Saturday, February 15, 2014

အဖြည့်ခံလား…..မေ့ကျန်လား???


**************************
သောင်းကျော်တန်တဲ့
နိုင်ငံခြားဝီစကီ၊ယစ်ရွှေရည်ထဲ
ရေခဲဆော်ဒါ၊အသာယာထည့်
ညှပ်နဲ့လှည့်မွှေ၊လက်တွေအကပ်
ခွက်တွေဆတ်ပြီး၊ချီးယားစ်အဆို…
ဟိုရင်ခါက၊တစ်လတစ်ခါ
ရောက်တတ်လာတဲ့၊ကဗျာမဆန်
အာမီရမ်ကို၊ရေဗူးအံချင်း
ထိဆတ်ရင်းနဲ့၊
ညီရင်းကိုတွေ၊အောင်မြင်စေလို့
လက်တွေပင့်မြှောက်၊၀ိုင်းဖွဲ့သောက်ပုံ
အာရုံတွင်ကပ်၊တဖျပ်ဖျပ်။

ဈေးမြင့်ထည်ဝါ၊ဖွယ်ရာလတ်ဆတ်
ထပ်ထပ်တောင်ပုံ၊ဟင်းမျိုးစုံနဲ့
တစ်ငုံတစ်ကြိုက်၊နှိုက်မြည်းခိုက်မှာ…
မိုးကာနံပိုင်း၊မြေ၀ိုင်းသဘင်
ပေါင်-ဒူးတင်၍၊ချဉ်ပေါင်-ဂွေးတောက်
ဟင်းချိုသောက်လျက်၊လက်ပံပွင့်သုတ်
ငပိဖုတ်ကို၊အမြည်းလုပ်ရင်း
တစ်လုပ်ထမင်း၊တစ်ဆုပ်ဟင်းတွက်
ခံတွင်းကိုဟ၊တင်းမျိုချပုံ
အာရုံထင်ဟပ်၊အထပ်ထပ်။

လေအေးပေးစက်၊အိစက်ဆိုဖာ
ညိမ့်ညောင်းစွာနှင့်
ဝါစိမ်းပြာနီ၊ဟိုသည်ရှပ်ပြေး
မီးလုံးလေးအောက်၊တေးဂီတသံ
ဈာန်ဝင်ခံစား ၊နစ်မျောထားခိုက်
ကြားလိုက်မိပြန်၊သက်ရှုသံတည့်
ခန္ဓာပင်ပန်း၊စိတ်လည်းနွမ်းလျ
ခေါင်းချအိပ်စက်၊မြေကြီးထက်ဝယ်
တောနက်သံစဉ်၊နားပန်ဆင်ရင်း
နေ၀င်မီးမှုတ်၊တစ်ရက်နှုတ်လျက်
သွေးစုတ်ခြင်ထု၊အလှူပြုသည့်
လူတစ်စုပုံ၊
အာရုံဝင်ကပ်၊တလှပ်လှပ်။

သြော်..
တစ်ချို့တွေက၊ရိုးမြေကျအောင်
တစ်ဘ၀ပေး၊အရိုးဆွေးပြီ။

တစ်ချို့ကမူ၊ခြေလက်လှူ၍
လူလုံးမလှ၊ဖြစ်ခဲ့ကြပြီ။

တစ်ချို့ကလည်း၊ကံကောင်းဆဲမို့
အံခဲရုန်းကန်၊လေဟုန်ဆန်ဆဲ..။

သူတို့အကြောင်း၊ခေါင်းထဲရောက်လာ
အခါခါတိုင်း၊ရင်မှာလှိုင်းထန်
ဆို့နင့်ပြန်သည်
အဖြည့်ခံလား၊မေ့ကျန်လား။
အပယ်ခံလူတန်းစား၊ကွက်လပ်များ။
(တစ်ချိန်က ဆုံခဲ့ရသည့် ခြေလျင် ရဲဘော်ရဲဘက်များသို့….အမှတ်တရ)

မူရင်းဓာတ်ပုံရှင်။အမည်မသိ
Like ·  ·  · 2 hours ago · 
**************************
သောင်းကျော်တန်တဲ့
နိုင်ငံခြားဝီစကီ၊ယစ်ရွှေရည်ထဲ
ရေခဲဆော်ဒါ၊အသာယာထည့်
ညှပ်နဲ့လှည့်မွှေ၊လက်တွေအကပ်
ခွက်တွေဆတ်ပြီး၊ချီးယားစ်အဆို…
ဟိုရင်ခါက၊တစ်လတစ်ခါ
ရောက်တတ်လာတဲ့၊ကဗျာမဆန်
အာမီရမ်ကို၊ရေဗူးအံချင်း
ထိဆတ်ရင်းနဲ့၊
ညီရင်းကိုတွေ၊အောင်မြင်စေလို့
လက်တွေပင့်မြှောက်၊၀ိုင်းဖွဲ့သောက်ပုံ
အာရုံတွင်ကပ်၊တဖျပ်ဖျပ်။

ဈေးမြင့်ထည်ဝါ၊ဖွယ်ရာလတ်ဆတ်
ထပ်ထပ်တောင်ပုံ၊ဟင်းမျိုးစုံနဲ့
တစ်ငုံတစ်ကြိုက်၊နှိုက်မြည်းခိုက်မှာ…
မိုးကာနံပိုင်း၊မြေ၀ိုင်းသဘင်
ပေါင်-ဒူးတင်၍၊ချဉ်ပေါင်-ဂွေးတောက်
ဟင်းချိုသောက်လျက်၊လက်ပံပွင့်သုတ်
ငပိဖုတ်ကို၊အမြည်းလုပ်ရင်း
တစ်လုပ်ထမင်း၊တစ်ဆုပ်ဟင်းတွက်
ခံတွင်းကိုဟ၊တင်းမျိုချပုံ
အာရုံထင်ဟပ်၊အထပ်ထပ်။

လေအေးပေးစက်၊အိစက်ဆိုဖာ
ညိမ့်ညောင်းစွာနှင့်
ဝါစိမ်းပြာနီ၊ဟိုသည်ရှပ်ပြေး
မီးလုံးလေးအောက်၊တေးဂီတသံ
ဈာန်ဝင်ခံစား ၊နစ်မျောထားခိုက်
ကြားလိုက်မိပြန်၊သက်ရှုသံတည့်
ခန္ဓာပင်ပန်း၊စိတ်လည်းနွမ်းလျ
ခေါင်းချအိပ်စက်၊မြေကြီးထက်ဝယ်
တောနက်သံစဉ်၊နားပန်ဆင်ရင်း
နေ၀င်မီးမှုတ်၊တစ်ရက်နှုတ်လျက်
သွေးစုတ်ခြင်ထု၊အလှူပြုသည့်
လူတစ်စုပုံ၊
အာရုံဝင်ကပ်၊တလှပ်လှပ်။

သြော်..
တစ်ချို့တွေက၊ရိုးမြေကျအောင်
တစ်ဘ၀ပေး၊အရိုးဆွေးပြီ။

တစ်ချို့ကမူ၊ခြေလက်လှူ၍
လူလုံးမလှ၊ဖြစ်ခဲ့ကြပြီ။

တစ်ချို့ကလည်း၊ကံကောင်းဆဲမို့
အံခဲရုန်းကန်၊လေဟုန်ဆန်ဆဲ..။

သူတို့အကြောင်း၊ခေါင်းထဲရောက်လာ
အခါခါတိုင်း၊ရင်မှာလှိုင်းထန်
ဆို့နင့်ပြန်သည်
အဖြည့်ခံလား၊မေ့ကျန်လား။
အပယ်ခံလူတန်းစား၊ကွက်လပ်များ။
(တစ်ချိန်က ဆုံခဲ့ရသည့် ခြေလျင် ရဲဘော်ရဲဘက်များသို့….အမှတ်တရ)

မူရင်းဓာတ်ပုံရှင်။အမည်မသိ
Like ·  ·  · 2 hours ago · 

No comments:

Post a Comment