Monday, February 17, 2014

တကယ်ချစ်တတ်တဲ့ယောကျာင်္းလေးဆိုတာ


________________________________

ကိုယ်ချစ်ရတဲ့မိန်းကလေးတစ်ယောက်ကို အမြဲစိတ်ချမ်းသာ
အောင်ထားချင်နေတတ်ကြတယ်....

အကွာဝေးမတူရင်တောင် အမြဲသစ္စာရှိအောင်ကြိုးစားနေတတ်
ကြပါတယ်...

ကိုယ်ချစ်ရတဲ့မိန်းကလေးတစ်ယောက်ရဲ့စိတ်ကိုအရှည်ကြီး
ပြောပြနေစရာမလိုပဲ နားလည်နေတတ်တယ်...

ကိုယ့်ချစ်သူက အသံမဲ့တိတ်ဆိတ်နေတာမျိုးကိုတောင် အလိုလို
သိနေတတ်တယ်...

ယောကျာင်္းတစ်ယောက်ပါပဲ ကိုယ့်ချစ်သူရဲ့ဂရုစိုက်အကြင်နာမှု
လေးတွေနဲ့ခွန်အားဖြစ်စေတတ်တာပါ...

ကိုယ့်ချစ်သူအားငယ်နေတဲ့အခါ မှီတွယ်ဖို့အတွက်ရင်ခွင်တစ်ခု
အမြဲအဆင်သင့်ရှိနေတတ်တယ်...

အမြဲတမ်း "သူ့အတွက်သူ့အတွက်"ဆိုတဲ့စိတ်လေးတွေအမြဲတမ်း
ရှိနေတတ်ပါတယ်...

ကိုယ့်ချစ်သူကို ဆွေမျိုးအရင်းချာတစ်ယောက်လိုလဲ ကူညီ
စောင့်ရှောက်နေတတ်ပါတယ်....

တကယ်ချစ်တတ်တဲ့ယောကျာင်္းလေးဆိုတာ ကိုယ့်ကြောင့်ကိုယ့်
ချစ်သူသိက္ခာမဲ့သွားစေတဲ့အပြုမှုမျိုးတတ်နိုင်သလောက်ရှောင်
နေတတ်ပြီး အနာဂတ်အတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားနေ
တတ်ပါတယ်...

အချက်တိုင်းမဟုတ်ရင်တောင် တစ်ချို့တစ်ဝက်လောက်
ကိုက်ညီနေရင် အကောင်းဆုံးဘ၀လက်တွဲအဖော်
်ဖြစ်ရွေးချယ်လိုက်ပါ

ဒါပေမဲ့ တကယ်ချစ်တတ်တဲ့
ယောကျာင်္းတစ်ယောက်ဟာဒီအချက်
တွေထက်တောင် ပိုနေတတ်ပါတယ်....

No comments:

Post a Comment