Friday, April 18, 2014

ကိုရင်တွေးမိတာလေးပါ။

ကိုရင်တွေးမိတာလေးပါ။
မြစ်ဆုံစီမံကိန်းတွေရပ်………
လက်ပတောင်းတောင်စီမံကိန်းတွေရပ်…………
ရေနက်ဆိပ်ကမ်းစီမံကိန်းတွေရပ်…………
ဓာတ်ငွေ့တူးဖေါ်တာတွေရပ်…………
နိုင်ငံတော်စီမံကိန်းတွေအားလုံးရပ်ပစ်ဗျာ။
အမျိုးသားအမွေအနှစ်တွေ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရာလည်းရောက် မပျက်လည်းမပျက်စီးတော့ဘူး
ခင်ဗျားတို့လည်း လမ်းလျှောက်(ကားခိုးစီး အလှူငွေဘုန်း) တာတွေမလုပ်ရတော့ဘူးပေါ့ဗျာ။
ဗဲရီးဂွတ်ကြီးပေါ့ အဟေးးဟေးးးးး
တစ်ခုတော့ရှိတယ် နော်
အဲဒီစီမံကိန်းက ရလာမယ့် ဘီလီယံနဲ့ချီတဲ့ ဒေါ်လာငွေတွေကို ကန့်ကွက်နေတဲ့မောင်တွေ အီးပေါက်နေတဲ့မောင်တွေ စိုက်ပေးလိုက်ကြပေါ့ ဟုတ်ဘူးလား………
အဲဒီကရတဲ့ငွေတွေနဲ့ ပညာရေး ကျန်းမာရေး တိုင်းပြည်တိုးတက်ရေးအတွက်လုပ်ရမှာလေ
ခင်ဗျားတို့လည်း လေမကုန် လူမမုန်းတော့ဘူးဗျာ
သားရွှေအိုးထမ်းတာမြင်တဲ့ကိန်းလို့ပဲ ပြောမလား
Win-Win situation လို့ပဲပြောမလား အကောင်းတကာ့အကောင်းကြီးပဲဖြစ်တော့မှာဗျ။
ငယ်ငယ်တုန်းက ခလေးဘဝ ဖာသာဘာဝ အော်ဟစ်ခဲ့တာလေး ပြန်အမှတ်ရမိသေးတယ်။
"ဟိုလိုလုပ်ပါလား…… ဒီလိုလုပ်ပါလား…… ငါလည်းမလုပ်တတ်ဘူးဟေ့………………
ကိုရင်လူထွက် ငပိချက်
Like · ·

No comments:

Post a Comment