Friday, April 18, 2014

ရွေးကောက်ပွဲ နဲ့ ၂၀၁၅ အတွက် နီးကပ်လာတဲ့အခါ လက်ရှိနိုင်ငံရေးသမားတွေနဲ့

ရွေးကောက်ပွဲ နဲ့ ၂၀၁၅ အတွက် နီးကပ်လာတဲ့အခါ လက်ရှိနိုင်ငံရေးသမားတွေနဲ့ အမျိုးသားရေးသမား တစ်ချို့က ကိုရင့်ရပ်တည်မှုကို သိချင်လို့ cb ထဲမှာ လာမေးကြတာ များတယ်။ အရှိတရားကို မျက်ကွယ်ပြုလို့မရသလို ပုဂ္ဂိုလ်စွဲသက်သက်နဲ့ တိုင်းပြည်ကိုချစ်လို့မရဘူးဆိုတာ အမှန်မြင်သူတိုင်းသိတယ်။ ကိုရင့်မှာ လက်ရှိအစိုးရ စစ်တပ် ကြံ့ဖွတ်ပါတီ NLD ပါတီ အစရှိတာတွေကို ပုဂ္ဂိုလ်ရေးနာကျည်းချက် လုံးဝ(လုံးဝ) မရှိတဲ့အပြင် ကိုယ်ကျိုးစီးပွားရေးအတွက် ပတ်သက်နေခြင်းလည်း လုံးဝမရှိပါဘူး။
ကိုရင်က ပါတီစွဲမရှိဘူး အမျိုးဘာသာသာသနာကို တကယ်ထိထိရောက်ရောက် ကာကွယ်ပေးတဲ့ပါတီကို ပူးပေါင်းဆောင်ရွက်ဖို့ဝန်မလေးဘူး သေချာတာတော့ NLD က ဘယ်လိုမှ ယုံကြည်ရန်အဆင့်မရှိပဲ။ ကြံဖွတ်ပါတီဝင်တော်တော်များများက ဆရာတော်သံဃာတော်တွေကို စော်ကားတာမျိုးမရှိတာကိုတွေ့ရတယ်။ ပြတ်ပြတ်သားသားပြောရရင် ပါတီနိုင်ငံရေးကို စိတ်မဝင်စားဘူး။ အမျိုးသားအကျိုးစီးပွားကိုကာကွယ်မယ့် အမျိုးသားနိုင်ငံရေးကို ပါတီစွဲကင်းကင်းနဲ့လုပ်ချင်တယ်။ လက်ရှိအစိုးရရဲ့ တစ်ဆင့်ချင်း ဒီမိုကရေစီပန်းတိုင်ကို ချဉ်းကပ်နေတာတော့ အသိအမှတ်ပြုပါတယ်။ ကုလား ၃ ကောင် ကိစ္စ white card , အူရဒူ ကိစ္စတွေကလွဲရင်ပေါ့။
လက်ရှိနိုင်ငံတော် စီမံကိန်းတွေကို ထောက်ခံတယ်။ တရုတ်လုပ်တာကြိုက်သလားဆိုတော့ မကြိုက်ဘူး။ တရုတ်ပြည်မှာ အကြာကြီး တရုတ်တွေနဲ့အလုပ်အတူတူ လုပ်ဖူးတယ်။ တရုတ်စိတ်ဓာတ်ကိုမကြိုက်ဘူး။ မကြိုက်လို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာမှမလုပ်ပဲထိုင်နေမှာလား။ အနောက်နိုင်ငံနဲ့လုပ်မှ ကြိုက်တယ်ဆိုရင်လည်း ပိတ်ဆို့မှုတွေရှိခဲ့တာကို မေ့ထားလို့မရဘူး။ရပ်နေလို့လည်း မရတဲ့အခြေအနေမှာ လုပ်ကိုလုပ်ရမယ်ဆိုတာ နားလည်ထားတယ်။ဘယ်သူကလုပ်လုပ် ဘယ်အဖွဲ့အစည်းကလုပ်လုပ် ကိုယ့်လူမျိုးကိုယ်တိုင်းရင်းသား လုပ်နေရင် ကျေနပ်တယ်။ အဓိကက ဘယ်သူလုပ်လုပ် နိုင်ငံတော်ကို မှန်ကန်တဲ့ အခွန်ငွေ စီးဝင်လာဖို့ပဲလိုတယ်။ ဒီမိုကရေစီနိုင်ငံတိုင်းဟာ အခွန်ငွေနဲ့ရပ်တည်ရတယ်လို့ပဲ သဘောပေါက်ထားတယ်။ လာဒ်ပေးလာဒ်ယူမှု တစ်ဦးချင်း ဒီမိုကရေစီစံနှုန်းတွေ မပြည့်ဝသေးတာ တာဝန်ယူမှု တာဝန်ခံမှုမရှိသေးတာတွေကို ချက်ခြင်းပြုပြင်ပြောင်းလည်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး လို့ခံယူထားတယ်။
ရောမမြို့ကြီးကို တစ်ရက်ထဲတည်ဆောက်လို့မရဘူး။
ကိုရင့်အတွေး ကိုရင့်အယူအဆတွေက လစ်ဘရယ်တောင်ပိုဆန်နေသေးတယ်ဆိုတာ ကိုယ့်ဖာသာကိုယ် အတည်ပြုထားတယ်။ ကုလားကိုလက်မခံဘူးဆိုတာတော့ ဒါဟာ အစွန်းမရောက်တဲ့မျိုးချစ်စိတ်သက်သက်ပါပဲ။
ကိုရင်လူထွက် ငပိချက်
Like · ·

No comments:

Post a Comment