ပဲခူးမြို့ရဲ့ထူးခြားသတင်းများ added 3 new photos.
21 hrs ·
အင်းတကော်-ထုံးကြီးလမ်းသည်
အကျယ်(၁၂)ပေခန့်ဘဲရှိမည်ဟု ထင်ပါတယ်။ယခုအဲဒီလမ်း ပေါ်မှာ
လိပ်သဲကျောက်တုံးများတင် ဆောင်ပြီး အင်းတကော်ဘက်မှ ထုံးကြီးဘက်သို့
အလွန်ကြီးမား သော၊အလွန်ရှည်လျားသော ကျောက်တင်ကားကြီးများအဆက်
မပြတ်မောင်းနှင်နေပါတယ်။
အစိုးရ၏မည်သည့်စီမံကိန်း (သို့) ပုဂ္ဂလိက၏စီမံကိန်းအတွက် ဆောင်ရွက်နေခြင်းလား ဆိုသည် ကိုတော့သေသေချာချာမသိ ရှိပါ။သေချာတာတစ်ခုကတော့ အဆိုပါကျောက်တင်ကားကြီး များဟာအစိုးရပိုင်ကားများမဟုတ် သည်မှာတော့သေချာပါတယ်။ ဤ Post ကိုဖတ်ရှုသူများသဘော ပေါက်လွယ်ကူစေရန်နိဒါန်းကို သေ သေချာချာရှင်းလင်းတင်ပြနေ ရ ခြင်းဖြစ်ပါတယ်။
အဓိကဆိုလိုချင်သည်ကတော့ ၄င်း ကျောက်တင်ကားအကြီးစားကြီး များဟာ ခရီးသွားအများပြည်သူ နှင့် အခြားသောမည်သည့်အမျိုး အစား ယာဉ်၊မော်တော်ဆိုင်ကယ်၊လူ မည်သူ့ကိုမျှလုံးဝဂရုမစိုက်ပါ၊
မျက်နှာချင်းဆိုင်ရှောင်တိမ်းပေး ရ မည့်ယာဉ်၊နောက်မှကျော်တက် လို သည့်ယာဉ်တို့ကိုလုံးဝဂရုမစိုက်၊ လစ်လျူရှုလျှက် အရှိန်ပြင်း ပြင်း နဲ့ တစ်လမ်းလုံးအပြည့်ယူလျှက် မောင်းနှင်နေလျှက်ရှိပါတယ်။
ဝိတ်အလေးချိန်ဘယ်လောက် ဘဲတင်ထားထား ယာဉ်ကြီးဖြစ် နေ ၍၊အသေးစားယာဉ်များ၊ဆိုင်ကယ် များကိုတော့အတတ်နိုင်ဆုံးငဲ့ ညှာ ၍လမ်းဘေးအနည်းငယ်ချပြီး ရှောင်တိမ်းပေးသင့်လှပါတယ်။
ခရီးသွားသူများမှာသွားချင်လွန်း ၍ အပျော်သက်သက်သွားကြသူများ မဟုတ်ကြပါ။ကျန်းမာရေး၊လူမှု ရေး၊စီးပွားရေးကိစ္စများဖြင့်မသွား မဖြစ်သွားနေကြရသူများသာဖြစ် ပါ တယ်။
ဒါကြောင့်အဲဒီ ယာဉ်ကြီးတွေကိုပိုင် ဆိုင်သောပိုင်ရှင်ကြီးများ၊ အဲဒီ ယာဉ်များကိုအုပ်ချုပ်သောဆရာ သမားများ၊အနှီစီမံကိန်းလုပ်ငန်း ကြီးအတွက်အနှီယာဉ်ကြီးများကို လုပ်ငန်းအပ်နှံတာဝန်ပေးကြသည့် တာဝန်ရှိပုဂ္ဂိုလ်ကြီများအနေဖြင့် ယ ခုလိုဖြစ်စဉ်မျိုးတွေအောက်ခြေ လုပ်ငန်းခွင်အတွင်းအမှန်ဖြစ်ပျက် နေသည်ကိုသိရှိပြီးထိန်းသိမ်း ကြပ် မတ်ဆုံးမပေးနိုင်ရေးအတွက် ရေးသားရခြင်းဖြစ်ပါတယ်။
အစိုးရစီမံကိန်းအလုပ်ကိုငါတို့လုပ် နေတာဘဲ၊ဘယ်သူကိုမှဂရုစိုက် စရာမလို၊ဘယ်ပြည်သူကိုမှကိုယ် ချင်းစာတရားထားစရာမလိုဟု ဆိုလျှင်တော့ခင်ဗျားတို့သဘော ပေါ့ဗျာ။ခင်ဗျားတို့လဲမြန်မာပြည်မှာ နေပြီး ထမင်းစားနေကြမယ်လို့ ထင်ပါတယ်။
by hero gyi

No comments:
Post a Comment