လမင်း
နင်လင်းလက်သည် ဖြစ်စေ
နင် မှောင်နေသည် ဖြစ်စေ
ငါ့ရင်ထဲမှာတော့
ချစ်သူက လသာနေတယ်.....။
လေပြည်
နင်တိုက်ခတ်သည် ဖြစ်စေ
နင်ငြိမ်သက်နေသည် ဖြစ်စေ
ငါ့ရင်ထဲမှာတော့
ချစ်သူ ရနံ့တွေ ရနေတယ်...။
နှင်း
နင် ကြွေသည် ဖြစ်စေ
နင် မကြွေသည် ဖြစ်စေ
ငါ ရင်ထဲမှာတော့
ချစ်သူ ရဲ့ အေးမြမှုတွေ ရနေတယ်...။
ချစ်သူ
နင် ရှိသည် ဖြစ်စေ
နင် မရှိသည် ဖြစ်စေ
ငါ နင့်ကို ချစ်တယ်.....။
No comments:
Post a Comment