Wednesday, December 25, 2013

မောင်ကိန်းရွှေဆိုင် ဓါးပြတိုက်ရာမှာ သေနတ်ပစ်ဖောက်မှုကြောင့် ရွှေကောင်တာမှန်တွေ ကွဲသွားပါတယ်။

ဓါးပြတိုက်သူဟာ ရွှေဆိုင်အတွင်း သေနတ် ၅ ချက် ပစ်ဖောက်ပြီးပြန်အထွက် ရွှေဆိုင်ဝန်ထမ်းတွေက လုံးထွေးသတ်ပုတ်ပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ အခင်းဖြစ်ပွားရာရွှေဆိုင်မှာ သတင်းယူနေတဲ့ မော်ဒန်သတင်းထောက်တစ်ဦးက သတင်းပေးပို့ပါတယ်။
ဓါးပြတိုက်သူဟာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပြီး လုံးထွေးသတ်ပုတ်တဲ့ ဒဏ် ကြောင့် ဆေးရုံတက်ရောက်ကုသနေရပါတယ်။

မန္တလေးမြို့ လမ်း ၈၀ × ၂၉လမ်းထောင့် ရှိ မောင်ကိန်းရွှေဆိုင်မှာ ယနေ့ ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီအချိန်က ဓါးပြတိုက်မှုဖြစ်ပွားပါတယ်။ ဓါးပြရဲ့ လက်ထဲမှာ သေနတ်ကိုင်ဆောင်ထားပြီး ပစ်ဖောက်လုယက်တာဖြစ်ပါတယ်။ ရွှေဆိုင်က ရွှေတွေယူပြီးအထွက် ဆိုင်ကယ်ပေါ်အတက် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းတွေက လုံးထွေးဖမ်းဆီးတာကြောင့် တစ်ဦးကို ဖမ်းမိသွားပါတယ်။
(2 photos)
Like · ·

No comments:

Post a Comment