Thursday, February 20, 2014

သက်ဆိုင်ရာ လူကြီးများ အနေဖြင့် အဖြစ် မှန်လျှင်

အမှန်အတိုင်း ဖော်ထုတ် ဆောင်ရွက် ပေးနိုင်ဖို့ရည်ရွယ်ပါတယ်...

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိင်ငံတော်
လယ်ယာနှင့်သစ်တောဝန်ကြီးဌာန
ဝန်ကြီးဌာန

စာအမှတ် ၂/၂၇၀(ဃ)/(၁၁၂၇/၈၇)
ရက်စွဲ၊၁၉၈၇ ခုနှစ်၊စက်တင်ဘာလ ၂၆ ရက်

အကြောင်းအရာ။ ပြည်သူပိုင်သိမ်းရာတွင်ပါဝင်ခြင်းမရှိသော ပုလင်းဂိုဒေါင်အား လွဲပြောင်းပေးအပ်ရေး ကိစ္စ

အထက်ပါ လယ်ယာနှင့်သစ်တောဝန်ကြီးဌာန မှထုတ်ပြန်ထားသော အမိန့်စာအရ ကျွန်မတို့နေအိမ်သည် ပြည်သူပိုင်သိမ်း စာရင်းတွင်မပါဝင်ခြင်း ကို မြန်မာ့သစ်လုပ်ငန်း မှသိရှိပြီးဖြစ်ပါသည်။ မြန်မာ့သစ်လုပ်ငန်းမှ ဤ အမိန့်စာ ကိုသိသိလျှက်နဲ့ မင်းမဲ့စရိုက်ဆန်စွာ အာဏာ သုံး၍ ကျွန်မ တို့၏ အိမ်ကို ဖြိုချခဲ့ပါတယ်။မြေပိုင်ရှင်အမည် NS နဒါး ဖြင့် နှစ် (၉၀)ဂရမ် ဖြစ်ပါတယ်။မြန်မာ့သစ်လုပ်ငန်းက မပိုင်ကြောင်း ကိုလည်း ဝန်ကြီးဌာန မှစာထုတ်ပြန်ထားပါတယ်။

သို့သော် ယခုကဲ့သို့ မက်ရိုင်းယုတ်မာစွာ အိမ်တံခါးအား ခြေထောက်နှင့်ကန်ဖွင့်၍ ကျွန်မတို့၏ အိမ်အား လူအင်အားသုံး၍ ဖြိုချခဲ့ပါသည်။သူတို့ထဲကလူတဦးက ကျွန်မမေးသမျှ ဖြေစရာ မလိုဟု ဆိုကာ အိမ်တခါးအား ခြေထောက်နှင့် ကန်ဖွင့် ခဲ့ပါသည်။အိမ်ထဲက ပစ္စည်း များကိုလည်း လမ်းဘေးတွင် ပုံထားခဲ့ပါသည်။ ကျွန်မတို့ အိမ် ကိုလဲ ရစရာ မရှိအောင်ပျက်ဆီးပြစ်ပါသည်။ကျွန်မတို့တွင် နေစရာ နောက်ဖေးမှအိမ်ဘဲ ရှိပါတော့တယ်။နောက်ဖေးအိမ်မှ အပြင်ထွက်ရန် လမ်းတောင်း သောအခါ အဆင်ပြေသ လို ထွက်လို့ပြောပါတယ်။အိမ်အပြင်ထွက်ရန် လမ်းမရှိ၍ ခလေးသူငယ်များ ကျောင်းသွားရန် အခက်အခဲ ဖြစ်ခြင်း ၊သံဃာတော်များအား ဆွမ်းလောင်းလျှူ၍ မရတော့ခြင်း စသော ဒုက္ခ များ ခံစားနေရပါသည်။နှစ်ပေါင်း(၃၆)နှစ်ကျော် နေလာခြင်းကိုလည်း ဂရုမစိုက်ဘဲ မင်းမဲ့စရိုက်ဆန်စွာ လမ်းဖောက်ပေးခြင်း နစ်နာကြေးပေးခြင်း နေအိမ်အစားထိုးပေးခြင်း မရှိဘဲ သူတို့ စိတ်ထင်တိုင်းလုပ်ခဲ့ပါသည်။ ကျွန်မတို့ မိသားစုအဖြစ်ကို ကူညီနိင်သော လူကြီးမင်း သိနိင်အောင် တဆင့်ပြန် share ပေးပါရန် တောင်းပန်အပ်ပါသည်။

Daw Than Than Oo
Like

No comments:

Post a Comment