Saturday, February 8, 2014

စာနယ်ဇင်း သမား အချို့အား ဥပဒေ နှင့်အညီ စုံစမ်း မေးမြန်း ခြင်းနှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့

သတင်းထုတ်ပြန်ချက် (၂/၂ဝ၁၄)

၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်

၁၃၇၅ ခု၊ တပို့တွဲလဆန်း ၈ ရက်

စာနယ်ဇင်းသမား အချို့အား ဥပဒေနှင့်အညီ စုံစမ်းမေးမြန်းခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

၁။ Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းအပါအဝင် စာနယ်ဇင်းသမားငါးဦးအား မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ အရ စုံစမ်း မေးမြန်း နေခြင်း အပေါ် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အပါအဝင် ပြည်တွင်းမှ စာနယ်ဇင်း အဖွဲ့အစည်း များနှင့် နိုင်ငံတကာ စာနယ်ဇင်း အဖွဲ့အစည်း အချို့တို့မှ စိုးရိမ်ပူ ပန်မှုများရှိကြောင်း ထုတ်ဖော်ပြောကြား လျက်ရှိသည်ကို သတိပြုမိပါသည်။ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း အဆိုပါ စိုးရိမ်ပူပန်မှုများ အပေါ် အသိ အမှတ်ပြု ပါသည်။

၂။ အဆိုပါ စာနယ်ဇင်းသမားများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရား ဥပဒေ စိုးမိုးရေး (Rule of Law) အလို့ငှာ စုံစမ်းစစ်ဆေးနေစဉ် ကာလအတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ နှင့်အညီ ကိုင်တွယ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ၎င်းတို့အတွက် ဥပဒေ နှင့်အညီ ရသင့်သော အခွင့်အရေး များကိုလည်း ရရှိစေမည် ဖြစ်ပါသည်။

၃။ တရားရေးမဏ္ဍိုင် အနေဖြင့် စုံစမ်းမေးမြန်းခြင်း ခံနေရသော စာနယ်ဇင်း သမားများအပေါ် တရားစီရင်ရေး အခြေခံမူ ဖြစ်သည့် ဥပဒေ နှင့်အညီ လွတ်လပ်စွာနှင့် တရားမျှတစွာ စီရင် ဆုံးဖြတ်မည်ဟု ယုံကြည်ပါသည်။ Unity ဂျာနယ်မှ စာနယ်ဇင်း သမားများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဥပဒေ နှင့်အညီ စစ်ဆေး မေးမြန်း ဆောင်ရွက် နေခြင်းကို အများပြည်သူ သိရှိနိုင်ရန် သတင်းထုတ်ပြန် အပ်ပါသည်။

သတင်း ထုတ်ပြန်ရေး အဖွဲ့
Like · · · 33 · 2 hours ago

No comments:

Post a Comment