Monday, April 21, 2014

ရှင်လိင်ပြန်အမှာစကား

ရှင်လိင်ပြန်အမှာစကား
===============
ဒီနေ့ ရှင်လိင်ပြန်လူထွက်ကြမဲ့ ကိုရင်လေးတွေ သီလရှင်လေးတွေကို အမှာစကားအနည်းငယ်ပြောဖြစ်တယ်။
ကိုရင်လေးတို့ ဆရာလေးတို့ ဘဝမှာ မနေချင်တဲ့နေရာ မပေါင်းချင်းသင်ချင်တဲ့လူတွေ မလုပ်ချင်တဲ့ အလုပ်တွေ စတဲ့ ကိုယ်မပက်သက်ချင် မကြုံချင်တဲ့ အရာတွေနဲ့ ကြုံကြရမှာဖြစ်တယ်။
အဲဒီလို ကိုယ်မလိုချင်မလိုလားတဲ့ အရာတွေကို အများဆုံးကြုံတွေ့ကြရမှာလည်းဖြစ်တယ်။ ကိုမျှော်လင့်ထားတဲ့ ကိုယ့်ဆန္ဒနဲ့ ကိုက်ညီတဲ့ အရာတွေကိုတော့ ရာခိုင်နှုန်းအနည်းဆုံးနဲ့ ကြုံတွေ့ရဖို့ကတော့ အသေချာပဲဖြစ်တယ်။
ဘယ်လိုပဲကြုံကြုံ ကိုယ်နဲ့ ကိုယ်ပတ်ဝန်းကျင်အကျိုးကို အကောင်းဆုံးဖြစ်အောင် သယ်ပိုး ဆောင်ရွက်တာ အမျိုး ဘာသာသာသနာအကျိုးကို သယ်ပိုးတာတွေ ဆောင်ရွက်ပါမှ အဘိုးတန် အမျိုးကောင်းသားသမီးလေးတွေ ဖြစ်လာအောင် လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်း ကိုယ့်ဘဝလေးတွေလှပသာယာအောင်ကိုယ်တိုင် ထုဆစ်နိုင်ပါစေ။ ဆိုတဲ့ အမှာစကားလေးပြောဖြစ်ပါတယ်။
လောကအကျိုးသယ်ပိုးနိုင်ကြပါစေ
ဝံသာနုရက္ခိတစနေလူငယ်များအသင်း
Like · ·

No comments:

Post a Comment