Monday, December 23, 2013

ရတနာပုံတယ်လီပို့၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းနှင့် မေးမြန်းခြင်း


December 23, 2013 at 11:57am

စ,ချိုကို

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ပြည်တွင်း၊ ပြည်ပအော် ပရေတာလေးခုက ဆက်သွယ်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည်ဖြစ်ရာ ပြည်တွင်းအော်ပရေ တာနှစ်ခုအဖြစ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့တို့က ဆောင်ရွက်မည် ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ ပိုင် ဆိုင်မှု ၅၁ ရာခိုင်နှုန်း ပါဝင်သော ရတနာပုံတယ်လီပို့ကုမ္ပဏီက အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲကာ အော်ပရေတာအဖြစ် လုပ်ကိုင်သွားမည်ဖြစ်သည်။ ရတနာပုံတယ်လီပို့အနေဖြင့် ၀န်ကြီးဌာန၏ ရှယ် ယာများကို ဖယ်ထုတ်သွားပြီး အများပိုင်အဖြစ် ပြောင်းလဲမည့်အစီအစဉ်များ၊ အော်ပရေတာအဖြစ် လုပ် ကိုင်မည့်အစီအစဉ်များနှင့်ပတ်သက်ပြီး ရတနာပုံတယ်လီပို့၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းနှင့် မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

အန်ကယ်တို့ ရတနာပုံတယ်လီပို့အနေနဲ့ အခုပြင်ပအော်ပရေတာတွေနဲ့ ယှဉ်ပြိုင်လုပ်ကိုင်ရမှာ ဆိုတော့ ဘာတွေ ပြင်ဆင်ထားလဲ သိချင်ပါတယ်။

ပြည်ပမှ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ တယ်လီကွန်းအော်ပရေတာတစ်ဦး နှင့် ပူးပေါင်းလုပ်ကိုင်ရန် ဆွေးနွေးနေပါတယ်။ ၀န်ဆောင်မှုပေးတဲ့အခါ ပြည်ပအော်ပရေတာတွေ ပြောထားတဲ့ ဖုန်းပြောဆိုခ တစ်မိနစ် ၂၅ ကျပ်ဆိုတဲ့ဈေးနှုန်းနဲ့ ၀န်ဆောင်မှုပေးနိုင်မလား၊ ဒါမှမဟုတ် ဘယ်လောက်ဈေးနှုန်းနဲ့ ပေးနိုင်မလဲ။ ရတနာပုံနှင့် ပူးပေါင်းလုပ်ကိုင်မယ့် တယ်လီကွန်းအော်ပရေတာကို ရွေးချယ်ပြီးမှသာ ဖုန်းပြောဆိုခဈေးနှုန်းတွေကို တွက်ချက်ပြီး သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

ပြည်ပအော်ပရေတာနဲ့ ယှဉ်ပြိုင်လုပ်ကိုင်တဲ့နေရာမှာ ပြည်တွင်းအော်ပရေတာတွေဘက်က ရရှိနိုင်တဲ့ အားသာချက်၊ အားနည်ချက်က ဘာတွေရှိနိုင်မလဲ။

ပြည်တွင်းအော်ပရေတာတွေက မိမိတို့ရေမြေသဘာဝပတ်ဝန်းကျင်အနေအထား၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံနဲ့ မြန်မာနိုင်ငံသားများရဲ့ ထောက်ခံအားပေးမှု စသည်တို့က အားသာချက်ဖြစ်ပါတယ်။ အားနည်း ချက်အနေနဲ့ပြောရရင် လိုင်စင်ရရှိမှု အနည်းငယ်နောက်ကျမယ့် အချက်ပါ။

လက်ရှိမှာ ရတနာပုံတယ်လီပို့ကို အများပိုင်ပြောင်းဖို့ ကုမ္ပဏီမှတ်ပုံတင်ခြင်း ဆောင်ရွက်ပြီးပြီ လား။

ရတနာပုံတယ်လီပို့ကို အများပိုင်ကုမ္ပဏီပြောင်းလဲဖို့အတွက် အများပိုင်ကုမ္ပဏီမှတ်ပုံတင် အသိအမှတ် ပြုလက်မှတ် ရရှိပြီးပါပြီ။

နောက် ပြည်ပအော်ပရေတာအချို့နဲ့လဲ ပူးပေါင်းလုပ်ကိုင်ဖို့ ဆွေးနွေးနေတယ်ဆိုတော့ လက်ရှိမှာ ပူးပေါင်းမယ့် ကုမ္ပဏီကို ရွေးချယ်ပြီးပြီလား။ ကုမ္ပဏီကို ဘယ်နှခုအထိ ရွေးချယ်သွားမှာလဲ။

လက်ရှိမှာ စင်ကာပူနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုကို အကြံပေးအဖြစ် ငှားရမ်းလုပ်ကိုင်နေပါတယ်။ ပြည် ပအော်ပရေတာနှင့် ပူးပေါင်းရန် ဆောင်ရွက်ဆဲဖြစ်ပါတယ်။ အပြီးသတ်ရွေးချယ်ရခြင်း မရှိသေးပါဘူး။ ပြည်ပကကုမ္ပဏီ ဘယ်နှခုနှင့် ပူးပေါင်းမည်ကိုလည်း မဆုံးဖြတ်ရသေးပါဘူး။

လက်ရှိရတနာပုံတယ်လီပို့မှာ အစိုးရက ရှယ်ယာ ၅၁ ရာခိုင်နှုန်းရှိနေတယ်လို့ သိထားပါတယ်။ အများပိုင်ပြောင်းတဲ့အခါအစိုးရရှယ်ယာတွေကို ထားရှိသွားမှာလား၊ ဒါမှမဟုတ် ထုတ်သွားမယ် ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ထုတ်သွားမလဲ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းရှိနေတာကို အများပိုင်ပြောင်းတဲ့အခါ ၁၀ ရာခိုင်နှုန်းထက်မပိုသော အစုရှယ်ယာကို ရတနာပုံတယ်လီပို့ကုမ္ပဏီမှာ ဆက်လက်ထားရှိသွားမှာဖြစ် ပြီး ပြန်လည်ထုတ်ယူဖို့ကိစ္စတွေကလည်း ဆောင်ရွက်နေဆဲပါ။

အများပိုင်ပြောင်းရင် ထုတ်ပေးထားတဲ့ ရှယ်ယာရှင်တွေက ပြန်ဝယ်လိုတယ်ဆိုရင် ဘယ်လောက် ရာခိုင်နှုန်းအထိ ၀ယ်ခွင့်ပေးမှာလဲ။

ရှယ်ယာရှင်တွေကိုလည်း ရှယ်ယာဝယ်ယူတဲ့အခါမှာ အချိုးကျ ပြန်လည်ဝယ်ယူခွင့်ပြုမှာဖြစ်ပါတယ်။

အများပိုင်ပြောင်းတဲ့အခါမှာ ရင်းနှီး မြှုပ်နှံမှုပမာဏ ဘယ်လောက်ထားရှိ မလဲ သိချင်ပါတယ်။

မဆုံးဖြတ်ရသေးပါဘူး။

တစ်ဦးလျှင် အများဆုံးဝယ်ယူပိုင်ခွင့် ဘယ်လောက်ရှိနိုင်ပါသလဲ။

ကုမ္ပဏီအစုရှယ်ယာတွေကို ၀ယ်ယူတဲ့အခါ တစ်ဦးကို အများဆုံး မြန်မာကျပ်ငွေ သန်း ၁၀၀၀ အထိ ၀ယ်ယူခွင့်ပြုဖို့တော့ စီစဉ်ထားပါတယ်။

ဘယ်ကာလအတိုင်းအတာမှာ အများပိုင်ကုမ္ပဏီအဖြစ် ပီပီပြင်ပြင်မြင်တွေ့ရမလဲ။

၂၀၁၄ ခုနှစ် အလယ်ပိုင်းလောက်မှာ အများပိုင်ကုမ္ပဏီအဖြစ် ပီပီပြင်ပြင်ဖြစ်လာနိုင်အောင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

အများပိုင်ကုမ္ပဏီလုပ်ခြင်းဖြင့် ဘယ်လိုအားသာချက်တွေ ရှိလာနိုင်မလဲ။

အများပိုင်ပြောင်းလိုက်ရင် ပြည်သူပြည်သားအားလုံး ရှယ်ယာပါဝင်နိုင်တဲ့ အများပိုင်ကုမ္ပဏီကြီးတစ်ခု ဖြစ်လာနိုင်မှာပါ။ ၂၀၁၅ ခုနှစ်မှာလည်း ဖြစ်ပေါ်လာမည့်စတော့အိတ်ချိန်းဈေးကွက်မှာ တင်နိုင်အောင် ဆောင်ရွက်သွားမှာပါ။

Aye Chan Mon# Credit To: Mizzima - News> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Like · ·

No comments:

Post a Comment