Saturday, February 15, 2014

ဖေဖော်ဝါရီ ၁၄ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၄၂၂ ဦးအနက် ၁၄၄ ဦး တက်ရောက်ရန် ပျက်ကွက်



ဝေယံဖြိုးဦး၊ ငြိမ်းဇော်လင်း

ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၄၂၂ ဦးအနက် ၁၄၄ ဦးတက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး ၆၅ ဒသမ ၈၈ ရာခိုင်နှုန်းဖြင့် အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ် အများအပြား ပျက်ကွက်ခဲ့ကြခြင်းဖြစ်သည်။

ပျက်ကွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များသည် ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်း မဟုတ်သော်လည်း ခွင့်ယူသူများသည် အနည်းဆုံး ခွင့်တစ်ရက်မှ အများဆုံးလွှတ်တော်ပြီးဆုံးချိန်အထိ ခွင့်ယူခဲ့ကြကြောင်း သိရ

ပျက်ကွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များသည် ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်း မဟုတ်သော်လည်း ခွင့်ယူသူများသည် အနည်းဆုံး ခွင့်တစ်ရက်မှ အများဆုံးလွှတ်တော်ပြီးဆုံးချိန်အထိ ခွင့်ယူခဲ့ကြကြောင်း သိရသည်။

ယခုကျင်းပလျက်ရှိသည့် န၀မအကြိမ် လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်အများအပြား လွှတ်တော်တက်ရောက်ရန် ပျက်ကွက်မှုများရှိနေသဖြင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတိပေးပြောကြားမှုများ မကြာမီက ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက"လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ခွင့်ယူနိုင်ကြပါတယ်။ ဒါလည်း လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခွင့်အရေးသာဖြစ်ပါတယ်။ သို့သော်လည်း ပြည်သူများက အလေးထားတဲ့ ပြည်သူများရဲ့ဆန္ဒ သဘောထားများ ထုတ်ဖော်ခွင့်နဲ့ ဆန္ဒမဲပေးနိုင်ခွင့် မဆုံးရှုံးစေဖို့အတွက်လည်း လိုအပ်မှာ ဖြစ်ပါတယ်"ဟု ပြောကြားသည်။

ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ၆၄၀ ကျော်ဦးရှိသော်လည်း အမှန်တကယ်တက်ရောက်ခဲ့သည့် ဦးရေမှာ ၄၆၆ ဦးသာ တက်ရောက်ခဲ့သည်။

ခွင့်ယူသူဦးရေမှာ ၁၇၇ ဦးရှိခဲ့ပြီး တက်ရောက်သည့်ရာခိုင်နှုန်းမှာ ၇၂ ဒသမ ၅၉ ရာခိုင်နှုန်းရှိကြောင်း ပြည်ထောင်စုလွှတ်တော်မှ ကြေညာပြီးနောက် ပြည်ထောင်စုလွှတ်တော်နာယကက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များသည် လစဉ်ခံစားခွင့်အပြင် လွှတ်တော်တက်ရောက်သည့်ရက်များအတွက် နေ့တွက်စရိတ် ကျပ် ၁၀၀၀၀ တိတိ ရရှိနေသည်။ အဆိုပါနေ့တွက်စရိတ် ကျပ် ၁၀၀၀၀ သည် ၁၄ ရက်အထက် ခွင့်ယူသည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ရရှိမည်မဟုတ်ကြောင်း သိရသည်။

No comments:

Post a Comment