Tuesday, April 22, 2014

တကယ်ဘဲဟာ ညီမလေး မပို့ ရဲ့ တာက ဒုက္ခ

တကယ်ဘဲဟာ ညီမလေး မပို့ ရဲ့ တာက ဒုက္ခ
ရင်ထဲမှာဘဲ ဆိုတာကလည်း ဒုက္ခ
'အချိန်မှန်မှန်ရောက်နေကျ
နင့်ဆီကမက်ဆေ့လေးတွေ
အရောက်မမှန်တော့တဲ့အခါ..

နွေးထွေးခဲ့ဖူးတဲ့နင့်ရဲ့
အကြင်နာတချို့ပြန်မရ
တော့တဲ့အခါ.....

နက်ရှိုင်းစွာဖြစ်တည်ခဲ့ဖူးတဲ့
ရင်ထဲကသံယောဇဉ်တွေကြောင့်
သူဆီကလည်းဖြူစင်တဲ့
ချစ်ခြင်းမျိုးလည်းမက်မောစွာ
လိုချင်ခဲ့မိတာပါ။

အပေါ်ယံပြောဖြစ်တဲ့
'ချစ်တယ်'ဆိုတဲ့စကားတွေထက်ရင်ထဲကနားလည်မှု
တွေနဲ့အတူဆိုးတိုင်ပင်
ကောင်းတိုင်ပင်ဖော်လေး
သာဖြစ်ခွင့်ရချင်တာပါ။

တကယ်တော့အချစ်မှာ
ပေးဆပ်ရင်းနဲ့ချစ်သွားချင်တာ
မျိုးမဟုတ်ဘဲချစ်နေရင်းနဲ့သာ
ဘဝတလျှောက်လုံးကိုချစ်တဲ့
သူကိုပေးဆပ်သွားခဲ့ချင်တာမျိုးပါ ......ချစ်သူ။

ဆုံးရှူံးရမယ်ဆိုတဲ့အသိနဲ့
နာကျင်ရခြင်းတွေထက်
နင့်ရဲ့ဥပေက္ခာတွေကြောင့်
နာကျင်ရခြင်းတွေကငါ့အတွက်အသက်ဆက်ဖို့ပိုခက်ခဲ
စေခဲ့တာပါ.....ချစ်သူ။

နင်မရှိရင်မဖြစ်ဘူးဆိုတဲ့
အပြောတွေထက်နင်နဲ့အတူ
ဖြတ်သန်းခွင့်ရမဲ့နေ့ရက်တိုင်
ကိုငါ့ဘက်ကယုံကြည်နားလည်မှုတွေနဲ့အတူသစ္စာရှိရှိနဲ့
ချစ်သွားမယ်ဆိုတဲ့ပြောစကား
တွေကိုပဲယုံစေချင်ခဲ့တာပါ။'

A Lwan Lwan်
Like · ·

No comments:

Post a Comment