******************************************
ဗုဒ္ဓဘာသာ အမည်ခံ မိမဆုံးမ ဖမဆုံးမ အာဏာရ လူကြီးများ တိုင်းပြည်နဲ့ သာသနာအတွက် ရှေ့ရေးကို မတွေးဘဲ တစ်ဘ၀ တစ်နပ်စာလေးကြည့်ပြီး (လာဘ်စားပြီး) မြန်မာပြည် အနံ့အပြား ဘီယာဆိုင် အရက်ဆိုင် ကလာပ်မျိုးစုံ အများအပြား အပြိုင်အဆိုင် ဖွင့်ခွင့်ပေးထား၏။ ထိုခွင့်ပြုမိန့် ပေးနိုင်ခွင့်ရှိသော အာဏာရလူကြီးသည် သူ့မှာ အမိကောင်း အဖကောင်း ရှိခဲ့မယ်ဆိုရင် သူ့မိဘက အကြောင်း+အကျိုး အကောင်း+အဆိုးပြောပြ ဆိုဆုံးမခဲ့မယ်ဆိုရင် ယခုကဲ့သို့ ဘီယာဆိုင် အရက်ဆိုင် ကလာပ် မျိုးစုံ ပေါများစရာ မရှိပေ..။ ခုတော့ မိမဆုံးမ ဖမဆုံးမများကြောင့် တိုင်းပြည်နှင့် သာသနာအတွက် အလွန်ဝမ်းနည်းစရာ ဖြစ်ခဲ့ရပေပြီ...။
ထိုမိမဆုံးမ ဖမဆုံးမတို့ ဖွင့်ထားသော ဘီယာဆိုင် အရက်ဆိုင် ကလာပ်မျိုးစုံမှာ မိမိတို့၏ သားသမီးများကို အဲဒီနေရာတွေမှာ မသွားဖို့ ဗုဒ္ဓဘာသာ အမည်ခံ မိဘတွေက တားမြစ်ခြင်း ဆုံးမခြင်း မခံကြရရှာသော မိမဆုံး ဖမဆုံးမ သားသမီးတွေက နေ့တိုင်း နေ့တိုင်းသွားပြီး အချိန်တွေဖြုန်း ငွေတွေဖြုန်းနေကြတယ်..။ အဲဒီအချိန်နဲ့ ငွေတွေကို တိုင်းပြည်နဲ့ သာသနာအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နေရာတွေမှာ အသုံးချလိုက်မယ်ဆိုရင် ဘယ်လောက်တန်ဖိုးရှိလိုက်မလဲ..။ ခုတော့ မိမဆုံးမ ဖမဆုံးမများကြောင့် တိုင်းပြည်နှင့် သာသနာအတွက် အလွန်ဝမ်းနည်းစရာ ဖြစ်ခဲ့ရပေပြီ...။
သားသမီးတိုင်း သားသမီးတိုင်း အမိကောင်း အဖကောင်း ဆရာကောင်း သမားကောင်း မိတ်ကောင်းဆွေကောင်း မိမိကို ဆုံးမပဲ့ပြင်နိုင်သော ပညာရှိသူတော်ကောင်းများနှင့် တွေ့ကြုံနိုင်ကြပါစေ ... ။
-------------------------
ထေရဝါဒ တို့တိုင်းပြည်
ပျက်စီးကြောင်း လေးမျိုး
-------------------------
(၁) ရုပ် သိပ်လှရင် ပျက်စီးတတ်သည်၊ ရုပ်ချောသူများ ၀ိုင်းဝိုင်းလည်ခံရရင် ပျက်စီးဖို့ အလားအလာဖြစ်သည်။
(၂) ပိုက်ဆံချမ်းသာလျှင် ပျက်စီးတတ်သည်။ ရေလျှံ (ငွေပေါ) နေသူများ ၀ိုင်းဝိုင်းလည်ခံရမည်၊ ပျက်စီးဖို့ နီးလာသည်။
(၃) အာဏာ ရရှိလျှင် ပျက်စီးတတ်သည်၊ အာဏာရှိသူများ ခစားသူများ၊ ကပ်ဖားသူများဖြင့် ၀ိုင်းဝိုင်းလည်ခံရသည်၊ ပျက်စီးဖို့ သေချာနေသည်။
(၄) အမှားအမှန် မသိသူသည် ပျက်စီးတတ်သည်။ (မိမိအနားကလူ၊ မိမိကို ပြုစုပေးနေသူ၏ စကားကိုသာ ယုံတတ်သည်၊ အရင်ပြောသူ၏ စကားကိုသာ ယုံတတ်သည်၊ တကယ့်အမှန်ကန်သမားတွေ၊ တကယ်အလုပ်လုပ်နေသူများကိုတော့ ချောင်ထိုးထားတတ်ကြသည်။)
(ဟိတောပဒေသကျမ်းကို ကိုးကားသည်)
by ဦးနပတိ ဆရာတော်
No comments:
Post a Comment