ဒို့ပြည်သူ တွေ အတွက်
ဆန်တခွက်မှ မလှူချင်
သူတို့မိသားစု ထမင်းဝဖို့အရေး
ကျောက်စိမ်းတုံးကြီးတောင်
ဘယ်နေမှန်းမသိ ။ ။
ရတနာပုံခေတ်က
ပတ္တမြား ငမောက်ပျောက်တာ
ခံသာသေးတယ် ကိုမိုး
အဖန်တရာတွေးရင်
နယ်ချဲ့က ခိုးတာမလို့
ခုနေအဖို့မှာတော့
ဇာတ်တူသားစားတဲ့
ဟင်္သာကိုးသောင်းလို
ကိုယ့်အသား ကိုစားနေတဲ့ မြန်မာပြည်မှာ
သမိုင်းမှာ ညီခဲ့ကြပေမဲ့
ကမ္ဘာတည်သရွေ့ တည်ရှိစေမယ်လို့
အာမခံ မရဲတော့ဘူး
ဇာတိသွေးနဲ့ အသေအချာတွေးပြီး
ကဗျာတွေရေး ခဲ့ကြတဲ့
ဆရာဇော်ဂျီ တို့ကို အားနာမိပါရဲ့
အာဏာရှင် ဆိုတဲ့ နတ်ဆိုးကို
ဘယ်ပုံနှယ် အသက်သွင်းလို့
၂၀၁၅ ရွေးကောက် ပြည်သူက တင်မြောက်မဲ့ မင်းလောင်း
စိုးကြောက် မိပါ သေးတယ် ဗျာ ။ ။
အာရှင်စနစ်
အမြစ်ပြတ်ပါစေ
သတိုး
No comments:
Post a Comment