Friday, February 21, 2014

ကျွန်မချစ်သူ ကွန်မန်ဒို


@@@@@@@@@@

သွေးစလက်စွန်း
မရဏတွင်းက
စစ်မြေစခန်း ဒေါနတောင်းတန်း
ဤမြေလမ်းက
သွေးစွန်းသည့်လက်
ရွာအတက်မှာ
မြူငှါပြုံးချို
မြရုပ်ချိုက

စစ်သားတယောက်
ဒေါသပျောက်၍
ခင်မင်ချစ်သွား
သံယောဇဉ်များက

သူမေးလား ရင်ဘတ်မှာက
စာတန်းနီနီ ဘာတွေစီလည်း
ပြောပြမယ်နန်း စစ်မြေတန်းက
ကွန်မန်ဒို စစ်သား သက်စွန့် ထားသည်
သေရွာ မရှောင် ယမ်းဗုံးထောင်လည်း

ပြည်သူ့ ရန်စွယ်မှန်ကယ်တိုက်ထုပ်
သက်စွန့် ဟုတ်သည်
ကွန်မန်ဒိုဟု ခေါ်ပါသည်

ယောင်္ကျားစင်စစ် အမှန်ဖြစ်က
အသက် ခန္တာ စွန့် လွှတ်တာက
အို ဘယ့်ယောင်္ကျား
ကွန်မန်ဒို စစ်သား
ချစ်သူရင်ထဲ သံမှိုစွဲစေ
ကွန်မန်ဒို ချသ်သုလေ

No comments:

Post a Comment