မြင်လှည့်ပါ အနော်ရထာ
မိရိုးဖလာ ရိုးသားမှုနဲ့ အခြေပြုနေထိုင် ငါပိုင်ဆိုင်တဲ့ မြေကွက်ကလေးတောင် ဓါတုဆေးတွေပတ် မျက်နှာတွေပျက်နေပြီ။
ခြေတစ်လှမ်းကုဋေ တစ်သန်းတန်တဲ့ မြန်မာအမျိုးသမီးတချို့ဟာလည်း ဓါတုဗေဒဆေးတွေဆွတ် အင်္ကျီတွေချွတ်ကုန်ကြပြီ
အို . . . . . ပုဂံပြည့်ရှင် နော်ရထာ မြန်မာတွေ ယဉ်ကျေးတာ အရိန္ဒမာအသိဆုံးမို့ ပျောက်ဆုံးတော့မယ့် ယဉ်ကျေးမှု အပြုသဘောနဲ့ စာတမ်းတင် လွှတ်တော်ထဲဝင်ရအောင် အရှင် ပြန်၍ကြွခဲ့ပါ။
( မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးသော မြန်မာမိန်းကလေး မေကြေးမုံ)
*Mirror Law*

No comments:
Post a Comment