Friday, December 20, 2013
ငါလိုယောင်္ကျား ပြဿဒါး မရှိ အဟက် …
ဘယ်သူမှ မကန့် ကွက်တဲ့  ပြင်ဆင်ရေးကိစ္စကို ….
ပြင်ဖို့ ထောက်ခံ ပါသလားဆိုပြီး …
လွှတ်တော် အပြင်ဖက်က ...
ခြိမ့်ခြိမ့်သဲသဲ လုပ်နေတာကတော့ ….
နိုင်ငံရေး အမြတ်ထုတ်ဖို့ ….
အကွက်ဆင်နေတာ မဟုတ်ရင်…
ကတုံး ကို သန်းရှာနေတယ်လို့ ပဲ ပြောရမှာပဲ ….
အခု လက်ရှိအနေအထား နဲ့ တင်ကို …
လောက်လောက် လားလား …..
တစ်ခြားပါတီလည်း မရှိသေးသမို့ …
၂၀၁၅ မှာ အမတ်နေရာ အတော်များများ ရပြီး ….
ကိုယ့်ပါတီက အများစု နဲ့ အစိုးရ အဖွဲ့ ဖွဲ့ နိုင်မယ်…
တစ်ချိန်လုံး ….
ပါးစပ် အသားမာတက်အောင် အော်ပြနေတဲ့ …
၂၀၀၈ ခြေဥ ကြီးကိုလည်း ….
ထိထိရောက်ရောက် ပြင်နိုင်မယ်…
အမြဲတန်း ဆဲ ဆိုခံနေရတဲ့ ….
ပုဒ်မ ၁၈ ဆိုတာကြီးလဲ အမြစ်ဖြုတ်နိုင်မယ် …
အမြုပ် ထွက်မတတ် ကြွေးကြော် နေတဲ့ ….
လူထု အကျိုးဆိုတာ ကြီးလဲ ….
နေ့ ရောညပါ ဦးထိပ် ပန်ဆင်နိုင်မယ်…
ခရိုနီ ခရိုနက်တွေကို …..
အားပါးတရ ဆော်ပလော်တီး တဲ့ ….
မူဝါဒတွေ လဲ စိတ်ကြိုက် ချမှတ်နိုင်မယ်…
ရှင်းရှင်းပြောရရင်တော့ …
တစ်မတ်သား ကိစ္စ လောက်ကလွဲရင် …
အားလုံးနီးပါး ကိုင်တွယ်ဖြေရှင်းခွင့် ရသွားမယ်ဆိုတာ …
သုံးတန်း ကလေးတောင် ခန့် မှန်းတွက်ချက် နိုင်ပါတယ်…
တစ်ခုပါပဲ ….
၅၉ စလုံး က လက်ရှိ ခံ နေတဲ့  အတွက် …
သမ္မတ နေရာတော့ လုံးဝ မရနိုင် တော့ပါဘူး….
ဒါလဲ ….ကိုယ်ကြွေးကြော်ထားသလို ….
တိုင်းပြည်အကျိုး တကယ်သယ်ပိုးချင်တယ်ဆို …
၅၉ စ ကတော့ ဘယ်သူမပြု မိမိ မှု ပဲ ဆိုပြီး နှလုံးသွင်းကာ …
လွှတ်တော် ဥက္ကဌ လို ….
ဥပဒေပြုရေးအာဏာရဲ့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ် အဖြစ် …
ပြည်သူ့ အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးလို့ ရပါတယ်….
စဉ်းစားကြည့်ပါ …
လွှတ်တော် ထဲမှာလဲ ကိုယ့်ပါတီက အမတ် အများစု …
အစိုးရ အဖွဲ့ ထဲမှာလဲ ကိုယ့်ပါတီက အစိုးရအဖွဲ့ ဝင် အများစု ….
လွှတ်တော် ဥက္ကဌ ကလဲ ကိုယ်…
ကံကောင်းရင် ကိုယ့်ပါတီက ….
နိုင်ငံခြားသားနဲ့ အိမ်ထောင် မပြုခဲ့ဘူးတဲ့  သူတစ်ယောက်ကပဲ ….
သမ္မတ ဖြစ်နိုင်ပါသေးတယ်…
အဲဒီခါ ကျရင် …
ပြင်ပါလေ့ …ခြေဥ ….
ဝါသနာ ပါရင် တစ်နေ့ ငါးခါ ပြင်စမ်းပါ ….
အခု ပြောနေတဲ့ အပေါက်က …
ဘာပြင်မယ်မှန်း တိတိကျကျ ထုတ်မပြောသေးတဲ့  အချက်တွေကို ....
အခု ....
အခု.....
အခု....ချက်ချင်း ပြင်မပေးရင်…..
ရွေးကောက်ပွဲ ပဲ မ၀င်တော့ မလိုလို…
တော်လှန်ရေး အတွက်ပဲ အသင့်ပြင်ရတော့ မလိုလို …
လူထု တိုက်ပွဲနဲ့ ပဲ လိုချင်တာ အရယူတော့မလိုလို …
မလိုလို …..
မလိုလို ….
တစ်ခါတည်း ရှင်းအောင် ပြောရရင် ….
ခင်ဗျား ရဲ့ ဆုံးဖြတ်ချက်ကြောင့် …
ပြည်သူ လူထုကြီး ခင်ဗျား ….
တတိယ စည်းကို လုံးဝ ကျော် မလာပါနဲ့ ဆိုတဲ့ ….
အခြေအနေမျိုး အထိ ပြန်ဆိုက်ရောက်လာခဲ့ရင်…
တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ပြန်ပျက်သွားပြီး …
၁၉၉၀ ခုနှစ် ၀န်းကျင်တုန်းကလို …
မြို့ ပြင်ထွက်တာနဲ့  ….
တိုက်ပွဲတွေ စဖြစ်တဲ့ အခြေအနေမျိုးကို ပြန်ဆိုက်ရောက်လာခဲ့ ရင်…
တည်ငြိမ်အေးချမ်းနေတဲ့ တိုင်းပြည်ရဲ့ ၈၀ ရာခိုင်နူန်းက….
အရင်လို အမည်းရောင်နယ်မြေ …..
အညိုရောင် နယ်မြေဆိုပြီး ပြန်သတ်မှတ်လာခဲ့ ရရင်….
ခင်ဗျား သမ္မတ ဖြစ်ဖို့ အတွက် …
ရိုးသားပြီး ….
ခင်ဗျားကို ဘုရားတစ်ဆူ ဂူတစ်လုံးလို ကိုးကွယ်တဲ့ …
အပြစ်မဲ့  ပြည်သူ တွေကို စတေးခဲ့တယ်…
တဖြည်းဖြည်း ပွင့်လင်းတိုးတက်စ ပြုလာတဲ့ …
တိုင်းပြည် အနာဂတ် ကို ချနင်းပြစ်ခဲ့တယ် လို့  …
မှတ်ချက်ပြုရုံ ကလွဲလို့ …
တစ်ခြား မရှိတော့ပါဘူး အမေစု ရယ် ….
Good Luck ……
ကံကောင်းပါစေ အမိမြန်မာပြည် …..။ ။
( ဘုရား ရှိခိုး ပဲ နေတော့တဲ့  ရဲမိုး )
( ဓာတ်ပုံအညွှန်း - ၅၉ စ နှင့် ထိပ်တိုက်ဖြစ်စေခဲ့သော ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment