Thursday, February 13, 2014

ဘာစည်းစိမ်ချမ်းသာမှ မရှိဘူး


စကားပြောတာဘုဆက်ဆက်
ရုပ်ကြည့်တော့ ညှင်းသိုးသိုး
အဝတ်အစားပိုတောင်၃စုံပြည့်အောင်
မရှိဘူး
အမေ့အိမ်မီးမလင်းလို့ ဘယ်နေ့မီတာ
ရပါ့မလဲ ချစ်လို့စတဲ့အမေကို
တစ်နိုင်ငံလုံးမီးလင်းတဲ့နေ့
အမေ့အိမ်မီတာရပြီလို့သာမှတ်လိုက်တဲ့
ဒီလိုလူစားမျိုး
အထွေးဆုံးသားလေးမို့ ရန်ကုန်ထိလာ
တွေ့တာတောင် ရောက်တဲ့နေ့နဲ့ပြန်မယ့်
ရက်၂ရက်ပဲ လာတွေ့နိုင်တဲ့ သားမိုက်
ကြီးလေ
ဒီမအေကြီးမှာတော့မျက်ရည်လေးစမ်း
စမ်း အလွမ်းပိုမိတာပေါ့
မအေစီးတဲ့ရထားကြီးဘူတာက ထွက်
သွားမှ ဖင်ဘူးတောင်းထောင်ပြီး
ဦးချလိုက်တဲ့ သူ
ပိုက်ဆံတစ်ပြားမှ မရှိဘဲနဲ့များ ပလာတာ
နဲ့ဆိတ်ခါးပတ် စားချင်နေတဲ့သူကြီးလေ
ဒီကြားထဲ နံပြားနဲ့ပဲပြုတ်ရရင်
စားချင်နေသေးသတဲ့
လစာလေးနှစ်ပဲတစ်ပြား
မကြိုက်ပေမယ့် ဘဲဥဟင်းကလွဲလို့
ချက်ကြွေးစရာ အသားဖိုးလေးတောင်
မရှာတတ်သူလေ
အဲဒီလိုလူစားကြီးကို
မွေးခဲ့တာ ဖေဖော်ဝါရီ၁၃ ရက်နေ့တဲ့ဗျာ


MMH
Like · ·

No comments:

Post a Comment