မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေးအဆင့်အတန်းကို အမီလိုက်နိုင်ရန်အတွက် တစ်ဦးချင်းဝင်ငွလက်ရှိထက် ရှစ်ရာခိုင်နှုန်းဖြင့် နှစ် ၂၀ ခန့် ဆက်တိုက်တိုးတက်နေရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။
အရှေ့အာရှနှင့် ပစိဖိတ်ဒေသဒုတိယ ဥက္ကဋ္ဌ Mr.Axel Van Trontsenburg က “ ၁၉၆၀ မှာ မြန်မာနိုင်ငံရဲ့တစ်ဦးချင်း ၀င်ငွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ မတိမ်းမယိမ်းရှိခဲ့တယ်။ အဲဒီအချိန်တုန်းက အင်ဒိုနီးရှားနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေရာခိုင်နှုန်း ၄၀ ပိုမြင့်ပြီး၊ ထိုင်းရဲ့တစ်ဦးချင်း ၀င်ငွေကရာခိုင်နှုန်း ၈၀ ပိုမြင့်တယ်။ အခုလက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံက ရာခိုင်နှုန်း ၃၅၀ ပိုမြင့်ပြီး ထိုင်းနိုင်ငံက ရာခိုင်နှုန်း ၅၀၀ နီးပါး မြင့်တက်နေတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ တစ်ဦးချင်းဝင်ငွေ အဆင့်ကိုလိုက်မီဖို့အတွက် မြန်မာက နှစ်စဉ်တစ်ဦးချင်းဝင်ငွေ ရှစ်ရာခိုင် နှုန်းဖြင့် နှစ်ပေါင်း ၂၀ ခန့် ဆက်တိုက်တိုးနေဖို့လိုတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့် လူမှုရေးအဆင့်တန်းများ တိုးတက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ၏ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာပိုကုန်ဈေးကွက်
“ မြန်မာနိုင်ငံအနေနဲ့ ပြည့်သူ့ဘဏ္ဍငွေ စီမံခန့်ခွဲမှုတွေ လူထုနဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပုဂ္ဂလိကပိုင်ပြုခြင်းတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုရှိဖို့ လိုအပ်တယ်။ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ကိုက်ညီတဲ့ မက်ခရိုစီးပွားရေးမှုဝါဒမှုဘောင်န
မြန်မာနိုင်ငံသည် လှုမှုရေးစီးပွားရေးညွှန်းကိန်းမျာ
၂၀၁၂ခုနှစ်တွင် ထုတ်ပြန်သော အရှေ့တောင်အာရှနိုင်ငံများ စီးပွားရေးအခြေအနေ လေ့လာချက်တွင် စင်ကာပူနိုင်ငံသည် ဂျီဒီပီ နှုန်းသည် အမေရိကန်ဒေါ်လာ ၂၆၇ ဘီလျံရှိ ခဲ့ပြီး တစ်ဦးချင်းဝင်ငွေမှာ ဒေါ်လာ ၄၉၉၃၆၊ ထိုင်းနိုင်ငံ၏ ဂျီဒီပီနှုန်းသည် အမေရိကန်ဒေါ်လာ ၃၇၆ ဘီလျံရှိခဲ့ပြီး တစ်ဦးချင်းဝင်ငွေ မှာ အမေရိကန်ဒေါ်လာ ၅၈၄၈ ရှိသည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၏ ဂျီဒီပီနှုန်းသည် အမေရိကန်ဒေါ်လာ ၈၉၄ ဘီလျံရှိခဲ့ပြီး တစ်ဦးချင်းဝင်ငွေသည် ၃၆၆၀ရှိသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီနှုန်းသည် ၅၄ ဘီလျံရှိပြီး တစ်ဦးချင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၈၄၉ သာရှိ ကြောင်းသိရသည်။
(ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားဂိတ် တစ်နေရာအား ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်
No comments:
Post a Comment