Monday, April 21, 2014

မြန်မာ့ရိုးရာ - အတွင်းဖြစ်ဖြစ် ၊ အပြင်ဖြစ်ဖြစ် ၊လေဟာပြင်ဖြစ်ဖြစ်

မြန်မာ့ရိုးရာ - အတွင်းဖြစ်ဖြစ် ၊ အပြင်ဖြစ်ဖြစ် ၊လေဟာပြင်ဖြစ်ဖြစ်
အလူမီနီယံ မှန်ကျောင်းဆောင် ဖြစ်ဖြစ် -
ရာဇဝင်တွေမှာ ကြားဖူး ၊ တွေ့ဖူး ၊ မြင်ဖူး ၊ ဖတ်ဖူး ခဲ့သမျှကတော့
နတ်စိမ်း ဖြစ်တယ် ဆိုတာ -
အယူတိမ်းလို့ သာလျှင် - ပုံသေသတ်မှတ်ကြတယ်လို့ပြောရမယ်။
ဘယ် ရာဇဝင်တွေ ၊ ပုံပြင်တွေမှာ မဆို -
ဟဲ့ သောက်ပလုတ်တုပ် - ဖြုတ် ကနဲ ၊ ဘုတ် ကနဲ - ဆိုတာနဲ့ -
အယူတိမ်း လို့ - နတ်စိမ်းကြီး အော်တိုငုတ်တုတ် ဖြစ်ကုန်ကြလေ
သတည်း - လို့ သတ်မှတ်ပေးလိုက်တာမျိုးတွေချည်းပါပဲ ။
အယူမှန်လို့ - နတ် သဏ္ဍာန်ရောက် ဖိတ်ဖိတ်တောက်တယ်ဆိုတာ
မျိုးက ယခုလက်ရှိဘဝ ကုသိုလ်ကောင်းမှုကံ စေတနာတွေကြောင့်
အော်တိုမက်တစ် နတ်ယူနီဖောင်းဆင်ယဉ်ပြီး အထက်ဘုံသား ဖြစ်
သွားရတာ။
ဘယ်သူ တစ်ဦးတစ်ယောက် ကမှ နတ်ဖြစ်စေ လရော့ ဟယ် ! လို့
သတ်မှတ်ပေးပြီး ယူနီဖောင်း ဆင်ပေး ၊ ဒါ့အပြင် ကျူးကျော်တဲ ကို
ဆန္ဒပြ စရာ၊ သပိတ်စခန်းဖွင့်စရာမလိုပဲ နားလည်မှုနဲ့ ၊ နှစ် အကန့်
အသတ်မရှိ ဂရမ်ထုတ်ပေး လိုက်တာမျိုး မဟုတ်ပြန်ဘူး ။
ဒါပေမယ့် - တစ်ခုရှိတာက - အယူတိမ်း လို့ နတ်စိမ်း ဖြစ်နေတယ်
ဆိုစေကာမူ , ရိုးရာ နတ်တွေ အဖြစ် ဘောင်ဝင်တန်းဝင် သတ်မှတ်
ပူဇော် ခံရဖို့ကလည်း ၊နတ်စိမ်း ယူနီဗာစတီတွေမှာ တက္ကနိုလော်ဂျီ
တွေ သင်ယူပြီး နတ်စိမ်း နည်းဗြူဟာ အသွယ်သွယ် ဖိန့်လုံး ရွှီးလုံး
တွေကို ပိုင်နိုင် တတ်မြောက်ဖို့ကလည်းလိုသလို အမြင့်ဆုံးအောင်
လက်မှတ် ဖြစ်တဲ့ ရိုးရာ တန်းဝင်စေမယ့် မာစတာဘွဲ့လက်မှတ်ရဖို့
က မလွယ်ဘူး ခင်ဗျ ။
" အမှတ် " ထက် " အကပ် " အရေးကြီးသတဲ့လေ ။ ဒါမှ အောက်ဒိုး
သတ်တီဆဲဗင်း ၊ အင်ဒိုး သတ်တီ ဆဲဗင်း စာရင်းပေါက်မယ်ဆိုဘဲ ။
ဆုတံဆိပ်တွေ ဘွဲ့တော်တွေကို ၃ ယူဇနာ မျှ ရှည်တဲ့ စာရွက်နဲ့ရေး
မှတ်လို့တောင် မနိုင် ပလူပျံ လို့နေမယ်တဲ့လေ ။
ဒီလို ဆုတွေ မရလျှင်တောင်မှ အာဝါကွ ကွိကွာကွ လုပ်ပြ လိုက်ယုံ
နှင့် တောင်စမုခ် မြောက်စမုခ် အထက်စမုခ် အောက် စမုခ်ကနေပြီး
ဘဂျမင်အစိမ်းထုပ် ၊ စတာလင်အနီထုပ် ၊ ဆင်ဖြူတွေ ၊ ခြသေ့င်္တွေ
တံဆိပ်ခပ်နှိပ်ထားတဲ့ အသပြာ ထောင်ထုပ်တွေ တရွှမ်းရွှမ်း ဖြစ်နေ
နိုင်မှာ သေချာနေတဲ့ တွက်ရေးက စက်သူဋ္ဌေး ဆိုသကိုး ။
အနည်းဆုံးတော့ အောက်ဒိုး ၊ အင်ဒိုး သတ်တီဆဲဗင်းရဲ့ စကက်ထ
ရွီ အဆင့်လောက် ရာထူး စာရင်းဝင်နိုင်မယ်ဗျ ။ ဒါမှ -
နတ်သဘင် အောက် လွှတ်တော် အစည်းအဝေးကို ပုံမှန် တက်နိုင်
နတ်စိမ်း ဥပဒေ ပြင်ဆင်ရေး ၊ နတ်စိမ်း အခွင့်အရေး ရရှိရေး ၊ နတ်
ကပ်ပါးတွေ ၊ နတ်စိမ်း အကျိုးတော် ဆောင်တွေ လွတ်လပ်စွာ ဖော့
ဖယောင်းတိုင် ယှဉ်ထွန်းပြီး အိမ်ထောင်ပြုနိုင်ရေး၊ နတ် အပန်းဖြေ
အညောင်းဖြေ သက်ရှည်ကိုယ်နု ဥတုမရွေး ရာသီမရွေး ကာမဂုဏ်
အာရုံတွေကို လွတ်လပ်ပျော်ရွှင်စွာခံစားကြရစေဖို့ အသုံးတော်ခံနိုင်
ရေးအတွက် နတ် ဇိမ်နန်းများ ၊ နတ်ပျော်ပွဲစား စခန်းများ ၊ နှာ ဓါတ်
ဗူးတွေ ဓါတ်ကူး ဓါတ်လိုက် ရှော့ခ် ရိုက် ကြနိုင်စေဖို့ နတ်စိမ်း ဓါတ်
နှာစီးဖြန်း ဓါတ်နန်းများ ပေါ်ပေါက်လာ စေရေးတွေကို နတ် သဘင်
လွှတ်တော်ကြီး က အမျိုးသား အမြင်ကျကျ အတည်ပြု ပြဋ္ဌာန်းစေ
ရေး၊ ရှေးရိုးစွဲနတ်ဒိုးတွေကိုခေါတ်နဲ့အညီဖြစ်စေမယ့် ဒစ္စကိုတက္ခနို
ဒန့်စ် နဲ့ တွဲဖက်ပြီး သရုပ်ဖော် ပူဇော် ခံယူ ရရှိစေရေး ၊ ထို့ အတွက်
ဒိတ်ဒိတ်ကျဲ စပ်ကူးမတ်ကူး အယုတ်မုတ္တ မ တိုင်းပြည်က အလုံးအ
ရာ ကနေ ရ သလို အပြားကညာထား အဖွပ်အချော် ဒစ္စကိုတက္ခနို
ဒန့်စ်ဇာ တက္ကစီဗျူတီမယ်တွေကို ပြည်ကြီးကျိနား ၆၅ ပြားစပ် -
ဂျွန်မိမိလွင် ၏ အကူအညီနဲ့ နတ်စိမ်း ရံရွေတော် ယိမ်း ဒန့်စ်ဇာတွေ
ကို အတုမြင် အတတ်သင် ဒီပလိုမာသင်တန်း အောင်မြင်စွာ မိုးကြိုး
ပွတ် တတ်မြောက်သင်ယူနိုင်ရေး ၊ စသဖြင့် -
ရိုးရာ တန်းဝင် နတ်စိမ်း ခရိုနီလောက ကို အမှီသဟဲပြု ကိုင်လှုပ်ပြီး
အခွင့်အရေးများစွာကို နတ် ဒီမိုကရေစီ ရှုထောင့် စံနှုန်းတွေ ကနေ-
တောင်းဆိုဖို့ရန် ဖြစ်နိုင် ၊ နီးစပ်နိုင် ၊ စိတ်တိုင်းထ နိုင်မယ်တဲ့လေ ။
ဝါးရင်းတုတ်နဲ့ လည်မြိုကို ဖြတ်ရိုက် ခံရလို့ပဲ ဖြစ်ဖြစ် ၊ မီးပန်းပေါက်
တူမြီးဒင်နဲ့ ထုနှက် ရိုက် ခံရတာပဲ ဖြစ်ဖြစ် ၊ မင်းပြစ် မင်းဒါဏ် နဲ့ တံ
ကျင်လျှို ခံရတာပဲ ဖြစ်ဖြစ် ၊ လှေထိုးရင်းပဲဖြစ်ဖြစ် ၊ ဘဲဥ အစရှာရင်း
ဖြစ်ဖြစ် စသဖြင့် တမလွန်ကို သူတပါး၏ လက်ချက်ဖြင့်သော်လည်း
ကောင်း ၊ နှုတ်အမိန့်ဖြင့် သော်လည်းကောင်း ၊ မတော်တဆ တမင်
တကာသော် လည်းကောင်း ဆိုက်ရောက် ဗီဇာကျပြီး ဗွီအိုင်ပီ အထူး
လက်မှတ် အဖြတ်ခံရ ၊ မပြန်လမ်းကို မြန်းကြဖို့ တုံးအထု ခံရလို့ -
နာကျင်ခံခက် အသောမသတ်တဲ့ ဒေါမနဿနတွေနဲ့ ဝိဥာဉ် ဘဝထဲ
ယောင်ချာချာ ဖြစ်ကြရင်း လဖြူဂျီဖြစ်နေချိန်မှာ - အာဏာရှင်၏ ထံ
မျက်ရည်ခံထိုး၍ သော်လည်းကောင်း ၊ အာရုံနောက်အောင် နှောက်
ယှက်ခြောက်လှန့်၍ သော်လည်းကောင်း ၊ အမျိုးမျိုး အဆန်း အပြား
အဂတိတရားတွေနဲ့သော်လည်းကောင်းသိမ်းသွင်းပြီး ယူအင်န်ကဒ်
လိုမျိုး ၊ ဝှိုက်ကဒ်လို အလားတူ ,
နတ် ဒုက္ခသည် လိုင်စင်ကို အသက်ပျောက် ခဲ့စဉ်က ၊ အဝတ်အစား
လေး ဖရိုဖရဲနဲ့ လျှောက်ထားကြတဲ့ အခါမှာ -
အာဏာရှင်တွေက အထက်က ဆိုခဲ့သလို ဆိုင်းဘုတ် ထောင်ပြကြ ၊
သပိတ်စခန်း ဖွင့်ကြရ စရာ မလို ၊ ဖယောင်းတိုင်ထွန်းပြစရာ မလိုပဲ,
ကြည်လျှင် ကြည်သလို ၊ မေတ္တာရှင် သဏ္ဍာန်နဲ့ -
တရားဝင် အော် ဖစ် ရှယ် နတ်စိမ်း ၊ နတ်ပြာ ၊ နတ်ဝါတွေ အဖြစ် ကို
သတ်မှတ်ပေးလိုက်တဲ့ အခါ ၊ လူတွေက ပူဇော် ပသကြမှ ဗလိနတ်
စာ မုန့်ဆမ်း တစ်ထုပ် ပေါက်ပေါက်ဆုပ်လေး ဝါးကြရ ၊ ခေါ်စာ ခါနာ
မှန်ကြရ ၊ အုန်းစိမ်းရည် ၊ ထန်းတစ်ဖျားရည်လေး မှီဝဲ ရရှာလေတယ်
တဲ့ ။
ခုခေါတ် တော့လည်း - အဆင့်တွေ မြင့်ကုန် ကြပါပြီ ။ နတ်စိမ်းတွေ
လည်း နတ်စိမ်း ပါးဝ ၊ နတ်ရည်လည် လာကြပြန်တော့ -
ကစော်ရည်တွေ ၊ ထန်းရည်တွေ ၊ ခေါင်ရည်တွေရဲ့ အနံ့ကိုမခံနိုင်
ကြတော့ဘူး။ အမြည်းဆိုလည်း မုန့်ဆမ်းလောက်ပြပြီး တက်မလာ
ကြနဲ့ ၊ တောက်ချ ပလိုက်မယ် ဆိုတာချည်းပဲ ။
ကြက်ကင် တောင်မှ KSS မှ ၊ ဒံပေါက် ဆိုလျှင် နီလာ မှ ၊ ဟာလာ
တံဆိပ် မတပ်လာလျှင် ယမ်းပုံမီးကျသွားမယ်ဆိုတာက ပါသေးရဲ့။
ဂျော်နီတို့ တော်မီ တို့ လမ်းလျှောက်တာတောင် အနီတို့ အနက်တို့
မလာနဲ့ ။ ဘလူး မှ ၊ ဂိုးလ်မှ ၊ ပလက်တီနမ်မှ ဆိုတာက ရှိသေးရဲ့ ။
ဂရန်းတို့ ရှောက်ပေါင်းတို့ ဇေ တို့ဆို နတ်ကို မခန့် ရာ ရောက်သမို့
အလွန် အမျက်ထွက်သတဲ့ ။ ဒီလို မအိုဆေး ပြည်တွင်းဖြစ် ကာဠု
တွေ ၊ သူရာရည်တွေကို နတ်နောက်မြီးဆွဲ အဟိသ်တွေကိုတောင်
ပေး မတိုက်ကြတော့ဘူး ။
အူ ယဉ်ကုန်ပြီး ခိုင်းသလို မလုပ် ၊ ဆဲစေချင်တဲ့ ရဟန်းသံဃာကို
မဆဲကြ ၊ မမိုက်ရိုင်းကြကုန်မှာ စိုးလို့တဲ့လေ ။
တနည်း ထို နတ်စိမ်း ၊ နတ်ပြာ၊ နတ်ဝါတွေက အာဏာရှင်နဲ့ပေါင်း
မှ လုပ်ကွက် အပိုင်စားရရှိတာကြောင့် ခရိုနီနတ် ၊ ခရိုဝါ နတ် ၊ ခရို
ပြာ နတ်တွေ ရယ်လို့ သတ်မှတ် မယ် ဆိုလည်း သတ်မှတ်နိုင်တာ
ပေါ့လေ ။
သြော် !! နတ်စိမ်းတွေ ၊ နတ်ပြာတွေ ၊ နတ်ဝါတွေ ၊ နတ်နီ - - -
စားကြပါ ၊ သောက်ကြပါ ။
ကလေးတွေကို ဗွေမယူကြပါနဲ့ ။
ရွာကိုလည်း မနှောက်ယှက်ကြပါနဲ့ ။
အိတ်ဖောင်းလို့လည်း စိတ်ပြောင်းကုန်ကြလျှင်လည်း -
အတိတ်ဟောင်းလေးကိုလည်း ပြန်တွေးကြပါ ။
နိမိတ်ကောင်းကိုလည်း ဆောင်ကြပါ ။
အရိပ်တွေ မကောင်းကြတဲ့ ဒေါင်းတွေလည်း
ဘုရားကျောင်း ၊ ဓမ္မကျောင်း ၊ သံဃ ကျောင်းတွေကိုပဲ
မျက်မာန် စောင်းချည်း ဇွတ်ထိုးချ မနေကြပါနဲ့ ။
နတ် အကိုင် ကြမ်းတော့လည်း ကြောက်နေရတော့မှာပ
ကွယ်ရို့ ။
ဦးယဉ်ကျေး ။ ။
၂၁၊၄၊၁၄
Like · ·

No comments:

Post a Comment