Monday, February 24, 2014

Posted by Ko Lin Htaik · 5 hours ago

ကံဇာတ်ဆရာက
ရက်စက်လိုက်တော့
အညတရစစ်သားတဲ့ ...

ရတဲ.လစာ
တစ်ပဲခြောက်ပြား
မငြီးတွားပဲ
ငြိမ်းချမ်းရေးအစဉ်တွေးလို.
သေမင်းစခန်း
တက်လှမ်းနေတယ် ...

ပြည်သူကကျွေး
ပြည်သူကမွေးလို.
ပြည်သူတွေအတွက်
ပေးဆပ်နေတယ် ...

စုတ်ပြတ်သတ်နေတဲ့
ခပ်နွမ်းနွမ်းယူနီဖောင်းနဲ.
ဝါရင့်ရင့် ထမင်းကို
အံကြိတ်မျှောရင်း
တိုင်းပြည်ငြိမ်းချမ်းရေးအတွက်
အသက်ဆက်နေတယ် ...

မိသားစုဆိုတာ
ဝေလာဝေး
သေတဲ့နေရာမှာ
မအေးမြဘူး ...

ဒီလိုလူတွေကို
တစ်ချို.သမုတ်
စစ်ခွေးစုတ်တဲ့ ...

ဒီလစာ
ဒီအချိန်
ဒီပေးဆပ်မှု.မျိုးနဲ. ...

ငါ့နိုင်ငံ
ငါ့လူမျိုး ကို
ကာကွယ်ဖို.
တပ်မတော်ထဲကို
ဝင်ရဲပါတယ်ဆိုတဲ့
မျိုးစစ်စစ် မျိုးချစ်ကြီးများဖြစ်တဲ့
ဒီမိုကို အကြောင်းပြု
စစ်ခွေးဟု ခံတွင်းတွေ.နေတဲ့
ဒီမိုလုပ်စားများရှိရင်လေ ...

စီးထားတဲ.ဖိနပ်နဲ.
ဆင့်ချက်လို.
ရိုက်သွားစမ်းပါ
အသားနာခံပြီး
စစ်သားဘ၀ကို
မင်းတို. မင်းတို.
သိသွားစေချင်လို. .....။


မိုးနတ်မင်း
Like ·

No comments:

Post a Comment