လိုယောင်္ကျား ပြဿဒါးမရှိ shared သူရိယနေ၀န်း's photo.
21.2.2014
မိန်းကလေးများကို အသက်နဲ့လိုက်ပြီး သတ်မှတ်ကြပုံကတော့…
- အသက်(၁၃)နှစ် အရွယ်မှ အသက်(၁၈)နှစ် အရွယ်ထိကို… အပျိုဖြန်း…
- အသက်(၁၈)နှစ်မှ အသက်(၂၅)နှစ်ထိကို… အပျိုစင်…
- အဲ… အသက်(၂၅)နှစ်ကျော်ရင်တော့… အပျိုကြီး...ပြီးတော့ ရှိပါသေးတယ်…၊
- အသက်(၁၀)နှစ်ကနေ (၂၀) အတွင်းက အာဖရိကနဲ့တူတယ်…၊
(စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်… ရှာဖွေစူးစမ်းစရာတွေရှိနေတယ်…)
- အသက်(၂၀)ကနေ (၃၀) အတွင်းမှာတော့ အိန္ဒိယနဲ့တူတယ်…၊
(တည်ငြိမ်လာတယ်… တိုးတက်နေတယ်… အိနြေ္ဒရှိတယ်… သိမ်မွေ့တယ်… )
- အသက်(၃၀)ကနေ (၄၀) အတွင်းကတော့ အမေရိကားနဲ့တူတယ်…၊
(အတတ်ပညာနဲ့ ပြည့်စုံတယ်…)
- အသက်(၄၀)ကနေ (၅၀)အတွင်းကတော့ ဥရောပနဲ့တူတယ်…၊
(နှစ်လိုဖွယ်ရာ သိပ်မရှိတော့ဘူး… ဟန်ပဲရှိတော့တယ်…)
- နောက်ဆုံး အသက်(၅၀)ကျော်သွားရင်တော့ ဆိုက်ဘေးရီးယားနဲ့တူတယ်…၊
(၄င်းရှိတာကို သိပေမယ့်လည်း… ဘယ်သူမှ မသွားချင်ကြဘူး…)
အသက်(၂၅)ကိုဖြတ်ကျော်ပြီဆိုရင်…
"အပျိုကြီး" လို့ ခေါ်တာကိုတော့ လုံးဝမကြိုက်ကြပါဘူး…။တစ်စုံတစ်ယောက်က ခေါ်လိုက်မိတဲ့အခါ
- "ငါ တကယ်အပျိုကြီးဖြစ်နေပြီလား" (စိတ်ထဲက ပြန်ပြောတာ…)
- "ငါ အသက်မကြီးသေးဘူး ထင်တာပဲ…" (မှန်ကြည့်ပြီး ပြောတတ်သောစကား…)
- "ငါ့ အလှကမှ ရင့်ကျက်တဲ့ အလှ…" (ဆယ်ကျော်သက်များက အပျိုကြီးဟုခေါ်သောအခါ တုံ့ပြန်ပုံ)
- "ငါက သူ့ထက်တောင် နုပါသေးတယ်…"
(သူမထက် နှစ်နှစ်၊ သုံးနှစ်ငယ်သူများ၏ ခေါ်သံကို ကြားရသော အခါ တွေးတောပုံ…)
ထို့ ပြင်
- "ငါက စွံရဲ့သားနဲ့ အပျိုကြီးလုပ်မှာ…"
- "ငါက သဘောကျတဲ့ လူမတွေ့သေးလို့ပါ… တွေ့ရင်တော့… စဉ်းစားမှာပေါ့…"
- "သူများတွေ မင်္ဂလာမဆောင်ခင်မှာ ငါ့ဖိတ်စာရောက်လာစေရမယ်…"
- "ငါက တော်လို့ ငါ့ကို ကြောက်ပြီး… ဘယ်သူမှ… မလိုက်ရဲတာ…"
- "ပုရိသတွေကို ကြွေအောင်လုပ်ဖို့… ရူပါမလိုပါဘူး… ဗျူဟာပဲလိုတယ်…"
- "ငါက ဘာမှကြိုးစားစရာမလိုဘူး… အိမ်က စီစဉ်ပေးလိမ့်မယ်…"
- "မလိုချင်လို့ပါ… လိုချင်ရင် ခေါင်းခေါက်ပြီးတောင် ယူလို့ရတယ်…"
- "အပိုအလုပ်တွေမလုပ်ချင်လို့ပါ… တစ်ယောက်တည်းနေတာအေးချမ်းတယ်"
မိန်းကလေးတွေက သူမတို့ရဲ့ နုပျိုနေတဲ့ အချိန်တွေကိုအလွန်နှမြောကြပါတယ်…။
အမှန်တရားကိုလည်း လက်မခံနိုင်ကြတဲ့အတွက်ခေတ်ပေါ်Cosmetics များရဲ့
အကူအညီရဲ့ နုပျိုခြင်းကို အချိန်ဆွဲ… ဇရာကိုကျားကန်ထားတတ်ကြပါတယ်… ။
နောက်တစ်ခုက အပျိုကြီးများ စွံတဲ့အခါ ...
-သူမတို့ရဲ့ ရည်းစားကို အရမ်းချစ်မြတ်နိုးကြပါတယ်…။
-သဝန်လည်း အင်မတန်တိုတတ်ပါတယ်…။
-မိန်းကလေး ငယ်ငယ်လေးတွေနဲ့ သူမရဲ့ရည်းစား စကားပြောတာကိုလည်း မနှစ်လိုပါဘူး…။
-သူမကိုယ်တိုင်ကလည်း အသံတွေပြောင်းလဲသွားတတ်ပါသေးတယ်…။
-တစ်ခြားလူကို ပြောတဲ့ အသံနဲ့ ရည်းစားကို ပြောတဲ့ အသံ နူးညံ့မှုနဲ့အီစီကလီဖြစ်မှု အဆတစ်ရာလောက်ကွာ ခြားပါတယ်…။
-သူမတို့ရဲ့ ရည်းစားကို အခြားလူများက အကူအညီတောင်းမိရင် အင်တင်တင်နဲ့သဘောမတူ သလို လုပ်တတ်ပါသေးတယ်…။
စိတ်မချိုးနဲ့ နော် နောက်တာ ...
Win Sandar

No comments:
Post a Comment