Friday, February 21, 2014
အရမ်းချစ်တယ်ဆိုပြီး
စကားကိုလွယ်လွယ်ပြော
ဂတိသစ္စာမတည်ဘဲ
လမ်းခွဲပြီးမှသေမတတ်လာလွမ်းပြနေတဲ့
ယောက်ျားတစ်ယောက်ကို
ကျွန်မရဲ့ဘဝကိုပိုင်ဆိုင်ခွင့်မပေးနိုင်ခဲ့ဖူး
ကျွန်မအရမ်းချစ်ပြီးဂရုစိုက်ခဲ့လို့
ကျွန်မအချစိတွေကိုအလေးမထားတော့ဘဲ
ပျက်ရယ်ပြုလို့
အချစ်အတွက် လူပီသစွာမနေနိုင်တဲ့
မိန်းမတစ်ယောက်လောက်တောင်
အချစ်ကိုဝန်ခံမရဲဘဲ
အချစ်ခံရမှုမှာမိန်မူးပြီး
တန်ပြန်တဲ့မေတ္တာပေးဖို့မေ့နေခဲ့တဲ့လူတစ်ယောက်ကိုလည်း
လက်တွဲဖော်အဖြစ်လက်မခံနိုင်ဖူး
အချစ်ကိုအချစ်လိုနားလည်
မေတ္တာကိုပေါင်းစပ်လို့
တစ်ဘဝလုံးစာရည်ရွယ်လို့
လက်ထပ်ခွင့်တောင်းခဲ့တဲ့
ယောက်ျားပီသတဲ့ လူတစ်ယောက်ကို
ကျွန်မလက်တွဲဖော်အဖြစ်ရွေးမယ်ဆို
ကျွန်မ မှန်ကန်မယ်မဟုတ်လားဟင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment