထဲမှဖယ်ရှားပြီး
ကျန်တဲ့ရေကို နံနက်စာမစားခင်သောက်လိုက်ပါ။
ဒီလိုနေ့ တိုင်းသောက်ပေးပါက သင့်ခန္ဓာကိုယ်မှပိုနေတဲ့သကြားဓါတ်ကို
ရက်သတ္တပတ်နှစ်ပတ်အတွင်းသိသာစွာကျဆင်းသွားစေမှာပါ။

ZK

ပုဂံအားမာန် မြန်မာ့ဟန်


@@@@@@@@@@
&&&&&&&&&&&&&&

ရွှေနန်းပြဿဒ် ရာဇ၀င်ထပ်၍
ထီးဖြူခညောင်း မင်းခလျှောင်းသည်
ဖွါးစောပေါက်ကံ ဒို့ ပုဂံ
ထေရ၀ါဒ သာသနာခသည်
ပေါက်ကံရည်းကြီး
ရှင်မထီးနှင့် သာသနအလံ
ဘ၀င်္ဂလျှံခဲ့ ပေါက်ကံ ရာမ
ရွှေပြည်ခသည် ရာဇ၀င်မညှိုးတဲ့
ပုဂံပြည် မင်းစောအနော်ရထာ
ကျန်စစ် စည်သူ
မင်းလုပ်မူတဲ့ ပုဂံ ပုဂံ
မိုးလုံးညံခဲ့ ရွှေပြည်သစ်ခဲ့ 
ဒို့ ပုဂံ မြန်မာ့ဟန်သွေး
ရာဇ၀င်ရေးသော်
ပုဂံချန်မရ မြန်မာဟလို့ 
သမိုင်းကဆို ကျောက်ထက်ပိုလို့ 
ရာဇကုမာန် ကျောက်ခက်ထံက
စာပေအနု ပညာပြုသည်
ဂုဏ်ပြောင်ထွန်းတဲ့  ဤပုဂံ
ဒို့ ရဲ့ သမိုင်း ဒို့ ကရိုင်းသော်
ပုဂံရယ်က အိုဘ၀သည်
သမိုင်းတိမ်မြုပ် ရာဇ၀င်ငုတ်ကို
အမြစ်မပြုပ် ပုဂံရုပ်ကို
မြန်မာ့ဟန်သွေး မြန်မာရေးမယ်
ပုဂံအားမာန် မြန်မာ့ဟန်ဟေ့ 

( ငါလိုယောင်္ကျားပြဿဒါးမရှိ )
မွှေးရပ်မြေအမှတ်တရ. ပုဂံ ညောင်ဦး
မြို့ သား နယ်သူ နယ်သားအပေါင်း
မင်္ဂလာအပေါင်းနှင့်ပြည့် စုံကြပါစေ
(4 photos)