Friday, April 18, 2014

.. အမေရိကန် သမ္မတ အိုဘားမား ဟာ မြန်မာပြည်ကို ဒီနှစ် ၂၀၁၄ နှစ်ကုန်ပိုင်းမှာ

... အမေရိကန် သမ္မတ အိုဘားမား ဟာ မြန်မာပြည်ကို ဒီနှစ် ၂၀၁၄ နှစ်ကုန်ပိုင်းမှာ နောက်တစ်ခေါက် ထပ်လာလည်ဖို့ အစီအစဉ်ရှိတယ်လို့ ပြိးခဲ့တဲ့ ရက်ပိုင်းက ကြေငြာလိုက်ပါတယ် ၊
အဲဒီကြေငြာချက်ကို ပြည်တောင်စုလွှတ်တော် နာယက ဦးရွှေမန်းရဲ့ ချိုင်းနားခရီးစဉ် အစနေ့ဖြစ်တဲ့ ဧပြီလ ၈ ရက်နေ့က တိုက်တိုက်ဆိုင်ဆိုင် ကြေငြာလိုက်တာပဲဖြစ်ပါတယ် ၊
အမေရိကန် အစိုးရ ရဲ့ ကြေငြာချက်ဟာ မြန်မာအစိုးရ ကြံခိုင်ရေးပါတီထိပ်ပိုင်း နဲ့ မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင် တို့ အကြားမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ် ၊
အထူးသဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်း ပြောရမယ်ဆိုရင် မတ်လ ၂၆ရက်နေ့ နဲ့ မတ်လ၂၇ ရက်နေ့တို့မှာ မိန့်ခွန်းအသီးသီးပြောကြားခဲ့ကြတဲ့ သမ္မတဦးသိန်းစိန် ကာချုပ်မင်းအောင်လှိုင် တို့ရဲ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင် ဟု လေသံပစ်ပြောကြားချက်များ နဲ့ ဆက်စပ်နေတယ်လို့
ယူဆနေသူများရှိနေပါတယ် ၊
အဲဒီမတိုင်ခင် မတ်လ ၂၁ ရက်နေ့က လက်ရှိလစ်လပ်နေတဲ့ မဲဆန္ဒနယ် ၃၀ အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ နှစ်ကုန် ပိုင်းလောက်မှာ ပြုလုပ်ဖို့ရှိတယ်လို့ လူအများ အံအားသင့်ဖွယ် သတင်းတစ်ခုအဖြစ် ရွေးကောက်ပွဲကော်မရှင်က ရုတ်တရက်
ကြေငြာခဲ့ပါသေးတယ် ၊
သမ္မတ နဲ့ ကာချုပ်တို့ ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ကို မပြင်နိုင်ဟု စကားဦးသန်းသော မိန့်ခွန်းများ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ တာဝန်ယူထားသော ဦးတင်အေး ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲမဲဆွယ်ခွင့်များကို
ကန့်သတ်မယ်ဆိုတဲ့ အရိပ်အယောင်ပါတဲ့ စကားများ ပြောဆိုလာခဲ့ပါတယ် ၊
အဲဒီနောက်ပိုင်းမှာ အမေရိကန် သမ္မတရဲ့ ခရီးစဉ်ကြေငြာချက်ထွက်လာခဲ့တာပါပဲ ၊ အဲဒီကြေငြာချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ် မစတင်မှီ တစ်ရက်အလိုမှာ ထွက်လာခဲ့ခြင်းလည်း ဖြစ်ပါတယ် ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်က ဧပြီ ၉ ရက် က ဧပြီ ၁၇ ရက်နေ့အထိဖြစ်ပါတယ် ၊
လက်ရှိ ကြံခိုင်ရေးပါတီ ခေါင်းဆောင် ပြည်တောင်စုလွှတ်တော် နာယက ဦးရွှေမန်းရဲ့ ချိုင်းနားခရီးစဉ်ကတော့ ဧပြီ ၈ ရက်ကနေ ဧပြီ၁၂ ရက်နေ့အထိဖြစ်ပါတယ် ၊ ဦးရွှေမန်းဟာ ဧပြီလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ မွန်ဂိုလီးယာ နိုင်ငံသို့ ဆက်လက် သွားရောက်မှာ
ဖြစ်ပါတယ် ၊
အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစား အသိအမှတ်ပြုသူတစ်ဦးဖြစ်ပါတယ် ၊ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ သွေးမြေမကျစေပဲ ငြိမ်းချမ်းစွာကူပြောင်းရေး ဆိုတဲ့
မူဝါဒကို အလေးအနက် ထောက်ခံနေသူ တစ်ဦးလည်းဖြစ်ပါတယ် ၊
သမ္မတ အိုဘားမားရဲ ဒုတိယခရီးစဉ် ကြေငြာချက်ဟာ မြန်မာနိုင်ငံရေးမှာ နောက်ကွယ်က ကြိုးကိုင်နေသူလို့ နာမည်ကြီးနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို သွယ်ဝိုက်သော နည်းနဲ့ သတိပေးလိုက်တာလို့ ကျွမ်းကျင်သူများက ပြောဆိုနေကြပါတယ် ၊
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မြန်မာ့ဒီမိုကရေစီ ခရီးမှာ ဘယ်အခန်းကဏ္ဍကနေ ဘယ်လိုတွန်းအားတွေနဲ့ ရှေ့လျှောက် ပါဝင်ပတ်သတ်မှာလဲ ဆိုပြီး တိတိကျကျ ပြတ်ပြတ် သားသား မေးခွန်းထုတ်လိုက်တဲ့ သဘော သက်ရောက်နေတယ်လို့လဲ ပြောပါတယ် ၊
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ရိုးသားစွာ အားပေးထောက်ခံမှာလား ၊ မဖွယ်မယာအကြံအစည်တွေနဲ့ နှောင့်ယှက်ဟန့်တား နေအုံးမှာလား လို့ သမ္မတ အိုဘားမား က တည့်တည့်မေးချင်နေပုံရတယ်လို့လည်း ယူဆနေကြပါတယ် ၊
ဒါ့အပြင် သမ္မတ အိုဘားမားရဲ့ ခရီးစဉ်ကြေငြာချက်ဟာ မြန်မာ့ဒီမိုကရေစီအရေးမှာ ပန်းတိုင်ရောက်တဲ့အထိ မြန်မာပြည်သူများနဲ့အတူ ဆက်လက် လက်တွဲသွားမယ်ဆိုတဲ့ သတင်းစကားကို ချိုင်းနားအစိုးရ ကွန်မြုနစ်ခေါင်းဆောင်များထံကို သွယ်ဝိုက်တဲ့ နည်းနဲ့
ပေးပို့လိုက်တာလို့ လဲ ကျွမ်းကျင်သူများက ယူဆကြပါတယ် ၊
သမ္မတ အိုဘားမားရဲ့ ခရီးစဉ်ကြေငြာချက်ဟာ ၂၀၁၄ နှစ်ကုန်ပိုင်မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီမိုကရေစီရေးဘက်က အပြတ်အသတ်ထောက်ခံနေတယ်ဆိုတာလည်း အခိုင်အမာပြသလိုက်တာလို့ ကျွမ်းကျင်သူများက တညီတညွတ်တည်း
လက်ခံကြပါတယ် ၊
သမ္မတအိုဘားမား ခရီးစဉ်ကြေငြာချက်အရ ဆိုလျှင် ဒီနှစ်ထဲမှာပဲ မြန်မာသမ္မတဦးသိန်းစိန် သို့မဟုတ် ကာချုပ်မင်းအောင်လှိုင် သို့မဟုတ် လွှတ်တော်နာယက ဦးရွှေမန်း တို့ ချိုင်းနားကို နောက်တစ်ခေါက်သွားရောက် ရဖွယ် များနေပါတယ် ၊
သမ္မတ အိုဘားမားရဲ့ သတိပေးစကားဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်ယောက်ထဲသာမက သူ့လုပ်ဖော်ကိုင်ဖက် တပည့်တွေဖြစ်တဲ့ ဦးအောင်သောင်း ဦးတင်အေး နဲ့ လက်ရှိ ကြံခိုင်ရေးပါတီထိပ်ပိုင်ခေါင်းဆောင် လက်ရှိအစိုးရထိပ်ပိုင်းခေါင်းဆောင် နဲ့ လက်ရှိ
စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် များ အထိ သတိပေးပြောကြားလိုက်တာလို့ ယူဆရမှာ ဖြစ်ကြောင်း ပညာရှင်များက အတည်ပြုကြပါတယ် ၊
မြန်မာ့ဒီမိုကရေစီအရေးမှာ အားပေးထောက်ခံတဲ့ ဘက်ကနေမှာလား တားဆီးဆန့်ကျင်တဲ့ဘက်ကနေမှာလား ဆိုတဲ့ အဆုံးအဖြတ်ကို သမ္မတအိုဘားမားက တစ်ယောက်ချင်းစီကို ရှင်းလင်းစွာ သိချင်နေပုံရပါတယ် လို့ ကျွမ်းကျင်သူများက ဆိုပါတယ် ၊
ထိုနည်းတူစွာပဲ မြန်မာနိုင်ငံမှာ လက်ရှိ ခရိုနီများလို့ နာမည်ကြီးနေတဲ့ ဦးတေဇ ဦးဇော်ဇော် ဦးအောင်ကိုဝင်း ဦးကျော်ဝင်း ဦးဝင်းအောင် ဥိးစတီဗင်လော ဦးအိုက်ထွန်း ဦးခင်ရွှေ ဦးဌေးမြင့် ဥိးချစ်ခိုင် ဦးသိမ်းဝေ ဦးခင်မောင်အေး စတဲ့ ခရိုနီခေတ်ပျက်သူဌေးများကိုလည်း
ဘယ်ဘက်မှာနေမှာလဲ စောင့်ကြည့်နေတယ်လို့ ပြောနေပုံရတယ်လို့ ယူဆနေကြပါတယ် ၊
သမ္မတအိုဘားမား ပထမ အခေါက်လာစဉ်က ပြောခဲ့တဲ့ စကားများထဲမှာ သူဟာ ပြည်သူတစ်ယောက်ဖြစ်ကြောင်း ပြည်သူများက သူ့ကို လွတ်လပ်သောဆန္ဒအရ တိုက်ရိုက်ရွေးချယ်လို့ သမ္မတဖြစ်လာတာ ဖြစ်ကြောင်း ၊ ဒီမိုကရေစီနိုင်ငံမှာ လူထုက
တိုက်ရိုက်ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတဟာ အလိုအလျှောက် စစ်တပ်ရဲ့ ဦးစီးချုပ် အကြီးအကဲဖြစ်ကြောင်း ၊ ဒီမိုကရေစီနိုင်ငံမှာ စစ်တပ်အကြီးအကဲဟာ စစ်ဗိုလ်မဟုတ်ကြောင်း ပြည်သူထဲက ရွေးချယ်လိုက်တဲ့ ပြည်သူတစ်ယောက်ဖြစ်ရမှာဖြစ်ကြောင်း စသဖြင့်
ပြောကြားသွားခဲ့ပါတယ် ၊
ထိုစဉ်က သမ္မတ အိုဘားမားပြောခဲ့တဲ့ စကားတွေဟာ ပြောရိုးပြောစဉ်ပြောနေတာလို့ ထင်ရပေမယ့် ဒီကြားကာလဖြတ်သန်းခဲ့တဲ့ မြန်မာ့နိုင်ငံရေး နဲ့ ဆက်စပ်ကြည့်မယ်ဆိုရင် အလေးထားစဉ်းစားစရာတွေ အများကြီးဖြစ်လာတယ်လို့ လေ့လာသူများက ဆိုပါတယ် ၊
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကြီးဟာ ဒီမိုကရေစီနည်းလမ်းကျတဲ့ ဖွဲ့စည်းပုံကြီးလို့ သမ္မတ အိုဘားမားက မြင်မထားပါဘူး ၊ မုချပြင်ရမယ့် အရာလို့ သမ္မတအိုဘားမားက အခိုင်အမာယူဆထားဟန်ရှိပါတယ် ၊
သူ့ရဲ့ ပထမခရီးစဉ်ကနေ ဒုတိယ ခရီးစဉ်အကြား အချိန်ကာလကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ နောက်လိုက်တပည့်များအတွက် ပြုပြင်ဖို့ အချိန်ပေးထားတဲ့ ကြားကာလအဖြစ် စောင့်ကြည့်နေဟန်တူပါတယ် ၊
အခု သူ့ခရီးစဉ်ကို လပေါင်းများစွာ စောကြေငြာလိုက်တာဟာ အချိန်စေ့တော့မယ်လို့ အချက်စပေးလိုက်တာပါပဲ ၊
အားလုံးစဉ်းစားရတော့မှာပါ ၊ ဒီမိုကရေစီ အရေးကို ရိုးသားစွာ ကူညီအားပေးမှာလား ၊ ဖျက်လိုဖျက်ဆီးနဲ့ ဟန့်တားနှောင့်ယှက်မှာလား ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ သူ့ အပေါင်းအသင်းတွေ သေသေချာချာ စဉ်းစားရတော့မှာပါ ၊
ရိုးသားစွာ ကူညီအားပေးရင် မြန်မာပြည်သူတွေက လက်ကမ်းကြိုဆိုနေမှာပါ ၊ ဖျက်လိုဖျက်ဆီးနဲ့ ဟန့်တာနှောက်ယှက်မယ်ဆိုရင်တော့ ၁၉၈၈ ကနေ ၂၀၁၀ အတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုများကို နိုင်ငံတကာခုံရုံးများမှ ရင်ဆိုင်ရင်း သံတိုင်ကြားမှာ ဘဝဆုံးရဖို့သာ
ရှိပါတော့တယ် လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အပေါင်းအပါများကို မြန်မာပြည်သူများကိုယ်စား သတိပေးပြောကြားလိုက်ရပါတယ် ခင်ဗျာ ၊
Credit to: Nga Thant
Like · ·

No comments:

Post a Comment